Powered By Blogger

Thursday, April 30, 2015

''ချစ်ခြင်းတရားကို စစ်ခင်းကစားခဲ့ သလားလေ.....''




''ချစ်ခြင်းတရားကို စစ်ခင်းကစားခဲ့ သလားလေ.....''
မာယာနွယ်အသီး ပန်း၏အသွင်
ကမ်းသည့် သခင်
အဆိပ်သင့် ရင်သင့် နေစေ ....

တဆိတ် ပြောခွင့် ရရင်ဖြင့် 
အပျော်ရှာ သာယာယုံလောက်နဲ့ 
မေတ္တာတရားကို အယောင်နှစ်
ချစ်မိခဲ့ တာ မဟုတ်ရပါ...

သစ္စာ၏သရုပ် အဟုတ်ပြစေချင်ရင်ဖြင့် 
ရုပ်ရှိခန္ဓာ မင့် စေရာ
ကြွေဆိုလည်း ကြွေ
နွေဆိုလည်း နွေလိုက်ခဲ့ ရင်း
မင့်  အရင်ဆုံးလူ မဖြစ်ခဲ့ ရင်တောင်
အချစ်ဆုံးလူ တစ်ယောက် အဖြစ်နဲ့ နေခဲ့ သူရယ်ပါ..။

ဒါပေမယ့် လည်းလေ
နွေကန္တာကို ဟေမာန္တာ အမှတ်ထား
ချစ်ခြင်းတရားမှာ အပြစ်ကင်းသွားလိုသူကိုမှ......

နောက်ဆုံးမတော့ 
မူယာနွယ်အချစ်ရဲ့ ကစားပွဲမှာ
အိမ်ဖြည့်  သမားလေး တစ်ယောက်သာဖြစ်ခဲ့ ပြီမို့ .
ချစ်မိသူ ကြော့ ဧကရီ မာယာဆူးရေ
မင်း...အမြဲနိုင်ပါစေလို့ သာ.....။  ။

ဂြိုလ်ကောင်းလေးနှစ်မှာ မရဏဖြစ်တဲ့ အခါ..




ဂြိုလ်ကောင်းလေးနှစ်မှာ မရဏဖြစ်တဲ့ အခါ..
------------------------------------------------
အဆိုးသက်ရောက်တွေမှာ မရဏဖြစ်တဲ့ အခါ မီးကို ဓါတ်ဆီထပ်ထည့် လိုက်သလိုမို့  အထူးပြင်းထန်တတ်တယ်ဆိုတာ ထင်သာမြင်သာ ရှိမှာပါ..
မျက်စိလည်တတ်တာဟာ သက်ရောက် အကောင်းမှာ မရဏ သွားဖြစ်ရင် ဘာတွေ ကြုံတတ်လည်းဆိုတာ ပါဘဲ...

အဖြစ်အများဆုံးက မူလ နံ အပေါ် မူတည်ပြီး ဖြစ်ပျက်သွားကြတဲ့  သဘောပါဘဲ...

၁ကြွင်းတွေအတွက် ရာဟုသက်ရောက်ဟာ သူများတွေလို ငွေလည်း ရွှင်ပါတယ်..၊ စန်းလည်းပွင့် တာပါဘဲ ဒါပေမယ့်  မရဏအိမ်က ဂဏန်းဖြစ်သွားလို့ သူဝင်တဲ့ ငွေသူမသုံးလိုက်ရတာ၊ အချီးနှီး အပျော်တွေနဲ့ မစုမိဘဲကုန်တာ..၊ သိက္ခာ မသန့် တဲ့ အချစ်ရေးတွေနဲ့ ကြုံရတာ ၊ လေဖြတ်တာ ၊ ရေချိုးမှားတာတွေဖြစ်သွားတတ်ပါတယ်...လူကိုတော့ အသက်ဘေးဖြစ်ခဲ ပါတယ်.. ရေလမ်းသိပ်မသွားရင်ပေါ့ ..နောက် ၁ ကြွင်းတနင်္ဂနွေတို့  အင်္ဂါတို့ ဆိုရင်တော့  အမှု့ တို့ ...မိသားစုပြိုကွဲတာတို့  အချစ်ရေးအိမ်ထောင်ရေးပြိုကွဲတာတို့ ထည့် တွက်ရပါတယ်..။၅ကြွင်းတွေဟာ မရဏတနင်္ဂနွေရောက် ရင် ကိုယ်တိုင်ဘာမှမဖြစ်ဘဲ သူ့ အိမ်ထောင်ဘက်အလုပ်ထိခိုက်တာ ဆေးရုံရောက်ရတာတွေအလွန်များပါတယ်။အဖေအမေကိုလည်း ကိုယ်စားပြုလို့ အဖေအမေရှိသေးရင်သတိထားပေးရပါတယ်.။

''ပလ္လင်ခင်း ကံ မြှင့် ယတြာ''



''ပလ္လင်ခင်း ကံ မြှင့် ယတြာ''
-------------------------------
အတိုက်အခိုက်များ၊ ကျမ္မာရေးခြူခြာတာစိတ်နေရင်..သက်ရောက် မကောင်းရင်၊ အိပ်မက်မကောင်းရင်၊ လာဘ်ပိတ်နေတယ်ဆိုရင်၊ ကံမကောင်းဘူးလို့ ထင်ရင် ကိုယ့် အမည်ကိုယ်ရေး ဘုရားပလ္လင်ခင်း ပူဇော်ထားတဲ့ ယတြာပါ.။

ဘုရားပွင့် တော်မူတဲ ''့ဗောဓိ ညောင်''အမျိုးအစား မှ ဗောဓိညောင်တစ်ရွက် ပေါ်မှာ ပုံပါ အတိုင်းရေးပါ..။မှောက်လျက်ရေးပါ။

ကိုယ့် အတွက်ကိုယ်(သို့ )ကိုယ်လိုလားသူရဲ့  အမည်ပေါ့ ..(ညောင်ရွက်အလယ်မှာရေးပါ)
နောက် ပု ၊ ဒိ ၊ အာ နဲ့  အာ ပု ဒိ ကို ပုံ အတိုင်း ရေးပါ..။

ပြီးလျင် ၄င်း အက္ခရာ သုံးလုံးကို ၀ိုင်း၍ မွေရှင်တော် အတွန့် ရေးတဲ့ အခါ အလယ်က စာလုံးတွေ ဟာ အနားဘေးဘောင်တွေကို မထိရပါ..။

ရေးနေစဉ်စိတ်ထဲမှ ပု ဒိ အာကို ရွတ်ရေးပါ..။

ပု ဒိ အာ ဆိုသည်မှာ မြတ်ဘုရားရှင်၏ ဥာဏ်တော်သုံးပါး ၏ ရှေ့ ဆုံး အက္ခရာ ၃ လုံးကို အာရုံယူ၍ ပူဇော်ထားတာဖြစ်ပါတယ်..

ပုဗ္ဗေနိဝါသ ဒိဗ္ဗစက္ခု အာသ၀က္ခယ ဥာဏ်တော်သုံးပါး ဖြစ်ပါတယ်..

ပြီးလျင် မိမိအိမ်က ဘုရားရုပ်ပွားတော် အောက်ကို အသာပင့် ကြွ၍ စာကို အပေါ်ထား မှောက်လျက်ပဲ ထား ပလ္လင်ခင်း ပူဇော်ထားနိုင်ပါပြီ။

.နှစ်ချီထားပူဇော်၍ရပါတယ်၊ အသက်ကြီးငယ် ကျားမ မခွဲပါ..၊
တစ်ဆူထဲအောက် ဘယ်နှစ်ရွက်ခင်း ပူဇော်ဇော် ဖြစ်ပါတယ်။
မွေးနေ့ မှာ စထည့် ပူဇော်ပါတယ်
တစ်လခွဲတစ်ခါ အသစ်လဲ၍ လည်းပူဇော်ထားတတ်ပါတယ်၊
အများအားဖြင့် တပွဲတိုးသဘော ကံမကောင်းတုန်း ယာယီသဘောသာ ပြုလုပ်လေ့ ရှိတဲ့  ယတြာမျိုးသာဖြစ်ပါတယ် ...ရှေးက ယတြာတစ်ခုဖြစ်ပါတယ်

ပညာသင်ရင် တတ်လွယ်တဲ့  စမ


ခုနှစ်နေ့သားသမီး များအတွက် အရွက်+စမ ပေါင်းစပ် ကာဗာ မတွန့် စေရ အဆောင်






ခုနှစ်နေ့သားသမီး များအတွက် အရွက်+စမ ပေါင်းစပ် ကာဗာ မတွန့် စေရ အဆောင်
----------------------------
တနင်္ဂနွေ ....မရမ်း
တနင်္လာ...သပြေရွက်
အင်္ဂါ...ခရေ
ဗုဒ္ဓဟူး+ရာဟု.....စပယ် 
ကြာသာပတေး....စွယ်တော်
သောကြာ....ပိတောက်
စနေ မာလာကာ

အဓိက ကတော့  ခရီးဝေး အသွားအလာများသူတွေအတွက် လမ်းမှာ ဘေးမဖြစ်ဖို့  ဆောင်တာဖြစ်ပြီး နေရာရှောင်စရာ အစားအစာရှောင်စရာ မလို ထားသိုတဲ့ နေရာ ရှောင်စရာမလို လွတ်လပ်ပေါ့ ပါးစွာဆောင်နိုင်တယ်  ရွတ်စရာဖတ်စရာမရှိ  သူ့ နေ့ သားနဲ့  သူ့ အရွက်မှန်ရင်ရပြီ ကိုယ်တိုင် အရွက်ပေါ်မှာ မာကာမှင် ဆော့ ပင် နဲ့ ပဲဆွဲ မှတ်ပုံတင်ကပ်လို ပလပ်စတစ်လောင်းဆောင်နိုင်တယ် မပျောက် မချင်း အကာအကွယ်ရတယ် ပျောက်သွားရင် အသစ်ပြန်လပ်ြဆောင်နိုင်တယ် တစ်သက်တာသုံးဖြစ်တယ် ဘေးထွက်ဆိုးကျိုးမရှိဘူး အသက်အရွယ် အယူဝါဒ မရွေးဆောင်ထားနိုင်တယ် ပေါ့ ကက်မန်းနီအိပ်ထဲ ထည့် ဆောင်တာ..အင်းကျီအိပ်ထဲဆောင်ထားတာ ဂျင်းဘောင်းဘီတင်ပါးအိပ်ထဲအထိပါ အလုပ်လုပ်ရင်းဆောင်နိင်တယ် ..

တနင်္ဂနွေသားသမီတွေအတွက် မရမ်းရွက် မရရင် သစ္စုာ ပန်းအရွက် အပြားမှာ ရေးဆောင်နိုင်တယ် အရွက်ကြီးလို့  အရွက်အလယ်က နေ  ဘယ်ညာ  ၂ လက္မလောက် ဖြတ်လိုက်ရင် လေးထောင့်  အရွက်ပြားလေးဖြစ်သွားလို့  ဆောင်လို့ ကောင်းသွားတယ်...ပလပ်စတစ်နဲ့ လောင်းဆောင်ထားရင် အရွက်နဲနဲညိုသွားတတ်ပေမယ့်  ကာဗာအစွမ်းမလျော့ ပါ...စပယ်တို့ စွယ်တော်တို့ ကိုတော့  အရွက်အရင့် တွေနဲ့ ဆို ပိုအဆင်ပြေတယ်...

ကိုယ်တိုင် ကြံဆပြီး  စမ်းသတ်စောင့် ကြည့် ခဲ့ ပြီး...သုံးစွဲခဲ့  သဲုံးစွဲနေတဲ့  အကာအကွယ် အဓိက အတွက် အများသူငါ  ဘေးထွက်ဆိုးကျိုးမရှိပဲ ဆောင်လို့ ရအောင် ရည်ရွယ်ထားတဲ့  အဆောင်ပါဗျားး.....

အတက်နှင့် အကျ အတွက် ဦးဆောင်ဂြိုလ်၂ခု


အတက်နှင့် အကျ အတွက် ဦးဆောင်ဂြိုလ်၂ခု
---------------------------------------------------
အတက်နှင့် အကျ အတွက် ဦးဆောင်ဂြိုလ်၂ခု..သက်ရောက် ၈ ခွင်မှာ ကံတက်ကံ ကျ အတွက် ရာဟုနဲ့  အင်္ဂါ သက်ရောက် ၂ ခုကို ဦးဆောင် ကစားတဲ့  သက်ရောက်ဂြိုလ်များအဖြစ် ဗေဒင်အချုပ်မဟာဘုတ် နိဒါန်း ပညာ ရပ်က အဓိပ္ပါယ် ဖွင့် ပါတယ်....

 ခေတ်သစ်သက်ရောက် ပညာမှာ..ရာဟုသက်ရောက်ကနေ တနင်္လာသက်ရောက်အထိ စီးပွားရှာရလွယ်၊စုလွယ် တဲ့ သဘောရှိလို့  ယေဘူယျအားဖြင့် ကံတက်ဂြိုလ်၎ နှစ်အဖြစ်ယူပြီး.. အင်္ဂါသက်ရောက်ကနေ ကြာသာပတေးအထိစီးပွားရှာရခက်၊စုဆောင်းရခက် လို့ ကံပျက်(၀ါ)ကံကျဂြိုလ် ၄ နှစ်လို့ ဆိုပါတယ်...၊ အဒီမှာမှ..ရာဟုသက်ရောက်ဟာ လာဘ်ရွှင်စေခြင်းစန်းပွင့်  စေခြင်းသဘော စတင်ရှိလို့  စုတ်လာဘ်၂ပါးအားကြီးသက်ရောက်လို့ ဆိုပါတယ်...လောကမှာ သတ္တ၀ါတွေ အစွဲလမ်းဆုံးက စုတ်ပါ..လာဘ်က ဒုတိယလိုက်ပါတယ်..ဒီ၂ခုကို တစ်ပြိုင်ထဲလာစေတာက ရာဟုသက်ရောက်ပါ.. .လူဟာတစ်ခုယူရင်တစ်ခု မရသလို နဲသွားမှာပါ...စုတ်ယူ(ကဲနေပျော်နေရင်)  လာဘ်ရသင့် သလောက်မရ မပေးတော့ တဲ့ သဘောဖြစ်ပြီးမကဲရင်စီးပွားပြန်ပေးမဲ့ သဘောပေါ့ .။

သက်ရောက် ၈ ခွင် ၏ ယေဘူယျ သဘောတရားများ..


သက်ရောက် ၈ ခွင် ၏ ယေဘူယျ သဘောတရားများ..
------------------
ဒီဟာကို ကျနော့်  ဗေဒင်ဂရု မှာ ၂၀၁၂ က သူငယ်ချင်းတွေကို စပြီး စတိပြောပြခဲ့ တာကို ပြန်တင် ပေးလိုက်တာပါ.. စတိဆိုမှ တကယ့် စတိပါ...ဗေဒင်နဲ့ စိမ်းနေသူတွေကို နားလည်လွယ်အောင် ချုပ်ပြောတာဖြစ်လို့  ယေဘူယျတော့ ဆန်ပါလိမ့် မယ်...စိတ်ထဲက အတိုင်း လက်တန်း ချရေးခဲ့ တာဖြစ်လို့ တိုတဲ့ ဟာတို ရှည်တဲ့ ဟာရှည်တော့ ဖြစ်နေမှာပါဗျား..

တနင်္ဂနွေသက်ရောက်သော်
------------------------------
တနင်္ဂနွေသက်ရောက်လျင် ယေဘူယျ အားဖြင့် သာမန်ထက် နာမည် ကျော်ကြား လူထင်ရှားလာပါတယ် ပွဲတိုင်းကျော်ဖြစ်လာလို့ အလုပ်အကိုင် ကအစ အဆင်ပြေလာကြပါတယ် .၀ယ်နိင် ချမ်းနိင် လည်းဖြစ်လာ ပါတယ်  ကုန်သည်တွေ စီးပွားဖြစ်သလို ၀န်ထမ်းဆိုလည်း ရာထူးလစာတိုးကြပါတယ်  ခြုံကြည့် ရင် ကိုယ်ရေးကိုယ်တာအရ ဂုဏ်တက်မဲ့ အဖြစ်တွေကြုံရမဲ့ နှစ်ကောင်း လို့ ယူနိင်ပါတယ်  အလုပ်လက်မဲ့ တွေဆို အလုပ်စပေါ်တဲ့ နှစ်ပါဗုဒ္ဓဟူးနံနဲ့ သောကြာနံ အထိုင်ကောင်းလို့ ရွေဝယ်ဖြစ်တာ(၀ါ)မင်္ဂလာပွဲဖြစ်တာလည်းကြုံပါတယ်၊ 

အိမ်ထောင်ပြုတာအိမ်ဝယ်တာ၊ကောင်းတဲ့ အပြောင်းအရွေ့ ကြုံတာ၊စသဖြင့် ပေါ့ ...မကောင်းတာက  ဘ၀င်မြင့် တဲ့ လူများကိုတော့   မျက်စိနောက်လို့ အမှု့ ပြဿနာများ အရှက်သိက္ခာများ ကိုကြုံစေပြန်ပါတယ် နောက်ပြီး မဟာဘုတ်၅ကြွင်း နှစ်မွေးသူများကိုတော့  အိမ်ထောင်ရေး ပျက်ပြားစေတာ၊အစာအိမ်နဲ့  သားအိမ်ရောဂါနှိပ်စက်တာ အလုပ်ပြုတ်တာ၊အလုပ်တွေ ရပ်ဆိုင်းသွားတာ၊ မိဘရှိရင် ကျမ္မာရေးဆိုးစေတာ၊အိမ်မှာ မီး အပူသောက၀င်စေတာစသဖြင့် မရဏဂဏန်းဖြစ်သွားလို့ ဆိုးကျိုးအသွင်ဆောင်တဲ့  တနင်္ဂနွေ သက်ရောက်ဖြစ်သွားပါတယ်ဒီလို ဘဲ  ဗုဒ္ဓဟူးနဲ့  အင်္ဂါ  သားသမီးများကတော့   အတွင်းရန်နဲ့   အပြင်ရန် (အင်း ၀ ဓါတ် နဲ့  ဦးညို ဓါတ်အရ)အတိုက်ရန်များရောပေါ်ပါတယ် ကျမ္မာရေးလည်းငြိပါတယ်...၊သောကြာနဲ့  ကြာသာပတေးတို့ ကတော့  မိတ်ဓါတ်တွေဖြစ်လို့ လွတ်လပ်စွာအကျိုးပြုပါတယ်...တနင်္လာနဲ့  စနေကတော့  ပုံမှန်အကျိုးပေးပါတယ်..။

ချုပ်ကြည့် ရင်  ၅  ကြွင်းကလွဲလို့  ကျန်အခြေအနေများ ဟာ အကောင်းများပါတယ်လို့ ယူရမှာပါ..ထူးခြား ဖြစ်စဉ်အနေနဲ့ သက်ကြီး မိဘ ရှိတဲ့  သားဦး သမီးဦးတွေအတွက် မိဘ နေရာ ဆက်ခံရတဲ့  သဘောပါလို့  (အမကြီးအမိအရာ) မိဘ တွေကွယ်လွန်မှု့ နဲ့ ကြုံတတ်ပါတယ် (တိုက်ဆိုင်တတ်ခြင်းပါ) ဒီဂြိုလ်မှာ ရပ်ကွက် အဖွဲ့ အစည်းတစ်ခုခု မှာ  ဥက္ကဌ ရာထူး ယူပြီး မိမိစီးပွား တက်ရမဲ့ အစား ကျိမ်းကြေ သူတွေ.. .လောကီစီးပွား တက်မဲ့ တနင်္ဂနွေဂြိုလ်သက် ရောက်ဖြတ်မှ..ရဟန်းခဏခံပြီး သူများကန်တော့ တာ ကို  ဂုဏ်ခံပြီး ကျိမ်းကြေသူတွေလည်း အများကြီးပါဘဲခင်ဗျားး....


နောက်တစ်ခု အကြံပေးချက်က တစ်ချို့ ဝန်ထမ်းများအတွက် ၀န်ထမ်းဘ၀ကနေ အပြင်စီးပွား ရေးများ
ကူးပြောင်းခြင်ရင် ဒီနှစ်ဟာ ကူးပြောင်းဘို့  အခွင့် သာတဲ့ နှစ်ပါဘဲ ဒီနှစ်မှာ မှ အပြင်စီးပွားရေး လောကကို
မပြောင်းဖြစ်ရင် မူလ ၀န်ထမ်းဘ၀မှာ နောက်ထပ် နှစ်ကြာပါအုံးမယ်လို့  မှတ်နိင်ပါတယ်
နဂို အပြင်စီးပွားရေးသမား ကတော့  အရင်အဟောင်းကို ထပ်ချဲ့ တာဘဲဖြစ်ဖြစ် စီးပွား အသစ်လုပ်တာဘဲဖြစ်ဖြစ် အတော်ကောင်းတဲ့ နှစ်ပါ...ကျမ္မာရေးမှာတော့   ခဏခဏ ဗိုက်အောင့် တတ်ပါတယ်ဗျာ....

တပွဲတိုးယတြာနဲ့ သောကြာသားသမီး ရဲ့ အာလူး ...




တပွဲတိုးယတြာနဲ့ သောကြာသားသမီး ရဲ့ အာလူး ...
-----------------
''အာလူး'' ''အလံ'' စသဖြင့်  တနင်္ဂနွေ နံအစ+ ဗုဒ္ဓဟူးနံ အဆုံး ၂ နံတွဲ ပညတ်တွေကို ယတြာကစားတဲ့ အခါမှာ ထူးခြား တိုက်ဆိုင်မှု့ က စနေသားသမီးနဲ့ သောကြာသားသမီးတွေမှာ တွေ့ နိုင်ပါတယ်..၊ ဒီနေရာမှာ အလံ ဆိုတာ အများသုံးသဘော နိုင်ငံတော်အလံကို ဆိုလိုတာမဟုတ်ပဲ ယတြာကစားရင် ပါပါလာတတ်တဲ့  သာသနာ့ အလံကို ရည်ညွန်းပါတယ် သာသနာ့ အလံကလည်း အများသုံးသဘောသာဖြစ်လို့ ယတြာမှာ  ပြဿနာတစ်ရပ်အဖြစ်ကနေ ဖယ်လိုက်ပါတယ်..အဓိက ပြောပြချင်တာ '''အာလူး'' ကိစ္စပါ..

Wednesday, April 29, 2015



ဂြိုလ်ကောင်းမရဏ။ ဂြိုလ်ဆိုးမရဏ ၊
--------------------------------------
ပထမအချက်က  မရဏဆိုတာ ကိုယ့် မွေးတဲ့ ခုနှစ်အရ မူလမဟာဘုတ်တစ်ခုတည်ဆောက်လိုက်ပြီး
ရလာတဲ့  မူလမဟာဘုတ်က မရဏအိမ်က ဂဏန်းကို ခေါ်တာပါ ဥပမာ ၁ကြွင်းမဟာဘုတ်နဲ့ မွေးတဲ့ သူရဲ့ မရဏ က ဗုဒ္ဓဟူး ပေါ့ ...ဒီတော့  ၁ကြွင်းမဟာဘုတ်သမားတစ်ယောက် ဗုဒ္ဓဟူးသက်ရောက်ဖြတ်ရင် ရိုးရိုး
ဗုဒ္ဓဟူးသက်ရောက်မဟုတ်တော့  မရဏဗုဒ္ဓဟူးသက်ရောက်လို့ ခေါ်လိုက်တာပါပဲ...

သက်ရောက်ကောင်းတစ်ခုမရဏဖြစ်သွားရင် ကြုံလာတဲ့ တုန့် ပြန်မှု့ နဲ့  သက်ရောက်ဆိုးမရဏဖြစ်သွားရင် ခံရတဲ့  အဆိုးဒဏ်က အင်အားချင်း၊မြန်ဆန်ပုံချင်း၊ပြုပြင်လို့ ရတာ  မရလွယ်တာ..၊ ကြိုကာလွယ်တာ မလွယ်တာတွေ..၊ ပါပ မွေးတွေ သောမ မွေးတွေအပေါ်မူတည်ပြီးလည်း ကွာသွားပါတယ်....

လင်နဲ့ မယားစီးပွားနဲ့ ကံ ဆက်စပ်မှု့ သဘော



လင်နဲ့ မယားစီးပွားနဲ့ ကံ ဆက်စပ်မှု့ သဘော
-----------------------------------------
ပုံ၁မှာ..အိမ်ထောင်ဦးစီးလင်ရဲ့ ကံက သက်ရောက်ကောင်းနေပြီးမယားလုပ်သူအညံ့ ခြမ်းသက်ရောက်မှာ ရှိနေပေမယ့်  ဒီလင်မယားစီးပွားကဖြစ်နေတာပါဘဲသိသိသာသာ  တောင်စီးပွားဖြစ်ပါတယ် ၊မယားက ကျမ္မာရေးမျိုးသူ့ ဟာသူသာ ဖြစ်နေတာမျိုးသဘောသာရှိပါတယ် ၊သဘောက ဒီလင်မယားစီးပွားမထိဘူး
သဘောပေါ့ ..။

ပုံ၂ မှာ မယားက သက်ရောက်ကောင်း ပေမယ့်  အိမ်ထောင်ဦးစီးက သက်ရောက်မကောင်းတော့ စီးပွားမပျက်လွယ်ပေမယ့်  စုဆောင်းဘို့ ခက်ပြီး ပုံမှန်သဘောလောက်သာသွားလေ့  ရှိတယ်.အိနြေ္ဒတော့ မပျက်ဘူး သဘောများပါတယ်..စီးပွားတက်နှေးတဲ့ ကာလမျိုးပါ။

ပုံ၃ စတိုင်ကတော့  လင်ရောမယားရော သက်ရောက်ကောင်း အခြမ်းအတူတူ ရောက်သွားပြီးစုံတဲ့ ကာလဟာ လူတကာမြင်ကွင်းမှာသိသာလောက်အောင်စီးပွားတွေရကြ  ၊လှုကြတန်းကြ ပျော်ပါးကြ တိုက်ဝယ်ကြကားဝယ်ကြထီကထပေါက် ဆိုတဲ့ သဘောဖြစ်လာပါတယ် ဒါကိုပြိုင်တက်လင်မယားလို့ သုံးလိုက်ပါတယ်။

ပုံ ၄စတိုင်ကတော့  လင်ရောမယားပါ သက်ရောက်ဆိုးအတူတူဖြတ်တဲ့ အခါ လင်ဟာအလုပ်တွေ ဒုက္ခဖြစ်ကြံသမျှလွဲ အမှု့ တွေတောင်ဖြစ်လွယ်လာချိန် မယားကပါရောဂါတွေထူ  အဆင်မသင့် ရင်ဆေးရုံတက်ငွေတွေကုန်လို့ အရင်စုထားသမျှတွေပါ ကုန်သွားလို့  စီးပွားပျက်ကပ်ဆိုက်တဲ့ ကာလဖြစ်သွားပြီးသေချင်စိတ်တောင်ဖြစ်လာတတ်တဲံ့ အထိ အကျပ်တည်းဆုံး ကာလတွေပါ. ..ဒါကိုပြိုင်ဆင်းလင်မယားလို့ ခေါ်ပြီးတောင်မင်း မြောက်မင်းမကယ်နိုင်ကိန်းဘ၀ပေါ့ ခင်ဗျာ..။

ပုံ၁နဲ့ ပုံ၂ လင်မယားစတိုင်ဟာ ဖြည်းဖြည်းမှန်မှန်သာစီးပွားဖြစ်လေ့ ရှိပြီးကျရင်လည်းအိနြေ္ဒပျက်တဲ့ အထိဖြစ်မသွားပါဘူး တစ်ယောက်ကံတစ်ယောက် ထိမ်းသွားပါတယ်၊အညံ ကြုံလာရင် ထိမ်းရလွယ်ပြီး တည်ငြိမ်တဲ့ မိသားစုသဘောကို ရလွယ်ပါတယ်၊စုစုဆောင်းဆောင်းသွားရတဲ့ မိသားစုမျိုးပါဗျား

ပုံ၃နဲ့ ပုံ၎ လင်မယားစတိုင်ကတော ပြိုင်တက်ပြိုင်ဆင်း လင်မယားဖြစ်ပြီး စီးပွားတက် ရင်လည်းမြန်သလို ကျရင်လည်း ယတြာမမှီလောက်အောင်မြန်ပါတယ် ထိမ်းရခက်တဲ့ သဘောရှိသလို လောကဓံအလှည့် အပြောင်းမြန်ဆန်ပြီးမိသားစု ဘ၀တည်ငြိမ်တဲ့ သဘောနဲပါတယ်ဗျား

သဘောကတော့  လူတစ်ယောက်ကို ကံ စစ်တဲ့  အခါ အိမ်ထောင်သည် ဖြစ်နေမနေဟာ အရေးပါပြီး တစ်ခါတစ်ရံ စီးပွားရေး အဆင်မပြေဘူး၊ စုမိဆောင်းမိမရှိဘူး လုပ်သလောက် စီးပွားတက်နှေးနေတယ် ဆိုတာဟာ ကိုယ့် တစ်ယောက်ထဲကံမှဟုတ်ရဲ့ လား အိမ်ထောင်ဘက်ကံကရော ဘယ် အခြေ အနေဖြစ်နေသလဲကိုပါ ကံချိန်ရတဲ့ အကြောင်းပါ။

ပုံစံ၎မျိုးမှာ လင်နဲ့ မယား မှာ လင်အကောင်းခြမ်းရောက်နေရင်သား လင်က အလုပ်မလုပ်မယားလုပ်စာစား ရင်း ဘိန်းစားဘဲ ဖြစ်ပါစေ လောကရဲ့ ထူးဆန်းတဲ့ မျက်နှာ လိုက်မှု့ အရ အဲ့ လင်မယားစီးပွားရှာ ပိုကောင်းပိုရနေတတ်ပါသဗျား...။


အဲဘာကြောင့် အိမ်ထောင်ပြုတဲ့ အခါ အနဲဆုံးတစ်ယောက်က သက်ရောက်ကောင်းအခြမ်းဖြစ်ဖို့ လိုတယ်ဆိုတာပါ တစ်ခါတည်းရိပ်မိနိုင်ပါတယ်နော်


ယေဘူယျ လင်မယားတွေအများစုဟာ ဒီစတိုင် ၄ မျိုးနဲ့ မိသားစုဘ၀ကိုချီတက်နေပါသဗျား

လမိုက်တဲ့ လမ်း



လမိုက်တဲ့ လမ်း
----------
စိတ္တဇ ညတစ္ဆေ
အလွမ်းတွေ အလွမ်းတွေ 
ပန်းချွေတဲ့ မိုးလို..
သတိရခြင်းတွေ နုသစ်ပျို အပင်အိုက တဖွဲဖွဲကြွေ..။
လေညှင်းကလေး အဝှေ့ အပင့် မှာ 
မင့် ရယ်သံလွင်လွင်လေး လွင့် လာလေသလား...
ယောင်မှားကြား အလွမ်းနက်နက် ညတာရှည်.....
အို...
ကိုယ် တစ်ယောက်ထဲ 
နှောင်ကြိုးဖွဲ့ သံယောဇဉ်တွေနဲ့ 
ဝေဒနာဖွဲ့  ညအိုအိုရဲ့ 
လမိုက်တဲ့ လမ်းတွေမှာ....။

တရားမင်းဘက်ကနေ ......



တရားမင်းဘက်ကနေ ......
----------
သန်ရာ သန်ရာတွေနဲ့ 
အဆံပြည့် အဆံချောင်
အဆံကျပ် အဆံလပ်
အဆံလွတ် အဆံသွပ်
အဆံမဲ့  အဆံပဲ့ 
အဆံငိုက် အဆံစိုက်
အဆံပြုန်း အဆံပုန်း
အဆံလူး အဆံရူး
အဆံပျော် အဆံရှော်
အဆံတစ်ခြမ်းမရ အပါအ၀င်
အဆံ့ ဗရုတ်သုတ်ခတွေကြားမှာ
ဟန်သလို အခြေအနေကြည့် 
မထီသလိုလို ကြည်သလိုလို
ရီသလိုလို ပြီသလိုလို
ကလိတိတိ ငြိတိတိ
ပစိပစပ်တွေ ပြောတဲ့ အခါဝင်ပြော
ကောတဲ့ အခါဝင်ကော
လစ်တဲ့ အခါလစ် ပြေးတဲ့ အခါပြေး
ဝေလေလေတဲ့ အခါ ဝေလေလေလုပ်
အရှုတ်ထုပ်တကာ့ အရှုတ်ထုတ်တွေကြား
တ၀ါးဝါး နဲ့ သရော်တဲ့ အခါသရော်
မော်နေသူတွေကို အပျော်တွေလုပ်ပစ်
ဒါဟာ
အချစ်နဲ့  စစ် လောကတဲ့ လား
ဗျာများ မနေအားဘူး
မတရားမှု့ တွေ အဆင်ပြေသလို ဆန့် ကျင်
တရားမင်းဘက်ကနေ
ဘ၀ဆိုတာ ရေစီးတစ်ခါ ရေသာတစ်လှည့် 
တစ်နေ့ တော့  ငြိမ်းချမ်းမျှတရာလောကဆိုတာ
တို့ အတွက်ဖြစ်ရမည်ပေါ့ ..

'' ရိုးရာ အုပ်မှုတ်ခွက်နင်း လမ်းလျှောက် ဆော့ စရာ..''



'' ရိုးရာ အုပ်မှုတ်ခွက်နင်း လမ်းလျှောက် ဆော့ စရာ..''
--------------
ကျနော်တို့ ငယ်ငယ်က ဆော့ စရာ အရုပ်ရှားတယ် ရှိတတ်တာက မ၀ယ်နိုင်ဘူး ဒီတော့ ကီုယ့် ဟာကိုယ် အုန်းလက် နွားလေး စီးခဲ့ မယ်ပေါ့ ...အခု အုပ်မှုတ်ခွက် ၂ ခြမ်းကို ခုံဖိနပ်လို နင်း လမ်းလျှောက် အပြေးပြိုင် ဆော့ တာမျိုးလည်းပါတယ်... အုန်းခွံအမာ ၂ ခြမ်း နဲ့ ဂုံနီကြိုးရှည် ၁ ချောင်းရှိရင်ရပြီပေါ့ ...အုန်ခွံမှာ မျက်စိပေါက် သုံးပေါက် ပါတယ် ၂ ပေါက်က အရာလေးလောက်ပါ မာတယ် လွယ်လွယ်နဲ့  ဖေါက်လို့ မရဘူး..၁ပေါက်ပဲ အပင်ထွက်တဲ့ အပေါက်ဖြစ်လို့  ပျော့ စိစိနဲ့ ၊ အဲ့ အပေါက်ကို ဓားဦးချွန် နဲ့ ထိုးလိုက်ရင် ပြားစေ့ နီးပါးလောက် အပေါက်ကလေး အလွယ်ပေါက်သွားတယ် အဲ့ လိုမျက်စေ့ ပေါက်ပါတဲ့ အခြမ်း ၂ ခြမ်း ပေါ့ ၊ 

တစ်ခြမ်းစီရဲ့ အပေါက်ကို မှောက်လျက် အရင်ထား  ဂုံနီကြိုးစ သွင်း ပက်လက်ပြန်လှန် အပေါက်ကို မှောက်လျက် လျိုသွင်းထားတဲ့ ကြိုးစ ပြန်ထွက်မသွားဖို့ အမာသစ်စတို့  သံချောင်းတို့ မှာ ဂုံနီကြိုးအစကို  ချီလိုက်တော့ အပေါက်ကို ကန့် လန့် ခံနေတဲ အမာစကြောင့်   ကြိုးက အပေါက်ကနေ ပြန် ကျွတ် မထွက်သွားတော့ ဘူး...

အဲ့ လို ၂ခြမ်းလုပ်ပြီးရင် တစ်ခြမ်းစီမှာ တက်ရပ် အုန်းခွံထိပ်က အဲ့ ဂုံနီကြိုးစကို ခြေမနဲ့ ခြေညှိုးကြား ထားညှပ်လိုက် ပြီး မတ်တတ်ရပ် ဂုံနီကြိုးကို ဘယ် ညာ လက်၂ ဖက်နဲ့  တင်းတင်း ဆွဲကိုင်ပြီး ကြိုးကို အသာဆွဲ မ;ပေးလိုက်ရင် ခြေဖျားအောက်က အုပ်မှုတ်ခွက်က ခြေဖ၀ါးအောက်မှာ ဂုံနီကြိုး တင်းတင်းကြောင့်  ကပ်ပြီး ပါလာတယ်..ကြိုးကို မ မ ပြီး တစ်လှမ်းပြီး တစ်လှမ်း လမ်းလျှောက်တာ စက်ရုပ် လမ်းလျှောက်နေတာနဲ့ လည်းတူတယ် ခုံဖိနပ်လိုပဲ တဂွတ်ဂွတ်နဲ့  အသံက.၊  အဲ့ ဒါကိုမှ အုပ်မှုတ်ခွက်ပေါ်ကနေ ခြေပြား ချော် မြေကြီး မကျစတမ်းနဲ့  အပြေးပြိုင်ကြတာ....ကတ္တရာလမ်း ကွန်ကရစ်လမ်း အမာသား  နဲ့  အုပ်မှုတ်ခွက် အမာခံနှုပ်ခမ်းသား နဲ့  တိုက်ပြီး ထိတော့  ခုံဖိနပ်သံနဲ့ ရော ကဆုန်ပေါက် မြင်ြးေးပသံနဲ့ ရော တူချက်က တဂွတ်ဂွတ်အသံတွေ ..

''' ဟဲ့ ...ကောင်လေးတွေ တစ်လမ်းလုံး ဆူညံနေတာပဲ ဘယ်လိုတွေ ဖြစ်နေကြတာတုန်း..ဟေ;;;;;.'''...လို့ ..အအော်ခံထိတာပေါ့ လေ..ဟီးဟီး...

ဓမ္မာ သောက အင်းဝ ရာဇာအား..





ဓမ္မာ သောက အင်းဝရာဇာအား..
=====
သူက သုညတနင်္လာသား .သိုက်ဘွားလုပ်ငန်းရှင်..ငါးကန်နဲ့ ငါးဒိုင် ပေါ့ ..၄၂ က စပြီးစီးပွားအီဆင်းလာတာ ၄၄ အထိပဲ...ခေတ်ကောင်းတုံးက ရထားတာတွေသာ လှည့် သုံးနေရတဲ့ သဘော..ကျားကြီးခြေရာကြီးတော့  အသုံးစားရိပ်ကို မလျှော့ ချနိင်တော့ ဘူး..ဘဏ်ကြွေးလည်းရှိနေတယ်..န၀င်းမှန်မှန်ထိုင်ပေးထားပြီး ထိမ်းပေးထားလို့  လူအမြင်သရုပ်တော့ ပျက်မသွားပေမယ့်  သူ့ အတွင်းသရုပ်က အတော်ပျက်နေပြီဆိုတာ ဗေဒင်ဆရာကျနော်နဲ့  သူနဲ့  သူတို့ လင်မယားတွေကတော့  သိတာပေါ့ ...

သူ က သုညကြွင်းပီပီ စိတ်ညစ်ကိုမခံနိုင်ဘူး..အဲ့ ဒါကို လှည့် ပတ်ပြီးတောင်ပြောမြောက်ပြောနဲ့ ယတြာတွေကူလိုက် တော်ကီပွားပေးလိုက်တပွဲတိုးလေးကစ်လိုက်နဲ့ သက်ရောက် အကျကို  ဂျမ်းတုံးယတြာခုပြီးခေါ်လာခဲ့ တယ်...သူကလည်း ဆရာမများဘူး ကိုယ့် မှယုံတော့  တော်သေးတယ်ပဲ ပြောရမယ်..သူ့ အိမ်ခြံ ရောင်းချင်နေတာ  ၄၃ နှစ်ကတည်းက ၊ ဘဏ်ကြွေးမဆပ်နိုင်မှာစိုးလို့ တဲ့ ..နို့ တစ်စာပို့ လို့ လားမေးတော့ မပို့ ပါဘူးတဲ့  မပို့ ရင်မျှောထား တစ်နှစ်ပြည့် ကာနီးရင် ဘဏ်ကြွေးအတွက် ချေးပေးမယ်သူ့ ပေါ်တတ်တယ် အဲ့ ဒါနဲ့ အသွင်းပြ ပြီးတော့ ပြန်ထုတ်ဆပ်လိုက်ပေါ့ ...ခြံရောင်းပြီး ၀ိတ်လျှော့ ချင်ရင် ၄၅ ကိုစောင့် ပါ...အဲ့ တော့ မှလုပ်..လူမထိဘူး. ဖလှယ်ရတောင် ဘေးလွတ်တယ်...အခုက ၇၀၀၀ပဲ ရှိသေးတယ်...( အဲ့ တုံးက) ၊ ၄၅လောက်ရောက်ရင် သောင်းကျော်မှာ  မြေတွေခြံတွေက မပွားဘူးလေလို့ ပြောလိုက်တော့ အားတော့ တက်သွားတယ်...

မဟာဘုတ် ၉၈ မျိုး



မဟာဘုတ် ၉၈ မျိုး
--------------
ဒီလိုတွေ ရှိသေးတဲ့ အကြောင်းပြောပြတာပါ၊ မသုံးမိသလောက်ပါပဲ၊သဘောက မဟာဘုတ်ကလည်း တကယ် လိုက်စားလေလေ ဇာတ်ထုတ်ကရှုတ်လေလေမို့ ဒီပညာရပ်ကလည်း ခေသူမဟုတ်လို့ သိသာယုံလေးပြတာပါ၊ ဗေဒင်ကိုလိုက်စားတဲ့ နေရာမှာ ပညာကို ချစ်တဲ့ သူလိုက်စားပုံက ရေဆုံးရေဖျားလိုက်စားတတ်တယ် ပညာကနေ အကျိုးအမြတ်ကိုအာရုံမထားပါဘူး(အချစ်)သဘောမျိုးဆန်တယ်။ သုတေသီကတော့ အားနဲအားသာချက်တွေကိုလေ့ လာသလိုဆန်တယ် သူလည်း
အကျိုးအမြတ်ပြန်ရှာသဘောမဆန်ဘူး(သမိုင်းဆရာ)သဘောနဲ့ ပိုနီးစပ်မယ်။ ဟောစားတဲ့ ဖက်နီးသွားတဲ့ ကျနော်တို့ လိုကြတော့ အလုပ်ခွင်အတွက်ချိန်ပြီး ကန့် ပစ်လိုက်တာမျိုးပါ ဘ၀ကတိုတယ်ဆိုတော့ လေ၊ အပျော်တို့ အန်တာတိမ့်မန်လောက် ဖတ်ပြီးမေ့ သွားတွေကတော့ ဗေဒင်ကိုခေတ်ပေါ်(၀တ္ထုဖတ်သလို)လောက်ပဲအာရုံလာတာမျိုးများပါတယ်)..။

မရဏအိမ်သတ္တိသဘာဝတွေကိုရေးတဲ့ အခါမှာ ဒိထက်ဒိထက် အနုစိတ်သဘောတွေ အများကြီးရှိသေးလို့  ၁၀ယောက်မှာ ၇ယောက်၈ယောက်လောက် အတွေ့ ရများတဲ့ သဘောတရားကိုတာ ၁ကြွင်းစတိုင်က ဒီလိုရှိတာများတယ်လို့ ရေးကြပါတယ်၊ အဲ့ တော့ ကွဲလွဲနေတယ်လို့ ထင်ရတဲ့ သဘောတွေကိုကြုံရတဲ့ အခါ ဒီလောက်လည်း မဟုတ်ပါဘူးလို့ ထင်ရမှာပါ..ဒါပေမယ့် အဲ့ ဒါကလည်းပြဿနာမဟုတ်ပြန်ပါဘူး..ဘာလို့ ဆိုတော့ ကျနော်ရေးပြခဲ့ သလိုပါပဲ ပညာရပ်စာတမ်းတွေရေးထားတာကိုလျှောက်ဖတ်သလိုမျိုး ဖတ်ပြီး ပြီးသွားသဘောလောက်ပဲမို့ လို့ ပါ၊ အလုပ်ခွင်မှာကြတော့ အဲ့ ဒါမျိုးထွေလီကာလီတွေ ထည့် ဟောနေတာမျိုးကို မရှိသလောက်ပါပဲ ဘာဖြစ်နေလို့ လဲ ဘာဖြစ်လာလဲ ဘာဖြစ်ချင်လို့ လဲ ဒါဆို ဒီလိုလုပ်ပါနဲ့ ပြီးတာက ပိုများပါတယ်၊

သက်ရောက်တွက်နည်း အလွယ်ပါ.



သက်ရောက်တွက်နည်း အလွယ်ပါ.
းးးးးးးးးးးးးးးးးးးးးးး

ဆိုပါတော့  အင်္ဂါ သားသမီး တွေရဲ့  အသက် ၃၃ နှစ် ၊ ၄၁နှစ်၊ ၄၉ နှစ် တွေကို ၈ နဲ့ စားရင် အကြွင်းက ၁ ဖြစ်ပါမယ်...သူ့ မွေးနံ အင်္ဂါထောင့် ကနေ စ ထောက်ရင် အင်္ဂါ ဂြိုလ်မှာပဲ ရှိသေးလို့  အဲ့ ဒိ့ အသက် ၃၃ ၊ ၄၁၊ ၄၉ တွေဟာ အင်္ဂါသက်ရောက် ဖြစ်လာပါမယ်၊ ဒါဆို အသက် ၄၃ နှစ် အင်္ဂါသားသမီးကို ၈ နဲ့ စားလို့  ၃ ကြွင်းရင် လက်ယျာရစ် ပတ်မှာဖြစ်လို့  ရှေ့ ဆက် ထောက်ရင် အင်္ဂါဂြိုလ် (၄၁၊)၊ ဗုဒ္ဓဟူးဂြိုလ် (၄၂) ၊ စနေဂြိုလ် ( ၄၃) နှစ်ဖြစ်လာပါမယ်..ဒီတော့  အသက် ၄၃ နှစ်ရှိတဲ့  အင်္ဂါသားသမီးဟာ စနေသက်ရောက်ဖြတ်မှာ တစ်နှစ်ကြာမယ်လို့  ဗေဒင်တွက်လို့ ရပါပြီး....ဒီတော့  အင်္ဂါသားသမီးတိုင်းရဲ့  အသက် ၁၉၊ ၂၇၊ ၃၅၊ ၄၃၊၅၁၊ ၅၉ ၊စသဖြင့် တွေဟာ စနေသက်ရောက် ကို ရောက်ရောက်နေတဲ့  သဘောလို့ အလွယ်သိနိင်ပါပြီ....ဘယ်နေ့ သားမဆို ဘယ်အသက်ရောက်ရောက် သက်ရောက် ဂြိုလ်တွေ ကို တွက်ရင် ကိုယ့် မွေးနံ ဂြိုလ်အိမ်ကချည်း ၁ လို့  စထောက်ပြီး ရှေ့ ကို အကြွင်းကုန်အောင်သွားရပါတယ်. ...ဒီတော့  အင်္ဂါ သားသမီး အသက် ၄၃ စနေ သက်ရောက်ဆိုတော့  ဘာဖြစ်တတ်ပါသလဲ...ဟုတ်ကဲ့ ပါ..ဗေဒင်ကို လာမစပ်စုဖြစ်ခဲ့ ရင် ဘာတွေဖြစ်နေမှန်းတောင် မသိလိုက်ပါဘူးခင်ဗျာ....ဟီးးး...
=========================
ဆရာ .ရာဟုသက်ရောက်က မရဏဖြစ်နေတယ် ဒါပေမယ့် ဆန်းလာဘ်ပွင့်ဆိုတာ ဘယ်လိုမျိုးလဲဆရာ ..အကောင်းလား အဆိုးလား မရဏလို့လဲဆိုထားလို့လေ


ရာဟုဖြတ်သူတိုင်းကို စန်းသဘောရော လာဘ်သဘောပါ သူ့ အသက်လိုက် ပေးတာချည်း. .စန်းဆိုတာ..အိမ်ထောင်ရေးအချစ်ရေးကို တန်းမပြောဘူး ပီယဓါတ်လေးပြန်ဝင်လာတာ..
ခလေးဆို မုန့် ဖိုးပိုရတာမျိုး..ရဟန်းဆို ဆွမ်းဟင်းပိုရတာ...ကျမ္မာရေးကတော့ ကျယ်ပြန့် တယ်....ယေဘူယျကတော့  လေချုပ်ဝမ်းချုပ်သဘောရော ရေချိုးကြာလို့ အအေးပတ်တာရော အစားမှားလို့  ဒလဟောပန်းတာတွေပါတယ် ၁ ကြွင်းက ပိုအဖြစ်ခံရတတ်တာက မရဏ ဗုဒ္ဒဟူးနံအားကြောင့် ၊ အင်္ဂါ၊ တနင်္ဂနွေ ၊တွေက ရန်သဘောပါလို့ စီးပွားအရကြည့် ရင်အကောင်းပေါ့ ..ကျန်တာက အကောင်းအဆိုးပုံသေပြောရခက်တယ်...ကဲချင်သူအတွက်အကောင်း...အရှက်ကြီးသူက သမုတ်ခံရတော့ သမုတ်ခံရတာကို မကြိုက်ရင် အဆိုးပေါ့ 


 ဆရာ သက်ရောက်တော့မှန်းတတ်ပြီ
(မှန်းတတ်ပြီပြောတာနော် သိပ်မတွက်တတ်သေးပုစ်)
၇ နဲ့ စားတဲ့မရဏတော့မသိသေးဘူး
အာ့ကကော ဘယ်လိုတွက်ရတာလဲဆရာ


Na Win Thi Ha မွေးသက္ကရာဇ်ကို ၇ နဲ့ စားလို့ ရလာတဲ့  မူလမဟာဘုတ်က မရဏအိမ်က ဂဏန်းပါ ၅ကြွင်းဆို တနင်္ဂနွေ က မရဏပေါ့ 


 မရဏအိမ်က ပုံသေလားဆရာ
သက်ရောက်လိုပြောင်းသေးလားဆရာ
လုံးလုံးကို ဗေဒင်နဲ့ ပတ်သတ်ရင်အစိမ်းသက်သက်မို့ မေးတာပါဆရာ စိတ်မရှိပါနဲ့ 


Na Win Thi Ha သဘောက အသက်ကို ၈ နဲ့ စားလို့ ရတဲ့ အကြွင်းအရ ၅ကြွင်းမွေးတစ်ယောက်ဟာ တနင်္ဂနွေ သက်ရောက် ဖြတ်တိုင်း မရဏဂြိုလ် သက်ရောက်ဖြတ်တယ်လို့ ဆိုတာ ဥပမာ..အသက် ၂၅ နှစ် ဖြတ်တဲ့  တနင်္ဂနွေ သားသမီး မရဏဖွား ရဲ့  သက်ရောက်ကို မရဏသက်ရောက်လို့ ခေါ်တာ....တနင်္ဂနွေမရဏဖွားဆိုတာ ၅ကြွင်းနှစ်မွေးကို ဆိုလိုတာပေါ့ 


ဝကြွင်းနေတယ်ဆရာ အဲဒါဆိုဘာလဲဆရာ


Na Win Thi Ha ဥပမာ..အသက် ၄၁ နှစ်ရှိတဲ့  ဗုဒ္ဒဟူးသာုးသမီး ရဲ့  သက်ရောက်က သူ့ မွေးနံ ဗုဒ္ဒဟူးဂြိုလ်မှာပေါ့ ....ဒါကို နောက်တစ်ကွက်ဆုတ်လိုက်ရင် အသက် ၄၀ အင်္ဂါ သက်ရောက်ဖြစ်သွားတယ် အသက် ၄၀ ဆိုတာ ၈ နဲ့ စားရင် အကြွင်းသုညပေါ့ ...ဒါကြောင့်  အသက်ကို ၈ နဲ့ စားလို့  အကြွင်းပြတ်ပြီး သုည ကြွင်းတိုင်း ကိုယ့် မွေးနံဂြိုလ်ကနေ နောက်တစ်ကွက် ဆုတ်လိုက်ရင် အဲ့ နှစ်ရဲ့ သက်ရောက် ရလာတယ်...ဒီတော့  ဗုဒ္ဒဟူး သားသမီး ၃၂ ၊ ၄၀၊ ၄၈ ၊ ၅၆ ၊ ၆၄ နှစ်တွေဟာ အင်္ဂါသက်ရောက်တွေဖြစ်လာတယ်....

Tuesday, April 28, 2015

သုံးတန်ပေါ်နိစ် ဘက်က တနင်္လာသက်ရောက်..(ပညာသဘောဆိုင်ရာပါ)




သုံးတန်ပေါ်နိစ် ဘက်က တနင်္လာသက်ရောက်..(ပညာသဘောဆိုင်ရာပါ)
-------
အခုပြတာ ယတြာပေးကြပုံ နဲ့  ကံတိုက်ဆိုင်တဲ့ အခါ ကြုံတတ်ပုံကို သုံးတန်ပေါ်နိစ်တိုင်ဘက်ကနေ အပေါ်သုံးလုံး သဘောကို တနင်္လာသက်ရောက်နဲ့ ဥပမာပြတာ....တနင်္လာသက်ရောက်မှာ သုံးတန်ပေါ်နိစ်တိုင်သဘောအရ အ၀င်ကောင်း ဆိုတာနဲ့  အပေါ်သုံးလုံးက ( ၀၁၂) (သို့ ) ( ၇၁၂ )တိုင်.တဲ့  စနေနံ၊တနင်္ဂနွေနံ၊ တနလာင်္နံ တွေပေါ့ ..

အခွဲ..
-----
ဘယ်သူမဆို တနင်္လာသက်ရောက်ဖြတ်ရင်( လစိတ်လည်းအတူတူပဲ) (တနင်္လာနံ) ငွေဝင်လွယ်တယ် ကား.၀င်လွယ်တယ် ပေါ့ လေ (ကြောင်လေးတွေ ငါးလေးတွေ ငွေဟမ်းချိမ်းလေးငွေဆွဲကြိုး ငွေယွန်းထည်လေးလောက် လက်ဆောင်ရတော့  ငွေများများ လိုချင်သူအဖို့  ဒါလောက်လေး နဲ့ ကျိမ်းကြေသွားတယ်လို့ ပြောတယ်) (စနေ) နံဝင်လွယ်တယ် ထီတို့ ဖိနပ်တို့  အထည်မျိုးစုံတို့  လက်ဆောင်ရတာမျိုး ထီပေါက်တာမျိုးကို ဆိုလိုတာ ၊ ငွေအ၀င်လွယ်တဲ့ ကံအရရော စနေနံအ၀င်လွယ်တာရောမို့  တနင်္လာသက်ရောက်ကို ထီပေါက်သလို ငွေများများရတတ်တဲ့ (ချဲပေါက်လို့ ထောသွားတာမျိုး လောင်းကစားတစ်ခုခုကနေ ထောသွားတာမျိုး..) သက်ရောက်လို့ ပြောတာ....ဒါက တနင်္လာနံ နဲ့  စနေနံကို တစ်နံချင်းစီ သီးခြားပြောတာ..လူတနင်္လာသားသမီး လူ စနေသားသမီးတွေလည်း ညအိပ်လအိပ် ၀င်လာတတ်တယ် အဲဒီ့  တနင်္လာသက်ရောက်အတွင်း တနင်္လာနဲ့ စနေသားသမီးတွေနဲ့  ပူးပြီးအလုပ်လုပ်ရင် ဂွတ်တယ်ပေါ့ လေ..နေနေကျကိုယ့် နေရာ ကိုယ့် အိမ် ကနေ တနင်္လာထောင့် ဖက် သီးသန့် အရပ် စနေထောင့် သီးသန့် အရပ် ခရီးထွက်လည်း ရပါတယ်တဲ့ ဒါက ဗေဒင်ကို လျှာရှည်အောင် တော်ကီထုချင်ရင် တနင်္လာနဲ့ စနေနံအကြောင်း တွေကို တစ်နံချင်း ခွဲပြီး ဇာချဲ့ ပြီး ပြောတဲ့ သဘောတွေပါ...

၈နှစ်ဘ၀သံသရာ...




၈နှစ်ဘ၀သံသရာ...
------------------
ပုံလေးက အကျဉ်းချုပ်ယေဘူယျသဘောလေး ရေးထားတာပါ..ဂြိုလ်သဘာဝနဲ့  လူ့ သဘာဝကို ယှဉ်တွဲပြတာပါ..

မူလ သီအိုရီမှာ ရာဟုကနေ တနင်္လာ ဂြိုလ်အထိ ၄ နှစ်ကို ''အကောင်း (သို့  ) ရှာဖွေရလွယ် သဘော ''နဲ့  အင်္ဂါကနေ ကြာသာပတေး ၄ နှစ်ကို '' အဆိုး ရှာဖွေရခက် သဘော''လို့ ဆိုတယ်...

ကျနော့် အတွေ့ အကြုံ အရတော့  ကြာသာပတေးကို အကောင်းအဆိုး ရောနေတဲ့ သဘော ''ကံအကျရဲ့ အဆုံးသတ်နှစ် အတက်ခရီးရဲ့  နိဒါန်း '''လို ယူလိုက်တယ် ကိုယ့် တဘို့ တည်းကြည့် လွန်းသူတွေ မတော် လောဘဇောသမားတွေ အတွက် အဆိုးဘက်ကို ထပ်ဆွဲချသွားတတ်ပြီး မျှမျှတတ နဲ့  လုပ်တတ်ရင်ကြာသာပတေးက ကောင်းပါတယ်ပေါ့ လေ...ဒါကို ၈ နှစ်သံသရာ ဘ၀စက်ဝန်း ဂြိုလ်ပတ် လမ်းလို့  စိတ်ကူးလေးယဉ်ပြီး သတ်မှတ်ထားလိုက်ပါတယ်....

ဘ၀တစ်ခုရဲ့ ကောက်ကြောင်း (သို့ ) ရောသမမွှေ




ဘ၀တစ်ခုရဲ့ ကောက်ကြောင်း (သို့ ) ရောသမမွှေ
--------
အခုပထမ ဘ၀တစ်ခုရဲ့  ပုံကြမ်းကို ၁ကြွင်းနှစ်မွေး သောကြာ ရာဇဖွား သားသမီးတွေကို နမူနာပြပြီး ရေးပြပါ့ မယ်နော်..

ကိုယ့် ကောက်ကြောင်းကို မြင်သာနိုင်သလောက် မြင်သာအောင် ကြိုးစားရေးပြတဲ့ သဘောပါ...ဟောတာမျိုး မဟုတ်သလို အဟောထုတ်တာလည်းမဟုတ်ပါဘူး...ဒီလမ်းကြောင်းကို ပုံကြမ်းရပြီဆိုရင် ကိုယ့် ဘ၀ကို လောကဓံတရား အတက် အကျတွေကြားမှာ ဘယ်လို တည်ငြိမ်အောင် သောကနဲအောင် ထုဆစ်သွားရင် အဆင်ပြေမလဲ ဆိုတာကို ခန့် မှန်းလို့ ရအောင်ပါ...ပြီးတော့  ဘ၀တစ်ခု ဖြစ်တည်လာမှု့ နဲ့ သွားရာလမ်းကြောင်းဟာ အလွန်ရှုတ်ထွေးကျယ်ပြန့် လွန်းလို့ ..အခု ပုံကြမ်းဟာ ဆင်းရဲသားဘ၀ ချမ်းသာတဲ့ ဘ၀ကလာတာ မလာတာ.အမျိုးအနွယ်အယူသဘောတွေ..ကြီးပြင်းရာဒေသ သဘောတွေ ခေတ်ပညာ တတ်မတတ်သဘောတွေ မပါပါဘူး..စာရွက်ပေါ်မှာ .( မွေးရက် မွေးလ မွေးနှစ် ) သုံးချက်ထဲနဲ့  လူမမြင်ရ သူမပြောပြပဲ သူဌေးလား ဆင်းရဲသားလား လူဖြူလား လူဝါလား ကျားလား မလား မသိနိုင်ပါဘူး..သိတယ်ဆိုရင်တော့ အခါတိုင်သုံးရင် (သို့ ) အကြားအမြင်ရနေရင်တော့  ပြောနိုင်မလား မပြောတတ်ပါဘူး....ဒါကြောင့်  ပုံကြမ်းလို့  ပြောတာပါ.......

အသက်၁နှစ်သားကနေ အသက်၂၁ နှစ်သားအထိ သောကြာသားသမီးတွေ ဘာတွေဖြစ်..




အသက်၁နှစ်သားကနေ အသက်၂၁ နှစ်သားအထိ သောကြာသားသမီးတွေ ဘာတွေဖြစ်..
------------
အခုပုံမှာပြထားတာကို ကြည့် ရင် အနီးစက်သုံးစက်ဟာ အညံ့ သက်ရောက်တွေဖြစ်တဲ့  အင်္ဂါတွေ ဟူးတွေ စနေတွေ ဆိုတဲ့  ၃ နှစ်တာ ကို ပြထားတာပါ...သောကြာတွေ ဗလုံးရှုတ်ထွေးတွေ အဖြစ်များတဲ့  နှစ်တွေပေါ့ ....

မွေးစကနေ အသက် ၂၁ နှစ်အထိက ပင်မဂြိုလ်အိပ်ကြီး သောကြာဂြိုလ်ထဲမှာပါ...အဲ့  ၂၁ နှစ်ထဲမှာမှ မဆိုးပါဘူး ကောင်းသားပဲဆိုတဲ့  သက်ရောက် ကြာတေး+ရာဟု+သောကြာ+တနင်္ဂနွေ+တနင်္လာ ၅ နှစ်ပါနေပြီး သတိထား မြွေဖမ်းသွားမယ်ဆိုတာက ဂါ+ဟူး+နေ ၃ နှစ်ပါနေပါတယ်...

ဂြိုလ်ယတြာ...





ဂြိုလ်ယတြာ...( တစ်နှစ်တာ သက်ရောက် အဓိကသဘောပါ)

၁နွေမှာ....အပေါ်ရုံအ၀တ်တွေလှုတာ...(ဒုကုဋ်တို့ ယောဂီခြုံထည်တို့  တိုက်ပုံတို့ လို သဘောတွေ )..အဓိကကတော့  အ၀တ်အထည်သဘောတွေ....( ကိုယ်တနင်္ဂနွေ သက်ရောက် ဖြတ်ရင်...ဆြာသ္ခင်ကို စပယ်ရှယ် ပုဆိုး ကန်တော့ ပါ...ငိငိ).

၂င်္လာမှာ အိမ်ထောင်ပရိဘောဂသဘောတွေ...( ဆြာသ္ခင်ကို ဆက်တီဆိုဖာတီဗွီ ဒက် ကန်တော့ ပါ...ငိငိ)....

၃င်္ဂါမှာ ငွေပဒေသာပင်...( ဆြာသခင်ကို ပိုက်ပိုက်များများသွားကန်တော့ ပါ.....ငိငိ

၎ဟူးမှာ....ဆေးဝါးတွေ..(ဆြာသ္ခင်ကို စိမ်းပြာရေညှိတွေဘာတွေ သွားကန်တော့ ပါ...ငိငိ)

စနေမှာ...တံတားခင်းညောင်ထောက် လူမာစာ ဓါတ်စာ ဆေးရုံလူမမာစာ တည်းခိုစားရိပ်ခရီးစားရိပ်ထောက်ပံ့ တာ......( ဆြာသ္ခင်ကို ဆင်ခြောက်ကောင်ဖိနပ်ကန်တော့ ပါ...ငိငိ)...

ကြာသာပတေးမှာ ....မုန့် လုံးရေပေါ် ကိုယ်ဝန်ဆောင်တွေကို လိုအပ်တာလှုတာ....(ဆြာသ္ခင်ကို မုန့် လုံးရေပေါ်လုပ်ပြီးသွားကျွေးပါ...မျက်နှာကြီး စူနေလိမ့် မည်...ငိငိ)

ရာဟုမှာ....ယပ်တောင် နှိုးစက်နာရီတွေ ပန်ကာတွေ ( ဆြာသ္ခင်.ဟေ့ ကောင်.မင်းရာဟုဝင်ပြီမဟုတ်လား....ငါ့ အိမ် အဲကွန်းလာတပ်ပေးစမ်းကွာ...ဟုတ်ဆြာကြီး......ငိငိ)

သောကြာ.....ခရီးသွားစားရိပ် စာအုပ်စာတမ်းတွေ တရားခွေတွေ......(ဆြာသ္ခင်ကို ဂယာ ကို ပို့ ပေးပါ....ဟဲဟဲ)...

( အမှန်တော့ ....ဂြိုလ် နံ တွေ ရဲ့  ခိုက် (သို့ ) အမြစ် နံ တွေ သဘော ကို ဦးစားပေး ဖြည်သွားတာ အားဖြည့် သွားတာ မျိုးပေါ့ ဗျာ.....)

ခြေစောင့် လက်စောင့် 



ခြေစောင့် လက်စောင့် 
----
တစ်ခါတစ်လေ အသုံးလွန်သွားရင် ဘိုင်ပြတ်လုလုဖြစ်သွားတတ်တယ်...ပုံမှန်ကတော့  ဘိုင်ပြတ်လုလုအထိတော့  လက်မလွန်တတ်ဖူး..ဒါက အကျင့် လုပ်တားတာ ခြေစောင့် လက်စောင့်  ဆိုတဲ့  အသုံးအနှုံးသဘောအရပေါ့ ..ဒါကလည်း လက်တွေ့ မျက်တွေ့ တွေများခဲ့ တော့  အဲ့ ခြေစောင့် လက်စောင့် က ကျင့် ယူထားရတာ ...အရင်ကတော့  ပုံမှန်အောက်ခံငွေ နားကပ်လာရင် ကိုယ့် ဟာကိုယ် ဘရိပ်နင်းတယ်ပေါ့ ...တစ်ခါတစ်လေကတော့  အဲ့ အောက်ခံလေးပါ ပဲ့ သွားတာမျိုးဖြစ်လာတတ်တယ်..အဲ့ လိုအခါမျိုးမှာ စိတ်တွေတိုပြီး နေမထိထိုင်မသာ.....

နောက်တော့  အာရုံတွေပြောင်းတယ် အတွေးတွေပြောင်းတယ်..အသုံးစားရိပ်ခဏပြတ်တာ နေ့ချင်းညချင်းလမ်းဘေးရောက်မွဲတေငတ်ပြတ်သွားတာမှမဟုတ်သေး
တာ..မသုံးမဖြစ်သုံးရမယ့် ကိစ္စတွေလည်းမရှိသေးဘူးလေ..ထမင်းငတ်မယ့် ကိစ္စနဲ့ လဲမနီးသေးဘူး..ဘာတွေပူနေလဲ...မဖြစ်မနေ အရမ်းသုံးချင်သလား ချေးသုံးရင်သုံး ရှိတဲ့ ဟာလေး ပေါင်သုံးသုံး မပေါင်ချင်ရောင်းသုံးလိုက်ယုံပဲ.ဘာလို့  စိတ်ဆင်းရဲခံနေမလဲ...ပစ္စည်းသင်္ခါရလူသင်္ခါရ နောက်လည်းဒီပစ္စည်းတွေပြန်ဝယ်လို့ ရတာပဲ...ဘာလို့ စိတ်ဆင်းရဲခံနေမလဲ ဘ၀ဆိုတာ ထင်သလောက်မရှည်ပါဘူး..ကဲကဲ ပျော်ပျော်သာနေလိုက်.အေးဆေးပေါ့ 

အာ့ နဲ့  မစုမိတော့ ပါဘူးဗျားးးး...ခိခိ

'' ညှိုးသူရန်ဘက်..''



'' ညှိုးသူရန်ဘက်..''
-------
အမျိုးတွေပါ ဆိုပြီးတော့ လက်ခံလိုက်ပေမယ့်  မတူမတန်သလို ဆက်ဆံလိုက်ပုံက နန်းတော်ထဲ ရောက်လေရာရာမှာ ကိုယ်ကချည်း ဦးညွှတ်နေခဲ့ ရတဲ့ လူတွေချည်းဖြစ်နေအောင် တမင် စီစဉ်အကွက်ချ လုပ်ထားတာနဲ့  ကြုံလိုက်ရတယ်.၊ .အဲ့ ဒီ့ အထိ ဒီလူတွေဟာ ငါ့ ဘကြီး ဦးကြီး ဒေါ်ကြီး အစ်ကိုကြီးအစ်မကြီးတွေပါပဲလို့  ..ရိုးရိုးသားသားပဲ ထင်မိခဲ့ သေးတယ် ..အိမ်အပြန်မှာ အမှတ်တမဲ့ နဲ့  မိတော့ တာက ကိုယ်ခဏ နားနေမိခဲ့ တဲ့ နေရာကို အဆင်နိမ့် သွေး ဇာတ်နိမ့် သွေးတွေ ''သနတယ်'' ဆိုပြီး ရိုးရိုးရေနဲ့ တောင်မဟုတ်ပဲ  နို့ ရေနဲ့ ဆေးကျောသန့် ရှင်းပစ်လိုက်သတဲ့ ...

မင်းသား အမုန်းသွေး ပွက်ပွက်ဆူခဲ့ လေပြီပေါ့ 

အဲ့ ဒီအချိန် ဖြစ်လာမယ့်  အမျက်ဒေါသဆိုတာ ကမ္ဘာကိုတောင်ပြာကျလောင်မြိုက်သွားစေလောက်တဲ့  အမျက်ပေါ့ .အမျိုး မစပ်ချင်ရင် ငြင်းပယ်ဖို့  တစ်ခြားနည်းတွေ မရှိတော့ ဘူးတဲ့ လား...ထပ်ဆင့် အမျက် ရန်ညှိုး သိုဖွဲ့ ချင်စရာ ကောင်းချက်က လာခဲ့ ဖို့ ခွင့် တောင်းတာကို ဟန်ဆောင် လက်ခံလိုက်ပြီးတော့ မှ နန်းတော်ရောက်မှ သူ့ အောက်ငယ်သူ မရှိ သူ့ ထက်ကြီးသူတွေချည်းဖြစ်နေအောင်စီစဉ်ထားပြီးမှ  ဦးချိုး အညွှန့် နှိမ်ပြီး တွေ့ သမျှလူ ဦးတော်လုပ် မော်ဖူးစေ နဲ့ ကန်တော့ ခဲ့ လိုက်ရသေးသတဲ့ ..လူလူချင်း အဆင့် တောင် မသတ်မှတ်ချင်ပုံက မင်းသား နားနေအိပ်စက်ခဲ့ တဲ့ နေရာကို နူဝဲကျိုးကန်း ဖက်တန်းစား ဇာတ်နိမ့် တွေအလား နို့ ရေနဲ့ တောင် ဆေးကြောပစ်လိုက်သေးတယ်...

မင်းသားအညှိုး အမုန်းကမ္ဘာမကြေခဲ့ ပြီ...

ဒါပေသည့်   နန်းနွယ်မြင့် ဂုဏ်ရည်သွေးပါတဲ့  မင်းသားပဲလေ ..ဥာဏ်ရည်မြင့် ပါ သေးသည့် ပေါ့ ..လင်းတလောက်တော့  နှံပြီစုတ်လဲ လှပါသေးသည်ပေါ့  ..သည်တော့  ကမ္ဘာကိုတောင်  နေဆယ်စင်း လောင်မီးကျ ငရဲကလူ ပြာပူမကြောက် လောင်မီးမိုးတွေတောင် ထွက်ရွာပစ်လိုက်စေချင်တဲ့  အထိ ဖြစ်နေတဲ့  ဒေါသမီး အာဃာတလောင်မီးတွေ ၊ အမျိုးတွေပါလို့ လိမ်လည် မုသားခင်း ကောက်ကွေ့ ပြီး ဆက်ဆံလိုက်ပြပြီး ကာမှ ''မတူမတန်လေ'' လို့ အစော်ကားခံလိုက်ရလို့ ဖြစ်လာတဲ့  ညှိုးသူရန်ဘက်မီးကို ချက်ချင်း ဘယ်မီးထရှို့ ပါ့ မလဲ...အချိန်ယူရမည်ပေါ့ ..

'' ဟိတ်..'' '' ငါသည်ပင်လည်း ငါ့ ငယ်ဂုဏ် ငါ့ အမျိုးဂုဏ် ငါ့ ဇာတိဂုဏ် ငါ့ လူ့ ဂုဏ်ရှိတယ်ဟေ့ ..'' .'' ဟိတ်.'' .ငါသည်ပင်လည်း မင်းသားမှ မင်းသားပါတဲ့ ဟေ့ '' ..လို့  ကြွေးကြော်ဖို့ ..ရုံးကြွလာတဲ့  စိတ်သဏ္ဍာန်က ဒေါသမာန်ကို ထိပ်မှာပန်...ကလဲ့ စားချေရန် အစီမံတွေ နဲ့  မင်းသားရဲ့  အညှိုးပန်းတွေ ပွင့် စေဖို့  မရဏမင်း ဖြစ်စေတဲ့ အက္ခေါပဏီဲ တပ်မဟာတွေဖွဲ့   တပ်တောင်တာ ဗိုလ်အစုစု နဲ့  အချိန်ယူ လူစုခဲ့  ငရဲရေဆန် ဒုက္ခပန်းတွေပန်ရ  မျိုးတုန်းအောင် တိုက်ဖို အတွက် အားတွေမွေးခဲ့ ပြီပေါ့ လေ...

သတိတရနဲ့ 


''နွေကဗျာ စမ်းချောင်းလေးစီးသလို
ဝေဒနာ တေးဟောင်းလေးတစ်ပုဒ် ငြီးတွားမိတော့ 
ရင်မှာ ချစ်ခြင်းတရားတွေနဲ့ လန်းဆန်းသစ်လွင်ခဲ့ 
ချစ်တဲ့ သူရေ...
ဘ၀အမောတွေနဲ့  ကံစေရာ သောကတို့ မှ
အေးငြိမ်း စမ်းရေ စီးဆင်းနေပါစေရယ်လို့ 
ရွက်ကြွေတောက လွမ်းပုံပြင်ဟောင်းမှာ
အလွမ်းပြေ အလွမ်းဖြေရင်း ကျန်ခဲ့ သူက
သတိတရနဲ့  ......''



မီးထွန်းပိုက်ဆံ..



ဒုတိယ ဒီဇိုင်း..
-----------
နဘယံ ပါထည့် တယ် ။ နဘယံက န ငယ်ကို ကြယ်ထိပ်မှာ နငယ်နကင်းပိတ်သဘောကနေ   မြတ်ဘုရားရဲ့  န၀ဂုဏ်တော်ကို အာရုံပြုပြီး တစ်ကြောင်းဆွဲ နည်းနဲ့  ဗောဓိညောင်ရွက် ဆန်ဆန်ဖြစ်အောင် ဆွဲထားပါတယ်...

ငွေအ၀င်အထွက်မှန်သွားတဲ့ သတ္တိမှာတော့ အတူတူပါပဲ...ဒီဇိုင်းပဲကွာသွားယုံပါပဲ


မီးထွန်းပိုက်ဆံ..
------
ကိုယ်တိုင်ကြံဆ ကိုယ်တိုင် စမ်းသတ်ပြီး ကိုယ်တိုင်တီထွင် သုံးခဲ့  သုံးနေစဲ မီးထွန်းပိုက်ဆံပါ...။ လက်ရှိ လည်ပတ်နေဆဲ မည်သည့်  တန်ဘိုးပိုက်ဆံနဲ့ မဆို လုပ်လို့ ရပါတယ်၊ ( ထူးခြားတစ်ချက်က နိုင်ငံမတူရင် ရောက်နေတဲ့ နိုင်ငံရဲ့ ဒေသသုံးပိုက်ဆံ (သို့ ) ဒေါ်လာပေါ်မှာပုံဆွဲလည်းရပါတယ်..ခဲတံ ဆော့ ပင် စသဖြင့်  တစ်ခုခု နဲ့ ဆွဲယုံပါပဲ.. ပိုက်ဆံကိုတော့  စမူစာပုံ (၀ါ) ပိရမစ်ပုံ (၀ါ) သုံးထောင့် ချွန်တြိဂံပုံခေါက်ပါတယ် ( အကယ်၍ တစ်ချို့ နိုင်ငံသုံးပိုက်ဆံတွေဟာ စက္ကူမဟုတ်ပဲ ပလပ်စတစ်ဖြစ်နေရင် မခေါက်တော့ ပဲ အပျံ့ လိုက်ပေါ်ဆွဲလဲ ရတာပါပဲ )

ပုံကလည်း မခက်ပါဘူး တြိဂံ ၂ ခု ကို အပြန်အလှန် စောက်ထိုး ထပ်လိုက်သလိုမျိုး  ၆ ထောင့် ကြယ် တစ်ခု အနေတော်ဆွဲလိုက်ပါတယ် ကြယ်ဘောင်တွေမှာ စ ။ ဓ ၊။ ဗ ။ ၀ ။ ဆိုတဲ့  မြန်မာ့ ရိုးရာ အစဉ်အလာ  စမဂါထာ  ၄ ကြောင်းက အစ အက္ခရာ ၄ လေးလုံး ကို ရံ လိုက်ပါတယ်...ကြယ်အလယ်မှာ ငွေလာဘ်ကို ကိုယ်စားပြုတဲ့  ၂ ဂဏန်းကိုထည့် လိုက်ပါတယ် အဲ့ ၂ ကို မြန်မာလိုအပြင် အင်္ဂလိပ်လို 2 ထည့် လည်းရတာပါပဲ...

''ပိတောက်နွမ်း...'''


'''နွမ်းတတ်တဲ့  အရာဟာ အချိန်တန်ရင် နွမ်းရတာပါပဲလေ...''

သံယောဇဉ်အစာ...


အိမ်လုပ်အစာ ဟာ ဆိုင်လုပ်အစာ လက်ရာကို မှီချင်မှ မှီမယ်...ဒါပေမယ့်  ချစ်ခင်မှု့ တွေ မေတ္တာတရားတွေ အကြင်နာတရားတွေ ငဲ့ ညှာမှု့ တွေ အလေးထားမှု့ တွေ စေတနာတွေ ပေါင်းစပ်ထားလို့  အိမ်လုပ်အစာဟာ သံယောဇဉ်အစာအဖြစ် ဖြစ့် ခဲ့ ပြီ...  (ဆူရှီလိပ်စားကြတာပေါ့ ဗျားးး...)

အရင်....


''  ပိုက်ပိုက်တွေ အရင် ချမ်းသာကြပါစီ.'''.......

မှီးလွန်းသွားတဲ့ အခါ.....


''' ဘ၀ဟာ တစ်ခါတစ်လေ မှီငြမ်း ကိုးကားမိတာတွေ များသွားလွန်းတဲ့ အခါ ကိုယ်တိုင်ရေး စာကိုယ်တွေရဲ့ အခန်းကဏ္ဍတွေဟာ ပျောက်နေသလိုလို.....''.


လမ်းရွေးပြီဆိုတဲ့ အခါ....


လမ်းရွေးပြီဆိုတဲ့ အခါ....
--------------
♪♫ ♪ ♫ ♪♫
ငါ လိုချင်တာ ဘာလဲ သိလား..ချစ်မေတ္တာ.ဟေ့  မေတ္တာတစ်ခုကလွဲ...အလကားပဲဟေ...

ကိုယ် တကယ် လိုချင်တာ ဘာလဲကို အသေအခြာ ပြန်တွေးတောရတာ နဲနဲတော့  အချိန်ပေးခဲ့ ရတယ်...၊ အဲ့ လိုတွေးပြီတဲ့  အခါ ကိုယ်တကယ်လိုချင်တာကို ရဖို့  လုပ်ရတဲ့ အခါမှာ ဖြစ်လာနိုင်ခြေတွေ ကြုံလာနိုင်ခြေတွေကို တွက်ရတာ ပိုခက်တယ်...ဘာလို့ ဆိုတော့  ကိုယ်လိုချင်တာ အတွက် သွားရာလမ်းမှာ စွန့် လွှတ်ခဲ့ ရမယ့်  အရာတွေဟာ ကိုယ် သဘောကျတဲ့  ကိုယ်သာယာတဲ့  အရာတွေ အများကြီး ပါလာနေတတ်လို့ ပဲ..

..ဒီအရာတွေ ကို စွန့် လွှတ်ရဖို့ ဆိုတာ တကယ်တော့  အတော့ ကို စွန့် စားရတဲ့ သဘောရှိတယ်. ..တော်ယုံတောင့် ခံနိုင်မှု့ နဲ့ မလွယ်လှဘူး....လိုချင်တဲ့ အနေအထားတွေရဖို့  တစ်ချို့ အရာတွေ စွန့် လွှတ်နိုင်တယ်လို့  တွေးလို့  တွက်လို့ ရလို့  ကိုယ်ရွေးခြယ်ထားတဲ့  လမ်းကို စလျှောက်ပြီဆိုတဲ့ အခါ ........

ပိုခက်တာက ကြားခရီးလမ်းမှာ ဘေးတွေရဲ့ မျိုးစုံ အမြင်တွေကိုလည်း တောင့် ခံရသလို ကိုယ်လိုချင်တဲ့ အခြေအနေဟာဘယ်လောက်ကြာမှ ရမယ်ဆိုတာကို တစ်ခါတစ်ရံ ခန့် မှန်းရခက်လောက်အောင် လျို့ ဝှက်တတ်တဲ့  ကံကြမ္မာ အလိုအရ ကြိုမသိနိုင်တာတွေကလည်း တစ်ခက်ပဲ

..ဒီလိုနဲ့  ဘ၀ရဲ့  အချိန်တွေ တစ်ချို့ နဲ့ နှလုံးသား အပိုင်းအစတွေတစ်ချို့ ကို ပေးခဲ့ လိုက်ရပြီး ကိုယ်လိုချင်တဲ့ အနေအထားတစ်ခုကို လုံးဝ မရသေးတာထက်စာရင် အတိုင်းအတာတစ်ခုလောက်တော့  ရနေခဲ့ ပြီလို့  တွေးလို့ ရလာတဲ့ အခါ ကာလရဲ့  ခြင်္သေ လည်ပြန်ဟာ....

..သြော်...ဒဏ်ရာတွေမနဲပါလားလေ......

မြို...


မြို....

တစ်နေ့ တစ်နေ့ 
မြိုချနေရတဲ့ 
ဆင်ခြင်သိ
အတွေ့ အကြုံသိတွေ ဟာ
တစ်ချို့  ခွန်အားတွေဖြစ်..
တစ်ချို့ အဆိပ်တွေ ဖြစ်ခဲ့ ။

ထူးဆန်းနေတာက..



ထူးဆန်းနေတာက..
-----
ဆဒန်ဟူစိန်က အာဘောင်အာရင်းသန်သန်နဲ့ ကမ္ဘာကြီးကို  ဖြဲပြလာတာ ကြာပြီပေါ့ ..ကိုယ့် ကို တိုက်ရိုက်မထိသေးရင် ကိုယ့် ကိုယ်ကျိုးစီးပွားကို အပွန်းမခံချင်တဲ့ ကမ္ဘာကြီးကတော့ ကြိတ်ပြီး အာရုံနောက်နေပြီပေါ့ လေ၊ နောက်ဆုံးတော့  လူမိုက်ကြီး အန်ကယ်ဆန်တို့ တပ်တွေ ၀င်ဖဲ့ တဲ့ စခန်းရောက်ရောဆိုပါတော့၊

အဲ့ မှာ စိတ်ဝင်စားနေကြပုံက အန်ကယ်ဆန်တို့ တွေ ဘယ်လိုလက်နက်အသစ်အဆန်းတွေနဲ့ များ ပွဲထုတ်ပြီးချသုံးပြီး အနိုင်ယူမလဲဆိုတာပါပဲဗျာ..ဒါလည်း သဘာဝကျသားပါပဲ လူ၂ယောက်ရန်ဖြစ်တာ ကိုယ့် လူမပါရင် ပွဲလိုဝိုင်းကြည့် တာမျိုးလိုပဲ တကယ့် ခေတ်သစ်စစ်ကားအစစ်ကိုကြည့် ရပြီဟဲ့ ဆိုပြီး တစ်ချို့ က ကြိတ်တောင်ဝမ်းသာနေကြသေးတာ...စစ်ပွဲက ခန့် မှန်းထားတာတာထက် စောပြီး ပြီးသွားသလိုဖြစ်လို့  အားမလိုအားမရတောင်တစ်ချို့ ဖြစ်ကျသေးတယ်တဲ့ ..နောက်ဆက်တွဲ ကားဗုံးခွဲတာ ဘာညာက ပင်မစစ်ပွဲနဲ့ တော့  တိုက်ရိုက်မဆိုင်ပေါ့ လေ...ဟဲဟဲ..

လွယ်ပါပုစ်..




လွယ်ပါပုစ်..
---
နီပေါ ငလျင်အကြောင်းက ဖုံးနည်းပညာကြောင့် အရင်ထက်ကို တိုက်ရိုက်ကြီး ခံစားနေရသလို ကြည့် လာရတယ်ဗျ...ကိုယ့် နေရာမဟုတ်သေးလို့  စစခြင်း သံဝေဂလိုလို ဘာလိုလိုပေါ့  လန့် စရာလည်းကောင်းတယ် ဖြုံစရာလည်းကောင်းတယ်...အားကိုးရာမဲ့ သွားသလိုလည်းခံစားရတယ်ပေါ့ ...နောက်တော့  လှုပ်နေတုန်း တန်းလန်း ဖုံးနဲ့ ရိုက်ထားတာလေးတွေ အွန်လိုင်းပေါ် ထပ်ထပ် တက်လာတော့  ...ဘာတွေ တွေးမိလာလဲဆို လုံခြုံအောင်ဆိုပြီး အိပ် အထပ်ထပ်နဲ့  သိမ်းထားတဲ့  ရှိစုမဲ့ စု အတွင်းပစ္စည်း တစ်သောင်းတန်ငွေစက္ကူ သုံးရွက်လေး ကိုယ်နဲ့ နီးနီးထားထားရရင်ကောင်းမလားလို့ ..ဒါမှ အလွယ်တကူ ယူပြေးလို့ ရမှာလို့ ...တော်ကြာ တိုက်ခန်းပြိုကျနေတုန်း အလွတ်ရုန်းတဲ့ အခါ အလွယ်တကူ ယူပြေးလို့ မရရင် အခက်လို့ ..အဟီးးး..အသက်ကို ကျော်ပြီး ပစ္စည်းအပါယူဖို့ စဉ်းစားသွားမိတာပြောပါတယ်...ဟီးဟီးးး...အဲ...ဘဏ်လည်း စိတ်မချ သူများလည်းစိတ်မချနဲ့  ဥစ္စာများခြောက်ချက်က စိတ်တွေများ လွယ်ပါပုစ်..


အဲ ငယ်ငယ်က ကျနော်တို့ ဈေး ညဦးပိုင်းကြီး မီးလောင်တော့  အရင်ပြေးယူပြေးတာ ဖုံးခွံကြီးဗျ...အခွံတောင်ဘယ်လောက်ရှားခဲ့ လဲဆိုတော့ လေ...အဲ့ ဈေးဆိုင်တွေမှာ အိမ်လုပ်နေတဲ့ သူတွေထဲက ဈေးသူတစ်ယောက်ကတော့ ပိုက်ပြီးထွက်ပြေးတာ ခေါင်းအုံးကြီး..အဲ့ ခေါင်းအုံးထဲလဲဘာမှမပါတာ ပြီးမှသိတာ ကယောင်ကတမ်းနဲ့  လန့် ပြီးဆွဲမိဆွဲရာတဲ့ ...တကယ့် အထုပ်လေးက မီးလောင်ပြင်ထဲ ပြန်မွှေမှ ရွေစရွေနလေးအရေပျော်မဲနေတာလေးပြန်တွေ့ ရတယ်တဲ့ ..ဘ၀ကံတရားတွေဆိုတာ.အဲ လို..

ဗဟုအမှန်တရား

ဗဟုအမှန်တရား
----------
ကျနော်လည်း အမှန်တရားကို မြတ်နိုးတတ်ပါတယ်..
တစ်ခုပဲ ပြောစရာရှိလောက်မှာပါ
ကျနော့် အမှန်တရားက သူများအမှန်တရားနဲ့ 
တူချင်တူမယ်
မတူချင် မတူနိုင်ဘူးဆိုတာလေးပါပဲ..


ပူစီမ

အိမ်က ပူစီမတောင် အိမ့် ပါပါရာဇီဖုံးဒဏ်ခံနေရပုံရတယ်
လန့် ပြီးြဲပန်ကြည့် တာ မျက်လုံး ပြူးနေပုံက...ငိငိ

အတုအစစ်


အတုအစစ်
=====
ပိုက်ဆံအတုလားတဲ့ ..
ဖြတ်ကနဲ အတွေးတစ်ချက်ဝင်သွားတယ်..
ငါ့ လူမှု့ ဆက်ဆံရေးစိတ်ကရော
အတုလား အစစ်လား...

နိုးတဲ့ အချိန် မနက်




နိုးတဲ့ အချိန် မနက်
-----
မျက်နှာသစ်ရင်း ဒီမနက်မုန့် ကဘာပါလိမ့် လို့  လှမ်းချက်လိုက်တော့ မြင်လိုက်ရတာက တွဲလောင်းလေးချိတ်ထားတဲ့  ခေါက်ဆွဲသုတ်ပေါ့ .ဟင်းအိုးဖက် မျက်လုံးရောက်သွားတော့  မီးဖိုးပေါ်က အိုးလေးထဲမှာလှမ်းတွေ့ လိုက်တာက ရွှေခေါင်းပြောင်...အာ့ နဲ့  အသုတ်+ထမင်းဖြူနဲ့ 
ရွှေခေါင်းပြောင်း တစ်လုံး စွပ် ဆိုကောက်ထည့် ပြီး နိုးတဲ့ အချိန် မနက်မုန့် ဆိုပြီး ငိငိတော့ တာပေါ့ လေ...ခ်ခ်..

အမေရေ..



အမေရေ..
--------
တော်တော် ဇာတ်ထုပ်ရှုတ်တဲ့  လူတွေပါအမေရယ်..ကျနော့်ပိုက်ဆံလေး နှစ်ပဲခြောက်ပြား လက်ပေါ်စုပြီး ရေတာ လက်ထဲ ခိုးလို့ ခုလုနဲ့ မို့ ကြည့် လိုက်တော့  တစ်ထောင်တန်လေးကို ဆိုဒ် ၂မျိုးဖြစ်နေလို့  လက်ထဲ ခလုခလုနဲ့ အချိုး မပြေဖြစ်နေတာကိုးအမေရဲ့ ..ချပ်သရီး.;; ဆိုဒ်တစ်မျိုးထဲ ထုတ်တော့  ဘာဖြစ်မှာမို့ လဲ အမေရာ..နော့ ..တစ်ချို့ တွေ အဲ့ လိုပဲအမေရဲ့  သူတို့ အိပ်ကမစိုက်ရလဲ လူတွေ အဆင်ပြေပြီးပျော်နေကြမှာကို မနာလိုကြတာအမေရ...တစ်ချို့ လူတွေက ခက်ပါတယ်အမေရာ...
...( ခွိခွိခွိ.)

တနင်္ဂနွေသမီး အဓိပတိဖွားကို အမည်ပေးလိုက်ပုံ...



တနင်္ဂနွေသမီး အဓိပတိဖွားကို အမည်ပေးလိုက်ပုံ...
-------------
တနင်္ဂနွေသမီးလေး ၂၀၁၄ မွေးဖြစ်လို့  ၄ကြွင်းမဟာဘုတ် အဓိပတိဖွားပေါ့ ..စိနသွေးတစ်ဝက်ပါသူလေးပါ ..ဒီတော့ အသားဖြူမှာပါ ဖအေရော မအေပါဖြူပါတယ်၊ ကျနော်တို့ မဟာဘုတ်လိုင်းကနေ အမည်ပေးတဲ့ အခါ မူလမဟာဘုတ်ရယ် မွေနံ တနင်္ဂနွေတိုင်ရယ် ၂ ခုကို ပင်မဦးစားပေး အဖြစ် စဉ်းစားပါတယ်..

မွေးနံတိုင် တနင်္ဂနွေတိုင်အရ တနင်္ဂနွေသားသမီးတိုင်းမှာ ပန်းယဆိုတဲ့  ကြာသာပတေး+ဗုဒ္ဓဟူး အတွဲ၊ သစ်စိမ့် ဆိုတဲ့  သောကြာနံ+ အင်္ဂါနံ အတွဲ နဲ့  အလယ်တွဲ အမြစ်အညွန့် ဆိုတဲ့  စနေ+တနင်္လာနံရှိပါတယ်။ ( တစ်ခြားနေ့သားတိုင်းစမှာလည်း နံသင့် သာကွဲသွားတယ် ဒီလို သုံးတွဲစလုံးရှိနေတာပါပဲ။

အဲ့ ဒီမှာ တိုင်စဉ်ဖွဲ့ စည်းပုံအရ တနင်္ဂနွေသားသမီးနံဟာ အလယ်မူလဖြစ်လို့  အပေါ်က ကြာသာပတေး ၊ တနင်္လာ ၊ သောကြာဟာ တနင်္ဂနွေသားသမီးတွေရဲ့  အညွန့် နံ သုံးနံ ထွက်လာပါတယ်...

Monday, April 27, 2015

....တို့ ၏ဂုဏ်ကျေးဇူးတော်ကြောင့် .....(စတေးတပ်တစ်ခုကနေ..)

.

...တို့ ၏ဂုဏ်ကျေးဇူးတော်ကြောင့် .....(စတေးတပ်တစ်ခုကနေ..)
--------------------
အမျိုးထဲက ဦးလေးတစ်ဝမ်းကွဲက သူ့ အိမ်မှာ အဲကွန်းတစ်လုံးတပ်လိုက်တဲ့ အကြောင်း ဓါတ်ပုံလေးတစ်ပုံ ရိုက်ပြီး သူ့ အကောင့် ပေါ်တင်လိုက်ရောဗျ...အဲ့ ဒီအထိက မထူးဆန်းသေးဘူး...စာက ဘာရေးထားသလဲဆိုတော့  ''' ရတနာသုံးပါး အနန္တငါးပါးတို့ ၏ ဂုဏ်ကျေးဇူးတော်ကြောင့်  ကျနော့် အိမ်မှာ အဲကွန်းတစ်လုံး တတ်နိုင်ခဲ့ ပါပြီ '''တဲ့ .....သူ့ စတေးတပ်လေးဖတ်ပြီး  ရုတ်တရက် သဘောတကျနဲ့  ရီလိုက်မိသေးတယ်...နောက်တော့  တစ်ခုခုကို တွေးမိပြီး မရီရက်ခဲ့ တော့ ဘူး.. .လွမ်းစရာကောင်းသွားတယ်....ပြီးတော့  ခံစားချက်မျိုးစုံဖြစ်သွားပြီး အတွေးစဉ်တွေလည်း ဆက်ကုန်တယ်...တစ်ခါတစ်လေ ကိုယ့် ဝမ်းနာ ကိုယ်သာသိ ဘ၀တွေ အကြောင်းလည်း စာနာမိသလို....ဘယ်သူ့ ကို စိတ်တိုရမှန်း မသိတော့ တဲ့  ခံစားချက်တွေလည်းဝင်လာတယ်...အဲ့ ဦးလေးဝမ်းကွဲက ဘီအက်စီ အိုင်စီကြီး.ဇနီးမယား သားတစ်ယောက်နဲ့ ..လောလောဆယ် ဘ၀ကို....

ဘ၀ထိုထို လူထိုထို 
တစ်ချို့ တွေရဲ့ ဘ၀တွေဟာ 
တစ်စုံတရာရဲ့ ဖိအားအောက်မှာ
ငိုချင်းရှည်တို့  ညတာရှည်ခဲ့ ..။

''အလိုက်ကောင်းလို့ သာ ''...(ဓါတ်ပုံတစ်ပုံ သတင်းတစ်ပုဒ်မှ တစ်ဆင့် တွေးတောစရာတွေ....)

'


'အလိုက်ကောင်းလို့ သာ ''...(ဓါတ်ပုံတစ်ပုံ သတင်းတစ်ပုဒ်မှ တစ်ဆင့် တွေးတောစရာတွေ....)
-------
မန္တလေးက မီးရထားဂုံးကျော်တံတားတစ်စင်းရဲ့ သရုပ်ပျက်နေတဲ့  ဓါတ်ပုံတစ်ပုံတစ်ပုံဟာ မကြာသေးခင်က ဖွရွာကြီးထဲကို ပျံ့ နှံ့ လာတော့  ကျနော့် ဝေါပေါ်လည်းရောက်လာတော့ တာပေါ့ ..၊ ဓါတ်ပုံနဲ့ ပတ်သက်ပြီး သရော်သံ ကလော်သံ ဝေဖန်သံ လေကန်သံ ဟာသသံ သံသယသံတွေ ထုံးစံအတိုင်း ဆူညံ ပွက်လောရိုက်နေတော့ တာပေါ့ ..နောက်နေ့ ထုတ် ဂျာနယ်တစ်စောင်မှာတော့  ဒီဓါတ်ပုံဟာ မန္တလေးက မီးရထားဂုံးကျော်တံတားတစ်စင်းဖြစ်ကြောင်းနဲ့  ပတ်သက်ရာပတ်သက်ကြောင်းတွေကို ဗျူးထားတဲ့  သတင်းလေးအဖြစ်ပါလာတော့ တယ်...အဲ့ ဒီတော့ မှ အတွေးပွားမိရင်း အတိတ်က အရိပ်လေးတွေ တစ်ချို့  စိတ်အာရုံမှာထင်ဟတ်လာတော့ တယ်.....


နောက်ဆုံး ရွေးခြယ်ပိုင်ခွင့် ....



နောက်ဆုံး ရွေးခြယ်ပိုင်ခွင့် ....
---------
အဆိပ်ခပ်ထားတဲ့ အစာ စားပြီးသေမလား ...ဓားနဲ့ ကွပ်မျက်ခံပြီး သေမလားလို့  လမ်းရွေးခိုင်းလာတဲ့ အခါ...

ကိုယ်တိုင်ရဲ့ ကိုယ့်  သေခြင်းကို တုန်လှုပ်လွန်းအားကြီးနေလို့  လမ်းမရွေးနိုင်တော့ ဘူး တွေဝေခဲ့ ပြီ....အဲ့ အချိန် ဘေးက လူက အဆိပ်စားတဲ့ လမ်းသာ ရွေးလိုက်ပါတော့ လေ.... သူများလက်ထဲက ဓားချက်နဲ့ စာရင်..ကိုယ်တိုင် နှိုက်စားသွားတဲ့ အဆိပ်က.....

ပိုကောင်းတဲ့  သေလမ်း ဟုတ်မဟုတ် ရှိမရှိ မဆိုတတ်ပေမယ့်  ''' ကိုယ့် လက်နဲ့ ကိုယ်သေခွင့်  ဆိုတဲ့  '' အကြံပေးသူကို ကျေးဇူးတင်ခြင်းကြီးစွာဖြင့် ...

နေ့စဉ် ဘ၀တွေမှာ ကိုယ့် သေလမ်း ကိုယ်တိုင် ရွေးခြယ်ပိုင်ခွင့် ရဖို့ ဆိုတာတောင် လွယ်တဲ့ ကိစ္စ မဟုတ်ဘူး.....

(တြင်းန၀င်း ) .''စလောင်းဖုံး ၂ ချပ် တီးရင် ကျား ကိုက်တတ်တယ် ဆိုတဲ့  ဆိုရိုးစကားကနေ...



(တြင်းန၀င်း ) .''စလောင်းဖုံး ၂ ချပ် တီးရင် ကျား ကိုက်တတ်တယ် ဆိုတဲ့  ဆိုရိုးစကားကနေ...
----------------------------------------------
''စလောင်းဖုံး ၂ ချပ် တီးရင် ကျား  ကိုက်တတ်တယ် ဆိုတဲ့  ဆိုရိုးစကားဟာ  ဆရာကြီးတွေ လက်ထဲရောက်တော့ .......... အလွန် အစွမ်းထက်တဲ့ .....တြင်းန၀င်း  ယတြာပညာခန်းကြီး  ဖြစ်သွားပါတယ်.......

တြင်းန၀င်းဆိုတာ သုံးနံပေါင်း ၉ န၀င်းဓါတ်သဘောပါ...ဒွေးန၀င်းဆိုတာကတော့  ၂နံပေါင်း န၀င်းဓါတ်ပါ...အခါတိုင်ပညာတွေ အများစုမှာ တနင်္ဂနွေတိုင်ကို နမူနာထားပြလေ့ ရှိပါတယ် 

တနင်္ဂနွေတိုင်အရ ပန်းယတွဲ ပဉ္စပွတ်+စတုရန်း = ကြာသာပတေးနံ+ ဗုဒ္ဓဟူးနံ= ၅+၄=၉ =ဒွေးန၀င်း ဂုဏ်ရည်သဘောပါ...ဒီသဘောအရ သစ်စိမ့် တွဲ ဆပွတ်+တြိရန်း= သောကြာနံ + အင်္ဂါနံ= ၉ ဒွေးန၀င်း၊ အလယ်တွဲဆိုတဲ့  အမြစ် စနေနံ အညွန့် ၇ +တနင်္လာနံ အညွန့် ၂=၉=ဒွေန၀င်းဂုဏ်ပါ။

-တြင်းန၀င်း ဆိုတဲ့  သုံးနံပေါင်းမှာတော့   တနင်္လာနံအညွန့်  ၂ +  ဗုဒ္ဓဟူးနံ စတုန်းရန်းအညွန့်  ၄ + အင်္ဂါနံ တြိရန်း အညွန့်  ၃ = ၉ န၀င်းဂုဏ်သဘောပါပဲဗျား..


Sunday, April 26, 2015

ငွေမြဲချင်လို့ တဲ့ ....



ငွေမြဲချင်လို့ တဲ့ ....
-----
ငွေမမြဲဘူးလို့  ငြီး အပြခံရတာကလည်း အကြားရဆုံးစကားလုံးပါ...သူတို့ သာ လာငြီးပြတာ ကျနော်ကိုယ်တိုင်ကလည်း ၀င်သမျှ မလောက်ပါဘူး သုံးပစ်သလားမမေးနဲ့ ဆိုတာမျိုးပါပဲ...ငိငိ..ဆရာဝန်တစ်ချို့ လိုပေါ့  သူများသာ ရောဂါတွေကုပေး ဆောင်ရန် ရှောင်ရန်တွေသာပြောပေးတာ သူကိုယ်တိုင်ကလည်း ရောဂါတစ်ခုခုကြောင့်  ဆေးလုံးတွေနဲ့ ပါးစပ်နဲ့ မပြတ်ဆိုသလိုပေါ့ 

အဲလိုလာငြီးပြရင် ဟုတ်ဟုတ် မဟုတ်ဟုတ် (အနဲဆုံး စိတ်သက်သာရာရစေဖို့ ပဲဖြစ်စေ ငွေအထွက် နဲသွားအောင် ပိုက်ဆံထားနေကျ နေရာမှာ သပြေညွန့် ခပ်သေးသေး လေး ထည့် ထားလိုက်ပါ တနင်္လာနေ့ မှာထည့် ပါ အညွန့် လေး အသစ်လဲရင်လည်း တနင်္လာနေ့မှပဲလဲပါ အချိန်နဲ့ ထည့် ချင်ရင် မနက် ၉-၁၀း၃၀ကြား ဖြစ်စေ နေ့ ၁၂-၁း၃၀ကြားဖြစ်စေ ည ၉-၁၀း၃၀ကြားမှာဖြစ်စေထည့် ပါ အသစ်လဲပါ မီးခံသေတ္တာတွေ ငွေသိမ်းအံဆွဲတွေ စသဖြင့် တွေမှာထည့် ထားလို့ ရတယ်ပိုဓါတ်သက်ခိုင်ပါတယ်ပေါ့ 

ဂြိုလ်ပတ်ယတြာ...အလွယ်စတိုင်



ဂြိုလ်ပတ်ယတြာ...အလွယ်စတိုင်
-------------------
မူလနည်းပညာကို လွယ်ကူပြီး ထိလည်းထိရောက်အောင်ခြုံ့ ထားတဲ့ ယတြာပညာပါ .သာမန်အများသိ..ကိုယ့် မွေးနံတစ်ထောင့် ထဲမှာ...(သို့ )စနေထောင့် ပန်းလှုမယ်သဘောထက် ပိုစွမ်းရည်မြင့် ၊ပိုကာကွယ်ခြင်း ပိုကံပွင့် စေခြင်းသဘောရှိသလို အကျိုးသက်ရောက်မှု့ အားမြန်ဆန်လှပါတယ်။ ငွေကုန်သက်သာပြီး တော်ယုံနဲ့ ငွေကုန်များတဲ့  ယတြာတွေသုံးစရာ မလိုပါဘူး..တစ်ခုပဲဆိုစရာရှိတာက အိမ်မှာတော့  မဟုတ်ဘဲ..အရပ်မျက်နှာထောင့် တွေ ပါတဲ့ စေတီပုထိုးတွေမှာ သွားလှုတာပါ..ဘုရားတက်လေ့ တက်ထရှိတဲ့သူတွေကတော့  အလွယ်တကူလုပ်နိုင်မယ်ပေါ့ ဗျာ...နည်းပညာက မခက်လှပါဘူး...။

တိုက်စစ် န၀င်းရိုက်ခြင်း




တိုက်စစ် န၀င်းရိုက်ခြင်း
----------
ဗဟုသုတအဖြစ်ပါ၊ ရှိတယ်လို့ ပြောပြတာပါ..အသိနဲပါတယ်၊ ဆရာကြီးလက်ထွက်ပါ၊ ဆရာ့ ဆီကတစ်ဆင့် ရတာပါ၊ ဒါပေမယ့်  အရွက်တွေနဲ့ ရိုက်ပေးရတဲ့ သူက ခေါင်းတွေမူးဖတ်ဖတ်တွေမောကျန်ခဲ့ လို့  တော်ယုံနဲ့ မလုပ်တော့ သလို အသုံးနဲသွားတဲ့ ဘ၀ကိုရောက်သွားပါတယ်...

ပုံမှန်အများသူငါ ကြားဖူးမြင်ဘူးနေတာက ထိုင်တယ် ပြီးရင် ခြေဆန့် ခြေဆင်းထိုင်ပြီး ငယ်ထိပ်ကနေ ခြေဖျားအထိ အရွက်တွေနဲ့ သပ်ချတဲ့  န၀င်းထိုင်တဲ့ စတိုင်ပါ
အဲ့ ဒါက ပုံမှန်အခြေအနေတွေသဘောမှာ မြင်နေကျ လုပ်နေကျစတိုင်ပါ..

အခုကတော့  ရက်ပိုင်းအတွင်း (သို့ ) တစ် နေ့ တာအတွင်း (သို့ )နာရီပိုင်းအတွင်း အရေးကြီးကိစ္စတစ်ခုခု ဖြေရှင်းရဖို့ ရှိနေတဲ့ အခါ ( ရိုက်ပေးမယ့် ဆြာကလည်း အရေးကြီးပုံရတယ်လို့ ထင်မြင်တဲ့ အခါ) န၀င်းအရိုက်ခံမယ့်  လူကို မတ်တတ်ရပ်ပြီး ငယ်ထိပ်ကနေ ခြေခုံပေါ် အထိ လက်ယျာရစ် ခရုပတ်ကြောင်လိမ်လှေကားဆင်းသလို ခပ်ဖြေးဖြေး ရိုက်ဆင်းချသွားတာပါပဲ. .အဆုံးသပ်ပုတ်ပေးလိုက်တာက ခြေဖျား ခြေခုံပေါ်မှာပါ...