ကြက်မွှေး..
အဲ့ ဒါနဲ့ အလုပ်ပြောင်းသစ်ပြောင်းသွားတဲ့ လေးဘီးဆရာဟောင်း တစ်ယောက်နဲ့  လမ်းမှာဆုံလို့ လေပစ်နေရင်းက ကြက်မွှေးတံမျက်စီးသည်က အနားကဖြတ်သွားတော့  အဲ့ ဆြာက လှည့် ပြီးလိုက်ကြည့် တယ်..၀ယ်မလို့ လားလို့ မေးတော့  မ၀ယ်ပါဘူးကွာ..ကားမောင်းတုံးက အကျင့် က ခုထိပါလာလို့  ကြက်မွှေးသည် တွေ့ ရင်ကို ကိုင်ကြည့် ချင်သလိုလို ၀ယ်ချင်သလိုလို ဖြစ်နေလို့ လိုက်ကြည့် တာတဲ့ ..သြော်..ဖစ်မှဖစ်ရလေ..ငိငိ
သူ့ ကြက်မွှေးမြင်ရင် ဖီလင်တစ်ခုခုဝင်သွားတဲ့  စိတ္တဇက ခုထိပါလာဆို သူက ကားမောင်းတုံးက ရိုးတော့  အုံနာတစ်ယောက်ထဲဆီမှာ အိုစနာကျလုလု အသက်အထိကို ပင်တိုင် အငှားမောင်းသမား လုပ်စားခဲ့ တာ..သူ့ အုံနာကလည်း နင့် ကို ယုံကြည်လို့ ကားတစ်စီးလုံး စိတ်ချလက်ချ ပေးမောင်းတာ ကိုယ့် ကားလို သဘောထား ဘာညာနဲ့ တော်ကီလေး ပစ်ထားတာ..အဲ့ လိုသာပြောတာ ကားက အုံနာအိမ်မှာပဲညသိပ်ရတယ်..သူက မနက်ဆို သူ့ အိမ်ကနေ အုံနာအိမ်သွားပြီးကားထုတ်ရင် အုံနာ့ အိမ်က သူ့ အိမ်ရှေ့ မှာ ကိုင်းရေပုံးနဲ့ သဘက်နဲ့ စွပ်ကျယ်ပိုင်းကို အဆင်သင့် ချပေးထားတာ ယူပြီး ကားကို မျက်နှာသစ် ရေဖတ်သုတ်ပြီးမှမောင်းရတယ်...၊ ကြက်မွှေးကလည်း အုံနာက အမြဲသူ ကားထဲထည့် ပေးထားတာ..အဲ့ ဒါ ကားနဲနဲခဏရက်တာနဲ့ ကားထဲကထွက်ပြီး ကြက်မွှေးတစ်ချောင်းနဲ့ ဖုံသုတ်တော့ တာပဲ...ဂိတ်ကကားသမားအချင်းချင်းတွေက ကားအအအေးပတ်မယ်တို့  ခြင်ချော်လဲတို့  ဖုံသုတ်တာပြောင်ချက်က ခွေးမျက်နှာပေါ်နေပြီတို့ နဲ့ ဟာသဖေါက်ပေမယ့် မနာပါဘူးကြာတော့  ဟာသဖေါက်တဲ့ သူတွေပဲ မောပြီးရပ်သွားတာ ၊ သူ့ အုံနာက မှာထားတယ်တဲ့  ကြက်မွှေး အတုံးမခံနဲ့ ကြက်မွှေးကုန်ရင်ပြော အသစ် ၀ယ်ပေးမယ် ကိုယ့် ကားလိုသာ သဘောထားဆိုလို့ တဲ့ ...အဲ့ အကျင့် က နှစ်သက်ရင့် သွားလို့  ကားမမောင်းစားတော့ တဲ့ အခါကြတော့  မနက်ဆို ဘာလိုနေမှန်းမသိဘူးတဲ့  တစ်ခုခုကို ရေဆေးချင် ဖုံသုတ်ချင်နေတာ အကြာကြီးတဲ့ ဗျ....အင်း..စာထဲကပြောတဲ့  အထုံဆိုတာဒါမျိုးလားမသိပေါ့ ..ခိခိ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..