'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, May 26, 2015
ဆုတောင်းပေးဖို့ လိုသလား
ဆုတောင်းပေးဖို့ လိုသလား
--------------
လိုတယ်ပဲပြောရမှာပဲ စစ်နဲ့ ငြိမ်းချမ်းရေး ဆိုတာ အမြဲလိုလို တစ်ခုလင်း တစ်ခုမှိန်သဘောနဲ့ အမြဲ ဒွန့် တွဲနေမှာပဲ..တစ်နေရာရာမှာ ဘုရားကျောင်းတွေဆောက် ဘုရားတွေ တည်နေချိန်မှာ တစ်နေရာရာမှာ စစ်ပွဲတွေဖြစ်နေမှာပဲ ဒါပေမယ့်  ''ကမ္ဘာမြေငြိမ်းချမ်းပါစေ'' လို့  ဆုတောင်းနေရမှာပဲ...အပြည့် အ၀ မပြည့် နိုင်မှန်းသိပေမယ့် လည်း ဆုတောင်းနေရမှာပဲ..အကြောင်းက ငြိမ်းချမ်းရေးကို အာရုံပြုတာဟာ ငြိမ်းချမ်းစေချင်တဲ့ စိတ်ရှိသူကို အရင်ဆုံး ငြိမ်းချမ်းစေတဲ့ သုခချမ်းသာကိုရသွားစေလို့ ပဲ...သဘောက မေတ္တာပို့ ရင် ရည်ရွယ်ရာကို ရောက်မရောက် မသိတတ်နိုင်ပေမယ့်  ပို့ နေတဲ့သူဟာ မေတ္တာပို့ နေချိန် ဖြစ်နေဆဲ မေတ္တာစိတ်ကြောင့်  ကိုယ်တိုင်ရဲ့ စိတ်မှာ အရင်အေးချမ်းနေတယ်...ရွဲ့ ပြီး ငေါ့ ပြီး ပို့ တဲ့  ချဉ်ဗျင်ကြီး ကြမ်းမာပါစီ ဆိုတဲ့ မေတ္တာပို့ နည်းမျိုးတော့  ဟုတ်ဖူးပေါ့ လေ...
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..