Powered By Blogger

Tuesday, May 26, 2015

သူတိုတွေရဲ့ ကျေးဇူးကြောင့် 


သူတိုတွေရဲ့ ကျေးဇူးကြောင့် 
------------------
အခံအသိနဲ့ တိုင်းတာပြီး သူများအသိကို ရယ်သွမ်းသွေးခဲ့ တာ ကျောင်းမှာ စပြီးသတိပြုမိတယ်. ..အနောက်ဒဿနတွေကို စ မိတ်ဆက်တုံးက ကမ္ဘာကြီး (၀ါ)လောကရဲ့ အစဟာ ရေကဖြစ်သူ မီးကစဖြစ်သူ ဓါတ်ကြီး ၄ပါးကစဖြစ်သူ စသဖြင့် ပေါ့ ဗျာ...အစ တွေကို အတွေးရှင်တွေက အမျိုးမျိုး တွေးတောပြီးပြောခဲ့ ကြတယ်...အဲ့ ဒါတွေ ကိုဖတ်ရ သင်ရတော့  ကျနော်တို့ တွေက ကျိတ်ပြုံးကြ ပေါ်တင်ရယ်မိကြပေါ့ ..ဆရာသမားက သိပ်တော်တယ်..ဘာကြောင့် ရယ်ကြတယ်ဆိုတာကို သိတယ်...ကျနော်တို့ တွေဟာ ငယ်ငယ်ကတည်းသိလာတဲ့  ဗြဟ္မာကြီး ၄ ဦးကစခဲ့ တာဆိုတဲ့ အသိမျိုးကို ကိုင်ပြီး အတွေးရှင်တွေတွေးတာတွေဟာ ရယ်စရာလို ထင်နေတာမျိုးလို့ ဆိုတယ်...

အဲ့ ဒီ့  အစ တွေကို တွေးတောသူတွေနဲ့ သူတို့ ရဲ့ တွေးတောဆင်ခြင်ပုံတွေဟာ ဒီနေ့ ဘာလို့ သမိုင်းတင်ကျန်ခဲ့ ပြီး ကျောင်းသင်္ခန်းစာအဖြစ်ပါလာရတာလဲကို စပြီး စဉ်းစာမကြည့် သင့် ဘူးလားပေါ့ ...အဲ ဒီ့  တွေးတောသူတွေရဲ့  ခေတ်တွေမှာ လူတကာ ဘယ်သူက အဲ့ ဒီလို စပြီး တွေးတောခဲ့ ဘူးသလဲ တွေးတောရ ကောင်းမှန်းသူတို့ လို ဘယ်သူ သိသလဲ နတ်ဘုရားတွေအများကြီးရှိတဲ့  အယူလွှမ်းမိုးတဲ့ ခေတ်မှာနတ်ဘုရားတွေရဲ့ သြဇာကိုကျော်ပီး ဘယ်သူကရော အသေခံပြီး တွေးတောရဲခဲ့ သလဲ ...အတွေးတစ်ချက်က ခေတ်ပြိုင် အယူတွေနဲ့  ဆန့်ကျင်နေရင် တစ်ချို့  အသတ်တောင်ခံခဲ့ ရတယ် အသတ်ခံရနိုင်တယ် သိကြတယ် မဟုတ်လား..သူတို့ ဟာ သူတို့ ရဲ့ အသက်ကိုတောင် စွန့် လွှတ်ပြီး ကမ္ဘာလောကကြီးအတွက် တွေးပြသွားခဲ့ တဲ့ သတ္တိဗျတ္တိတွေပြည့် စုံတဲ့ စွန့် စားရဲသူတွေ အတွေးရှင်တွေပဲ..ဒါကြောင့်  သမိုင်တင်ကျန်ခဲ့ တဲ့ သူတွေဖြစ်လာတာပဲ....သူတိုတွေရဲ့ ကျေးဇူးကြောင့်  တွေးခေါ်ကြည့် ရမှန်း သိလာခဲ့ ကြတာပဲလို့ ဆိုပါသဗျားးး..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..