Powered By Blogger
Wednesday, October 5, 2016
အောင်လံထူစစ်သူကြီးပွဲ
အောင်လံထူစစ်သူကြီးပွဲ
---------------------------
'' အောင်လံထူစစ်သူကြီးပွဲ ''  ဆိုတဲ့   မဟာဘုတ် အကွက်ချတာ ဘယ်ကစဖြစ်လာတာလဲ  ဘယ် ရှေးပညာရှင်ကြီးကများ စခဲ့ တာလဲ တွေးကြည့်  စာအုပ်တွေ လက်လှမ်းမိသလောက် လိုက်ဖတ်ကြည် ခဲ့သေးတယ်ဗျ ..
----------------------
အဲ့ မှာ ကျမ်းရင်းလင်္ကာ ၄၀ထဲမှာတော့   အဲ့  အောင်လံထူစစ်သူကြီးနဲ့   စာသွား စာလာ နံသွား နံလာ တူနေတဲ့  အပိုဒ်လေး (   ၇။အောင်လံတေဇ သကျမှီအုံး နန္ဒိသေနထုံး။ ) ဆိုတဲ့  စာကြောင်းရေက
 အောင် လံ တေ ဇ သ ကျ မှီ  ) ဆိုတဲ့  စာသွားစာလာတစ်ကြောင်းက  အခုကျနော်တို့  သုံးနေတဲ့ (  အောင်လံထူစစ်သူကြီးပွဲ) ဆိုတဲ့  လင်္ကာစဉ်  မဟာဘုတ်ရဲ့  မြစ်ဖျား သဘောပဲလို့  သွားတွေ့  သွားတွေး  သွားသတိထားမိတာမျိုး။။။။။ ( ကျမ်းရင်းစာသား  ၄၀ လုံး  မဟာဘုတ်အကွက် နဲ့  နီးစပ်တာ အဲ့  အောင်လံတေဇ သကျမှီ  တစ်ကြောင်းသာ ထင်ရှားတာတွေ့ ရတယ်
-----------------------------------------------
ဒီအတွေး သာ နီးစပ်မယ်ဆိုရင်ပေါ့   အောင်လံတေဇသကျမှင်္ီအုံး  ဆိုတဲ့  ကျမ်းရင်း လင်္ကာ စာတစ်ကြောင်းကနေ  အောင်လံထူုစစ်သူကြီးပွဲ နဲ့ မဟာဘုတ်အိမ်သဘောတွေ ပုတ်ဘင်္ဂမရဏ
စသဖြင့် သဘောတွေကို တွေးမိကြံဆမိ လောကီလူ့ ဘ၀ထဲ အသုံးတဲ့ အောင်လောကီပညာရပ်သဘောတွေအဖြစ် တည်ဆောက်သွားပေးခဲ့ တဲ့ ရှေးတဆရာပညာရှင်တွေရဲ့  ဥာဏ်စွမ်းကလည်း 
အံ့ ဘွယ်သဘောရှိသလို...
--
ကျနော်ကတော့  ဒီလို သဘောတွေဟာ ခေတ်တစ်ခေတ်အတွက်  ပေါ်ထွန်းလာပေးတဲ့  အများ သမားရိုးကျ သဘောလောကီပညာရှင်တွေနဲ့ မတူကွဲပြားနေတဲ့  ပါရမီရှင်တွေ သဘောလို့ မှတ်ပါတယ် 
----------------
အဲ့ လိုသဘောတွေကိုလည်း  လောကီပညာခွင်တွေ သဘောမှာ အတော်များများတွေ့ နိုင်ပါတယ် ။။။
-----------
အချုပ်ကတော့ လောကီပညာတွေရဲ့ မူလ အခြေခံ ရည်ရွယ်ချက် သဘောဟာ လူတွေကို ( မသေခင်)   ဘ၀ ဒုက္ခတွေက သက်သာခွင့်  လွတ်မြောက်ခွင့်  သုခတွေဆို မြန်မြန်ရဖို့  မြဲဖို့ ဆိုတဲ့ 
အပြိုင်အဆိုင်ဆို နိုင်ဖို့ စသဖြင့် .. ပစ်မှတ်က အခြေခံသဘောချည်းပါပဲဗျာ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..