
ပုံပြောတာ... :P 😁
-----------
ယူကျု့ ထဲသွားနေရင်းက တိုးရစ်တစ်ယောက်ရဲ့ မြန်မာပြည် တိုးခရီးစဉ် ဗွီဒီယို ကလစ်ကလေး တစ်ခုထဲမှာ
မန္တလေးမှာမြင်းခွာရိုက်နေတာလေး တွေ့ လို့  စကင်ရှော့ လိုက်ရင်း ကျနော့် ဝေါပေါ်တင် နောက်တီးနောက်တောက်လေးတွေရေးပေါ့ .
.အဲ့  မြင်းခွာ ဆိုတာ ကြာသာပတေးနံ+ တနင်္လာနံ သဘော ပညတ်ပေါ့ လေ ဒီတော့  သောရီတိုင် ဒါမှမဟုတ် စနေသားသမီးတွေ အတွက် မတွန့် စေရ နံသင့်  သစ်စိမ့် အတွဲ မာလကာတို့  မန်ကျည်း မင်းကွတ် တို့  လို နံတွဲ ပညတ်တွေနဲ့ တူတယ်ပေါ့ လေ...
အဲ့ ဒါလေး နောက်တီးနောက်တောက်ရေးလိုက်သေးတယ် အဲ့ ဒါလေးအပြင် ဖြတ်ကနဲ သတိရလိုက်တာက
ဖတ်ဖူးတာတွေသဘောပေါ့  ခရစ်ယာန်သာသနာကြီးစိုးတဲ့  အနောက်ဥရောပ တစ်နည်းအားဖြင့်  အင်္ဂလန် ပြင်သစ်မှာလည်း ၁၃ရာစု ၁၄ရာစုလောက်နဲ့ တူပါရဲ့ (ရာစုတွေကိုနဲနဲတော့ မေ့ နေပြီ)
ဂမ္ဘီရပညာတွေ ထွန်းကား ယုံကြည်ခဲ့ ကြတာ ကျနော်တို့ အာရှသားတွေ ဂမ္ဘီရ ပညာတွေကို ယုံကြ အစွန်းထွက်လွန်းသွားရင် အယူသီးကြသလိုပဲ သူတို့ လည်း ခရစ်ယာန် သာသနာဝင် ကျမ်းတွေလာ စေတန်ရဲ့ အစွယ်အပွားဂိုဏ်းဝင်နတ်ဆိုးတွေကိုကြောက်တာ အယူသီးကြတာတွေ ရှိခဲ့ တယ် စုန်းတွေကဝေတွေ ပြုစားတာတွေကို ယုံတယ် ကြောက်တယ်ပေါ့ လေ..
အဲ့ မှာ အရှေ့ နဲ့  အနောက် ထူးခြားတူညီတဲ့ ယုံကြည်မှု့ က စနေ ကို နတ်ဆိုးစေတန်သဘော ကျိန်စာသဘော အနိစ္စသဘော အမှောင်ထု သဘော မိစ္ဆာတွေသဘော မရဏမင်းသဘောလို့  ယုံကြတာမှာ အတော်တူတယ်..
ဥရောပမှာ အလယ်ခေတ်က (ခရစ်ယာန်သာသနာပိုင်တွေ လူ့ ကိစ္စ အ၀၀တွေထဲအထိ ကြီးစိုးခြယ်လှယ်လွန်းနေလို့  အမှောင်ခေတ်လို့ လည်း အမည်သမုဒ်ကြတဲ့ ခေတ်မှာ ) ကမ္ဘာ့ သမိုင်းမှာထင်ရှားကြီးကျယ်ခဲ့ တဲ့  မဟာကပ်ရောဂါဘေးကြီး တစ်ခု ဖြစ်တဲ့  ပလိပ်ရောဂါဘေးကြီးကျရောက်ခဲ့ ဘူးတယ်...
အဲ့ မှာ နေ့ မြင်ညပျောက် နေ့ လည်ပျောက် ကူးစက်မြန် ကာလ၀မ်းလျှောရောဂါဆိုးကြီးကြောင့်  လူတွေ
သိန်းချီသေကြလို့  မြို့ စွန့် ပြေး ရွာစွန့် ပြေး အားကိုးရာမဲ့  သိပ်ကို ကြောက်ရွံ့ တုန်လှုပ်ခဲ့ ကြတယ်... အဲ့ မှာ နောက်တော့  ဂမ္ဘီရ ပညာရှင်တွေက ဒါက စေတန် ရဲ့ နှောက်ယှက်မှု့ ပဲ ဘုရားသခင်ရဲ့ နာမတော်မှာ သက်ဝင် ယုံကြည်တဲ့ သူတွေကို နှောက်ယှက်တာပဲ လို့ တွေးယူဆကြပြီး သူတို့ အိမ်တွေ ရဲ့  အ၀င်တံခါးဝ တွေမှာ မြင်းခွာ တွေကို ရိုက်နှက် ကပ်ထားတာ အိမ်ရှေ့ တွေမှာ ချိတ်ဆွဲထားတာတွေကို လုပ်လိုက်ကြတော့ တယ်...
.အဲ့ မှာ အနောက်ရဲ့  ဂမ္ဘီရ ပညာယတြာ သဘောတွေထဲမှာ မြင်းခွာ ကို အိမ်တံခါးမှာ ချိတ်ဆွဲထားတာ ရိုက်ကပ်ထားရင် စေတန်တို့ နတ်ဆိုးတို့ အောက်လမ်းတို့ နဲ့ လုပ်ကြံလို့ မရတော့ ဘူး ကာလကြီးပျက်လို့  သရောကြီးခိုင်းလာရင်လည်း ကာလအလျောက် ဖြစ်လာတဲ့  ရောဂါဘေးဆိုးတွေ အန္တရယ်တွေကနေ ကာကွယ်နိုင်တယ်လို့ ယုံကြတယ်ပေါ့ လေ....
အဲ့ မှာ စေတန်တွေ စနေဂြိုလ်ဆိုတာတွေဟာ ဒီအာရှမှာရော အနောက်မှာပါ နာမည်ကောင်း လက်မှတ်မရတဲ့  သဘောရှိတယ်ပေါ့ လေ အဲ့ မှာ မြင်းခွာ သဘောက ဒီဖက်က အခါတိုင်ပညာက လာတဲ့  သစ်ဆိမ့် ပန်းယ သူရဇ္ဇ နေထ ကောင်းကြွယ်ရန် ဆိုတဲ့ လင်္ကာအရ မြင်းခွာ ဆိုတာ ကြာသာပတေးနံ + တနင်္လာနံ သစ်စိမ့် အတွဲ စနေရဲ့ မတွန့် စေရအတွဲ တစ်နည်းအားဖြင် ဖယိုဖရဲဖြစ်နေတဲ့  စနေ ရန်ကို ကာတဲ့ ချုပ်တဲ့ အတွဲ သဘောဆန်နေတယ်ပေါ့ ..
အဲ တိုက်ဆိုင်လိုက်တာပေါ့ လေ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..