Powered By Blogger

Friday, May 29, 2015

တစ်ခါတည်းပါ..ဒါပေသည့် တစ်သက်စာ .တစ်သက်တာ ရင်ထဲမှာ ဒဏ်ရာတွေအဖြစ်...



တစ်ခါတည်းပါ..ဒါပေသည့် တစ်သက်စာ .တစ်သက်တာ ရင်ထဲမှာ ဒဏ်ရာတွေအဖြစ်...
--------
ကျနော့် အဖေပြန်ပြောပြတဲ့  သူ့ ရဲ့ ငယ်ဘ၀က ဖြစ်ခဲ့ တဲ့ ကိစ္စတစ်ခု အကြောင်းပေါ့ ..၊ အမျိုးထဲမှာ အငြိမ့် ထောင်ဆရာ တစ်ယောက်ရှိခဲ့ တယ်၊ သူ့ အငြိမ့် က အဲ့ တုံးက နာမည်ကြီး၊ နာမည်ကြီးတော့  အဲ့ ခေတ်က ရေဒီယိုမှာပါ အသံလွှင့် ခွင့် ရတဲ့ နိုင်ငံကျော် လူရွှင်တော် ၂ ယောက်ပါ အဓိက အငြိမ့် သမားအဖြစ်ပါတယ်ပေါ့ ၊....တစ်ခါတော့ ပခုက္ကူဖက်ကို အငြိမ့် လိုက်ရတယ်လို့ ဆိုတယ်...



အဲ့ အခေါက်မှာ အငြိမ့် ထောင်ဆရာမလိုက်နိုင်လို့ ကျနော်တို့ ဖအေကို အကူတောင်းလို့  လုပ်နေကျစက်ချုပ်ဆိုင်ကို ထားပြီး အငြိမ့် ထောင်ဆရာရဲ့ လူယုံ မန်နေဂျာ သဘောအဖြစ် လိုက်သွားပေးရတယ်လို့ ဆိုပါတယ်.။ အဲ့ ခေတ်က လမ်းပမ်းဆက်သွယ်ရေးက အလွန်ခက်ပါတယ်၊ အငြိမ့်မှာ အဓိက ဇာတ်မင်းသမီးရယ် ၊ လူငယ်ပြဇာတ်မင်းသားရယ်၊ နာမည်ကြီးလူရွှင်တော်တွေက အငြိမ့် အတွက် အဓိက အင်ဂျင်တွေသဘောပါ သူတို့ ကိုပြပြီး အငြိမ့် ပွဲတွေ လိုက်ရတဲ့ သဘောမို့ ပါ၊

ဒီတော့  ကျန်အငြိမ့် အဖွဲ့ သားတွေက ဖြစ်သလို လိုက်ရပေမယ့်  သူတို့ က ရှယ်ပေါ့ ၊ ဒါနဲ့ ခရီးသွားရင်းက ပခုက္ကူနားရောက်မှ နာမည်ကြီးလူရွှင်တော် ၂ ယောက်ဟာ သူတို့ အချင်းချင်း စိတ်ကောက်ကွေးတော်မူပြီး တစ်ယောက်က ဒီကောင်နဲ့ ငါ ဒီည တွဲပြီး ပွဲမထွက်နိုင်တော့ ဘူး မလိုက်တော့ ပါဘူးဆိုပြီး နောက်ကြောင်းပြန်လှည့် သွားတော်မူပါတယ်လို့ ဆိုပါတယ်..

အဲ့ ဒီမှာ တစ်ခါမှ အဲ့ လောကနဲ့ မပတ်သက်ဖူးတဲ့ အပြင် သီချင်းတစ်ပုဒ်တောင်ပြီးအောင် မငြီးတတ်တဲ့ သူ သူများကို တစ်ခါမှာ ခြေသားလုံး ဖက်မတတ် မတောင်းပန်ခဲ့ ရဘူးတဲ့ သူ သူများကို ကိုယ့် ဦးခေါင်းညွှတ်ဖို့ ခက်ခဲတဲ့ သူ ခမျာ  ဒီည အငြိမ့် မထမရက်မှာ မပါလို့ မဖြစ်တဲ့  လူရွှင်တော်ကို အသည်းအသန် နောက်ကနေလိုက်ပြီး တောင်းပန် တိုးလျှိုတော်မူရတယ်လို့ ဆိုပါတယ်...ဝေါနဲ့ ထမ်းဆိုထမ်းခေါ်သွားပါ့ မယ်ပေါ့ လေ...ဒါနဲ့  တော်တော်ကြာကြာ  ငိုပြလိုက်တဲ့ အခါ ညကြေးတော့ နဲနဲထပ်တိုးပေးပါလို့ တောင်းဆိုတာနဲ့ အဲ့ တော့ မှ အလုံးကြီးကျ ၀မ်းသာသွားပြီး ခေါင်းတွေအတင်းငြှိမ့်ပြီး ပြန် ပင့် တော်မူလာရပါတယ်လို့ ဆိုပါတယ်..

နောက်တော့ ဖြစ်ရတဲ့ ကိစ္စက သူတို့ လောကရဲ့ ဓလေ့  အချင်းချင်းအကြောင်း နှုတ်မလုံကြတဲ့ ထုံးစံအတိုင်း သတင်းပြန်ပေါက်ပြီး အကြောင်းစုံသိသွားရတာက ဒီလူရွှင်တော် ၂ ယောက်ဟာ ဇာတ်ဆရာရဲ့ တူ မအူမလည်ကောင်ပါလာတုံး ညကြေး တိုးတောင်းကြမယ် ဆိုပြီး အချင်းချင်းလက်ဝါးရိုက် စိတ်ကောက်ချင်ယောင်ဆောင်ပြီး တစ်ယောက်က ပြန်ချသွားသယောင်ယောင် ခွင်ရိုက်ကြတာလို့ ..အကြောင်းစုံလည်းသိသွားရော....

အဲ့ နေ့ က ပေါက်ကွဲပြီး ဓားဆွဲတုတ်ဆွဲတွေနဲ့ ဖြစ်ကုန်လို့  ကျနော်တို့ မားသားကြီး အတင်း တားတော်မူရတယ်လို့ ဆိုပါတယ်
( '''ကတောက်'''..လွှတ်ပေးလိုက်ရမှာ..တဂယ်ကြီး သွားလား မသွားလား သိရအောင်လို့ ..ခိခိ)..

.အဲ့ ကိစ္စက စပြီး အဲ့ လောကကို ချိုးပြော မိုးပြော ပေါက်ကရ ကိုးသောင်းပြော ဗရုတ်သုခတွေလို့  မှတ်သွားပြီး အကြီးအကျယ် စက်ဆုတ်တော်မူသွားပါတော့ တယ်...တစ်ခါဆို တစ်ခါ  နောင်ကို ဒီလောကနဲ့ ပတ်သက်ရင် ငါ့ ကို လာမပတ်သက်နဲ့  ဆိုသလို တစ်သက်စာ အသေမှတ်သွားတော့ တဲ့ သဘောပေါ့ လေ...

ကိုယ်တိုင်လည်း ကလိမ်ကကျစ် မလုပ်ခဲ့ စဖူး ၊ သူများကိုလည်း မလုပ်တတ် ၊ ကိုယ့် ကိုယ်တော့   ကလိမ်ကကျစ် အလုပ်ခံရပြီဆိုတဲ့ အခါ..ခံစားလိုက်ရတဲ့ မခံချင်စိတ် ရှက်ဒေါသစိတ် ဝေဒနာဟာ တစ်သက်စာ တစ်သက်တာ ရင်ထဲမှာ ဒဏ်ရာတွေအဖြစ်...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..