Powered By Blogger

Wednesday, October 5, 2016

ဘာဂျာတံခါး..


ဘာဂျာတံခါး...
------
လူသက်သာသဘော  အချိန်မပေးနိုင်သဘော စားရိပ်သက်သာပြီးရောသဘော   ပြီးပြီးရောသဘော တဒင်္ဂ အလုပ်ဖြစ်နေပြီးရော သဘောတွေ ကာလကြာလို့  ဟောင်းနွမ်း အရောင် မှိန်လာတဲ့  ကိုယ့် အခန်း
ဘာဂျာတံခါးကို  ဆေးပြန်သုပ်တဲ့ အခါမှာ ပေါ်လာတာပါပဲဗျာ...
-----------
စနစ်တကျသဘောအရ  ( အရင်က စတိုင်သဘောအရဆိုရင် )   ကိုယ့် လိုင်းမဟုတ်တဲ့   အဲ့ ဆေးသုပ်လိုင်းမှာ ကျွမ်းကျင်တဲ့  ဆေးသုပ်သမားတွေကို ငှားနေကျ  ငှားရလိမ့် မယ်။ 
အဲ့ မှာ ဆေးသုပ်သမားတွေက  ဘာဂျာတံခါးတွေက အရင်ဆေးဟောင်းတွေ  သံချေးတွေကို ကော်ပတ်စား သန့် သွားအောင် တိုက်ချွတ်ဖယ်ရှားပစ်ကြတယ်ပေါ့ ...အဲ့ မှာကို ရက်နဲနဲယူပြီ။။
----------
အဲ့ ကိစ္စပြီးတော့  အဲ့ သန့် သွားတဲ့ ဘာဂျာတံခါးတွေကို  အောက်ခံဆေးကြမ်း သဘောဆေး  စသုပ်တယ်..အဲ့ မှာလည်း  ရက်နဲနဲ ယူရပြန်ပြီး... (မိုးကင်းလွတ်ချိန်ကို စောင့် ရသေးတယ်)
----------------
နောက်ဆုံးမှ အပေါ်ဆုံးကနေ ဆေးချော သုပ်ချလိုက်တယ်  အဲ့ မှာ အသေးစိပ် သုပ်တော့  သုပ်ပြီးတဲ့ အခါ ဘာဂျာတံခါးလေးဟာ  တောက်ပြောင်ဝင်းလက် လှပနေယုံတင်မကဘူး မိုးရေဒဏ်  အပူအအေးဒဏ်
နောက်ထပ် နှစ်ပေါင်းများစွာ ခံပြီပေါ့ လေ  ....
-----------
အခုတော့   စက်ဘီး ဘော်ဒီ မှုတ်ဆေးတွေပေါ်လာတဲ့ အခါ.  .''ဟျောင့်  ချေးချွတ်တာတွေဘာတွေ လုပ်မနေနဲ့   မှုတ်ဆေး ၄ ဘူးလောက်သွား ၀ယ်လိုက်ကွာ  ကိုယ့် ဟာကိုယ် ကစ်လိုက်ကြရအောင်
ဆေးသမားတွေ ခေါ်နေရင်ကြာတယ်  တစ်နှစ် နှစ်နှစ်ခံလဲ ပြီးတာပဲ..'' နဲ့   ....ပြီးပြီးရော  နှစ်ခေါင်းအ၀တ်စည်း  တရှုးရှုးနဲ့  ဆေးမှုတ်လိုက်တော့ ...တစ်ရက်တောင်  နေ့ တစ်ဝက်ထဲနဲ့ ....။
--------------
သံချေးမချွတ် ကော်ပတ်မစားလို့   ရေဒဏ်မိုးဒဏ် အပူအအေး ဒဏ်တွေကြောင့်    ဘာဂျာတံခါး အောက်ခြေတွေ  ခပ်မြန်မြန် ဆွေးလာတာတွေ ဘာတွေ ဂရုမစိုက်နေနိုင်တော့ ဘူး 
ကိုယ်မသေခင် ကြည့် ကောင်းနေရင် ပြီးတာပဲတွေ ဘာတွေ ဖြစ်လာတယ်  ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..