နေညိုချိန်လေးမှာ..
----
နေလုံးညို
တောင်အိုနောက်ဆင်းစပြုတော့ ...
ငါ့ ကိုယ် ငါထမ်း
အိမ်အပြန်လမ်းပေါ်ရောက်ခဲ့ ပြီ
တစ်ခါက
လန်းဆန်းနုသစ်တဲ့ 
မျှော်လင့် ခြင်း စိတ်ကူး တောင်ပံတွေလဲ
လောကဓံ ကောင်းကင်အောက်မှာ
ညောင်းစပြုလို့ ....
အပြောင်းအလဲတွေကြားမှာ
ဦးတည်ရာကို
ယုံကြည်ချက်တွေနဲ့ 
မပြောင်းမလဲ
ပျံသန်းမြဲ ပျံသန်းရင်း...
နေညိုချိန်
တစ်ကြိမ်လောက်တော့ 
ငါ့ ကောင်းကင်မှာ အလှဆုံး
တိမ်များတောက်ဦးမလားရယ်လို့ 
မရဲတရဲ မျှော်လင့် ရင်း....
နေလုံးညို
တောင်အိုနောက်
အပြီးမဆင်းသွားခင်..။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..