'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, October 5, 2016
ဈေးကြွက်
ဈေးကြွက်
--
အတော့် ကို ငယ်သေးတဲ့  မှတ်မှတ်ရရဆို မူလတန်း တစ်တန်းနှစ်တန်း အရွယ်မှာပေါ့  အဲ့ အရွယ်မှာ ကျနော်တို့ မိဘတွေဟာ တောကနေ မြို့ တက် သိပ်ကိုရုန်းကန်နေရဆဲအချိန်တွေပါ၊ ရန်ကုန်မှာကျောတစ်ခင်းစာရဖို့ ဆိုတာ အဲ့ တုန်းကရော အခုအထိပါ ခက်ခဲလွန်းနေဆဲ ကာလတွေပေါ့ လေ..
စွန့် စားတဲ့ အထဲမှာ တောကနေမြို့ တက်လာကြယုံတင်မက ချစ်ကြိုက်သူကို နောင်ခါလာနောင်ခါဈေး အိမ်ထောင်ပြုချလိုက်တာမျိုးလည်းပါမယ်ထင်ပါရဲ့  အဲ့ တော့  ကလေးတွေရတော့  ပိုရုန်းကန်ရတော့ တာပေါ့ လေ..အဲ့ ဒါကြောင့် နဲ့ တူပါရဲ့  ကျနော်တို့ ခေတ်က မိဘတွေဟာ သူတို့ ရှိရင်းစွဲ အသက်တွေထက်စာရင် ကြီးရင့် နေကြသလိုလို ရင့် ကျက်မှု့ က မြန်နေသလိုလိုထင်ရပါတယ်
အိမ်ထောင်ကျခဲ့ လို့ ကလေးတွေ ပွားစီးလာပေမယ့်  ကျနော့် မိဘတွေမှာ အိမ်ယာမရှိခဲ့ ကြသေးဘူး အဲ့ မှာ အဖေက ဈေးငယ်လေးတစ်ခုမှာ ဈေးဆိုင်လေးတစ်ခုတော့ အပိုင်ရှိနေအောင် စွမ်းဆောင်နိုင်ခဲ့ ပါပြီ...အဲ့ မှာ အဲ့ ဈေးဆိုင်လေးက ကျနော်တို့ မိသားစုအတွက် အိမ်ဖြစ်လာပါတော့ တယ် ဈေးဆိုင်လဲ အိမ် အိမ်လဲ ဈေးဆိုင်ဘ၀ပေါ့ ...
အဲ့ သဘောက ကျနော်တို့ မိသားစုလေးတင်မဟုတ်ခဲ့ ဘဲ အဲ့ တစ်ဈေးလုံးနီးနီး ဖြစ်နေတဲ့ သဘောရှိပါတယ် တစ်ဈေးလုံးက နယ်ကနေ တောကနေ ဧရာဝတီဘက်ကနေ တက်လာသူတွေချည်းလိုလိုဆိုတော့  ဈေးက ဈေးလိုလို အိမ်တွေလိုလိုပေါ့  အဲ့ တော့  အဲ့ မှာ ရပ်ဆွေရပ်မျိုးသဘော ဖြစ်လာတော့ တာပါပဲ တစ်ဈေးလုံးဟာ မိသားစုဝင်တွေလိုဖြစ်ကုန်ပြီး သူ့ ဆိုင်ခန်းကိုယ်ဝင် ကိုယ်ဆိုင်ခန်းသူလာနဲ့ ..
ကျနော်တို့ ကလေးတွေကလည်း အဲ့ တစ်ဈေးလုံး ဘယ်နေရာ ဘာ ဆိုတာ ကို သိတ်တဲ့ အထိ ဈေးလမ်းကြိုလမ်းကြား ဈေးဆိုင်အောက် ဈေးခေါင်မိုးပေါ်မကျန် ကျနော်တို့ ကလေးတွေရဲ့ ကစားကွင်းတွေလို ဖြစ်ကုန်ပါတော့ တယ် ကျနော်တို့ ကို ခေါ်တာက ဈေးကြွက်လေးတွေ တဲ့ ...
တစ်ခါက ဘ၀တွေအကြောင်းထဲက အကြောင်းတစ်ခုအကြောင်း ပြောပြချင်တာက ခုမှ စမှာပါ ကျနော်တို့ ရဲ့ ဈေးလေးလေး ရှေ့ မှာ ရထားလမ်းလေး ရှိပါတယ် ...အဲ့ ရထားလမ်းလေးဟာ ကုန်တွဲတွေ ဂိုထောင်ကို သွားချိန် ပြန်ချိန်ကလွဲလို့  အသုံးမပြုသလောက်ပါပဲ..ဈေးမှာ အများသုံးအတွက် အခပေးတက်ရတဲ့ ဈေးအိမ်သာရှိပါတယ် လူကြီးတွေက အဲ့ အိမ်သာကိုသာ ဘုံအိမ်သာအဖြစ် အသုံးပြုကြပါတယ်...ခွဲတမ်းစနစ် သမဆိုင်ခေတ် ကုန်တိုက်ခေတ်ကြောင့် 
လူသုံးပစ္စည်းရော ဓနပါရှားပါးလွန်းတဲ့ ခေတ်မို့  ကျနော်တို့ ကလေးအများစုက အဲ့ ဈေးရှေ့ က ရထားလမ်းလေးမှာ အလေး သွားခဲ့ ကြရတယ်...အဲ့ မှာ ပညာပါပဲ ရထားသံလမ်းကို ကြိုးတမ်းလမ်းလျှောက်ကျွမ်းဘားသမားလို ခြေ နှစ်ဖက် ကုတ်ပြီး ကိုယ်ကို ရှေ့ ထိုးမလဲ နောက်လန်မကျအောင် ဟန်ချီညီအောင်ထိမ်းပြီး အလေး သွားရတာ တကယ့် တော့  အတော်မလွယ်ပါဘူး အဲ့ လို ကိုယ်ကို ထိမ်းပြီး eeီး ပါနေတုန်းမှာပဲ ကုန်ရထား လာမလာလဲ ဘယ်ညာလေး ကြည့် နေရပါသေးတယ်....
တစ်ခါတစ်လေ သတိရမိတယ် အုပ်ကြားမြက်ပေါက် ဓါတ်တိုင်သေးပန်း လမ်းလေးချီးယို ဆိုတဲ့ စကားလေးတွေ....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..