'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, October 5, 2016
မရဏဥာဉ်ကောင်းဆိုးနဲ့  သက်ရောက်ကောင်းဆိုး --
မရဏဥာဉ်ကောင်းဆိုးနဲ့  သက်ရောက်ကောင်းဆိုး
--
လက်တွေ့ ဘ၀ထဲက အကြွင်းရှင်အသီးသီးတွေ နဲ့ အကြွင်းတစ်ခုခုနဲ့ လူ့ လောကထဲရောက်လာတဲ့  ကိုယ်တိုင် ရဲ့ ဘ၀ဖြတ်သန်းမှု့  လက်တွေ့ ဘ၀တွေကို စောင့် ကြည့် လေ့ လာလိုက်တဲ့ အခါ အချို့ တွေဟာ
ဒီမဟာဘုတ် လိုင်းက မရဏဥာဉ် အဆိုး သဘောတွေမှာ ကမ်းကုန်အောင် ဆိုးနေကြ ဆိုးခဲ့ ကြပေမယ့်  အလှည့် တစ်ခု ပြန်ဆိုက်ရောက်မလာခင် (၀ါ) ဂြိုလ်စီး ဂြိုလ်နင်း (၀ါ) သက်ရောက်လစိတ် အထိုင်တွေကကောင်းနေဆဲ မျက်နှာသာအပေးခံနေရဆဲမှာ မရဏဥာဉ်တွေ ကမ်းကုန်အောင် ဘယ်လောက်ဆိုးနေနေ အေးဆေး စင်ပေါ်က သဘော ရှိတတ်တယ်...အဲ့ အခါမှာ မရဏဥာဉ် အဆိုးအားသန်လွန်းနေတာဟာ ပြဿနာ
မရှိသဘောဆောင်နေသေးတယ်...
အလှည့် တစ်ခု ပြန်ဆိုက်ရောက်လာချိန် ဂြိုလ်စီးဂြိုလ်နင်း (၀ါ) သက်ရောက်တွေ လစိတ်တွေ ဆိုးလွန်းချိန် ဖြစ်လာချိန်မှာတော့  အဲ့  ဆိုးလွန်းလှ ဆိုတဲ့ မရဏဥာဉ်ရဲ့  ဆိုးကျိုး ဆိုက်အဖက်က အဲ့ တော့မှ ဗုံးထပ်ခွဲ ဓါတ်ဆီထပ်လောင်းသဘော ၀င်ချလာတော့ တယ်.
ကံအလှည့် မသင့် ချိန် ဂြိုလ်စီးဂြိုလ်နင်းမကောင်းတော့ ချိန် သက်ရောက် လစိတ်မကောင်းတော့ ချိန်မှာ မရဏဥာဉ်အကောင်းသမား (၀ါ) ရိုးရိုးကုပ်ကုပ်လုပ်ကိုင်စားသောက် အေးအေနေတတ်တဲ့ သူတွေတောင် အဆင်မသင့် ရင် ပွဲကြမ်းခံရတတ်တဲ့ သဘောရှိသေးတော့  နဂိုကကို မရဏဥာဉ်အဆိုးအားကြီးနဲ့  ဘ၀ကို ဖြတ်လာသူတွေအဖို့  ခံရပြီဆို တစ်သက်တစ်ကျွန်း ဆိုပါတော့  ဘ၀အပြီးပျက် ဆိုပါတော့ ...
ဒီတော့  သဘောက ဂြိုလ်စီးဂြိုလ်နင်း သက်ရောက်လစိတ်ကောင်းဆိုး ကီးတွေဟာ ဘ၀တစ်ခု ဖြတ်သန်းမှု့ မှာ ပိုအရေးပါတယ်ပေါ့ လေ...
ဆိုပါတော့  အိမ်အကူကလေးတွေကို ၅နှစ်တာ ရက်ရက်စက်စက် ပြုမူခဲ့ တဲ့  အင်းဝအပ်ချုပ်မိသားစုဟာ ကံအလှည့် မသင့် ခင် ကံသာနေစဉ် (၀ါ) သူတို့ ရဲ့  ဂြိုလ်စီးဂြိုလ်နင်းကောင်းနေသေးချိန်မှာ ဒီလောက် နှစ်သက်ကြာအောင် အဆိုးအပြုအမူတွေကို လုပ်ခွင့် ရနေခဲ့ ကြတယ်...
အချိန်တစ်ခု ရောက်လာချိန် အလှည့် တစ်ခုဆိုက်ရောက်လာချိန် (၀ါ) သူတို့ ကိုယ်တိုင်ရဲ့ ကံကြမ္မာတွေ နိမ့် ဆင်းသွားချိန်မှာတော့  အရင်လို ရက်ရက်စက်စက်တွေကို သူတို့ ကိုယ်တိုင်တွေရဲ့  ကံကြမ္မာက ဆက်လုပ်ခွင့်  မပေးတော့ သလို အရင်က အပြုအမူဆိုးတွေအတွက်ပါ အလှည့် ပြန်ခံရပြီဆိုတဲ့  သဘောဖြစ်လာတာမျိုးပဲ
သဘောက တစ်ချီတည်း တစ်သက်စာ စုပြုံပြန်အကိုင်ခံလိုက်ရပြီသဘောပေါ့ လေ..
နောက်ဥပမာတစ်ခုက ၃ ကြွင်းတစ်ယောက်ဟာ နှုတ်ထွက် ဘယ်လောက်ဆိုးနေစေစေ ကံကောင်းနေချိန်မှာ အေးဆေးပေါ့  ဒါကို သူက မှန်နေတယ်ထင်လိမ့် မယ်...အင်္ဂါလို စနေလို သောကြာ မရဏလို သက်ရောက်မျိုးတွေမှာ တော့  ခါတိုင်းလို ပဲ အမှတ်မဲ့  ပြောချလိုက်တဲ့  နှုတ်ထွက် အကြမ်းစကားတစ်ခွန်းက ဘ၀ကြီးတစ်ခုလုံးကို စောင်းသွား နစ်နာသွားစေနိုင်တဲ့  သတ္တိကြီးဖြစ်လာတယ်ဆိုတာ မရဏဥာဉ်အဆိုးနဲ့  သက်ရောက်ဆိုး ပေါင်းမိသွားရင် ဖြစ်လာတတ်တဲ့ သဘောပေါ့  ဒါကြောင့်  ၃ တွေကို ကျနော်တို့ က ၀စီ ဂရုစိုက်ပါ အဆင်မသင့် ရင် ဘ၀ကြီးတစ်ခုက စကားတစ်ခွန်းအမှားနဲ့ တင် ကားသွားနိုင်တယ်ဆိုတဲ့ အမှာတွေ ဖြစ်လာတာမျိုးပါ
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..