'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, October 5, 2016
ယစ်ကြိုက်တတ်ချင်းအတူတူတောင်လေ
ယစ်ကြိုက်တတ်ချင်းအတူတူတောင်လေ
--------------
ကျနော့် ဘ၀ခရီးတစ်လျှောက်မှာ ၀န်းကျင်ရဲ့  လူ့ အလေ့ တွေ အမျိုးစုံတွေ့ ခဲ့ ရသလို အမျိုးတွေထဲမှာကိုက လူစုံ ၊ အဲ့ တော့  အမျိုး လူစုံတွေကို လူ့ ဘ၀စာအုပ်ကြီးတွေ ဖတ်နေရသလိုမျိုးပေါ့  ၊ ကျနော်ကလည်း လောကထဲ စိတ်ဝင်စားစရာ အကောင်းဆုံးက လူတွေရဲ့ မတူညီတဲ့  စိတ်ထားတွေ ကံအကျိုးပေးတွေ ဘ၀ရေစီး အတက်အကျတွေက စိတ်ဝင်စားစရာ အကောင်းဆုံးပဲလို့ တွေးမိထားသလို...။
အမျိုးထဲမှာ ပြောစမှတ်တွင်ကျန်ရစ်ခဲ့ လောက်အောင် လူလားမြောက်စကနေ လုပ်တိုင်ကုန်း ရောက်တဲ့ အထိ သက်ထက်ဆုံး ယစ်ရွှေရည်ကြိုက်လွန်းသွားခဲ့ တဲ့  ဦးလေးတော် နှစ်ယောက်ရှိခဲ့ တယ်..။ သူတို့ နှစ်ယောက်စလုံးဟာ ပြည်တွင်းစစ်ကာလကမွေးခဲ့ သူတွေ ဖြစ်ပြီး အတန်းစာက ဘုန်းတော်ကြီးကျောင်းထွက် နဲ့ အတန်းစာ ၄ တန်းစာလောက်သာသာတွေရယ်ပေါ့ လေ။ ဒီလိုနဲ့  အရွယ်ရောက် ဘ၀ကို ရုန်းကန်ကျ အိမ်ထောင်တွေကျပေါ့ ။
နှစ်ယောက်စလုံးက အဲ့ အချိန်မှာ မောင်မူးတွေ ဖြစ်နေပါပြီ..။ နှစ်ယောက်စလုံး စရိုက်တူတဲ့ အချက်ကတော့  သူတို့ အမိအဖကို သိပ်ချစ်တတ်ကြပြီး ပြန်မပြောနားမထောင်သဘောဆန်ကြတာ အမျိုးအဆွေကိုတော့  ချစ်တတ်ကြတာ အလုပ်တော့ လက်ကြောတင်းတတ်ကြတာ သားမယားတွေကိုတော့ လုပ်ကိုင်ကျွေးမွေးရမယ်ဆိုတဲ့ အသိတွေရှိကြတာတော့ တူကြတယ်..နောက် သူတို့ နှစ်ယောက်စလုံးမှာ ချစ်စရာကောင်းတဲ့ အကွက်က လက်မဆော့တတ် မခိုးမ၀ှက် မညာတတ်မလိမ်တတ်တာတွေ တူတယ် နောက် သူများမိသားစုတွေကို ဒုက္ခရောက်အောင်မလုပ်တာ မြာမပွေတတ်တာတာတွေတူတယ်...
နောက် တစ်ချက်က စိတ်ချဉ်ပေါက် စိတ်ပေါက်လာရင် မူးမူးနဲ့  ♫ ♪♫ အရပ်ကလေးကိုတဲ့  အားမနာ အားမနာ ♫ ♪♫ ဆိုတဲ့  စရိုက်တွေပေါ်လာပြီ ဘယ်ခွေးမှ လူမထင်ဆိုပြီး ပါးစပ်ကပေါက်ပေါက်ဖေါက် ထ ထရမ်းတတ်တာ မှာတူတယ်...ကလေးသူငယ်တွေ နဲ့ အမျိုးတွေထဲက တူ တူမတွေကို ချစ်တတ်တာမှာတူကြတယ်....
သိပ်ကို ကွဲပြားသွားတဲ့  အချက်က အသက်ပိုကြီးတဲ့  ဦးလေးက ဘုရားစာ ရွတ်ဖတ်ရတာ အလွန့် ကို ၀ါသနာပါလှပြီး နောက်တစ်ယောက်ကတာ့  ဘုရားစာရွတ်ဖို့ နေနေသာသာ သူတစ်ပါးကို လက်အုပ်ချီဖို့ တောင်အတော်ဝန်လေးသူမျိုးပဲ စိတ်ပေါက်လာရင် လူရိုက်ဖို့ ဝန်မလေး လက်သံတအားပြောင်တဲ့ လူမျိုး ရန်ဖြစ်ချက်က သူ့ တစ်ကိုယ်လုံး ချုပ်ရာ ဒဏ်ရာတွေနဲ့ ချည်း ဆိုသလိုပါပဲ ( အဲ့ ဆိုးပေ ဦးလေးကိုမှ ကျနော်က ကြိတ်သဘောတွေကျ ခိခိ)
အသက်ကြီးဦးလေးရဲ့  ဘာသာရေး ၀ါသနာကြီးတာ ဘုရားစာရွတ်တာ ၀ါသနာကြီးတာကလည်း အံ့ ဖွယ်သရဲ ရှိပါ့ ပဲ မူးနေတာတောင် ဘုန်းကြီးမြင်ရင် လက်အုပ် အတင်းချီ အလွန့် ကို ရို့ ကျိုးတဲ့ ဟန်အမူအယာမျိုး ပြောင်းသွားသလို သီရိမင်္ဂလာဈေးမျိုးကနေ သိပ်ဝေးတဲ့ သာကေတီးယားလို့  နောက်ခေါ်ကြတဲ့  သာကေတက အိမ်ရှိရာအရပ်ကို မူးမူးနဲ့  လမ်းလျှောက်ပြန်ရင် တစ်လမ်းလုံး ဘုရားစာ ရွတ်လျှောက်ပြန်တဲ့  အထိ ဘုရားစာရွတ်ရတာ ၀ါသနာကြီးတယ် မူးလာလေလေ ဘုရားစာရွတ်လေလေ သဘောတောင်ရှိတယ်...
နောက်ဦးလေးကတော့  မူးလာလေလေ အဲ့ တော့ မှ သူ့ မကျေနပ်ချက်တွေ ရင်ထဖွင့်  ရိ ထေ့  ငေါ့  အရင်က အကြောင်းတွေ ချေးခြောက်ရေနှူး ပြောတော့ တာပါပဲ... .။
အဲ့ မှာ သူတို့ ဘ၀ခရီးလမ်း တစ်လျှောက်မှာ ဘာတွေကွာသွားလဲဆိုတော့  အသက်ကြီး ဦးလေးက သူ အရက်ဖိုးပြတ်နေလို့  အမျိုးတွေဆီ (တူတူမတွေဆီ) လိုက် တောင်းရင် လူတွေ အမျိုးတွေက အလွယ်တကူ ရော့ ရော့ ဦးလေး ဆိုပြီး အလွယ် ပေးလိုက်တတ်ကြသလို အဲ့ ဦးလေးရဲ့  ဘ၀ခရီးမှာ ရန်ဖြစ်တာဘာညာတွေ မရှိခဲ့  အချုပ်အနှောင်ခံရတာ ရဲစခန်းရောက်တာ မရှိခဲ့ သလို သေတော့ ဆေးရုံပေါ်မှာ အေးဆေး သေခွင့် ရသွားခဲ့ တယ်...
နောက် ဆိုးပေဦးလေးကတော့  အချုပ်ရောက်တာ ခဏခဏ ဒဏ်ရာတွေဆိုတာမနဲ အရက်ဖိုးပြတ်ရင် သူ့ ကိုတော့ သိပ်မသဒ္ဒါချင်ကြဘူး...ပထမ ဦးလေးလောက် လက်မသွက်ပေးချင်ကြဘူးပေါ့ လေ..သေတော့  ခြောက်တီးခြောက်တီးခြောက်ကပ်နဲ့ ပေါ့ ..
ယစ်သမားချင်းအတူတူ ဘာသာတရား မမေ့ တတ်တဲ့  ယစ်သမားက တပမ်းသာသေးသားလို့ ပေါ့ လေ....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..