'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, October 5, 2016
သက်ရောက်အကြောင်းပြောမလို့ 
သက်ရောက်အကြောင်းပြောမလို့ သက်ရောက်ဆိုးတွေကို လျှော့ တွက်လို့ မရဘူး အဆင်မသင့် ရင်ကားသွားမယ်သဘောလေ..၊
ဒီလူက ၄ အင်္ဂါသား အခု အသက် ၅၁ထဲမှာ သက်ရောက် စနေ နဲ့  ၄ကြွင်းရဲ့ မရဏ စနေ ပေါင်းပြီး
စနေ ၂ ထပ်ပေါ့  အခု အချုပ်ထဲမှာ ရက်ပိုင်းပဲရှိသေးတယ် လူက ဘောစိ နံတူ
အင်္ဂါနံပစ္စည်း ( ၄ ကြွင်းရဲ့ အထွန်းနံ) အလုပ်လုပ်လာတာ နှစ်မနဲဘူး အကျိုးလည်းပေးပုံရတယ်
ဒါနဲ့ ပဲ ဘောစိဖြစ်လာတာ လူက လျင်တယ် စိနနွယ်တွေ...အဲ့ အကျိုးပေးတယ်ဆိုတဲ့  နံတူ အလုပ်နဲ့ ပဲ ပြဿနာတက်ပြီး အချုပ်ထဲရောက်သွားတာ အဲ့ ဒါကို အခု ယတြာလုပ်ရမှာက အာမခံရအောင်၊ တကယ်က အင်္ဂါတွေ သဘောက အသက် ၄၉ အင်္ဂါသက်ရောက်ဝင်ကတည်းက ကံကြမ္မာက မျက်နှာသာပေးတော့ တာမဟုတ်ဘူး အရှိန်နဲ့ လိမ့် နေတာ အခု အသက် ၅၁ စနေသက်ရောက်ဖြတ်တော့မှ သုံးနှစ်စာ အတိုးနဲ့  စုပြုံကိုင်ထည့် လိုက်တဲ့ သဘော ( ဒီလို အင်္ဂါ တွေ ဟူးတွေ မှာ လွှတ်ပေးထားပြီး စနေသက်ရောက်ဖြတ်တော့ မှ အတိုးချ စုပြုံကိုက်ခံလိုက်ရတတ်တဲ့ အဖြစ်တွေ ကြုံခဲ့ ပေါင်း မနဲဘူး)
ဒီကေ့ စ်မှာ ယတြာတွေလည်းပေးရင်း မှာရတာက နောက်လာမယ့် မွေးလ အသက် ၅၁ မပြည့် ခင်အထိ အမှု့ ပြီးချင်ဇောနဲ့ ဇွတ်မလုပ်နဲ့  ပိုဆိုးသွားတတ်တယ်ဆိုတာ စိတ်ရှည်ပါ အချိန်ယူရမယ် အာမခံရရင်တောင်မဆိုးဘူးသဘောထားပါ မွေလကျော်လို့  အသက် ၅၂ ထဲရောက်ရင် ကံကြမ္မာက
ကိုယ့် ဖက်ပြန်မျက်နှာသာပေးလာလို့ သက်သာခွင့် တွေ ကွင်းလုံးကျွတ်သဘောတွေ ဖြစ်လာနိုင်တယ် အခုလောလောဆယ်ကို ရမန်နဲ့ နေရတုန်း သွေးတိုးတွေအစာအိမ်တွေ ထပ်ဖြစ်မလာအောင်ကျမ္မာရေး ဂရုစိုက်ပါ တွေ ဘာတွေပေါ့ ..
( ဒီနေ့  နေ့ တိုင်က ဗုဒ္ဓတိုင် အင်္ဂါနံ ခိုက်ဖြစ်နေပြီး ( အလုပ်နံသင့် ရော လူ့ မွေးနံပါ ခိုက်ထဲမှာ) အခါတိုင်က ဘောမ တိုင်နဲ့  လာတော့  အင်္ဂါ နံက မူလမှာ...
.
( အခါတိုင်ရဲ့  မူလ သဘောက ကံဆိုးကံကောင်း ဟိုဖက်ဒီဖက် ၅၀ ၅၀ ဆိုတဲ့ ကိန်းသဘော ) ကေ့ စ်က ဟဲဗီးကေ့ စ်သဘောရှိပြီး ရေမွမ်းနေအောင်လောင်းမှ အဆင်ပြေမယ့် ပုံ ။ စနေတို့  စနေမရဏထပ်သွားတို့ ဆို ကျနော်တို့ က တင်စားပြောလေ့ ရှိတယ် အဆင်မသင့် ရင် လူသေရင်သေ လူမသေဘ၀သေ သဘော အထိ ဖြစ်တတ်တယ်
လူ အန္တရာယ်ကင်း ဘေးကင်းဖြစ်ကျန်ခဲ့ ဖို့ အရေးကြီးတယ် ငွေကုန်မှာ မနှမျောနဲ့  နောက်ခွင်တွေ အကောင်းမှာ ပြန်ရနိုင်သေးတယ်ဘာညာပေါ့ 
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..