စုံနဖါစိအမေးရှင်တွေလောကလေးတစ်ခုပါ.
--------------------
တော်ယုံတန်ယုံ အတွေးမျိုးနဲ့  မေးတဲ့ အတွေးအမေးမျိုးတော့ မဟုတ်ပေဘူး ( ၂ကြွင်းတနင်္လာ ဘင်္ဂဖွား အမျိုးသမီးတစ်ယောက် ၄၀ အောက်ပါ..အပျိုကြီး.)....ထွေလီကာလီတွေ မေးပြီးမှ နောက်ဆုံးတစ်ခု မေးပါရစေတဲ့ ..ဟုတ်..ပေါ့ ...သူ က တရားထိုင်တာ ၀ါသနာပါလို့  ရိပ်သာဝင်နေကျပါတဲ့ ...ဟုတ်..ပေါ့ ..ဥာဏ်စဉ် ၂ဆင့် တော့ တက်ပြီးပါပြီတဲ့ ဟုတ်.ဟားးး..ကောင်းလိုက်တာဗျား..ကျနော်တောင် ခုထိ ဥပုဒ် မစောင့် ဘူးသေးပါဘူးဗျာ.အားကျလိုက်တာ ဘာညာ ပေါ့ .(ထွက်သွားတဲ့ ကိုယ့် လေသံက အိုဗာ.ဟီးး)....( ဖြတ်ကနဲတော့  တွေးပြီးပြုံးချင်သွားတယ် ၂ကြွင်းမဟာဘုတ်မွေးတွေများ မေးလိုက်ရင် တော်တော် ကြံကြံဖန်ဖန် တွေ တွေးမေးတတ်ပါ့ ဆိုပြီး )..
အဲ့ ဒါ သူ ဆက်မေးတာက နောက်တစ်ခါ ရိပ်သာဝင်ဖို့ ရှိတယ် ဒီတစ်ခါဝင်ရင် နောက်ဥာဏ်စဉ် တက်မတက် တွက်ပေးလို့ ရလားတဲ့ ..
.( ဟမ်းမငီးးးဂျ.ငါ့ တော့ ဝဋ်လည်ပြီ..လို့ .စိတ်ထဲကတော့ .နဲနဲရယ်ချင်သွားသေးတယ်....)...ပြီတော့  နောက်ပြီး မေးနေတာလားလို့ လည်း သူ့ မျက်နှာကို သေသေခြာခြာပြန်ကြည့် ပြီး...အကဲခတ်ရသေးတယ်..သူကတော့  ခပ်တည်တည်ပဲ တကယ်ကြီးမေးနေတာဗျာ့ ...အာ့ နဲ့  နောက်လို့ မဖြစ်သေးပါဘူးဆိုပြီး...အဲ့ ဒီလိုတော့  မတွက်ဖူးဘူး..တွက်လည်း မတွက်တတ်ဘူး တစ်ချို့ တော့  ဘယ်တော့ သာသနာပြုရမလဲတွေ ဘာတွေနဲ့ မေးတတ်တယ်ဆိုတာပဲကြားဖူးတာ ပြီးတော့ ဒါမျိုးဓမ္မလိုင်းတွေက..ကျနော်တို့ လိုင်းလဲမဟုတ်ဘူး..ကျနော်တို့ က လူ့ အရှုတ်ထုတ်ကိစ္စတွေလိုင်း...အဲ့ ကိစ္စမျိုးက ရိပ်သာက နည်းပြဆရာတွေလိုင်းမျိုး....သူတို့ မှ သိမှာ သူတို့ ကိုမေးရင် ပိုနီးစပ်မယ်လို့ ...ဖြေလိုက်ရတယ်..အဟီးး..
ဂယ်ပါပဲ...ကျမအဖေ ကျွတ်ပြီလား မကျွတ်သေးဘူးလား ကြည့် ပေးပါ ဆိုတာလည်း အမေးခံခဲ့ ရတယ်..ဘယ်ဘုံရောက်နေသလဲ ကောင်းတဲ့ ဘုံကိုရောက်ရဲ့ လားလို့ လည်း အမေးခံခဲ့ ရတယ်...ကျမတို့ အမျှဝေတာ ရောက်လားရှင်..ရောက်ပါတယ်နော် လို့ လည်း အမေးခံခဲ့ ရဘူးတယ်.
ဒါပေမယ့်  အဲ့ ဒီလိုမေးတဲ့ သူတွေက အမျိုးသမီးတွေချည်းဖြစ်တယ်ဗျ.အမျိုးသားတွေဆီက မေးသံမကြုံခဲ့ ရဘူးဘူး....ပြီးတော့  သူတို့ တွေက တကယ့် ကို သိချင်စိတ်နဲ့ မေးတာဖြစ်နေတော့  ဒါမျိုးက နောက်လို့ မဖြစ်ဖူး.(ပထမတော့  ရယ်ချင်စိတ် ပေါ်မိတာပေါ့ ဗျာ..ဒါပေမယ့်  ဖတ်ကနဲ သေခြာ နဲနဲပြန်တွေးလိုက်ရင် သူတို့ တွေကို မရယ်ရက်တော့ ပါဘူး..တတ်သမျှ မှတ်သမျှတွေတော့  ဒါက ဒီလိုရှိတယ်လေ ဟိုဟာက ဟိုလိုရှိတယ်လေ နဲ့  ဘယ်သို့ ဘယ်ချမ်းသာ နဲ့  ထိုင်ပြောပြလိုက်ရတယ်...
သူတို့ အမေးတွေကို အမေးမှားလို့ လည်း မစွတ်စွဲမိဘူး..သူတို့ စိတ်ထဲမှာ ဓမ္မကို တကယ် သက်ဝင်နေတာတွေ့ ရတယ် သူတို့ ရဲ့ သွားလေသူ ကျေးဇူးရှင်တွေကို
အလေးအနက်ထားကြတာ သတိတရရှိနေကြတာတွေ တွေ့ နေရတယ် သူတို့ ရဲ့ စေတနာကောင်းတွေကို ခံစားလို့ ရနေလို့ ပဲဗျား)....အဲဒီ့ ဂမ္ဘီရတွေ လောကီပညာတွေ ဗေဒင်လောကတွေဆိုတာ စုံနဖါစိ အမေးရှင်တွေ အကြုံရဆုံးလောကလေးတစ်ခုလို့ တော့ မြင်ရပါတယ်ပေါ့ ဗျာ...
(ဓမ္မသဘောအရ မီးနစ်ပိုင်းလောက်ကို ဓမ္မ တရားထိုင်ဖူးတယ်ဆိုရင်တောင် ''သံသရာခရီးမှာ'' သံသရာကလွတ်မြောက်ဖို့ မျိုးစေ့ ''အထုံ'' တစ်ခုတော့ ပါသွားပြီ ''လို့  သိလိုက်ရတဲ့ အချိန်ကစပြီး လုံးဝမထိုင်ဘူးတာထက်စာရင် ဘာကြောင့် ဓမ္မတရားထိုင်ထိုင် ထိုင်ဖြစ်ရင်ကို ကောင်းတယ် လို့ သဘောယူဖြစ်ခဲ့ ပြီ)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..