Powered By Blogger

Wednesday, October 5, 2016

မတွန့် စေရ အထပ်ထပ်.../

မတွန့် စေရ အထပ်ထပ်
---------
ဆိုပါတော့  စနေသား တစ်ယောက် ကံတွေ သိပ်ဆိုးနေပြီဆိုတဲ့ အခါ
-------------------
အတာအိုး အရွယ် အိုးလေးတစ်လုံးထဲ သဲ ၂၁ဆုပ် ထည့် ပါတယ် ( စနေနံရဲ့  အမြစ်နံ နင်းကြမ်း ပညတ်ပါ ) ပြီးတော့  အုန်း ၆ ညွန့် ကို အဲ့  သဲထဲ ထိုးစိုက်လိုက်ပါတယ် ( စနေနံရဲ့  အညွန့်  နံ ပညတ်သဘောပါ)
( အဲ့ တော့  အိုးက သဲအိုး ဖြစ်သွားပါတယ် ( ရေထည့် ရင် ရေအိုးပါ) = အလယ်တွဲ သောကြာနံ အစ + တနင်္ဂနွေနံအဆုံး = သဲ ၂၁ ဆုပ်+ အုန်း ၆ညွန့်  = သင်အူ သဘောပေါ့  ) ဒါက မတွန့် စေရ တစ်ထပ်
--------------
(ရလွယ်ရင်ပေါ့ အဲ့ အတာအိုးရဲ့  အိုးနှုတ်ခမ်း ပါတ်လည်ကို သင်အူကြိုးလေးနဲ့  ၇ ပတ် ပတ်ထားလိုက်ပါသေးတယ် ( စနေနံရဲ့ '' အမြစ်အညွန့် ''' မတွန့် စေရ
သင်အူကြိုး ပါ ထပ်ပတ်တာ မတွန့် စေရ နောက်တစ်ထပ်)
-------------
အဲ့ သဲအိုးလေးထဲမှာ မာလကာ ၇ ညွန့်  ထိုးစိုက်လိုက်ပါတယ် ( နောက်ထပ် စနေနံ ရဲ့  '' သစ်စိမ့် '' အတွဲ မတွန့် စေရ တစ်ထပ်)
----------------------------
ပြီးရင် လေးညှင်းပွင့်  ၇ ပွင့် ကို အဲ့ သဲအိုးလေးထဲ စက္ကူလေးနဲ့ ထုပ် ထည့်  လိုက်ပါတယ် ( နောက်ထပ် စနေနံရဲ့ '' ပန်းယ ''အတွဲ မတွန့် စေရ တစ်ထပ်)
------------
ပြီးတဲ့ အခါ ယတြာ ပြုလိုသူ စနေသားသမီးရဲ့  ဓါတ်ပုံ (၀ါ) အင်းကျီ စွပ်ကျယ် သဘောက သဲအိုးအောက်က ခံပါတယ် ( ကိုယ်စား တစ်ခုခု သဘော )
-------------------------------
အဲ့  ဓါတ်ပုံ (၀ါ) အင်းကျီ စွပ်ကျယ် အောက်ကမှ ကန်စွန်းရွက် ၅ ညွန့် ကို ခံထားပေးလိုက်ပါတယ်...( အောက် ''' တြိစတု ''' မတွန့် စေရ )
--------------------
ဒီနည်းပညာဟာ စနေသားသမီးတွေမှ မဟုတ်ပဲ အပူသောက အမှု့ အခင်း စနေသက်ရောက်ဒဏ် ခံနေရသူတွေဟာ ဘုရားတစ်ဆူဆူ ရဲ့  စနေထောင့် မှာ စနေနေ့ မှာ သွား လှုလို့ လည်းရပါတယ်.
အဲ့ အခါမှာ ကြားခံ ဓါတ်ပုံတွေ အ၀တ်တွေ ပါစရာမလိုပဲ သဲအိုး ဖင်အောက်မှာ ကန်စွန်း ၅ ညွန့် ခံ ထားလိုက်ယုံနဲ့  ပြီးပါတယ် အများအားဖြင့်  တစ်ပါတ် တစ်ခါ သုံးပတ်လောက်ပေါ့ 
-----------
ဒိထက် ချဲ့  တွေးတော ယတြာပညာသဘောတွေလည်း တွေးတော ကြံဆ လက်တွေ့  လုပ်ဆောင်လို့ လည်းရပါသေးတယ် ..
အပေါ်မတွန့်  အောက်မတွန့် 
------
လူတစ်ယောက်ဟာ ကျမ္မာရေး သိပ်ဆိုးနေပြီ စီအေလို ရောဂါဆိုးတွေကျနေပြီ ကံဆိုးမိုးမှောင်တွေ သိပ်ကျနေပြီဆိုရင် ယတြာကို ထပ်မြှင့် လိုက်ရပါတယ်....
-----------------
အပေါ်မတွန့် ဆိုတာ နေ့ သားရဲ့ မတွန့် စေရ အတွဲတစ်ခုခုကို ဖန်ခွက်ထဲထည့် ရေနဲနဲထည့်  ဘုရားလှုထားစေတာပါ....ဥပမာ စနေသား ဆို မာလကာ ၇ ရွက်ကို ဖန်ခွက်ထဲထည့် 
အဲ့ ဖန်ခွက်အောက်မှာ အဲ့ စနေသားရဲ့  ဓါတ်ပုံလေး ခံထားပေးလိုက်တာပါ ..
-------------------
အောက်မတွန့် စေရဆိုတဲ့  သဘောက ( သိပ်ဆိုးနေတဲ့ ကံအခြေအနေတွေလို့ ယူဆရပြီဆိုရင်)...
--------------
အဲ့  စနေသားရဲ့  မတွန့် စေရ အရွက် မာလကာ ၇ ရွက်ကို ဖန်ခွက်ထဲထည့်  ရေထည့်  ဖန်ခွက်အောက်မှာ အဲ့ စနေသားရဲ့  ဓါတ်ပုံလေး ခံနဲ့ တင် မလုံလောက်တော့ ပဲ..
---------------
အဲ့ စနေသားရဲ့  ဓါတ်ပုံအောက်မှာ ကြိစတု အတွဲဖြစ်တဲ့  ကန်စွန်းရွက် ၅ ရွက်ကိုပါ ထပ်ခံပြီး ဘုရားကပ်ထားစေလိုက်တာမျိုးပါ အရွက်တွေ နွမ်းရင် အသစ်လဲပေါ့ လေ
-----------
သဘောက ဖန်ခွက်ထဲမှာ မာလကာ ၇ ရွက် ထည့်  ၊ ရေထည့်  ၊ အဲ့ ဖန်ခွက်အောက်မှာ အဲ့ စနေသားရဲ့  ဓါတ်ပုံခံထား အဲ့  ဓါတ်ပုံအောက်မှာမှ စနေနံ စနေသားရဲ့  တ်ြစတု အတွဲ နံ တနင်္လာ+အင်္ဂါနံ = ကန်စွန်းရွက် ၅ရွက်ကို ခံထားလိုက်စေတဲ့ သဘောပါ
-----------------
အထပ်ထပ် ချုပ်တယ် ကာတယ် ကုသတယ်သဘောပေါ့ ...
----------------
အောက်မတွန့် စေရမှာ တြိစတု အတွဲနံ ဒဲ့ မရရင် အခွဲနံကို သုံးပါတယ် ဥပမာ စနေသား အတွက်ဆို ကံ့ ကော် ၂ ရွက်နဲ့  ဇီး ၃ ရွက် ထပ် အဲ့ စနေသားရဲ့ ဓါတ်ပုံအောက်က ခံတာမျိုး..
----------
ဒီလောက်နဲ့  စိတ်မချသေးတဲ့ အခါ တြိစတု အတွဲ ရော အခွဲပါ တစ်ပြိုင်နက်ထဲ သုံးပါတယ် ဥပမာ အဲ့ စနေသားရဲ့  တြိစတု အတွဲ အခွဲ ကန်စွန်းရွက် ၅ ရွက်ရော ကံ့ ကော် ၂ ရွက် ဇီး ၃ ရွက်ရော တစ်ပြိုင်နက်ထဲ ခံထားလိုက်တာမျိုးပါ..
------------
---------------------
--------------------
ကံတွေသိပ်ဆိုးနေလို့  ဒိထက် ဒိထက် ပိုဆိုးမသွားအောင် ကာပြီဆိုရင် မတွန့် စေရ အတွဲသုံးတွဲ စလုံးကို တစ်ပြိုင်နက်ထဲ သုံးလို့ ရပါတယ် ( ဒါကို မူလနည်းပညာမှာ အရူးချုပ် လို့ ခေါ်ပါတယ် ဒီအမည်သဘောနဲ့  ဒီယတြာသဘောက နောက်တော့  ကြုံရင် ရှင်းပြပါ့ မယ် )
------------
သုံးပတ်တန်သည် ငါးပတ်တန်သည် အကန့် အသတ်နဲ့  သုံးရတဲ့ နည်းပညာပါ
---------
ဥပမာ ဘာမဟာဘုတ်နဲ့ မွေးမွေး တနင်္လာသားသမီး ကံသိပ်ဆိုးနေရင် ကံသိပ်ဆိုးတော့ မယ့် အလားအလာတွေ တွေ့ နေရပြီ ထင်နေပြီဆိုရင်.....
-------
သပြေ ၁၁ ညွန့်  + သြဇာ ၄ ညွန့်  + ဒန့် သလွန် ၁၁ညွန့် ကို ဖန်ခွက်တစ်ခုမှာထည့်  ရေနဲနဲထည့်  ဘုရားပန်းလှုသလို လှုထားစေလိုက်တာပါပဲ ဖန်ခွက်အောက်မှာတော့  အဲ့ တနင်္လာသားသမီးရဲ့  ဓါတ်ပုံလေးခံလို့ ပေါ့ 
------------------------
ဒါက သစ်ရွက်သစ်ခက်တွေကိုချည်း သုံးတဲ့  သဘောပါ...
--------
မတွန့် စေရ ပညတ် နံတွဲတွေကို သုံးမျိုးစလုံး တစ်ပြိုင်နက်ထဲ သုံးတာမျိုးလည်း ရှိပါတယ်
-------------
ဆိုပါတော့  ဟူးသမီးတစ်ယောက် အညံ့ တွေ သိပ်များနေရင် စပယ်လည်းလှူတယ် ကြက်သွန်ကြော်လည်းဘုရားကပ်တယ် ဆွမ်းကို အုန်းနို့ ဆမ်းပြီးလည်း ဘုရားကပ်စေတာမျိုး

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..