စာစောင်လေးတွေမှတစ်ဆင့် ...
---------
သာသနာပြုတွေ လမ်းထဲကို ခဏခဏလာတတ်တယ်.အသွင်အပြင်တွေ ကြည့် လိုက်ရင် သူတို့ လေးတွေရဲ့ မျက်နှာမှာ အအေးဓါတ်တွေ ရှိနေတာများတယ်..သူတို့ အဖွဲ့ လေးတွေဟာ သိပ်စိတ်ရှည်ကြတယ် သည်းခံနိုင်ကြတယ်.စကားချိုကြတယ် ..သူတို့ လာရတဲ့ အကြောင်းက ကင်းမျှော်စင်လို သတင်းကောင်းလို ဓမ္မလက်ကမ်းစာစောင် အပိုင်းအစလေးတွေ ဝေကြတာမျိုးပဲ..မယူသေးပါဘူး ကျနော်တို့ က ဗုဒ္ဓဘာသာအိမ်ပါ ပြောလိုက်လည်း အပြုံးမပျက် စိတ်မဆိုးပဲ အသာအယာ ထွက်သွားကြတယ်...ပြန်ဖြေလို့ ကျေးဇူးပါလို့ တောင် ပြောသွားကြသေးတယ်..တစ်ခါတစ်လေ စိတ်လိုလက်ရရှိလို့  သူတို့ စာတွေထဲ ဘာတွေပါပါလိမ့် လို့စပ်စုချင်တာနဲ့  ကမ်ပေးတာလှမ်းယူလိုက်တဲ့ အခါ ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းပေးပြီး ပြုံးရွှင်ပြီး ကျေးဇူးတင်ပါကြောင်း ပြောသွားကြတယ်...
တစ်ခါတစ်လေ စာရွက်ကို လှမ်းဖတ်ပြီး စာထဲက အကြောင်းတစ်ချို့ ကို တောင်မေး မြောက်မေးလုပ်ရင်တော့  ပိုပြီးသဘောကျသွားတတ်ကြပြီး လေအေးအေးနဲ့  ဖြေပါတော့ တယ်....
( အဲ့ ဒီ့ လို စိတ်ရှည်ပြီး သည်းခံတတ်တဲ့ အဖွဲ့ တွေ အိမ်ရှေ့ လာ စာစောင်ဝေကြလေ့ ရှိတာဆိုတော့  ဘယ်လိုလုပ်ပြီး ဘုပြောဖို့  အရစ်တွေ မေးလွှတ်လိုက်ဖို့ ဘယ်ဖြစ်တော့ မလဲ..နဂိုကကို အားနာတတ်တဲ့ အမျိုးတွေဆိုတော့ လေ...)
ယေဘူယျအားဖြင့်  ကမ္ဘာတစ်ခွင်က လူအများစုရဲ့ စိတ်နှလုံးအတွင်းမှာ ငြိမ်းချမ်းတာကိုကြိုက်တယ် ချစ်ခြင်းမေတ္တာကိုနှစ်သက်တယ် အေးအေးချမ်းချမ်းနေလိုတယ် အလေးပေး ဆက်ဆံခံရတာကို သဘောကျတယ် ကိုယ့် ကို ပစ်မထားကြပါဘူးဆိုတာမျိုးကို အားတက်တယ် ချိုချိုသာသာဆက်ဆံတာကို နှစ်သက်တယ် တန်းတူ ဆက်ဆံခံရတာကို သဘောကျတယ် အပြုံးကို နှစ်သက်တယ် အားပေးစကားပြောလာသူကို အားကိုးတယ် မျှဝေခံစားပေးတာကို ကျေးဇူးတင်တယ်
ပျော်ရွှင်တဲ့ ဘ၀လေးကို လိုချင်တယ် မိုးထိအောင် ချမ်းသာလွန်းဖို့ ထက်မပူမပင်မကြောင့် မကျရတဲ့ ဘ၀လောက်ဆိုကျေနပ်ပါပြီဆိုပြီး ရောင့် ရဲနိုင်ကြတယ်..စကားလေးနဲ့ ပဲဖြစ်ပါစေ.နှစ်သိမ့် မှု့ ပေးတ့ဲသူကိုတွယ်တာသွားတတ်တယ်...ဒါမျိုးသဘောတွေကို ပေးနိုင်တဲ့ သူတွေကို သဘောကျသွားတတ်လေ့ရှိတယ်..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..