Powered By Blogger
Saturday, May 30, 2015
.တိမ်တို့ ပြိုလို့ ..မိုးတို့ ညို့ 
.တိမ်တို့ ပြိုလို့ ..မိုးတို့ ညို့ 
-------------
သူငယ်ချင်းတွေကြားမှာ သင်းကွဲငှက်လို ....စားစားသွားသွားနားနားနေနေ နေ့ ရက်တွေမှာလည်း စက်ရုပ်လို တာဝန်ကျေလောက်လိုဖြစ်နေပြီ အသက်မပါတော့သလိုပေါ့ .အရမ်းရယ်ရတယ်ဆိုတဲ့ ဟာသတွေကလည်း ရယ်စရာမကောင်းတော့ တဲ့ အပြင် သူများကို မကောင်းတတ်လို့ ရယ်ပြတာကို မဲ့ ပြမိသလိုဖြစ်နေတာမျိုးပဲ..
.နာရီတွေကလည်း အဓိပ္ပါယ် မရှိတော့ ဘူး..အတိတ်တွေ ပစ္စုတ်ပန်တွေ အနာဂတ်တွေ ဆိုတာမျိုးတွေ ဘာအိုင်ဒီယာမှ ဦးနှောက်ထဲမရှိတော့ ဘူး..တွေးနိုင်တဲ့ စွမ်းရည်ဆိုတာ...ဗလာ..လမ်းလျှောက်နေတာ ခြေထောက်က လမ်းကြမ်းလမ်းဆိုး မသိသလို ကြုံသလိုလျှောက် နင်းချင်သလိုနင်း ခလုပ်တိုက်လို့ တောင်ကြာကြာ မနာနိုင် ခေါင်းက ပြန်ထုံသွားသလိုလို...ဘေးဘီတွေက အသံဗလံတွေ လှုပ်ရှားမှု့ တွေဟာ ကိုယ် နဲ့ လုံးဝ မသက်ဆိုင်ပါသော ဆိုသလိုပဲ ပတ်ဝန်းကျင်လောကကြီးကသပ်သပ် ကိုယ်က သပ်သပ်လို စိတ်ကထင်နေ၊
မှားသွားပြီလား..မမှားပါဘူး..မှားခဲ့ ပြီလားမသိ မှန်တယ် ထင်တယ် ..ဆိုတာတွေနဲ့ အတွေးတွေက လုံးလည်ချပ်ပြားလိုက်လို့ ပေါ့ ...ပြန်ဆုံချင်တယ်  ပြန်ဆုံချင်တယ် ပြန်ဆုံချင်တယ် ဆိုတဲ့ စိတ်ကတော့  အချိန်က ၂၄ နာရီလို့ ဆိုလို့ ရမတတ်...အဖန်ဖန် တွေးမိတဲ့ စကားစုပေါ့ ..ရုပ်ရှင်နဲ ဖြေမပြေ. .စာအုပ်..ဆွဲလွှင့် ပစ်လိုက်ခဲ့ ..လမ်းမှာ ကားပေါ်မှာ ကျောင်းမှာ သူသွားတတ်တဲ့ နေရာတွေမှာ ဖြတ်ကနဲ တွေ့ နိုးနိုး မျက်လုံးကစားမိ မျှော်လင့် မိ...တကယ်ပဲ ဝေးကြပြီလား..တကယ်ပဲဝေးရတော့ မှာလား..အဲ့ လို တွေးမိလိုက်ချိန်မှာ...တိမ်တို့ ပြို လို့ မိုးတို့ ညို့ ခဲ့ ပြီ...
မျက်ဝန်းထဲမှာ မျက်ရည်မိုးတွေက...ချက်ချင်းဝဲတက်လာ..ဘေးဘီကြည့် ရှက် ဖလပ်ဖလပ်နဲ့ မျက်တောင်ခတ်ပစ်လိုက်...သွား..ရှက်စရာ..ဟာာားးးး...ရင်တစ်ခုလုံး စို့ တက်..နှလုံးသားထဲမှာ ဟာလို့ ..ကတုန်ကယင်.......
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..