Powered By Blogger

Wednesday, October 5, 2016

ဒီလိုတွေလည်းကြုံရလေ့ ရှိတယ်



ဒီလိုတွေလည်းကြုံရလေ့ ရှိတယ်
----

တိုက်ခန်းရောင်းဖို့  လာတယ် ကျနော်က ယတြာပေးတယ် ၂ပတ် ၃ပတ်အတွင်း ၀ယ်လက်တွေလာတယ်.. သူ့ ခေါ်ဈေးက သိန်း ၂၆၀၀ လောက်ခေါ်ထားတယ် ၀ယ်လက်က
သိန်း ၂ ၁၀၀ အထိပဲပေးတယ် သူက နှမျှောလို့ ဆိုပြီး အင်နေတာနဲ့  အဲ့ ပွဲပျက်တယ်..
---------------------
ကျနော့် ဆီပြန်လာတယ် အရောင်းတည့် ပါ့ ဦးမလားလို့  ငြီးတယ် ကျနော်က ယတြာ အသစ်ပြောင်းပေးတယ်....မပေးခင်မှာ....
----------------------
အစကတည်းက ကျနော်ပြောခဲ့ တယ် ယတြာ သဘောက ၀ယ်လက်တွေ ခပ်စိတ်စိတ်လာအောင် စီရင်တာသာ ဖြစ်တယ် ကိုယ့်  ကြိုက်ဈေးမရလို့  အင်လွှတ်လိုက်တာက
ယတြာ ဗေဒင်ဆရာရဲ့ ကဏ္ဍ နဲ့ မဆိုင်တော့ ဘူး..ကိုယ့်  လိုချင်မှု့  နဲ့ ကိုယ်သဘော.
---------------------------------------
ကိုယ့် ကြိုက်ဈေး သဘောဆိုတာ ဘာဓါတ်တွေရိုက်ရိုက် အဲ့ ခေတ် အဲ့ ဝန်းကျင် ကာလတန်ဘိုးထက်ကို ဘယ်လိုမှ ပိုမရနိုင်ဘူး ၀ယ်လက်တွေဆိုတာ အချဉ်မဟုတ်ကြဘူး
ကိုယ့်  ကြိုက်ဈေး အထိ သူများ တန်းတူ ခေတ်ကာလ ပေါက်ဈေးအထိ ဈေးမပေးတာဟာ ကိုယ့် ရဲ့  ဂြိုလ်စီး ဂြိုလ်နင်း အကောင်း အညံ့  သဘောအပေါ်မှာလဲ စကားပြောတယ်လေ..လို့ 
ပြောခဲ့ ပြီးသားကို ပြန်ပြောရတယ်
--------------
ကျနော်ပြောပြချင်တာက ပစ္စည်းတစ်ခုကို ဓါတ်ရိုက်ထွက်အောင် ယတြာ ပေးရတာ သိပ် ခက်ခဲတဲ့ သဘောမရှိဘူး....ဘာရောင်းချင် ဘာနဲ့ ရိုက် ဘာလေးလုပ်လိုက် ဆိုတာ ချရေးပြရတာ သိပ်လွယ်တယ်
----------------
နောက်ဆက်တွဲ ကြုံလာနိုင်တဲ့  ကိစ္စတွေ...ရောင်းရငွေပေါ်ဟာ နောက်ဆက်တွဲ အကျိုးဆက် ဘာတွေ ဖြစ်ကုန်မလဲ ဆိုတဲ့ သဘောတွေ ကြိုက်ဈေးရမရ ခေါ်ဈေးထက် နဲနဲ လျှော့ ပေးနိုင်မှ
အလုပ်ဖြစ်နိုင်မဲ့ သဘောတွေ ခေတ်ထဲ ဖြစ်နေတဲ့ သဘောတွေ စသဖြင့်  အများကြီး ချိန်ဆရသေးတယ် ဆိုတာ မေးသူရဲ့  ရဲ့  ကံအခြေအနေတွေကို သုံးသပ်စဉ်းစားပေးရတာ ပုံမှန် ဗေဒင်စတိုင်ပါပဲဗျာ
----------
ကိုယ့် ရပြီးရော ကိုယ် နာမည်ရ ပြီးရောဆိုလို့ ကတော့  ကားရောင်းချင်သလား....ဒီလို ဒီလို လုပ်လိုက်လို့  ယတြာ ဓါတ်ရိုက်ပညာတွေ နည်းအများကြီး တန်းစီရေးချလိုက်လို့ ရပေါ့ 
-------------
ထီပေါက်ပြီးမှ မပေါက်ခင်က ပုံမှန်ဘ၀ထက် ပျက်သွားတဲ့  သူတွေ တစ်ပုံချည်း ဆိုတာ ဘာကြောင့် လို့ ထင်ပါသလဲ ဆိုတာ ကျနော်တို့  စတွေးတဲ့  စတိုင်ပေါ့ 
ထီပေါက်တိုင်း ကံကောင်းသူလို့ ဆိုနိုင်ပါသလား ဆိုတာလဲ ကျနော်တို့  ချက်ကင်ဝင်ခဲ့ တဲ့  ဆက်လက်စောင့် ကြည့်  လေ့ လာခဲ့ တဲ့  သဘောတွေပေါ့ ...
---------------------------------

မရောင်းလိုက်ဘူး အင် နေတယ် ဆိုတာကလည်း သူ တကယ်ဗိုက်မနာသေးလို့  အင် လိုက်တာလို့  ကျနော်တို့ က သိနေတယ်...ဗိုက်နာနေလို့ ကတော့  အဟင်းဟင်းဟင်းပဲ
ပဲတောင်မထုနိုင်တော့ ဘူး ...ဈေးလာမေးရင်တောင် ထခုန်တော့ မတတ်တွေ...

================
လုပ်သက်ရင့် လာရင် ဗေဒင်မှာ စတိုင် နှစ်မျိုး ဖြစ်လာတတ်တယ်
-------------
ကားရောင်းချင်လို့ ဆြာ..
-----------------------------------
.သြော် ဟုတ်ဗျ ဒီယတြာလေး လုပ်လိုက်ဗျ.... ( ယတြာပေးခ ဟောခ ကြေးက ဒါပဲ)
-------------------------------------------------------------

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..