'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, October 5, 2016
လူအိမ်သာ
လူအိမ်သာ
------------
ငယ်ငယ်ကပေါ့ ဗျာ...ငတိတစ်ပွေက ကျနော့် အိမ်နားက မဒီလေးတစ်ပွေကို ကြွေရောဆိုပါတော့ 
အဲ့ ငတိက စတိတ်တစ်ကျောင်းတည်းသားချင်းတူ မျက်မှန်းတော့ တန်းမိနေပေမယ့် 
ဘော်ဒါတော့ မဟုတ်သေးဘူး...
အဲ့ မှာ ကျနော့် ကို လာပေါင်းတော့ တာပဲ.ပေါင်းပြီး
ညဦးတွေဆို ကျနော့် အိမ်လာလယ်တော့ တာမျိုး
ကျနော်ကလဲ အားနာတတ် ခင်ချင်တတ်တော့ 
ကိုယ့် အကြောင်းတွေ ပစ်ပြီး ရှိသမျှလေးတွေနဲ့ 
သယ်ချင်းကြီး ဆိုပြီး ဧည့် ခံရတယ် အားနာချက် ခင်တတ်ချက်က
တစ်ခါတစ်လ ၀မ်းသွားဆီးသွားချင်နေတာတောင်
သူငယ်ချင်း တစ်ယောက်ထဲ ကျန်ခဲ့ မှာစိုးလို့ 
အသက်အောင့်  ဆီးချုပပ် ၀မ်းချုပ် ခံပြီး
ဧည့် ခံပေးနေမိတဲ့ အဖြစ်..ခင်တွယ်ပြီဆို
.အဲ လောက် နစ်ဝင် ခင်တွယ်ချင်တတ်တယ် ...
အစတော့  သြော် တော်တ်ာခင်တတ်လို့ နေမှာလို့ ထင်လိုက်သေးတာ
..ဘယ်ဟုတ်မလဲ ငတိက အိမ်ရှေ့ မှာ ပဲ ကျနော်နဲ့  စကားထိုင်ပြောသလိုလိုလုပ်နေတာ
မျက်လုံးက ဟိုမဒီလေး အိမ်ထဲချည်းရောက်နေတာ
ပြီးတော့  အဲ့ မဒီလေးရဲ့  ရာဇ၀င်အူပေါက်ကို
ကျနော့် ကိုမေးနေတော့ တာကိုး..၊
အိမ်လာတော့ သာ အူလှိုက်သည်းလှိုက် တစ်ဖျင်တည်းက ထွက်လာသလိုလို သွေးသောက်ညီအစ်ကိုတွေလိုလို နဲ့ ကျောင်းမှာဆိုရင်တော့  ရီပြယုံလောက်ရယ်..
ကြာတော့  ကျနော်တင်းလာတော့ တာပေါ့  ဒီငတိက ကျနော်နဲ့  သယ်ချင်းအဖြစ်ကို စိတ်ဝင်စားတာ မဟုတ်ဖူးဆိုတာ သူလိုအပ်တာလေးရှိလိုလို့ သာ.......။
အဲ့ မှာ တစ်ညတော့  ဒဲ့  လွှတ်တော့ မိတာပါပဲ
''ဟျောင့်  ငါ့ အိမ်က မင်းက မင်းချီးယိုချင်မှ သတိရတဲ့ အိမ်သာများထင်နေလို့  ဟျောင့် '''...လို့ 
တစ်ဘိုးတည်းသမားတွေ ကိုယ့် အကြောင်းသာကိုယ် ဦးစားပေးသိတတ်တဲ့ သူတွေ တစ်ချို့ ဟာ အင်မတန်လျင်ပါတယ် ပါးလဲပါးနပ်ကြတယ် သရုပ်ဆောင်လဲကောင်းတတ်ကြတယ် ဖြဲရဲတယ် ငိုပြရဲတယ် နင်းရဲတယ် ခိုရဲတယ် ရုးချင်ယောင်ဆောင်တတ်ကြတယ် အားနာချင်ယောင်ဆောင်တတ်တယ် တွက်ချက် ပေါင်းတတ်တယ် စသဖြင့်  စသဖြင်....။.
အဲ့ ငတိ အရမ်းလျင်တယ် မျက်နှာတစ်ချက် တင်းကနဲဖြစ်သွားပေမယ့် 
ဟီးဟီးဟားဟားနဲ့ ရူးချင်ယောင်ဆောင်သွားပြီး...။ အဲ့ ဒါ အဲ့ ငတိ ကျနော့် အိမ် ချောင်းပေါက်တာ နောက်ဆုံးညဖြစ်သွားတယ် ..အေးရော..
.ကျောင်းမှာတောင် အားနာပါးနာလေး ရယ်ပြမလာတော့ ဘူး..
.ပါးညောင်းသက်သာတာပေါ့ ........
-----------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..