'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, October 5, 2016
မအေနဲ့ ကလေး
မအေနဲ့ ကလေး
---
မဟာဘုတ်မရဏဥာဉ်သဘာဝ က အတော်ညက်ပါတယ် အတော်လေးကြည့် ယူမှ ကွဲပြားမှု့ တွေ မတူတော့ တာ တွေ့ ရတာမျိုးပါ...
------------------------------------------
ဆိုပါတော့  ၁ ကြွင်းမအေက သူ့ ကလေးတွေကို တော်ယုံ သောင်းကြမ်း အမှားမျိုးနဲ့  အပြစ်မဖွဲ့ တတ်သေးပဲ ကလေးသဘာဝပဲ ကဲပစေ သဘောစိတ်နဲ့  လွှတ်ပေးထားတတ်ပြီး အဲ့ ကိုယ့် ကလေးကိုတော့  လာမကြောနဲ့  မိုးကို ဒူးနဲ့ တက်တိုက်ရတိုက်ရ စိတ်ထားသဘော ရှိတတ်ပေမယ့် 
---------
၂ကြွင်း မအေ အများစုကတော့  သူ့ ကလေးကို သူလိုချင်တဲ့ စတိုင် သူ့ ပုံစံခွက်ထဲ ပုံသွင်းကြည့် လို့ ရရင် ရ မရရင် ကလေးကို အာရုံမလာတော့ သလိုမျိုး ဖြစ်သွားလေ့ ရှိတတ်ပါတယ် ....
--------
အဲ့ လို ကွဲပြားသွားတဲ့ သဘောရှိပါတယ် ....
------
အကျိုးဆက်က ဘာလဲဆိုတော့  ၁ မအေတွေ လက်က ထွက်လာတဲ့ ကလေးတွေဟာ ဒူးအော်ဒိုင်းစိတ်တွေ နဲ့  ဘ၀ကို ရင်ဆိုင်ရဲတဲ့  သတ္တိတွေ ဖြစ်လာသလို
-------------
၂ မအေ တွေ ရဲ့ ကလေးတွေကတော့  သူတို့  သူတို့ ဘ၀ကို ရုန်းနိုင်တဲ့  အချိန်တွေမှာတော့  သူတို့  ၂ မအေတွေရဲ့  ဆန္ဒ မြင်ချင်တဲ့  ပုံစံတွေကနေ ဆန့် ကျင်ဖက်တွေ ပြုမူပြီး ရုန်းကန်ထွက်လိုက်ချင်တဲ့ စိတ်တွေ ဖြစ်ကုန်တတ်တာမျိုးပါ..
-----------------
သဘောက ၄ ကြွင်းမအေက သူ့ ကလေးကို ဘယ်လိုပြင်ဆင်ပြုစု ပျိုးထောင်ပေးမယ့်  သဘောရှိနိုင်သလဲ .....သဘောတွေ
------------------------
၃ ကြွင်းမအေက သူ့ ကလေးကို ဘယ်လိုဆက်ဆံမလဲဆိုတဲ့  သဘာဝတွေ
-------------------
သဘောက ကိုယ့် ကလေးကို ကိုယ်လိုချင်တဲ့ လမ်းကြောင်းတဲ့ လမ်းကြောင်း ရလာအောင် ပုံသွင်းတဲ့ အခါမှာ ကိုယ့် မဟာဘုတ် ကိုယ့် ရင်သွေးရဲ့ မဟာဘုတ် အပြန်အလှန်ချိန်ဆ ပုံသွင်းယူမှ အတော်အဆင်ပြေတတ်တဲ့ သဘော ဖြစ်လာလေ့ ရှိတယ်ပေါ့ ဗျာ...
---
မဟာဘုတ် ပညာဟာ အသေးစိတ်တွေ လိုက်ရင် အဲ့ လောက် ညက်တယ်လို့  ဆိုလိုတာပါ
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..