'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, October 5, 2016
ရှော့ ကီးတွေ တည်ဆောက်ပုံ
ရှော့ ကီးတွေ တည်ဆောက်ပုံ
--
မနက်က စောစောက ရှည်လျား ထွေးပြားတဲ့ စာမျိုးတွေ အဲ့ လိုတွေ အကျယ်တ၀င့် တွေ ရေးထားတဲ့  စာတွေ ဖတ်ကောင်းကောင်းနဲ့  ဖတ်လို့ လဲ ပြီးသွားရော ပြန်တွေးကြည့် တာ
ဘာမှတ်လို့ မှတ်ရမှန်းမသိ ဘာမှ မကျန်ခဲ့ သလို ဖြစ်သွားရောဗျာ..ကိုယ့် ဘ၀လေးတစ်ခုအတွက်တောင် ဘယ်မှာ သုံးရမှန်းမသိဖြစ်ကျန်ခဲ့ တာမျိုး ကျနော် ဖြစ်ခဲ့ တာ ပြောတာပါ 😁
------
အဲ့ မှာ လက်တွေ့ ဘ၀ထဲ မြန်မြန်သုံးစားလို့ ရတဲ့  ရှော့ ကီးတွေ တွေးတာ ကိုယ်တိုင်ကျင့် သုံးကြည့် တာ တွေ တောက်လျှောက်လုပ်လာတာပေါ့ လေ ကိုယ့် လိုင်းကို စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေကို နားလည်လွယ်အောင် ခပ်တိုတိုနဲ့ ဘယ်လို ရှင်းပြရမလဲပေါ့ လေ
----------
အဲ့ မှာ ရှော့ ကီး စတိုင်တစ်ခုက ဆိုပါတော့  ၆ ကြွင်း တွေရဲ့  ရာဇ အိမ်မှာ လူ နဲ့ လူမှု့ ဆက်ဆံရေး ဆိုတဲ့ ဗုဒ္ဓဟူးနံ ထိုင်နေတယ်ပေါ့  ဒီသဘောက ၆ ကြွင်းတွေရဲ့  လူ့ လှုပ်ရှားမှု့ ဟန်ပန်တွေဟာ အဟန့် တစ်ခု ရှိနေသလို လူအများက ထင်ရတယ် သူတို့ ကိုယ်တိုင်ကလည်း
ဟန်ကိုယ့် ဖို့ စတိုင်နဲ့  နေတတ်တယ် အဲ့ အထိ မှန်နေသေးတယ်
---------
ပြဿနာက ဘယ်အချိန်စ၀င်လာသလဲဆို မရဏဥာဉ် ဆိုတဲ့  တနင်္လာ နံ အကြွား ဟန်ဆောင်မှု့ များ က လူကို လာတွန်းပို့ ပုံက ဟန်ကိုယ့် ဖို့  မှင်လေးနဲ့  နေနေတာအကောင်းသားကနေ
ကိုယ့် ပင်ကိုယ် စွမ်းရည်ထက် အကြွားပိုပြီး လှုပ်ရှားမှု့ တွေလည်း စလုပ်လိုက်ရော အဆင်မသင့် ရင် အရှက်တွေကွဲကုန်တတ်ရော သဘောဖြစ်လာတယ်
----------
ဒါကို ၆ တွေကို သတိပေး ဥပမာပေးတာက ဟန်ကိုယ့် ဖို့ တော့ နေပါ ကိုယ့်  အတွင်းသဘောတွေ မလိုအပ်ပဲ အကုန်ချပြစရာမလိုဘူး (အသေအခြာတွေးတောဆင်ခြင်သုံးသပ်ပြီးမှ ) လိုအပ်ရင် ဂိတ်ဆုံး ဖွင့် တိုက်ပါ
မနိုင်ဝန်မထမ်းလိုက်ပါနဲ့  ( မနိုင်ဝန်မထမ်းပါနဲ့ ဆိုတာ ၁၀၀ ဖိုးပဲ နိုင်ရင် ၁၀၀ဖို့ ပဲ နိုင်ရာက စလုပ်လိုက်ပါ ဟန်ဆောင်အကြွားပိုပြီး ၉၀၀ ကို သူများဆီက လှည့် ပြီး မလုပ်လိုက်ပါနဲ့  ဘ၀နွံနစ်တတ်တယ် ကိုယ့် ကိုယ် မြှောက်ပင့် ပြောတဲ့ သူတွေကို ပိုသတိထားပါ စသဖြင့် ပေါ့  ရှော့ ကီး တွေ ရလာတာမျိုးပေါ့ 
ဒီရှော့ ကီးက ရာဇ အိမ်က ဗုဒ္ဓဟူး နံ လူ နဲ့  လူမှု့ ဆက်ဆံရေး သီဝရီ နဲ့  မရဏ အိမ်က တနင်္လာနံ ငွေအကြွား ဟန်ဆောင်မှု့ များ သဘော နှစ်ခုကို ပေါင်းစပ်တွေးခေါ်လိုက်ရာက လက်တွေ့ ဘ၀ထဲ အသုံးတည့် တဲ့  အမှာစကား အတိုလေးတွေ ဖြစ်လာတာမျိုးပဲပေါ့ လေ
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..