ဆင်ခြင်ခြင်းစက်ဝိုင်း..
-------
ကိုယ်လိုက်စားတဲ့ ကိုယ့် အသက်မွေးဝမ်းကြောင်းရဲ့ စက်ဝိုင်းသဘောကို ကျောင်းပညာကနေတစ်ဆင့် တွေးယူခဲ့ တာပဲ..ကျနော်တို့ ပြောတာတွေဟာ ဘာကြောင့်  ချွင်းချက် စက်ဝိုင်းတွေရှိသလဲဆိုတာကိုပေါ့ 
ဆိုပါတော့  သေခြင်းတရားရဲ့ စက်ဝိုင်းအကြောင်းကိုကြည့် ရင် ကိုယ့် တွေ့ အရရော ခေတ်အဆက်ဆက်က သေဆုံးခဲ့ ပြီးသာ လူတွေကိုကြည့် ပြီး ဆင်ခြင်မှု့ အရရော လူသားအားလုံးသေမျိုးဖြစ်တယ် ဆိုတဲ့ ကောက်ချက် စက်ဝိုင်းကအလွန်ကြီးလွန်းလို့  ၉၉.၉၉..အင်ဖနတီ% လက္ခံထားရတယ်..၊ ၁၀၀% မပေးသေးတာက မသေသေးတဲ့  လူတစ်ယောက်ကျန်နေရင်တောင်မှ ၁၀၀% သတ်မှတ်ပေးလို့ မရသေးဘူးသဘော..၁၀၀% သတ်မှတ်ဖို့ ဆိုတာဟာ လူသားတွေက သတ်မှတ်လို့ မရနိုင်ပေဘူး...လူသားမျိုးနွယ်တစ်စုလုံး တစ်ယောက်မကျန်သေဆုံးခဲ့ ပြီးကြောင်းကို လူသားမဟုတ်တဲ့  တစ်ခြား မျိုးနွယ်စု တစ်စုကသာ သတ်မှတ်ရလိမ့်မယ်ပေါ့ ၊.
ဒီလိုသဘောအရပဲ ''တနင်္လာသားနဲ့ သောကြာသား အိမ်ထောင်ပြုရင် အိမ်ထောင်သက်တိုပါတယ်'' ဆိုတဲ့  စက်ဝိုင်းတစ်ခုကို တွေးဆရင် ကျနော်တို့ ကိုယ်တွေ့  သူများကိုယ်တွေ့ တွေ ဘယ်လောက်ရှိပါသလဲ ကမ္ဘာပေါ်က လူဦးရေသန်း ၇၀၀၀လောက်မှာ ဗမာပြည်လူဦးရေ သန်း၅၀ကျော်လောက်မှာ ရန်ကုန်မြို့ လူဦးရေ ၅သန်းဝန်းကျင်လောက်မှာ တနင်္လာနေ့ သားသမီးနဲ့ သောကြာသားသမီး အိမ်ထောင်သည်တွေ အိမ်ထောင်သက်တိုသွားးပြီးကွဲပြုသွားတာ ဘယ်နှစ်စုံတွဲလောက် ကြုံခဲ့ ဘူးလို့  မှတ်တမ်းယူခဲ့ ဘူးလို့  ဒီလို တနင်္လာ+သောကြာ စုံတွဲ အိမ်ထောင်သည်တွေ အိမ်ထောင်သက်တိုပါတယ်လို့ ကောက်ချက်ဆွဲတာပါလဲ၊ ကောက်ချက်ဆွဲပါတယ်ဆိုရင် ကိုယ်တွေ့ နဲ့ စာတွေ့ က ဘယ်ဟာက ရာခိုင်နှုံးများပါသလဲ.၊ သေခြင်းတရားအကြောင်း ပြောတဲ့ ဆင်ခြင်မှု့ စက်ဝိုင်းလောက် ရာခိုင်းနှုံးများများ ပြောနိုင်ပါသလား ပြောသင့် ပါသလား...စသဖြင့် ပေါ့ ..ဒီလို စတွေးလိုက်ရင် ချွင်းချက်စက်ဝိုင်းသဘောတွေကို ရိပ်စားမိလာနိုင်တဲ့ သဘောတရားပေါ့ ဗျာ..
နောက်တစ်ဆင့် တက်တွေးရရင် မိတ်ဓါတ်တွေမို့  အိမ်ထောင်သက်ရှည်တတ်ပါတယ်ဆိုတဲ့  အင်္ဂါနဲ့ ကြာသာပတေးပဲဆိုဆို တနင်္ဂနွေနဲ့ သောကြာပဲပြောပြော သူတို့ တွေထဲမှာရော အိမ်ထောင်သက် တိုတိုလေးနဲ့  ကွဲပြဲသွားကြတာရောမရှိနိုင်ပါဘူးလား ရှိနိုင်ပါတယ်ဆိုရင် ဓမ္မာသောက မဟုတ်ပါပဲနဲ့ ဘာကြောင့် ကွဲပြဲကုန်တာပါလဲ တစ်ခြားတစ်စုံတစ်ရာရှိပါသေးလား..၊ ရှိပါသေးတယ်ဆိုရင် ဒါဆို ဓမ္မာသောက မဟုတ်ပါပဲလည်း အဆင်မသင့် ရင် အိမ်ထောင်သက်တိုတိုလေးနဲ့  ကွဲပြဲတတ်ပါတယ်လို့ ဆိုလိုရာမရောက်ပေဘူးလား စသဖြင့် ပေါ့ ....
ဒီသဘောတရားမျိုးတွေကနေ အကြောင်းအရာတစ်ခုကြားလိုက်တာနဲ့ တန်းပြီး တုန်လှုပ်သင့် သလား မတုန်လှုပ်သင့် လားဖြစ်တန်ရာခြေတွေလား ချွင်းချက်မဲ့  အပိုင်ပြောတာတွေလား ချွင်းချက်သဘောတွေရှိနိုင်လား အများသဘောဆောင်တာလား တစ်ဦးချင်းသဘောလား ထူးခြားဖြစ်စဉ်လား သဘာဝဖြစ်စဉ်လား သီးခြားဖြစ်စဉ်လား....စသဖြင့် တွေ တွေးဆကြည့် နိုင်ပါတယ်ပေါ့ ဗျာ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..