Powered By Blogger

Wednesday, October 5, 2016

မရဏနံသင့် လူ နဲ့ ဆက်ဆံရေး


မရဏနံသင့် လူ နဲ့ ဆက်ဆံရေး
---
မရဏနံသင့် လူ သဘောက ဥပမာ သုညကြွင်း တစ်ယောက်က အင်္ဂါသားသမီးတစ်ယောက်ယောက်ကို တပည့် မွေးရင် ပုံမှန်တပည့် တွေထက် ပိုပိုသာသာ ဦးစားပေးတာထောက်ပံ့ တာ လေးနက်ပေးတာလုပ်လိုက်ရင် အဲ့ အင်္ဂါဟာ ကိုယ့် အတွက် အကျိုးပြုတဲ့ အင်္ဂါဖြစ်လာတယ်..

အဲ့ မှာ ကြာလာတော့  အဲ့ အင်္ဂါကလည်း သူ့ ဆရာမှသူ့ ဆရာ ဆရာ့ အတွက် အသက်ပေးရရ သဘာကကနေ...သူက တစ်ခြားတပည့် တွေထက် အရေးပါသူ လို့  သူ့ ကိုယ်သူ ယူဆလာပြီး တစ်ခါတစ်လေ ဆရာက တစ်ခြားတွေကို အာရုံရောက်နေရင် အဲ့ အလေးပေးခံထားရတဲ့  အင်္ဂါက တစ်ခြားတွေကိုရော ဆရာကိုပါ စိတ်အစာမကြေတတ်တော့ ပဲ
 နောက်တော့ ဆက်ဆံရေးတွေကျဲကုန်လာတတ်တဲ့ သဘာဝ အိုဗာ ဖြစ်သွားရင်း အညှိုးတွေဖြစ်ကုန်တတ်တဲ့ သဘောဖြစ်လာတယ်


ဒါကြောင့်  သုကြွင်းတွေ တပည့် မွေးရင် အင်္ဂါ သားသမီးကို တစ်ခြားနေ့ သားတွေထက် အလွန်သတိထားရတယ် ပြန်ဆုတ်ရ ငြင်းပယ်ရခက်ပြီး ဆက်မြိုချရကောင်းနိုးနိုး အံထုတ်ရကောင်းနိုးနိုးတွေ ဖြစ်ကုန်တတ်တယ်လို့ 

စီးပွားသဘောပုံစံမှာတော့  ဥပမာ သုညကြွင်းတစ်ယောက်က အင်္ဂါသားသမီးသူငယ်ချင်းနဲ့  ၂ ယောက် အတူ စပ်တူစီးပွား လုပ်တဲ့ အခါ စတင် ရင်းကြတဲ့ အခါ သူ ၁၀ နဲ့ ကိုယ်၁၀ နှစ်ယောက်ပေါင်း ၂၀ အရင်း အညီအမျှ နဲ့  အလုပ်လုပ် ကြတယ်ဆိုပါတော့  အဲ့ မှာ ၁၀ အမြတ် ရတယ်ဆိုပါတော့ 
အဲ့ မှာ သုညကြွင်းရှင်က အဲ့ အင်္ဂါကို ၆ ကျပ်ပေး ကိုယ်က ၄ ကျပ်ယူလိုက်မှ အလုပ်ဖြစ်ကြာရှည်သွားလို့ ရတာမျိုးဖြစ်လာတယ် နှစ်ယောက် တစ်ယောက် ၁၀ စီ အတူတူထည့် တာ အမြတ် ၁၀ ရရင် တစ်ယောက် ၅ ကျပ်စီ ခွဲရမယ့် အစား ကိုယ့် မရဏအိမ်က နံသား အင်္ဂါကျမှ ၁ ကျပ်ပိုပေးလိုက်ရတဲ့ သဘော(၀ါ) ကိုယ်က လျှော့ စားရတဲ့ စတိုင်ဖြစ်နေတာမျိုးပေါ့
အဲ ပိုဆိုးတတ်တဲ့ အနေအထားက အလုပ်အရှိန်ရနေပြီဆိုမှာ ရှယ်ယာတွေ ပြန်ခွဲပေးပါတွေ မပါတော့ဘူးဆိုတာမျိုးတွေ ထ လုပ်လာတာမျိုး ကိုယ်က စလမ်းခွဲချင်ရင် ပေးမခွဲ ညစ်ထားတာမျိုး ဖြစ်ကုန်တတ်တာ က ကိုယ့် မရဏအိမ်က နံသင့် နဲ့ ပေါင်း အလုပ်လုပ်ရတာ အာရုံတွေ သိပ်နောက်တတ်တယ် ဆိုတာ အနဲဆုံးသဘောပေါ့  ဒီသဘာဝတွေပါ..

ဒီလိုပဲ တစ်ခြားနယ်ပယ်ကဏ္ဍတွေမှာလည်း အဲ့ အခြေခံ ပုံစံတွေ ရှိနေကြတာပါပဲ... ကြောက်စရာ အကောင်းဆုံး အနေအထားကတော့  ကိုယ့် မရဏ အိမ်က နံသင့် လူဟာ ကိုယ့် ဘ၀ကြီးတစ်ခုလုံးအတွက် ကျေးဇူးရှင် အနေအထားကို အကြောင်းအမျိုးမျိုးကြောင့်  ကျရောက်နေပြီဆိုရင် (၀ါ) ကျရောက်သွားပြီးဆိုရင် အဲ့ မှာ အဲ့ နံသင့် လူအောက်ကနေ စိတ်အစာမကြေလို့ ရုန်းပြီးဆို ရုန်းရ အင်မတန်ခက်သလို
စကားစစ်ထိုးကြည့် ယုံလေး ထိတ်တိုက်တွေ့ ရတာတောင် အကုသိုလ် အတုံးလိုက်အတစ်လိုက် ပြန်ဝင်လာတာမြန်တတ်တာမျိုးပဲ ဒါကြောင့်  ဆရာတင်တဲ့ နေရာမှာ တစ်ခြားနေ့ သားတွေထက် ကိုယ့် မရဏအိမ်က နံသင့် လူတွေကို ဆရာတင်ရင် အတော်ကြီးအချိန်ယူရတယ်လို့ ဆိုတာပါ ဘာကြောင့် လည်းဆို ဆရာဖြစ်စေ တပည့် ဖြစ်စေ ဓမ္မ အဆင့် တစ်ခု မရောက်ခင်အထိ လောကီနယ်ထဲက လောကီနယ်သား အများစုစိတ်တွေအတိုင်းစိတ်အတက်အကျတွေ သဘော ချစ်ခြင်း ဒေါသသင့် ခြင်း စသဖြင့်  လူ့ သဘာဝစိတ်တွေ အနဲ နဲ့ အများ ရှိနေဆဲ ထ ဖြစ်တတ်ဆဲမို့ ပါပဲဗျာ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..