' ရွာမရောက်ခင် '''
-------------
စိတ်တွေပေါက်ကွဲလို့ 
အယုတ်တရား စကားတွေနဲ့ စာဖွဲ့ 
အပျက်ထောင့် က ရူ့ မြင်
ဥာဏ်အလင်းခဏ မှိန်ဖျော့ ခဲ့ ပေမယ့် 
ရင်တွင်းဗီဇ
ချစ်တတ်ခြင်းတရားတွေက
အယုတ်တရားတွေကို
လက်မခံ.....
နေလာ နှင်းပျောက်ခဲ့ သလို
အပူလာ အအေးပျောက်ခဲ့ 
ရက်မကြာခဲ့ ပါဘူး
အရှက်တရားက
မသင့် တာတွေဟာမသင့် လို့ 
အသိတွေပြန်ကပ်ရင်း....
ဆင်ခြင်၍ ဆင်ခြင်၍
ဘ၀ခရီး ဆက်ရဦးတော့ မည်
လမ်းဆုံး
ရွာမရောက်ခင်...။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..