Powered By Blogger

Wednesday, October 5, 2016

အနိဌ ရှိရာ အနိဌ စု


ကိုယ်တိုင်ရဲ့  လူ့ အနွယ်ဝင် ဖြစ်နေမှု့ ကို မေ့ လျော့ ပြီး
လူတွေက မယုံရဘူး
လူတွေက သစ္စာမရှိတော့ ဘူး
လူတွေက ကိုယ်ကျင့် သီလတွေ ပျက်နေပြီ
လူတွေက..
လူတွေက..
လူတွေက .....
စသဖြင့်  လူဖြစ်နေရတာ မကောင်းကြောင်း  စာတိုပေစတွေ 
ခပ်တည်တည်နဲ့  လူတကာကို ဆုံးမနေတဲ့ စာတွေ အများကြီး ဖတ်လာရတဲ့ အခါ
ကိုယ်တိုင်ရဲ့  လူ့ အနွယ်ဝင် ဖြစ်နေမှု့ ကို မေ့ လျော့ ပြီး
လူ အဆိုးမြင် စိတ်က ကိုယ့် စိတ်ထဲ လွှမ်းမိုးလာတတ်လေ့ ရှိတယ်
လူတွေကို  အဆိုးမြင်လွန်းအားကြီးလာတော့ 
ကိုယ်တိုင်ဟာ အနိဌကောင်ကြီ လိုလို ဖြစ်လာတတ်ပြန်တယ်
တစ်နည်းပြောရရင် မင်္ဂလာမရှိတဲ့ ကောင်ကြီး...
နောက်တစ်နည်းပြောရရင် ကျက်သဒုံး ကောင်ကြီး ဖြစ်လာတတ်တယ်ပေါ့ လေ..
ဓါတ်တူရာ ဆွဲငင်တတ်တဲ့ သဘောလည်း ရှိတတ်တော့ 
အနိဌ ရှိရာ အနိဌ စု  
ကျက်သဒုံးရှိရာ ကျက်သဒုံးလာတွေ လည်း ဖြစ်လာတတ်ပြန်တယ်   ။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..