Powered By Blogger

Friday, May 29, 2015

ဘယ်အချိန်မှာဗေဒင်တွက်ရမလဲ


ဘယ်အချိန်မှာဗေဒင်တွက်ရမလဲ
----------
အလုပ်သဘောမှာ ကြုံရတဲ့ သဘောမှာ..သက္ကရာဇ်တွေပြောင်းတိုင်း တစ်နှစ်တော့ ပြောင်းပြီ ဆိုပြီး ဗေဒင်လိုက်တွက်တဲ့ လူတွေကြုံလာရတယ်..ဆိုပါတော့  ၂၀၁၅တွင်း ဘာဖြစ်နိုင်သဘောပေါ့ ..အများအားဖြင့်  မြန်မာကောဇာအပြောင်းမှာ လိုက်တွက်တာမျိုးသိပ်နဲပြီး ခရစ်သက္ကရာဇ် အပြောင်းမှာလာတာက ပိုများသဗျ..



ဒါကသိပ်တော့ မထူးဆန်းပါဘူး..မေးသူဆိုတာ မေးချင်တာမေးဖို့ အဓိကပေါ့ ၊အတွက်သမားအပိုင်းက ရိုးရိုးပြောရရင်တစ်ယောက်လာရင် တစ်ယောက်စာ အာရကေရတာပါပဲ..

ဒါပေမယ့် အဲ့ လို တွက်ပေးလိုက်တာတွေက အများစုသဘောမှာတစ်ပတ်တောင်မခံဘူး ဖတ်ပြီးရင် ပစ်ထားလိုက်တာ ဘယ်ရောက်သွားမှန်းမသိတာကပိုများတယ် သင်္ကြန်စာကို ၁၀၀နဲ့ ဝယ်ဖတ်သလိုပဲ..တစ်ချို့ များ သင်္ကြန်စာကိုတောင် အကုန်မဖတ်နိုင်ဘူး..စာလုံးလေးတွေပိစိလေးတွေနဲ့ အများကြီးလိုက်ဖတ်ရတာခေါင်းမူးလို့ တဲ့ ...ခိခိ...

အမှန်တော့ ဗေဒင်ပညာသဘောအရ တစ်နှစ်အတွင်းသဘောကို ကံချိန်တာက ကိုယ့် မွေးလမွေးရက်တွေကနေ နောက်မွေးလမွေးရက်အထိ ကြားကာလ တစ်နှစ်သဘောကို ကံချိန်တာမျိုး ကို တစ်နှစ်စာလို့ ဆိုတာ ဆိုပါတော့   ဇွန်လမွေးဆို ပြီးခဲ့ တဲ့  ၂၀၁၄ ဇွန်ကနေ ၂၀၁၅ ဇွန် အထိက တစ်နှစ်အတွင်း ကံတစ်မျိုးသဘောပေါ့ .

ဒါ့ ထက်ပိုအရေးပါတာက ထူးခြားကိစ္စတွေ ဘ၀ကြီးတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှု့ တစ်ခုခု ဖြစ်လာနိုင်တဲ့ ကိစ္စမျိုးတွေ မသွားစဖူးသွားမယ့် ခရီးမျိုးတွေ သူများထဲ ဟဲဗီးပိုက်ဆံ ရှယ်ယာထည့် ခါနီးမျိုးတွေ စသဖြင့် ဘ၀တစ်ခုလုံးအတွက်  ကြီးမားတယ်ထင်တာတွေလုပ်တော့ မယ်ဆိုတဲ့ အခါမျိုးတွေမှာ ၀မ်းတားဂတ်အနေနဲ့  ၀ါသနာပါရင်ဗေဒင်မေးတာမျိုးက ပိုက်ဆံကုန်ရကျိုးပိုနတ်တာမျိုးပေါ့ ....

၃သောင်းတန် တရုပ်အောင်စက်လေးဝယ်တာမျိုးလောက်ကတော့  ကျနော်တို့ တောင် ကိုယ့် ဟာကိုယ် စက်ဝင်တာကောင်းမကောင်း တွက်မနေပါဘူး ၀ယ်ချင်တာကောက်ဝယ်လိုက်တာပဲ...နောက်မှ ပျက်ပျက် အဲ့သုံးသောင်းတန်စက် ပျက်သွားလို့ ဘ၀ မပျက်သွားပါဘူး..သဘောပဲ...ဒါကို အင်္ဂါနံ စက်ဝင်လို့  အိမ်က အင်္ဂါသား အညံ့ ဖြစ်လိမ့် မယ်ဘာညာဆိုတာမျိုးကတော့  ဒါကြောင့်  ဒါဖြစ်တယ်လို့  တစ်ကြောင်းဆွဲ သက်သေပြရခက်လို့  ဒါတော့  သဘောပဲ ကိုယ် ယုံကြည်တဲ့ အတိုင်း ကိုယ်လုပ်ပါလို့ ပဲ ပြောရမယ့် သဘောရှိတယ်...

ကျနော်တို့ စတိုင်က  ဗေဒင်သမားသာဆိုတာ ဗေဒင် လက်အောက်ကို တစ်ကိုယ်လုံး ပစ်ရောက်နေတာမျိုးကိုလည်း မကြိုက်တတ်ပြန်လို့  အရာရာ ဗေဒင်ကြောင်းကချည်း စဉ်းစားလုပ်မနေတတ်ဖူး စိတ်ပေါ့ ပါးမှု့ စိတ်ချမ်းသာမှု့ ဘက်ကိုတော့ ပိုအလေးပေးတတ်တယ်လို့ 

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..