'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, October 5, 2016
မဟာဘုတ်အိမ် ပရိယာယ်တစ်ခု နမူနာ
မဟာဘုတ်အိမ် ပရိယာယ်တစ်ခု နမူနာ
--
ကျနော်တို့ စာလိုက်တာက သဘောတရားအခြေခံကို လိုက်ခဲ့ တာမျိုးဖြစ်ပြီး ကျမ်းကျက်စာပုံစံမျိုးမဟုတ်ခဲ့ လို့  ကျမ်းလိုမရေးတတ်သလို စာတွေအများကြီးကို တာဝန်ကြီးတစ်ခုလိုလုပ်ပြီးလဲ ရေးလေ့ မရှိဘူး စာရေးရမှာ အလွန်ပျင်းပါတယ် စိတ်ပါမှ ထရေးတောင် ရေးနေရင်း စိတ်မပါတော့ရင်လဲ ရပ်ပစ်ချင်ရပ်ပစ်လိုက်တော့  ဘာစာတွေရေးပြပါ့ မယ်လို့ ဘယ်သူ့ ကိုမှ ကတိမပေးနိုင်တာမျိုးပေါ့ ဗျာ...
ဆိုပါတော့  ဒီမဟာဘုတ်လိုင်းက ရာဇအိမ်ရဲ့  အခြေခံ သဘာဝကို '' မလည်ရှုပ်ထွေး ပရိယာယ် များတတ်ခြင်း '' သဘောရှိတဲ့ အိမ် လို့  ပြောခဲ့ တယ်...အဲ့ မှာ နေ့ သင့်  နံသင့်  ဂဏန်း ၇ လုံး သွင်း ရာဇအိမ်ကအခြေခံ ဖွင့် ဆိုချက်နဲ့ ပေါင်းစပ်လိုက်ရင် အဖြေတစ်ခု ထွက်လာတာမျိုး... အဲ့ မှာ အိမ် ပရိယာယ်မှာ မလည်ရှပ်ထွေး နဲ့  ပရိယာယ်များပြားမှု့  ဆိုတဲ့  စကားရပ်အပိုင်းနှစ်ပိုင်းပါနေတယ်အဲ့ အပိုင်း နှစ်ပိုင်းရဲ့ နောက်ကွယ်ကအနက်တွေကကွဲတယ်..
နောက်တစ်ချက်က ရာဇအိမ်လို့  အမည်ပေးထားတယ် ဒါဆို ရာဇ ဆိုတာ ဘာလဲ ဘယ်လိုသဘောကြောင့် ရာဇလို့  အမည်ပေးထားရသလဲ...ဒီလိုတွေ ဒီတော့  ရာဇအိမ်လေး တစ်ခု ရဲ့  အခြေခံ သဘောတွေကို တွေးလိုက်ရင် ( မလည်ရှုတ်ထွေး+ ပရိယာယ်များပြားမှု့ + ရာဇ ) ဆိုတဲ့  စကားလုံးတွေရဲ့ အနက် သုံးမျိုးပေါင်းစပ်နေတယ်ဆိုတဲ့  သဘောဖြစ်လာတယ်..
အဲ့ မှာ ရာဇ ဆိုတာအလွယ်ကတော့  မင်းစိတ် ဘုရင်စိတ် လို့  တည့် တည့် ယူလိုက်ရင် မင်း တွေ ဘုရင်တွေဟာ တိုင်းသူပြည်သားတွေကို (၀ါ) လူတွေကို ဘယ်လို ဆက်ဆံတတ်လည်း မင်းတွေဘုရင်တွေရဲ့  ယေဘူယျစိတ်လက္ခဏာဟာဘယ်လို ရှိသလဲ အဲ့ အချက်က အခြေခံအချက်တစ်ခုဖြစ်လာတယ်..
ဆိုပါတော့  ရာဇ အိမ်မှာ အိုးအိမ်အိမ်ထောင်အုပ်စု အသင်းအဖွဲ့ အစည်း စသဖြင့် တွေ ဆိုတဲ့ တနင်္ဂနွေနံ သဘောကထည့် လိုက်ရင် ( ရာဇအိမ်မှာ တနင်္ဂနွေနံ ထည့် လိုက်တော့  ၃ကြွင်း ဖြစ်သွားတာပေါ့ )..အဲ့ တနင်္ဂနွေနံ အဓိအပ္ပါယ်ထွေလီကာလီတွေထဲက အိမ်မိသားစု ဆိုတာလေးပဲ ထည့် တွေးကြည့် ရင် ၃ ကြွင်းမွေးတွေဟာ သူ့ အတူနေ အိမ်မိသားစုကို မင်းစိတ် (၀ါ) ဘုရင်တို့ ရဲ့  ပရိယာယ် စတိုင်တွေနဲ့ ဆက်ဆံလိမ့် မယ်ဆိုတဲ့ အခြေခံလေး ထွက်လာတယ်..
ဒါဆို ဘုရင့်  ပရိယာယ်က ဘာတွေလဲဆိုတာ ထပ်တွေးစရာ ရှိတယ် ဘုရင်တွေဟာ သူ့ တိုင်းပြည်ကို အခြေအနေကြည့် ပြီး အမျိုးစုံပရိယာယ် (၀ါ) လှည့် စားမှု့ တွေမျိုးစုံနဲ့ ဆက်ဆံတယ် စိတ်ကြည်နေတစ်မျိုးမကြည်တစ်ဖုံသဘောလည်းရှိတယ် အာဏာလည်းပြတတ်တယ် အလိုလည်းလိုက်တတ်တယ် ထင်ရာ ငါတကောလည်းကောတတ်တယ် ပြောရရင် ဘုရင်တွေရဲ့ ဆက်ဆံရေးဟာ တည့် တည့် မလာတာများတယ်ပေါ့ လေ ဒါကို ပရိယာယ်လို့ သုံးတာမျိုး
ဒီတော့ ၃ ကြွင်းတွေဟာ သူ့ အိမ်မိသားစုကို တည့် တည့်  ဒဲ့  မလာဘူး အခြေအနေကြည့် ပရိယာယ်တွေမျိုးစုံနဲ့  သွားတတ်တာ ခေတ်စကားအရဆို မိသားစုကို မှင်လေးနဲ့ ဝိုက်တတ်တာ ကိုယ်လိုရာကို နည်းမျိုးစုံနဲ့  သိမ်းသွင်းယူတတ်တာတွေသဘောပေါ့ 
တစ်ခါတစ်လေ မိသားစုကို ၀ူးဝူးဝါးဝါး ထလုပ်တာမျိုးပေါ့ ...
အဲ့ မှာ မလည်ရှုတ်ထွေး သဘောပါလာပုံက...ပရိယာယ်တွေ လှည့် တာတွေ ဝေ့ တာ ၀ိုက်တာတွေ လွန်သွားတဲ့ အခါ ကိုယ့်  ရှုးကိုယ်ပတ် ကိုယ့် အရှုပ်ထုတ်တွေ ကိုယ့် ဟာကိုယ် ပြန်မရှင်းနိုင်တဲ့ အနေအထားရောက်ရောက်သွားတတ်ပေါ့ လေ..
ဒီရာဇအိမ်သဘောလေး တစ်ခုထဲ သီးခြားကွက်ပြောရရင် ၃ကြွင်းတွေဟာ မိသားစုအပေါ် ဒဲ့  သွားလွန်းတာရော ပရိယာယ်တွေ အလွန်အကျွံများတာမျိုးပါ အစွန်း ဖြစ်တယ် တစ်ချို့ ကိစ္စ မှာ ဒဲ့  တစ်ချို့ ကိစ္စမှာ ပရိယာယ်သုံးပါ သဘောက ကျင့် သုံးရမယ့် စတိုင်ဖြစ်လာတယ်။
ဒီနေရာမှာ ဒဲ့  သွားလွန်းရင်း ၃ကြွင်း မရဏ အိမ်က သောကြာ သဘော စကားပြောဆိုမှု့ အစွန်းသဘော ( နှူတ်ကျွံ စကားလွန်သဘော ၀င်လာပြီး မရဏရဲ့ ဆိုးကျိုး တရားဝင်လာတာမျိုး ) နဲ့  ပရိယာယ်အသုံးလွန်သွားရင် အဲ့ သောကြာ မရဏ သဘောရဲ့  နောက်ဆိုးကျိုးတစ်ခုဖြစ်တဲ့  ကတိမတည်သူ လူလိမ် စသဖြင့် တံဆိပ်တွေ အကပ်ခံလာရတာမျိုး (၀ါ) ကိုယ့် စကားကို မိသားစုက မလေးစားတော့တာမျိုးဖြစ်လာတယ်)
------------------
အဲ့ လိုတွေပါ..ဒီတော့  ၁ ကြွင်း တွေရဲ့ ရာဇ အိမ်မှာ သောကြာ နံ စကားပြောမှု့ ထိုင်ထားရင် ၁ ကြွင်းတွေ စကားပြောဆိုမှု့ က ယေဘူယျ ဘယ်လို စတိုင်ဖြစ်လာတတ်သလဲပေါ့ ...
စိတ်လိုလက်ရရှိရင် အကြောင်းအရာတစ်ခုကို ပုံတွေဖွဲ့ ပြော ချိုချိုသာတွေပြော လိုရာဆွဲစိပြောပေါ့  စိတ်ပေါက်ရင် ဘယ်ခွေးမှ ကြောင်မထင်ဘူးတွေ သတ်စေ စမြောင် ဆိုတာ ထ လုပ်တတ်တဲ့ သဘောက ယေဘယျူ ၁ စရိုက်တွေပေါ့  ပုံပြောတာလွန်သွားရင် ရှင်းရင်းရှင်းရင်း ပြောရင်းပြောရင်း ကိုယ့် စကားနဲ့ ကိုယ် မရှင်းမရှင်းတွေဖြစ် ပြန်လုံးထွေးကုန်တာမျိုးပေါ့ 
-----------------
ဒါ ရာဇအိမ်သဘောလေး နဲ့  ၇ နံ လေး ထည့်  လိုက်ရင် ထွက်လာတဲ့  သဘောတရားလေး အကျဉ်းသဘောလေးပါ... ( ရာဇအိမ် ၇ အိမ်စလုံး မရေးနိုင်တာ တောင်းပန်ပါတယ်နော့်  )
( အဲ့ မှာ ထူးခြားတစ်ချက်က မဟာဘုတ် အိမ်တွေ ရဲ့  လှုပ်ရှားမှု့ တွေဟာ မရဏအိမ်က နံသင့် နဲ့ ဆက်စပ်မှု့ ကြီးနေတာ မရဏအိမ်က နံသင့် က ၀င်ဝင်ပတ်သက်လာတာ မရဏအိမ်က နံသင့် က ထ ထဓါတ်ဆီလောင်းတတ်တာတာက ထူးခြားတဲ့ အချက်ပါပဲဗျာ)
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..