Powered By Blogger

Saturday, May 30, 2015

့''မိရိုးဖလာ''


့''မိရိုးဖလာ''
----
အဲ့ ပုံလေးကို ပြည်ပသားတွေရဲ့ ဝက်ဆိုက်တွေလျှောက်မွှေရင်းက တွေ့ လို့ ယူထားတာ နှစ်ကိုပေါက်နေပြီ..တွေ့ တွေ့ ချင်း အိုင်ဒီယာကို လက်လန်သွားတဲ့ ပုံပေါ့ ..(ကိုယ်တိုင်လည်း အဲ့ လို တွေးခဲ့ ဖူးတယ် '''ကိုယ်ဟာ ကိုယ့် ကိုယ်ကို ဘာအယူဝင်ပါလို့  အတိအကျ ပြန်သိလိုက်ချိန်မှာအတွင်း အနှစ်သဘောတွေကို ကိုယ်တိုင် သေသေခြာခြာ နားမလည်သေးတဲ့ အဲ့ အယူဝင်က ဖြစ်နေပြီသား''လို့ တွေးဘုးတယ်၊ .အဲ့ လိုတော့  ပုံတွေဘာတွေ လုပ်ပြီး မတွေးဘူးပါဘူးဗျာ့ ) အဲ့ ဒီ့ တံဆိပ်တုံးကပ်နေတဲ့ ပုံလေးကြည့် ပြီး စိတ်ကူးလေးနဲ့ ''မိရိုးဖလာ''လို့ အမည်ပေးလိုက်သေးတယ်။

နောက်တော့  အဲ့ ပုံထက် ဆက်စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်တာက် အဲ့ ပုံထဲက အမြင်ကို စရတဲ့ သူကို ပို စိတ်ဝင်စားစရာကောင်းတယ်ပေါ့ ..သူက အယူတွေအပေါ် ဘာလို့  အဲ့ လိုမြင်ရသလဲ အယူတွေနဲ့ ပတ်သက်ပြီး သူဘာတွေခံစားခဲ့ ရလို့ လဲ  သူ့ ဘ၀မှာ အယူတွေနဲ့ ပတ်သက်ပြီး ဘယ်လိုအဖြစ်မျိုးတွေ ရင်ဆိုင်ခဲ့ ရသလဲ ခါးသီးစရာတွေကြုံခဲ့ လို့ များလား..သူအခုရော အသက်ရှင်နေသေးလား ရှင်နေသေးရင် သူ့အခု ဘယ်အယူအောက်မှာနေလဲ ဘယ်အယူမှရော ယူမနေတော့ ဘူးလား.....အဲ့ လိုတွေ တောင်တွေးမြောက်တွေလုပ်နေရင်းက ..

ပုံထဲက မီးဖုတ်ထားတဲ့ သံပူတံဆိပ်ရဲရဲလေးကြည့် ပြီး ကိုယ့် တင်ပါးတောင်ပူလာသလိုလို ယားကျိကျိနဲ့ လိုလိုဖြစ်လာသေး...ဟီးဟီး...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..