'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, October 5, 2016
စုန်းတိုက် ဓါတ်တိုက် နတ်တိုက် ပယောဂ တိုက်ဆိုတာ တကယ်ရှိလား
စုန်းတိုက် ဓါတ်တိုက် နတ်တိုက် ပယောဂ တိုက်ဆိုတာ တကယ်ရှိလား (ယုံလားလို့ ပါ ပါသေးတယ်) လို့ ကလေးအမေ တစ်ယောက်က မေးလာတော့ ....
------
ကျနော် အတော် တွေးလိုက်ရတယ်...ဘယ်လို အဆင်ပြေအောင် အယူမလွဲအောင် အစွန်းမရောက်အောင် ပြန်ဖြေရရင်ကောင်းမလဲပေါ့ လေ..
--------------
ကျနော်က ဖြေပါတယ်...ရှိပါတယ်... အလင်းရှိရင် အမှောင်ရှိသလို မျိုးပေါ့ ...
------------------
ဒါပေမယ့်  လူတိုင်း ကြုံရမယ်လို့ တော့ မပြောနိုင်ပါဘူး...ဒီကိစ္စတွေက ပကတိ မျက်စိနဲ့ မြင်ရလွယ်တဲ့ ကိစ္စမျိုးတွေလည်းမဟုတ်ကြသလို
----------
လုပ်တိုင်းခံရမယ်လည်း မဟုတ်ပါဘူး ...လုပ်တိုင်း ခံရမယ်ဆို စာဖတ်သူကြီးကို ကျနော်တို့  ပယောဂနည်းလမ်းတွေနဲ့  သတ်ပစ်မိတာကြာပြီလို့ လေ..
-------
လူတွေမှာ မမြင်ရတဲ့  သံသရာက ပါလာတဲ့  ကံသတ္တိသဘောတွေ ရှိနေတယ်...
---------------
ဒါကြောင့်  စုန်းတိုက် ဓါတ်တိုက် နတ်တိုက် ပယောဂတိုက်တွေနဲ့  သူများက လုပ်ကြံတိုင်း ကိုယ်က ခံရမယ်လို့  မပြောနိုင်ဘူး
-------
ကိုယ်တိုင်ကိုယ်က အကုသိုလ်တွေ များနေချိန် သံသရာဘ၀က ကောင်းမှု့ ကံတွေ အကျိုးပေးနဲနေချိန် အကုသိုလ်ကံ ၀င်ရောက်ချိန် တံခါးတွေ ပွင့် သွားချိန်တွေမှာတော့ 
သူများတွေရဲ့  စုန်းတိုက် ဓါတ်တိုက် နတ်တိုက် ပယောဂတိုက် တွေကို အနဲနဲ့ အများခံလိုက်ရတတ်ပါတယ်လို့ ပေါ့ ဗျာ...
--------------
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..