Powered By Blogger
Wednesday, October 5, 2016
မေးခွန်းတစ်ခုရဲ့ ဇစ်မြစ်
မေးခွန်းတစ်ခုရဲ့ ဇစ်မြစ်
------------------------
အိုဇာတာကောင်းမကောင်းကို အတော်ဆင်းရဲနေသေးတဲ့ သူတွေနဲ့  သိပ်ချမ်းသာနေသေးတဲ့ သူတွေက မေးလေ့ မေးထမရှိဘူး..
အတော်ဆင်းရဲနေသေးသူတွေက အိုဇာတာ အကြောင်း စဉ်းစားနေချိန်ကို မရလို့  မမေးမိကြတာမျိုးဖြစ်နိုင်ပြီး
သိပ်ချမ်းသာနေသေးသူတွေကတော့  ဘယ်တော့ မှ မဆင်းရဲနိုင်တော့  ဆိုတဲ့ အထင်မျိုးကနေ အိုဇာတာ ကောင်းမကောင်း မေးဖို့ သတိမရကြတော့ တာမျိုးလို့ ထင်ရတယ်
-----------
အိုဇာတာ ကောင်းမကောင်းမေးတတ်တဲ့ သူတွေအများစုကတော့  လူလတ်တန်းစားလို့ ဆိုလို့ ရလောက်တဲ့  အနေအထားရှိသူတွေက အများဆုံးမေးတတ်တာမျိုးပါ  မဆင်းရဲဘူး မချမ်းသာဘူး မျှော်လင့် ချက်တွေရှိတယ် ကြိုးစားနေတယ် ဆင်းရဲမှာလည်းကြောက်တယ်  လက်ရှိအနေအထားကိုလည်း စိတ်မချရဲသေးဘူး ဆိုတဲ့ စိတ်ရှိနေသူတွေအများဆုံးမေးတာမျိုးပဲ ..
--------
အဲ့ မှာ ''အိုဇာတာ ကောင်းမကောင်း '' ဆိုတဲ့  မေးခွန်းက ဘယ်လို သောကမျိုးအပေါ်မှာ အဓိကထားပြီး စ ဖြစ်လာတဲ့ မေးခွန်းမျိုးလည်း...တွေးစရာပေါ့ .. ဒီလို ကောင်းမကောင်း ဆိုတဲ့  မေးခွန်းမျိုးတွေဟာ
သိလိုလို့  သိလိုယုံ သက်သက်နဲ့  မေးတာမျိုးလည်း ရှိသလို  သောကကြောင့်  စိတ်ပူလို့ မေးတာမျိုးလည်းရှိတယ်
--------------------------
ဒါဆို အများစုမေးတတ်တဲ့  အိုဇာတာ ကောင်းမကောင်း ဆိုတာ  ဘယ်အချက် အပေါ်မှာ အခြေစိုက်ပြီး မေးလာတတ်တဲ့  မေးခွန်းမျိုးလည်း  ဓန အပေါ်မှာအခြေစိုက်တာလား  မိသားစုဘ၀အပေါ်မှာ အခြေစိုက်တာလား ဘယ်လိုသေတာ အကောင်းဆုံး ဆိုတဲ့  သေခြင်းတရား အပေါ်မှာအခြေစိုက်တာမျိုးလား  တွေးစရာပေါ့ ..
------------
မေးခွန်းတွေဆိုတာ အသားလွတ်ဖြစ်မလာတတ်သလို ခေတ်ပြိုင်ဖြတ်သန်းမှု့ ဘ၀တွေရဲ့ ရောင်ပြန်တွေ ပါနေတယ်ဆိုတဲ့ သဘောပေါ့ 
===========================================
ခေတ်ပြိုင် လူနေမှု့ ဘ၀တွေကနေ ရောင်ပြန် ဖြစ်လာတဲ့  မေးခွန်းတွေသဘောတရားက ဥပမာဆိုပါတော့  ကားဝင်ကိန်း ရှိမရှိ ဆိုတာ
-----------
---------------
နောက်တစ်ခါ  ဒီ ကား ၀င်ကိန်း ရှိမရှိ ဆိုတဲ့  မေးခွန်းမျိုးတွေကို ဘယ်နိုင်ငံက လူတွေ အမေးအများဆုံးလဲ ဘယ်နိုင်ငံက လူတွေက မေးစရာမေးခွန်းမျိုးလို့ တောင် မထင်ကြဘူးလဲ....
--------------------
မေးခွန်းတွေကိုက တွေးစရာလေးတွေပေါ့ ...  :)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..