ကိုချစ်တီး
-------
အနှစ် ၃၀လောက် ဝေးသွားတဲ့  ကျနော်တို့  မိဘ ပွဲ ရုံက အလုပ်သမားဟောင်း ကိုချစ်တီး...ကျနော့် ရုတ်တရက် အိမ်ကိုဝငခ်ျလာတယ်....ဟား....ကိုချစ်တီး....( မသေသေးလို့  အံ့ သြသွားခဲ့ တယ်)
သူလည်း အသက်ကို ၇၀တန်းကျော်လို့ ပေါ့  .... စိုစိုပြေပြေတော့  ရှိသားပဲ..
--
မ၀ံ့ မရဲ အမူအယာ ပါလာပေမယ့်  ကျနော်ကလည်း ဖြတ်ကနဲ မြင် မှတ်မိ ကိုချစ်တီးကလည်း ကျနော့် မြင်တာနဲ့  မှတ်မိတော့ ...အဲ့ မှာ ကိုချစ်တီးနဲ့ ကျနော် ငယ်ရုပ်သွင်
တစ်သွင်ဆန်းတွေဖြစ် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်  အလိုလို ပြုံးမိ ပြန်လည် ဖေါ်ရွေ မိလျက်သား...ရယ်မိလျက်သား....လာလာဗျ အိမ်ထဲလာဗျ....
-----------------
ကျနော့် ရဲ့  မစိမ်းဘူး သိနေတယ် ဆိုတဲ့ အမူအယာကြောင် ကိုချစ်တီး အားရှိသွားပုံရသွားပြီး...အိမ်ရှေ့ ခန်းက ခုံတန်းလေးမှာ ၀င်ထိုင်ရင်း အိမ်ကို အကဲလျှောက်ခတ်ရင်း..
-----------------------
ကိုချစ်တီး စပြောလာတာက '' အကိုတို့ အစ်မတို့ ကို လွမ်းလို့ ပါကွာ တဲ့  ''' ...ကိုချစ်တီး...မျက်ရည်တွေကို ၀ဲလို့  ..ကျနော်လဲ ကိုချစ်တီး ကြည့် ပြီး ကျနော့်  အဖေအမေတွေကို လွမ်းသွားတယ်..
ကျနော်ပါ မျက်ရည်တွေ စို့ တို့ တို့ ဖြစ်လာတယ်.....
--------------------------------------------------------
.အဖေတို့ အမေတို့ က ပွဲရုံလုပ်တယ်သာဆိုတယ် ပွဲရုံလုပ်သားတွေကို အလုပ်သမားတွေလို့ သဘောမထားခဲ့ တော့ ... ပွဲရုံအလုပ်သမားတွေက
အဖေတို့ အမေတို့ ကို မိသားစုလို့  သံယောဇဉ်ဖြစ် အဖေတို့ အမေတို့ က မွေးတဲ့  ကျနော်တို့ ကိုလဲ ကိုချစ်တီးတို့ က သူတို့  သားသမီးတွေလို ချစ်ခဲ့ သံယောဇဉ်ဖြစ်ခဲ့ ကြပေါ့ လေ....
-----------------------
လွမ်းစရာပါပဲ ..ပွဲရုံ အလုပ်နား ထမင်းစားချိန် ကိုချစ်တီးဆီက သူ့  မိန်းမ ထည့် ပေးလိုက်တတ်တဲ့  ငရုပ်သီး သုံးလေးတောင့်  ဆားတစ်ပုံနဲ့  ပဲရည်ဆမ်း အာလူးတွေနဲ့ 
သက်သက်လွတ် ကုလားဟင်းတွေ ကျနော် ကိုချစ်တီးတို့ နဲ့ အတူတူ ပျော်ပြီး အားရပါးရ ၀င်စားခဲ့ တာတွေရော...ကိုချစ်တီးတို့ ကြောင့်  ကျနော်တို့ လည်း ကုလားဟင်း
ကုလားသီးချင်း ကုလားကားတွေကို ကြိုက်သွားခဲ့ တယ်လို့ ဆို မမှားလောက်ပါဘူး....
-------------------------------
ကိုချစ်တီးရဲ့  ကတော်ရဲ့ အမည်ကိုက '' အာလူး '' လို့ ခေါ်ကြတာတွေရော.. ကျနော်ကလည်း ကျနော်တို့  အိမ်က သီးစုံ သက်သပ်လွတ်ကုလားဟင်းတွေ ချက်တဲ့ အခါ အဲ့ ဟင်းတွေကို
တအောတလယ် 4တွေကို ကိုချစ်တီးတို့  ပွဲရုံက အလုပ်သမားတွေ စားဖို့  ယူသွားပေးခဲ့ တာရော.. ....အတိတ်တွေဟာ...
--------
တစ်ခါတစ်လေ ကိုချစ်တီးရဲ့  ပွဲ့ ရုံ အလုပ်နားချိန် နေ့ လည်ဘက်တွေမှာ ကျနော်တို့ ကို ကုလားသီးချင်းလေး ဆိုပြချိန်ဟာ....ဘာအတီးမှ မပါပဲတောင် သိပ်နားထောင်ကောင်းတာပါပဲ........
------------------------
ကိုချစ်တီးရဲ့  ကွမ်းအစ်လေးကနေ ကွမ်းကြမ်း တွေ ကျနော် ယူယူဝါးခဲ့ သလို ကျနော်ကလည်း ကိုချစ်တီးရဲ့ ကွမ်းအစ်ထဲ ကွမ်းရွက်တွေ ကွမ်းသီးစိတ်တွေ ဆေးရွက်ကြီးတွေ ၀ယ်ဝယ် ဖြည့် ပေးခဲ့ မြဲ ပေါ့ .....
------------
ပိုက်ဆံသဘောတွေကိုသာ အခြေခံသဘောထား နွယ်ဖွဲ့  ယှက်ငင်ထားတဲ့  လူမှု့ ဝန်းကျင်တွေထက် ချစ်ခြင်းမေတ္တာ ကရုဏာ စာနာခြင်း သဘောတရားတွေနဲ့  နွယ်ဖွဲ့  ယှက်ငင်ထားတဲ့ 
လူမှု့ ဝန်းကျင်မှာသာ ကျနော်တော့ ပိုပျော်မွေ့ တယ်လေ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..