Powered By Blogger

Wednesday, October 5, 2016

ဘွန္တော ကိုရွှေကြေးစည်...

ဘွန္တော ကိုရွှေကြေးစည်...
---
မနက် ၆နာရီကနေ ၇နာရီကြားဆို ကျနော်တို့ လမ်းထဲ တန်းဆွမ်းကြွလေ့ ရှိတာ အနှစ် ၃၀မကတော့ ဘူး အပါးက အမြဲတမ်း ၁၅ပါးအထက်မှာ ရှိတတ်တယ် အဲ့ တန်းဆွမ်းကို လမ်းထဲအိမ်တွေက အတော်များများကလည်း ဆွမ်း ဆွမ်းဟင်း ငှက်ပျော်သီးဖီးကြမ်း ရာသီပေါ်သစ်သီဝလံတွေ အမြဲ လောင်းလှုခဲ့ ကြတာပေါ့ 

အမိအဘတွေလက်ထက်ကတည်းက ဖြစ်ခဲ့ ပြီး သားစဉ်မြေးဆက်လောင်းလှုနေကြမြဲ တန်းဆွမ်းကလည်း သုံးရာသီစလုံး မိုးရွာမရှောင် နှင်းရိုက်မနား ကြွမြဲ လမ်းသားတွေကလည်း လောင်းမြဲပေါ့ လေ

ရာသီတွေ အချိန်တွေ ရွေ့ လျားလို့  အဆက်ဆက် ဖြစ်ခဲ့ ပုံကတော့  ရာသီမရွေး ထိပ်ဆုံးကကြွတော်မူလာတတ်တဲ့ ကြွတော်မူလာမြဲဖြစ်တဲ့  ကျောင်းထိုင် ဆရာတော်အိုကြီးနေရာမှာတောင် ဆရာတော် သစ်ဖြစ်လို့  နောက်ပါ ကိုယ်တော်တွေကလည်း အသစ်သစ်တွေဖြစ်လို့  ဆွမ်းလောင်းကွမ်းလောင် အလှု့ ရှင်တွေကလည်း အမိအဘတွေနေရာမှာ သားစဉ်မြေးဆက်သဘောတွေ ဖြစ်လို့ ပေါ့ 

အသံခပ်ထူထူ ခပ်ကျယ်ကျယ် နဲ အရွယ်အတော်ကြီးတဲ့ ကြေးစည်သံကို ဒူကနဲ တစ်ချက် ဝေးဝေးက အသံကြားလိုက်တာနဲ့  ဆွမ်းလောင်းသစ်သီးလောင် ငှက်ပျော်ဖီးကြမ်းကြီးတွေ ထွက်လှုဖို့  အဆင်သင့် ပြင်ကြပြီ........

သိပ်ကျက်သရေ မင်္ဂလာ ရှိတဲ့  လမ်းထဲက မနက်ခင်းလေးတစ်ခုပါပဲ

ကျောင်းနေစဉ်ကဆို အချိန်မှန် လမ်းထဲကြွလာတတ်တဲ့  တန်းဆွမ်းနဲ့  ဒီကြေးစည်ထုသံ ကိုက ဘယ်နှစ်နာရီရှိနေပြီ ကျောင်းသွားရတော့ မယ် ထမှဖြစ်မယ်ဆိုတဲ့  အိပ်ယာက ထဖို့ နှိုးဆော်လိုက်တဲ့  ကြေးစည်သံလိုပါပဲ ဆွမ်းတန်းကြွချိန်က အဲ့ လောက် တိကျတာ ဆယ်စုနှစ်ပေါင်းများစွာ..

ရာသီ အခါညီ ရက်လနှစ်တွေပြောင်းလို့  ဆရာတော် သမားတော်တွေ နောက်ပါးကကနေ ကြီးစဉ်ငယ်လိုက် နဲ့ မျက်လွှာလေးချလို့  မနှေးမမြန် ခြေလှမ်းတွေနဲ့  ဆွမ်းခံကြွလာတဲ့  ကိုယ်တော်တွေ ဆွမ်းလောင်းသူတွေ ဘေးက အရံ အဖြစ်လိုက် အဆင့် ဆင့် တွေနဲ့ ဆွမ်းချိုင့်  တွေဆွဲလို့  ကြွေရည်သုပ် တစ်လုံးချိုင့် ကြီးတွေ ဆွဲလို့  ပါလာတတ်တဲ့ ကပ္ပိယ ကျောင်းသားတွေ နဲ့ 

တံပိုးကို ရှေ့ နောက်ထမ်း ပုဆိုးတိုတိုဝတ် ထိပ်ဖွာစပြုနေတဲ့  ဘုလုံးကြီးကို လွှဲကာ လွှကာနဲ့  ကြေးစည် ထုတဲ့  ကျောင်းသား နှစ်ယောက်လည်း အပြောင်းအလဲတွေ ဖြစ်ခဲ့ ပြီ....

အပြောင်းအလဲတွေ အများကြီးထဲမှာ မပြောင်းမလဲ သာသနာ့ တာဝန်ထမ်းနေဆဲကတော့  အထုခံပြီး ဘန္တောလို့  ဘာသာစကားဖလှယ်ရင် ရလောက်တဲ့  ကိုရွှေကြေးစည်ပါပဲဗျာ....

အဲ့ ကြေးစည်ကြီးက လမ်းထဲ ခပ်လှမ်းလှမ်းကနေ ဒူကနဲ အသံပေးပြီး တန်းဆွမ်းရှေ့ က ပင်တိုင်နေရာယူ နေ့ တဓူဝ ဖြတ်သွားနေခဲ့ တာ ဆယ်စုနှစ် သုံးလေးစုကို မကတော့ဘူးပဲ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..