'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, October 5, 2016
နာနာဘာဝ ၀ိနာဘာဝ သရဲတစ္ဆေ ပြိတ္တာမှင်စာ ကျပ်တီးကုန်း
နာနာဘာဝ ၀ိနာဘာဝ သရဲတစ္ဆေ ပြိတ္တာမှင်စာ ကျပ်တီးကုန်း
---
ညသန်းခေါင်ကျော် နိုးလာတော့  လမ်းထဲလည်း အမှောင်ထုအောက်မှာ ငြိမ်ချက်သားကောင်းလို့  တစ်အိမ်လုံးလည်း အိပ်မောကြလို့  အသံဗလံတွေငြိမ်လို့ ပေါ့  ငြိမ်ချက်က ခါတိုင်း သရုပ်ထထပျက်တတ်တဲ့ ကြောင်ချင်းကိုက်သံ မာန်ဖီသံလေးတောင် မကြားရဘူး.ခါတိုင်းတစ်ချက်ချက်ကြားရတတ်သေးတဲ့  ဟိုးလမ်းမက ကားတစ်စီးတစ်လေဖြတ်မောင်းသွားသံ လမ်းထဲ လူတစ်ယောက်စ နှစ်ယောက်စ ဖြတ်လျှောက်သွားသံလေးလည်း မကြားရပြန်ဘူး....ညကြီးသန်းခေါင် ပတ်ဝန်းကျင်ကြီးတစ်ခုလုံး အသံတွေငြိမ်လွန်းတော့ လည်း ....တိတ်ဆိပ်ငြိမ်သက်လွန်းနေတာကိုက
ခြောက်ခြားစရာ ....ကြောက်စရာကောင်းလောက်အောင် ငြိမ်သက်ခြင်းပေါ့ လေ...
အဲ့ မှာမှ စုန်းကဝေ ဇော်ဂနီဇော်ဂနက် မောက်လုံးမောက်ပြား မှော် အောက်လမ်း ပြုစား သရဲ တစ္ဆေ မြေဘုတ် ဖုတ် ပြိတ္တာ မှင်စာ ကျပ်တီးကုန်း ခွေးနက်ကြီးအကြောင်းတွေ ဖြတ်ကနဲ အတွေးထဲ ရောက်လာတော့  ကြောတောင် စိမ့် ကနဲ . .....
အဲ့ စိမ့် စိမ့် နဲ့ ပဲ သတိရလိုက်တာ ငယ်တုန်းက ပြည် ခေတ္တရာမြို့ သစ်က အဖွားတို့ အိမ်မှာ နွေကျောင်းကြီးပိတ်ရက်တွေမှာ သွားသွားနေရင် တစ်ခါက သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့ ကို သွားသတိရမိတယ် အဲ့ တုန်းက မြို့ သစ်က ဖုန်းတသောသောနဲ့ ဖုတ်ထူ သဲဆွဲတဲ့ လမ်းတွေအဆင့် လောက်ပဲရှိသေးပြီး ပြောရရင် ခေါင်သေးတဲ့ အရပ်ပေါ့ လေ..၇၀ခုနှစ်ဝန်းကျင်လောက်ပေါ့ ...အဲ့ မှာ ကြုံခဲ့ တာ နေ၀င်ရီတရော ညနေစောင်းကြီးပေါ့..ဟိုးခပ်လှမ်းလှမ်း အရပ်ထဲကနေ စပြီး အသံသဲ့ သဲ့ ကြားလိုက်ရတာ ဒေါင်ဒေါင် ဒေါင်ဒေါင်နဲ့ ..အဲ့ လို စကြားလိုက်ရချိန်မှာပဲ မရှေးမနှောင်း နောက်ထပ် တစ်နေရာကလည်း ဒုန်းဒုန်း ဒုန်းဒုန်း ဘုံး ဘုံးဘုံး ဘုံးဘုံး တွေ
လိုက်ထုသံ ထပ်ကြားရပြန်ရော...
အဲ့ မှာ တစ်စ တစ်စ နဲ့ အဲ့  အုန်းအုန်း အုန်းအုန်း နဲ့  အနားက ဟိုအိမ်ဒီအိမ်တွေက သံပုံးတွေ ထွက်လိုက်တီးလာတာ အဲ့ သံပုံးတီးသံတွေက တဖြည်းဖြည်း ကိုယ့် အိမ်ဖက် လမ်းလျှောက်လာသလိုပဲ သိပ်ခြောက်ခြာစရာ ကောင်းချက်ပဲ.. တစ်ရပ်လုံး သံပုံးထတီးချက်က ကိုယ့် အဖွားအိမ်ကပါ အိမ်ရှေ့ ထွက် ပုံးစုတ်တစ်လုံးက ထတီးတော့  ဟား..ဘာပြောကောင်းမလဲ တစ်ရပ်လုံး သံပုံးတီးသံဆိုတာ အုန်းအုန်းကိုထလို့ 
လူလည်း ကြောက်ကြောက်နဲ့ ရင်တွေတုန်ပြီး ကျိုးကြည့် ကြောင်ကြည့် ပေါ့ လေ ရန်ကုန်မှာမှ ဒါမျိုး မကြုံဘူးခဲ့ တာ...အဲ့ တုန်းက အဖွားတို့ ပြောခဲ့ တာ အရပ်ထဲမှာ ခိုအောင်းနေတဲ့  မကောင်းဆိုးရွားတွေ နာနာဘာဝတွေ သရဲတစ္ဆေတွေ မကျွတ်မလွတ်ပဲ အရပ်ထဲလာမှီနေတဲ့  ၀ိဥာဉ်ကောင်းတွေကို ခြောက်ထုတ်တာတဲ့ ...ဟဲ့ ကောင်လေး လာ လာ ခြံထဲဝင်နေ နင့် ဝင်တိုက်သွားဦးမယ်ဆိုလို့  ဘာမှန်းညာမှန်းမသိ ကြောထဲစိမ့် ကနဲဖြစ်သွားပြီး ကြောက်ကြောက် နဲ့  စပ်စုချင်တာနဲ့  ခြံဝ ပြူတစ်ပြူတစ် လုပ်နေရာကနေ ခြံထဲကြောခြမ်းခြမ်း နောက်မလုံ နဲ့  ပြန်အသာလျို ၀င်ပြီး သံပုံးတီးသံတွေကို ဆက်နားထောင်နေရတယ်...( ကြောက်ကြောက်နဲ့  နားထောင်လို့ တော့ ကောင်းသား 😁 )
အဲ့ တောထုတ်တဲ့ အနေနဲ့  တစ်ရပ်လုံး တက်ညီလက်ညီ အိမ်တွေက ထွက်ပြီး သံပုံးတီးကြတဲ့  အသံက နေ၀င်ရီတရော ညနေစောင်း အ၀ါဖျော့ လိမ္မော်ရောင်ဖျော့ အလင်းလေးနဲနဲ ရှိနေသေးချိန် တိမ်မျှင်လေးတွေကိုလည်း မြင်နေရသေးချိန် ...အမှောင်ဖက်ကိုတော့ အလင်းက တစ်စတစ်စ ကျလာချိန်....အဲ့ မှာ ပိုဆိုးတာက အိမ်ပေါက်စေ့ က အုန်းအုန်းထအောင် သံပုံးတွေဝိုင်းထုတော့  အရပ်ထဲက ခွေးတွေကပါ ထ အူ ထိုးဟောင်း အုပ်လိုက်ကြီးတွေအူ တော့  အရပ်ထဲ သံပုံးထုလို့  ခြောက်ခြားစိတ်တွေတောင်ဝင်လာမိရတဲ့  ကြားထဲ ခွေးအူသံတွေပါ ရောထွက်လာရောဗျား....ဘာပြောကောင်းမလဲ အဲ့ ညနေဆိုတာ ကိုယ့် ခြံရှေ့ က သရဲတွေ တစ္ဆေတွေ ကျပ်တွေ မှင်စာတွေများ ဖြတ်ပြေးသွားပြီလားဆိုပြီး လန့် ပေါ့ လေ.( သရဲတွေ အရှင်လတ်လတ်ကြီးများ မြင်ရမလားလို့ ခြောင်းသေးတာ 😁) ဒီကြားထဲ လမ်းမက သဲဖုန်တွေကို ခွေးတွေ ယက်ပြေး လို့ ဖုန်ထသွားချက်က မြူလိုလို ဖုန်လိုလိုတွေနဲ မှောင်စပျိုး ပတ်ဝန်းကျင် မြင်ကွင်းက မှိုင်းမှိုင်းမှုံမှုံတွေနဲ့ . -_-
..တော်ယုံ နှလုံးငယ်တဲ့ သူတွေ ဆို နှလုံးငြိမ်ဆေး ထ သောက်ယူရမယ့် အပေါက် သက်ကြီးနာတာရှည်သမားတွေဆို လန့် ပြီး အသက်ပြွတ်ကနဲ ထွက်သွားလောက်တယ်... 😁
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..