'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, October 5, 2016
ဂြိုလ်သက်နဲ့  နံသက်သဘော
ဂြိုလ်သက်နဲ့  နံသက်သဘောက ..ဆိုပါတော့  သောကြာ သားသမီးတစ်ယောက်ကို ပိတောက် ၁၂ ညွန့်  လှုပါဆိုတာက နံသက်.. ပိ= ကြာသာပတေးနံ= ၅ နဲ့  + တောက် =စနေနံ= ၇ ။ ၅+၇= ၁၂ညွန့် သဘော..။
ဂြိုလ်သက် လှုပါ သဘောက ကြာသာပတေးဂြိုလ်သက် ၁၉ နှစ် + စနေဂြိုလ်သက် ၁၀ နှစ် = ပိတောက် ၂၉ ညွန့် လှုစေတာမျိုး... အားကြတော့  ဂြိုလ်သက် က အားအပြည့် လို့ တော့ ဆိုတယ်...
အများအားဖြင့် တော့ ခေတ်အခြေအနေ နေရာထိုင်ခင်း ကို ငဲ့  တာနဲ့  နံသက် ယတြာတွေချည်း ပေးရတာများတယ်
ဂြိုလ်သက်မှာ အသုံးအများဆုံးက ကျမ္မာရေးအတွက် မတွန့် စေရ အညွန့် ကို ခင်းအိပ်တာမျိုးမှာ ပိုသုံးတယ် ဥပမာ သောကြာသားခြူခြာနာတာရှည်ဆန်လာရင် ပိတောက် ၂၉ ညွန့် ကို ခေါင်းရင်းကနေ ကျော်အလယ်အစွန်း တင်ပါနားအထိ ဖြန့် ခင်း အဲ့ ပေါ်ကမှာဖျာခင်း အခင်းခင်း အိပ်စေတာမျိုးပေါ့ လေ
(တြိ စတုက ခြေထောက်ကိုင်းမှာ ခင်းအိပ်စေတယ်...လူ့ ဘော်ဒီကို ဆောင်ပန်း နင်းကြမ်း အထက်အောက် တစ်ပိုင်းစီ ခွဲ သုံးတယ်)
------------------------------------------------------
-------------------------
အရွက်တွေနဲ့ လူကို န၀င်းရိုက်ပေးရရင် တနင်္လာတွေရဲ့  သပြေ အတွဲက လက်အညောင်းဆုံးပဲ သူတို့ လက်ကိုင် အင်္ဂါ နံ့ အညွန့်  ၂ ညွန့် နဲ့ က ၂ ခါ ၊ အလယ် အညွန့်  အဖြစ် အဖွင့် အဖြစ်
အင်္ဂါနံ အညွန့် ၈ ညွန့် နဲ့ က ၈ ခါ ၊ အကာအကွယ် အတွက်ဆိုပြီး သပြေ ညွန့်  ၁၁ ညွန့် နဲ့ က ၁၁ ခါ ၊ ဆောင်ပန်းနင်းကြမ်း ရှင်းတယ်ဆိုပြီး ဆောင်ပန်းက သောကြာနံ သီဟိုရွက်တွေနဲ့ က ၂၁ခါ
၊ စုစုပေါင်း ၂+ ၈+ ၁၁+၂၁ = ၄၂ ခါတောင်ရိုက်ပေးရတာ လက်အံကိုသေလာတဲ့ အထိပဲ... :'( ( ဒါတောင် သပြေမှာ သောကြာ+ကြာသာပတေး ၂၁+၁၉ = ၄၀ ညွန့် နဲ့ မဟုတ်ပဲ
၆+ ၅ = ၁၁ ဆိုပြီး နံကောက်နဲ့ သွားလို့ ..
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..