'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, October 5, 2016
အသေခြာဆုံး လက်တွေ့ အကျဆုံး မဟာဘုတ်ဥာဉ်
အသေခြာဆုံး လက်တွေ့ အကျဆုံး မဟာဘုတ်ဥာဉ်
--
နောက်တစ်ခါ ထပ်တွေးပြန်တာက လက်တွေ့ ဘ၀ထဲက လူမှု့ ဆက်ဆံရေး အစစ် သဘာဝတွေကို ဆက်တွေးတာ အဲ့ မှာ ဘာတွေ့ ရလဲဆိုတော့  တကယ့်  ဆက်ဆံရေးနယ်ပယ်မှာ သူများကို အသားလွတ်ကြီး
ခင်ဗျားက ဘာကြွင်းလဲတို့ ဘာနေ့ သားလဲတို့ လျှောက်မေး ဆက်ဆံရိုး မရှိကြဘူး ဒါ လက်တွေ့ ဘ၀ထဲက တကယ့် အနေအထားပေါ့  ဆိုလိုတာ သူများတွေရဲ့  အကြွင်းတွေ နေ့ သားတွေကို အလွယ်တကူမသိနိုင်ဘူး
သိအောင်လည်း အသားလွတ်ကြီး မွေးသက္ကရာဇ်ကြီးတောင်းပြီး ဆက်ဆံလေ့ မရှိဘူး ( မေးမိလို့  အဆင်မသင့် ရင် အရိုက်တောင် ခံရနိုင်တယ် :o တစ်ချို့ က အမှန် မပြောနိုင်ဘူး :P ကြိုက်လည်း မကြိုက်ကြဘူး 😁 )
ဒါဆို ကျနော်တို့  သိနိုင်တာ ဘာလဲ...ရိုးရိုးလေးပဲ ကိုယ့်  မွေးသက္ကရာဇ်တွေ ကိုယ်တိုင်ရဲ့  မူလမဟာဘုတ်အကြွင်းတွေ ကိုယ်ဟာ ဘာနေ့ သား ဆိုတာမျိုးတွေ အမှန်အကန် သိနိုင်တယ်...
ဒါဆို မသေခြာတာနဲ့ သေခြာတာဆို သေခြာတာ ကိုယ့် အကြွင်းကိုယ်သိနေတာ....ဒီတော့  အကြွင်း ကိုယ့် မဟာဘုတ်ရဲ့  အားနည်းချက် အားသာချက်တွေကို ကိုယ်တိုင်သိထားတာ ဆင်ခြင်စရာ ရှိတာ ဆင်ခြင်တာ ဖေါက်ထွက်ချိန်ဖေါက်ထွက်တာက အဖြစ်နိုင်ဆုံးလမ်းပေါ့ 
နောက် လူ့ ဆိုက်ကိုတစ်ချက်က လူမှု့ ဆက်ဆံရေး စတိုင်တွေထဲက လူ့ သဘာဝ အစစ်က သူများ အကြွင်းတွေအပေါ်လိုက်ပြီး (၀ါ) သူများစိတ်တွေ အပေါ် လိုက်ပြီး ဆက်ဆံနေကြတာမျိုး မရှိလှပဲ အများစုက ကိုယ့် အကြွင်း စရိုက်နဲ့ ကိုယ်(၀ါ) ကိုယ့် စိတ်အတိုင်းကနေ အခြေခံပြီး သူများတွေကို ဆက်ဆံနေတာမျိုးဆိုတာ သိသာတဲ့ အချက်ပါပဲ
ဒီတော့  မှန်စရာ မှားစရာတွေ အများဆုံးဟာ ကိုယ်တိုင်ရဲ့  အကြွင်းဥာဉ်အဆိုးအကောင်းတွေ (၀ါ) ကိုယ်တိုင် ရဲ့ အပြုအမူတွေက နေ စတဲ့ သဘောပေါ့ လေ
ဆိုတော့ ချုပ်လိုက်ရင် ကိုယ်တိုင်ရဲ့ အပြုအမူ ကိုယ့် မဟာဘုတ်ရဲ့  အားနည်းအားသာချက်တွေကို ပြင်စရာရှိပြင် အရောင်တင်စရာရှိတင်တာ အသေခြာဆုံး လက်တွေ့ အကျဆုံး ပညာခွင်တွေသုံးနည်း လို့ ပြောလို့ ရတယ်ပေါ့ လေ...
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..