Powered By Blogger
Saturday, May 30, 2015
ဗေဒင်အတွေးအပိုင်းအစတစ်ခု..
ဗေဒင်အတွေးအပိုင်းအစတစ်ခု..
---
ဗေဒင်ကို ချဉ်းကပ်ပုံတွေက ကိုယ့် ဖီလင်နဲ့ ကိုယ် မတူကြဘူး..ကျနော်တို့ ချဉ်းကပ်ပုံက ကိုယ့် ဘ၀ခရီးအတွက် ဘေးအထောက်အကူအဖြစ် ဘာသုံးစားလို့ ရမလဲ ဆိုတဲ့  အတွေးနဲ့ ချဉ်းကပ်တာ သူများကိစ္စဆိုတာ သံသရာကပါလာတဲ့ ကံသတ္တိကြောင့်  ကျွဲကူးရေပါသဘော နောက်မှဖြစ်လာတာ...
ပြီးတော့ ထပ်တွေးတဲ့ အတွေးက လူ့ ဘ၀သက်တမ်းတွေက တိုတယ်..ဒီတော့  နောက်အနှစ်၂၀ကြာရင် ဘောစိကြီးဖြစ်လာမယ်ဆိုတဲ့ အဟောသဘောတွေကို အာရုံစား ပီတိ ပွားမနေနိုင်အားတော့ ဘူး ခေတ်စတိုင်ရဲ့ အပြောင်းအလဲက သိပ်မြန်နေတယ်..ီးတော့  အခုနှစ်ပိုင်းတွေ အခုလပိုင်းတွေမှာကို ကြုံနေရတဲ့ ကြုံနိုင်တဲ့ ကိစ္စတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ ဘယ်လိုရှင်းထုတ်ကြမလဲက အရင်အရေးကြီးနေပြီ ဒီလိုတွေးပြီး အမြန်ဆုံးနဲ့ ခက်သုတ်သုတ် အဖြေထွက်တဲ့ 
ဗေဒင်စတိုင်မျိုး နောက်ကို ပိုအာရုံ လာသွားတော့ တယ်....ဒီနေ့ ဆုံးဖြတ်ချက် အမှား အမှန် တစ်ခုဟာ နောက်အနှစ် ၂၀အတွက်ပါအကျိုးသက်ရောက်မှု့ ရှိတယ်လို့ လည်းယူထားတယ်ပေါ့ ...
ဗေဒင်စာအုပ်ပေါင်းစုံတွေဖတ်ပြီးတော့ ပြန်စဉ်းစားကြည့် ရင် ဘယ်လောက်မှတ်မိလည်း ပြန်တွေးတော့  ၀ါးတားတားတွေဖြစ်ကုန်တယ်..သင်္ကြန်စာဖတ်ခဲ့ ရသလိုပဲ
သင်္ကြန်စာ ကို စိတ်အလွန်ရှည်ရှည်ထားပြီး အစအဆုံးပြီးအောင်ဖတ်တာ ပြီးသွားလို့ ပြန်စဉ်းစားတာ မယ်မယ်ရရ ဘာမှသိပ်မမှတ်မိဘူး..ဘာလို့ လည်းတွေးတော့ ကိုယ်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ ကိစ္စတွေမပ်ါရင် ခပ်ပေါ့ ပေါ့ ပဲဖတ်လိုက်တာမျိုးကြောင့် ပဲ...သဘောကကိုယ့် အတွက်တိုက်ရိုက်သုံးစားလို့ ရမှာမျိုးကိုသာ ဦးစားပေးလေ့ ရှိတဲ့ လူ့ သဘောကြောင့် ပဲ။ ကိုယ်ပါတဲ့  ဂရုလိုက်ရိုက်ထားတဲ့ ဓါတ်ပုံမှာ လူရှာရင် ကိုယ့် ပုံကိုယ် အရင်ရှာလေ့ ရှိတာ ၊ တစ်ပတ်စာဟောစတမ်းဆို ကိုယ့် မွေးနံပဲ စလယ်ဆုံးအရင်ဖတ်တာတွေဟာ သူများဟာတော့ ဖြန်းပြီး ၀တ္တရာကျေလေးဖတ်လိုက်တတ်တာဟာ  လူ့ အတ္တရဲ့ လက္ခဏာတွေသဘောပဲ...
ဒီတော့ ကိုယ့် အတွက် တိုက်ရိုက်ဖြစ်ပြီး ကိုယ့် ဘ၀ထဲမှာ မြန်မြန်ချ သုံးစားလို့ ရမယ် ဗေဒင်စတိုင်မျိုးတွေ..ဘ၀တစ်ခုလုံးကို တိုက်ရိုက်အကျိုးသက်ရောက်မှု့ ရှိနိုင်တဲ့ ရှော့ ကီးပွိုင့် တွေကို ရှာရတော့ တယ်...သက်တမ်းတွေတိုတဲ့ ခေတ်နဲ့  ခပ်မြန်မြန် မှတ်မိသွားနိင်မယ့် ကီးတွေက ဟာမိုနီဖြစ်တယ်ပေါ့ 
.ဒါဆို အောက်မကြို့ ဘူးကွ ဆိုရင် ဘာဖြစ်နိုင်လဲ...လူမုန်းများလာမှာပေါ့  အဆင်မသင့် ရင် အရိုက်ခံရမှာပေါ့ လို့ ပြောလို့ ရတာပေါ့ ..ဒ်ါပေမယ့် တကယ့် လက်တွေ့ နယ်ပယ်မှာ..၁ကြွင်းမွေးတိုင်း ဘယ်ကောင်မှ လူမထင်ဘူးဟေ့ လို ထ ရန်းကားဟောသွမ်းနေတာမျိုး မဟုတ်ပဲ နုလွန်းလို့  ယဉ်ကျေးလွန်းလို့ ချိုသာသဘောကောင်းလွန်းလို့  လူတကာ့ ခိုင်းဖတ် လူတကာတက်နင်းလို့ ဘ၀ကြီးတစ်ခုလုံး လူပိပြားနေတဲ့ ၁ကြွင်းမွေးတွေ ရှိနေတာ တကယ်အဖြစ်ပဲ..သူတို့ က ဆိုတယ်.အောက်ကြို့ ဖို့ စဉ်းစားချိန် မရအောင်ကို ပြားချပ်နေပြီ ဒါထက် အောက်ကြို့ ရရင်လဲ သေဘို့ ပဲရှိတော့ တယ်လို့  ဆိုလာသူတေါရှိလာတော့ ....ဒါတွေးစရာ..ဟုတ်တယ်..ဒီလိုတွေရှိတယ်..သူတို့ တွေအတွက်ထည့် စဉ်းစားပေးရမယ်...
ဒီတော့ နဲနဲ အချိန်ပေးလိုက်တဲ့ အခါ ၁ကြွင်းမွေးတွေအတွက် ဘ၀ဖြတ်သန်းနည်း စတိုင်လေး ပြောပြလို့ ရလာတယ်...တွေ့ သမျှလူကို အဲဗား ၂၄နာရီလောက် အလွန်အကျွံ ထဟော့ ရမ်းပြမနေနဲ့  အညှိုးအတေးတွေ အထားခံရပြီး အခွင့် သာရင် နောက်ကနေ ချောင်းအရိုက်ခံရလိမ့် မယ်...ကြုံသမျှလူတွေကိုလည်း အလွန်အကျွံ သေလုမျောပါး သီးခံအောက်ကြို့ မနေနဲ့  အကန့် အသတ်ထား ၊ တော်ကြာ ခိုင်းဖတ်ကြီးဘ၀ရောက်နေလို့  လူတကာက လည်ပင်တက်နင်းသွားလို့ ကိုယ့် ဘ၀ကြီးတစ်ခုလုံး  ပြားနေမယ်.ပထမတော့  မင်သမီးလို ပျော့ ပျော့ ပြောင်းပြောင်းပေါ့ ...အခြေအနေကြည့်  ဆက်ဆံလို့  လာတဲ့ အက်ရှင်က ပုံမလာရင် ကိုယ့် ထမင်းအိုးကို ထိလာနိုင်ပြီဆိုရင် လိုအပ်ရင် ဘီလူးဆိုင်းသာ ထ တီးလွှတ်လိုက်..အဲ့ တော့ မှ အိုကေသွားလိမ့် မယ်...အဲ ဘီလူးဆိုင်းထတီးလိုက်ရင် ဘာများဖြစ်မလဲ ဆိုပြီးတော့ လည်း ပူမနေနဲ့ ဘာမှ မဖြစ်ဖူး..လူဆိုတာ သူတို့ လိုချင်တာ ကိုယ်ဆီမှာ ရှိရင် ပြန်လာလိမ့် မယ်..ဒါဗြဲ.. .
.ဒီလို စ လမ်းကြောင်းပေးလိုက်ရတယ်.....ဒီစတိုင်ဟာ သက်တမ်းတိုလှတဲ့ လူဘ၀ခရီးစဉ်အတွက် အကျိုးရှိအောင် အမြန်ဆုံးချသုံးစားလို့ ရတဲ့ စတိုင်ဖြစ်သွားတယ်..အဲ့ မှာ အတိတ်ကံကြောင့် နင်းပြားဖြစ်နေတဲ့ ၁ကြွင်းမွေးတွေ သူတို့ ဘ၀အတွက် စိတ်ခွန်အားဖြစ်သွားတယ်
ဓမ္မမှာ အစွန်း၂ပါး နဲ့ အလယ်အလတ်လမ်းစဉ် သဘော ရှိသလို လူမှု့ ဆက်ဆံရေးမှာလည်း ဒီလိုသဘောရှိတာပါပဲ...ပညာတွေမှာလဲ ဒီလို သဘောရှိတာပါပဲ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..