Powered By Blogger
Monday, May 30, 2016
အသက်၅၀ ၄ကြွင်း တနင်္လာ သမီး အင်္ဂါသက်ရောက်မှာ ခွေးကိုက်ခံရခြင်းအကြောင်း
အသက်၅၀ ၄ကြွင်း တနင်္လာ သမီး အင်္ဂါသက်ရောက်မှာ ခွေးကိုက်ခံရခြင်းအကြောင်း
=======
ဖုံးဒိတ်လုပ်ပြီး ယတြာလာတန်းလုပ်တယ်...လာလာထိုင်နေကြပါ...ထိုင်ပြီးတော့ မှ သူ ဘာတွေဖြစ်နေမှန်းမသိ လို့ စပြောပြီး ဖြစ်ကြောင်းရယ်ကုန်စင်မှာ ပေါင်ကို ခွေးကိုက်တယ် အခု တုတ်ကွေးမိတယ် လို့ ဆိုလာတယ်..ဒါနဲ့  မွေးလက ဘာလလဲလို့ မေးတော့  ၃ လပိုင်း
( ၄ကြွင်းတနင်္လာ ရာဇဖွား အသက် ၅၀ အင်္ဂါသက်ရောက်ထဲရောက်နေတာတော့  နဂိုကတည်းက သိပြီးသား)..ခွေး အကြောင်းပါလာလို့  ဘယ်လိုလုပ်ခွေးက ကိုက်ရတာလဲလို့ မေးတော့ မှ
သူမွေးထားတာ ၂ ကောင်..အဲ့ မနက်က တစ်ကောင်ကို ဂျာနယ်ဟောင်းလေးခင်း ခွေးစာချကျွေးတယ် အဲ့ အကောင်က လာနမ်းပြီး လှည့် ထွက်သွားတယ် နောက်တစ်ကောင်အတွက်ခွေးစာချကျွေးတော့  နောက်တစ်ကောင်က စားနေတယ်
လစိတ်
လစိတ်
--
ဇန္န၀ါရီ ၁ ရက် မွေးတဲ့  စနေသမီး ဆိုပါတော့ ..၊
၁။ အဌလက် ရှစ်ခွင်မှာ လစိတ် ချရင် ဘယ်နေ့ သားသမီးဖြစ်စေ ကိုယ့် မွေး နံ အဌလက်ခွင်ထောင့် ကနေသာ ကိုယ့် မွေးလ မွေးရက်ကို လစိတ်စချတယ်... ကြာသာပတေးဆို ကြာသာပတေးထောင့် က ဟူးသားဆို ဟူးထောင့် က တနင်္လာဆို တနင်္လာထောင့် ကသဘော
၂။ ဂြိုလ်တစ်ခွင်မှာ ၄၅ ရက်(၀ါ) တစ်လခွဲ နေပြီးရင် ရှေ့ ဂြိုလ်ခွင်ကို တစ်လခွဲထပ်ပြောင်းသွားတယ် ဂြိုလ် ၈ ခွင် လက်ယာရစ်ပတ်သွားပြီးတဲ့ အခါ တစ်နှစ်တာ အသက်ပိုင်းသဘော ရက်ပေါင်း ၃၆၅ရက် (၀ါ) ၁၂ လသဘောရတယ်
၃။ ဇန္န၀ါရီ ၁ရက် မွေး စနေသမီး နမူနာအရ ၁လပိုင်း၁ရက်ကနေ ၂လပိုင်း လ တစ်ဝက်အထိက မွေးနံဂြိုလ် စနေလစိတ် ၊ နောက် ၂လပိုင်း လတစ်ဝက်ကနေ ၃လပိုင်း တစ်လလုံးလုံးက ကြာသာပတေးလစိတ် ၊ နောက် ၄ လပိုင်းတစ်လလုံးလုံးနဲ့ ၅လပိုင်း လတစ်ဝက်အထိက ရာဟုလစိတ် အဲ့ သဘော..။
------------
===============================================
မေး..၂ လပိုင်း လကုန် ၂၅ လောက် မွေးရင်
၂ လပိုင်းက ၅ ရက် ၃ လပိုင်းက ၃၀ ရက် ၄ လပိုင်းက ၁၀ ရက်
စုစုပေါင်း ၄၅ ရက် အယ်လို့ ယူတာလား
မေး...ဆောရီးဆရာ ၂ လပိုင်းက ၂၈ ရက်ပဲရှိတာ မေ့သွားတယ်
---------------
ဖြေ...အဲ့ လိုလကုန်ခါနီး ကပ်မွေးရင် တွက်လို့ ကောင်းအောင်း မှတ်လို့ လွယ်အောင် စိတ်က ရက်ခိုးလိုက်ပြီး ၃ လပိုင်းတစ်လလုံးလုံးနဲ့ ၎လပိုင်း လတစ်ဝက်အထိ မွေးနံ စနေစိတ်။ ၄လပိုင်း လတစ်ဝက်ကနေ ၅ လပိုင်း တစ်လလုံးလုံးက ကြာသာပတေး လစိတ်သဘောပေါ့  ဒါဆို ၂လပိုင်းလကုန်ခါနီး မွေးတဲ့  စနေ ဆို အခုရက်ပိုင်းတွေကနေ မကြာခင် ကြာသာပတေးလစိတ်ကို ၀င်တော့ မယ်လို့  ချိန်ထားလို့ ရပြီပေါ့  သဘော ( ရက်စိတ်သဘောအရတော့  အတိအကျ တွက်ထုတ်ရတာ အလုပ်ရှုတ်လို့  လစိတ်သဘောကနေသာ ကံကို ယေဘူယျ လစိတ်ပိုင်းတွေကနေ ခန့် မှန်းရတာဗျား )
ပညတ်ကောက် သဘော 
ပညတ်ကောက် သဘော 
=============
မေး...ဆရာက ကျွန်တော့ဆီ ဝင်လာတဲ့ ဖုန်းကို အများသုံး "ဖုန်း" ဆိုတဲ့ ကြာသာပတေးနံ ဒဲ့ကောက်သင့်သလား။ စက်ပစ္စည်း အနေနဲ့၊ ဆမ်ဆောင်း ဆိုတဲ့ brand အနေနဲ့ ကောက်သင့်သလား ဆိုတဲ့ သဘော စဉ်းစားပြသွား တယ်။ 
ဖြစ်ပုံက ဒီလို ဆရာ။  ဒီနှစ် သင်္ကြန်အလွန် ပျက်သွားတဲ့ ဖုန်းက ဆမ်ဆောင်း၊ လူက ၁နွေသက်ရောက် ဆိုတော့ အင်္ဂါတန်းကပ်မှာ ရှိတာနဲ့ ဆမ်ဆောင်း ထပ်မဝယ်ဘဲ ရှောင်မယ် ဆိုပြီး ကျွန်တော်က LG က ထုတ်တဲ့ Nexus 5x ဆိုတဲ့ ဖုန်းကို တပည့်တယောက် သူ့နိုင်ငံအပြန်မှာ မှာလိုက်တာ။  
 ဖြစ်ချင်တော့ LG brand က သူ့နိုင်ငံမှာ လူသုံးနည်းတယ်၊ ဈေးကြီးသင့် တာထက် ပိုကြီးတယ်။ ဒီအကြောင်း တပည့်က ဖုန်းဆက်ပြောပြတော့ "ဒါဆိုလဲ မတန်မရာ ဈေးကြီးပေး မဝယ်တော့ပါဘူး၊ Samsung က ထုတ်တဲ့ Galaxy Note 4 ပဲ ဝယ်ခဲ့" ဆိုပြီး ပြောမိသွားတာ။    မှာပြီးမှ "ဟင်၊ ငါ့နှယ် အင်္ဂါနံ ရှောင်ခါမှ အင်္ဂါနံနဲ့ တည့်တည့် တိုးမိပလေ" ဆိုပြီး တွေးမိသေး။ နောက်တမျိုး ပြောင်းဖို့ကလဲ တပည့်က အချိန် မရတော့ဘူး၊ ဆိုင်ရောက်ပြိး မှ ဖုန်းဆက်တာကိုး။ 
အဲဒါကြောင့် ဒီဖုန်းရောက်လာတော့ အင်္ဂါနံ ကောက်မိတာ ဆရာ။ တိုက်ဆိုင်ပုံက ဝယ်လာပေးတဲ့ တပည့်က ဖျားနေလို့ ကိုယ်တိုင် လာမပို့နိုင်ဘူး၊ သူ့ သူငယ်ချင်း ကြာသာပတေး နာမည်ရှင်ကို ပို့ခိုင်းတယ်။ သူတို့ (၂)ယောက်လုံးက ကြာသာပတေးနံ နိုင်ငံသားတွေ။ သောကြာတိုင်မှာ နဝင်း အင်္ဂါနဲ့ ဆက်စပ်လို့ ကြာသာပတေး အခိုက် သတ္တိ ထင်ရှားလာတယ်လို့ မြင်ကြည့်ရင် မရဘူးလား ဆရာ။
ဥာဏ်မှီသလောက် တွေးကြည့်တာပါ။ ဆရာ့ သုံးသပ်ပြတာကိုလဲ ကြားချင်ပါတယ် ဆရာ။  
××××××××××××××
မေး..ဖုန်းကိုဝယ်တာလဲ ကြာသာပတေးနံ နိုင်ငံမှာပဲ။
----------------------------
ဖြေ......ဒဲ့ ပြောရတာ အားနာနေလို့ ခမျ  ဖုန်းတစ်လုံးရဲ့  ပညတ်သတ္တိက ဗမာပြည်တင်မ ကမ္ဘာလုံးဆိုင်ရာမှာပါ တံဆိပ်ထက် ဖုန်း လို့ သာ အများက ပိုသိကြတယ် ဒါကြောင့်  ဖုန်းကို ဖုန်း လို့ ပဲ ကြာသာပတေးနံလို့ ပဲ ကျနော်က ဒဲ့ ကောက်တယ် ဖုန်း ကိစ္စမှာ တံဆိပ် ဟာ အဓိက မကျဘူး သဘောပါ... ရေစက်မော်တာတွေဟာ စက် ပညတ်ပိုအားကြီးတယ် မော်တာဟာ ဘာအမျိုးအစားလဲက အဓိကမကျသလိုပဲ  ကား မှာ ကား ဆိုတဲ့ ပညတ်က လူအများစုအတွက် အဓိက အသိဖြစ်တယ် ကားအမျိုးအစားဟာ အဓိက မကျဘူးသဘောပါ ဒီတော့  သောကြာတိုင်မှာ ဖုန်း လက်ခံရရှိကတည်းက ခိုက်သတ္တိပါလာတဲ့ ဖုန်းပဲ လို့ တန်းယူတာပါ ဘာတံဆိပ်လဲကို မယူတော့ ပါဘူး
-------------------------------
အတ္ထကထာ..
အတ္ထကထာ..
--
သူ့ ရဲ့  ကိုယ့် ရဲ့  လက်ရှိ ဖြစ်တည်နေဆဲ ဘ၀အပေါ်  ခံစား စံစား တန်ဘိုး ယူကြည်မှု့ ပကတိ အခြေအနေ
အချိန်အခါသဘောတွေ နဲ့  ....
'
''' ပုထုဇဉ် သဘောနွယ်ဝင်  လူ့ သဘာဝအရ  တပ်မက်ခြင်း လိုအပ်ခြင်း  လူအပ်နေတဲ့ အခြေအနေ
လူ့ ဆန္ဒ လက်ငင်းဘ၀ကျင်လည်မှု့   ဘ၀အခြေအနေတွေပေါ်က ဖြစ်လာတဲ့  ခံစားမှု့   အတွေးအမြင်
သဘောတွေအရ  '''ပုထုဇဉ် လူ့ သဘာဝ ဆိုတာ  စိတ်ပြောင်းတတ်တဲ့  သဘောရှိတယ်  '''
ဆိုတာကို ထည့်  မတွေးမိတော့ လိုက်တဲ့ အခါ  ..ကိုယ်စီ ကိုယ်စီရဲ့  အတွေးအမြင် လိုအင်ဆန္ဒ  ဘ၀ဂုဏ်မောက်မှု့  ပညာမာန ဓနမာန စည်းစိမ်းမာန အာဏာမာန တွေကနေ  အညှိုးသဘောတွေ နာကျဉ်စရာတွေ ဖြစ်လာခဲ့ တော့ တယ် . .. ဒိထက်ပိုရင် ရာဇ၀င်တွင်တဲ့  မဟာစစ်ပွဲကြီးတွေ အထိ.....
ငယ်နုစဉ်  စာသင်သားဘ၀မှာတော့ ဆရာသ္ခင်တွေရဲ့  ကောင်းမြတ်တဲ့  အရိပ်အာဝါသအောက်မှာ စာသင်သားချင်း အရောင်တူ အသွေးတူ   တွေချည်းပေါ့ ...ကာလတစ်ခု ရောက်တဲ့ အခါ...တစ်ယောက်သော သူငယ်ချင်းက ပညာသမား သိက္ခာ သီလကို ရင်ဝယ်ထွေးပိုက်ခဲ့ သူ..
တစ်ယောက်သောသူက ကံအကျိုးပေးဆိုက်ရောက်နေချိန် ရရှိ လာ ခံစားလာရတဲ့   ဓန ...လက်နက် အာဏာအပေါ်ကို  ပညာသမား သိက္ခာ သီလအပေါ်ထက် ပို၍  ပို၍  ....ညွှတ်နူးသွားခဲ့ သူ........
မတူညီတော့ တဲ့ ဘ၀ကံကြမ္မာတွေဟာ  ကိုယ်စီ ကိုယ်စီရဲ့   အတွင်းမနော ခံစားမှု့ တွေကို  ငယ်နုစဉ် က  သူ့ ရှိကိုယ်စား သူ ကိုယ့် အခက်သူကူညီလို့  ဆိုတဲ့  ...
ငယ်က ပေါင်းတဲ့  ငယ် သူငယ်ချင်း အရင်းကြီးတွေပါလေ ဆိုတဲ့ ခံစားမှု့ တွေအပေါ်  မူလ ဖြူစင်နေခဲ့ တဲ့  သံယောဇဉ်တွေအပေါ် လောကရဲ့  သမုတိ ဓန အာဏာ စည်းစိမ်တွေအပေါ်  ...အရောင်ဆိုးထားခံလိုက်ရချိန်.............
(ဒေါဏရဲ့  အတ္ထကထာ...)
အလွယ်သုံး မတွန့် စေရ......
ကိုယ့် လူ  ကိုယ့် မိသားစုဝင်  ကိုယ့် ခေး..ဖျားနေနေလို့ ကတော့  အလွယ်ဆုံးနဲ့  အထိရောက်ဆုံး ယတြာက မတွန့် စရ အညွန့် နဲ့  သူ့ ကို ခဏခဏ သပ်သပ်ချပေးနေတဲ့ ယတြာပါပဲဗျ..
ဘာခြေမန်းကွင်းမှ မလိုဘူး..လူမမာစောင့် ရင်း လူမမာစောင့် ပေးနေတဲ့ သူက ခြင်ယပ်သလို
 ခေါင်းကနေ ခြေဖျား အမှိုက်လှဲသလို အသာအယာလေး သပ်သပ်ချပေးနေယုံပဲ
ဘာအခါတိုင်မှ မလိုဘူ်းမတွန့် စေရ အညွန့်  ၁ညွန့် ရှိတောင်ရတယ်။
တနင်္ဂနွေ..သစ္စာပန်းအရွက် ၁ရွက် (၀ါ) မရမ်း ၁ရွက်
တနင်္လာ သပြေ ၊သြဇာ ဒါန့် သလွန်  ထဲက တစ်ညွန့် ညွန့် ...
အင်္ဂါ ..ခရေ
ဟူး...စပယ် ကသစ်..
ကြာတေး ....စွယ်တော်  လောက်သေ
သောကြာ ...ပိတောက် ..ပိန္နဲ စိန်ခြယ် ဇော်ကြား စက္ကူပန်း
စနေ  မာလကာ မန်ကျီး
( ရှာရအလွယ်ဆုံးတွေ ရေးပေးလိုက်တာပါ )
---------------
ဒီ နံကောက်တွေ တတ်နေတဲ့  သူကိုယ်တိုင် ကိုယ့် ကိုယ် လုပ်ပေးမယ့် သူမရှိရင် ကိုယ့်  ငယ်ထိပ်လေးကို ကိုယ်တိုင် မကြာခဏ အသာအယာလေး တစ်ချက်ရရ နှစ်ချက်ရရ ရိုက်ပုပ်ပေးနေလို့ ရသလို..
အဲ့ မတွန့် စေရ အရွက်ကလေး ရေစိမ် မျက်နှာသစ်ပေးတာ ကွကိုယ် ရေဖတ်တိုင်ပေးလိုက်တာမျိုးလဲ ရတယ်...
------
----------------
သဘောက ပညာတွေသဘောဆိုတာ  မသေခင် သုံးသွားမှ အချိန်တွေပေး ငွေတွေ အကုန်ခံ ပြီး  ပညာလိုက်စားရကျိုးနပ်တယ် ပေါ့ ...အနဲဆုံးတော့  သူများကို အကြံပေးနိုင်ရင် မဆိုးဘူးပေါ့ လေ...
ပစ္စည်း အ၀င်အထွက်နဲ့ အကျိုးဆက်အတိမ်အနက်
ပစ္စည်း အ၀င်အထွက်နဲ့ အကျိုးဆက်အတိမ်အနက်
----------------------------------------------
ပစ္စည်းတစ်ခု ၀ယ်တာ ဒါမှမဟုတ် လက်ဆောင်ရတာ တွေကို ဗေဒင်နဲ့ ချိန်ဆကြည့် နေတာ အိုဗာ မဖြစ်ဖူးလားလို့   သူငယ်ချင်းတစ်ယောက်က တွေးမေးတယ် ဟုတ်တာပေါ့  ဒါတွေးစရာပေါ့ ကျနော် အရင်ကရေးပြဘူးတယ် နေရာတကာ ဗေဒင်နေရင် လူဟာ ဖရီးမဖြစ်တော့ သလိုပဲ ကြာတော့ လူဟာ ဗေဒင်ထောင်ကျနေသလိုပဲ ဖြစ်လာတယ် ဒါကြောင့်  ဗေဒင်လာတွက်ချိန်လောက်ပဲ ဗေဒင်ပြီး ကျန်အချိန်အတော်များများမှာ ဖရီးဒန်းနေတယ်လို့  ကျနော် စဗေဒင်ကာစက စိတ်အခြေအနေနဲ့ 
နောက်ပိုင်း ပြန်ချိန်းပစ်လိုက်တဲ့ ဘ၀နေနည်းစတိုင်ကို ရေးခဲ့ ဘူးတယ် ။
ဒီလိုနေတာဟာ အရာရာဖရီးဒန်းတော့ မဟုတ်ပေဘူး ကျနော်တို့ ချိန်ဆတာက ကိုယ့် ဘ၀ကြီးတစ်ခုလုံးကို ထိခိုက်နိုင်လောက်တဲ့  အနေအထားတွေဆို ဖရီးမလွှတ်ထားပဲ ပေါ့ ပေါ့ ပါးပါးသဘောတွေမှာသာ ဖရီးဒန်းနေတာမျိုးပါ ဆိုပါတော့  အင်္ဂါသက်ရောက်မှာ ကားဝယ်တာနဲ့  အိမ်မှာမွေးဖို့  ငါးဝယ်တာဟာ အင်္ဂါသက်ရောက်က တနင်္လာနံ ခိုက် ပစ္စည်းဝယ်တာချည်းပါပဲ အတူတူပါပဲ  ဒါမေယ့်  သက်ရောက်မှု့ မတူတာက ကား က အဆင်မသင့် ရင် ဘ၀အတွက် အမှု့ တွဲကြီးနိုင်ပြီး ငါးက ရေမူးပြီး  မြန်မြန်သေတတ်တယ်ယုံလောက်ပဲပေါ့  ..နံချင်းတူပေမယ့်  အဖြစ်အပျက်ဆိုးတွေ ကြုံလာရင် အဲ့ ဒီလိုကွာသွားတတ်တယ်....
အခါတိုင် သဘော အမေး 
အခါတိုင် သဘော အမေး 
===============
နောက်ထပ် မေးချင်တာ ရှိလို့ ခွင့်ပြုပါ 
ဟိုနေ့က ကျွန်တော်မှာထားတဲ့ စက်ပစ္စည်း  ရလာတယ်၊ လက်ကိုင်ဖုန်းပါ (Samsung Galaxy Note 4)။ ရတဲ့ အချိန်က သောကြာချိန် ဖြစ်နေတယ်။
စက်ပစ္စည်းလို့ မြင်မြင်၊ samsung ဆိုတဲ့ brand ကို ကြည့်ကြည့် နဝင်း ပေါ်နေတယ်။ 
ဒါပေမယ့် လာပို့သူကလဲ ကြာသာပတေး အမည်၊ ကျွန်တော်ကိုယ်တိုင်လဲ ကြာသာပတေးသား။ အခါတိုင်ရဲ့ အခိုက်ကို ရောက်နေတယ်။ 
ဒီတော့ ကျွန်တော့အတွက် ကြာသာပတေးနာမ် အခက်အခဲ တွေ့တော့မယ်လို့ ပြောနိုင်ပြီလား ဆရာ။ အခိုက်နဲ့ နဝင်း ဆက်စပ်ပုံကို 
အခုထိ မျက်စိ လည်ကောင်းတုန်း ရှိသေးတယ်။ 
==============================================
မေးတာ တိုတိုလေး ပညာသဘောဖြစ်နေတော့   ဖြေလိုက်ရတာ....ငိငိ ခ်
----------------------
ဒီအမေးမှာ ကောက်သူကိုယ်က အင်္ဂါနံ န၀င်းပစ္စည်းလို့ ကောက်လိုက်တဲ့ အတွက် န၀င်းပစ္စည်းမှန်ရင် လက်ခဲရရှိတဲ့  အဲ့ သောကြာတိုင်က  ၇ နေ့ သားသမီး ကို ဘာပြဿနာမှ သယ်ဆောင်လာစရာ အကြောင်းမရှိဘူးဘုရား ပစ္စည်းဝင်တဲ့  အခါလေးက ကောင်းသားပဲလောက်ပါပဲ
-
(လရောင်ရွာတဲ့ ရွာ) အက်ဆေးထဲမှ နှစ်သက်မိရာရာတွေ
ကဗျာဆရာ နိုင်မွန်အောင်သွင် ဒီလိုဖွဲ့ ပါတယ်.
''အိမ်တံခါးဝဆိုတာ
ဘယ်တော့ မှ မအေးစက်ဖူး  မိတ်ဆွေ
မိသားစုလောက် ဘယ်ကောင်းကင်မှ ကြယ်မစုံဘူး ''..တဲ့  .။
(လရောင်ရွာတဲ့ ရွာ)
------------------------
''အပူနာ မဟူရာညမှာ
သူရာကို ပူဇာစမိတော့ 
ဟာသလေး တရွှင်ရွှင်
အာလယဆေး တငင်ငင်
ဟေ့ .မာနသွေးချင်းယှဉ်ရင်
မြင်မြင်ရာ အကုန်သောက်
မှတ်ပုံတင်ပျောက် ဘော်လ်ပင်ပျောက်
ိပိုက်ဆံပျောက် မျက်မှန်ပျောက်
ခေါက်ထီးပျောက် မီးခြစ်ပျောက်
ဟိုဆိုင်ရောက် ဒီဆိုင်ဝင်နဲ့ 
ရန်မမြင် ဂန္တ၀င် ၀က်အူရစ်တို့ 
ဘက်တူချစ်ဆွေ.'' .။
( ငွေလမင်းကို နမ်းတဲ့ ည)
(လရောင်ရွာတဲ့ ရွာ)
-------------------------------
'' လိမ်လည်လှည့် ဖြားခြင်သည် မကောင်းမှု့ ဖြစ်သည်။ မရိုးမဖြောင့် ပြုခြင်းသည် မကောင်းမှု့ ဖြစ်သည်၊ အနိုင်အထက်ပြုခြင်းသည် မကောင်းမှု့ ဖြစ်သည်။ နှိပ်စက်ကလူပြုခြင်းသည်မကောင်းမှု့ ဖြစ်သည်။ ကိုယ့် ထမင်းတစ်လုပ်အလို့ ငှာ အခြားသူတို၏ ထမင်းလုပ်ကိုပုတ်ချခြင်းသည် မကောင်းမှု့ ဖြစ်သည်။  ကိုယ့် အကျိုးစီးပွား အလို့ ငှာ အခြားသူတို၏ အကျိုးစီးပွားကို ပျက်စီးစေခြင်းသည်မကောင်းမှု့ ဖြစ်သည်၊  မကောင်းမှု့ ကို  မကောင်းမှု့  ဟူ၍ '' သိ ''နိုင်ဖို့ ရာ ပီအိပ်ခ်ျဒီရဖို့ မလိုဘူးဟု ထင်သည်။ အကြားအမြင်နည်းသည့် တိုင် မကောင်းမှု့ ကို မကောင်းမှု့ ဟူ၍ ''သိ'' နိုင်ဖို့ ရာ အခါခပ်သိမ်းထွေပြားဖွယ် မရှိဟုထင်ပါသည်။ ဟီရိ..ရှက်စွ ၊ လန့်  သြတ္တ ဟု ဆိုသည် ။  
မကြောက်မလန့် ၍  သို့ မဟုတ် မကြောက်သာ မလန့် သာ၍ မကောင်းမှု့ ကို သိသိကြီးနှင့် ပြုခဲ့ ပါလျင် ပြုသူက သိမ်ငယ်နေသင့် သည်၊ စိုးရွံ့ နေသင့် သည်။  အခြားသူတစ်ပါးက ကဲ့ ရဲ့ ရှုံ့ ချနေမလားဟု စိုးရွံ့ နေသင့် သည်။ အခြားသူတစ်ပါးတို့ ကလည်း  မကောင်းမှု့ ပြုခဲ့ သူကို ကဲ့ ရဲ့ ခြင်း ရှုံ့ ချခြင်း မပြုသည့် တိုင် လက်ခုပ် သြဘာပေးဖို့ မသင့် ဟု ထင်သည်။ ချီးမြှောက်အားပေးဖို့ မသင့် ဟုထင်သည်။ 
လောကကိုစောင့် ရှောက်သောတရား ''ဟီရိသြတ္တပ္ပ'' ကို လောကပါလတရား နှစ်ပါးအဖြစ်လက်ခံခဲ့ ကြသည်။  မကောင်းမှု့ ပြုလာခဲ့ သူဆိုတာ သိလျက်နှင့်   ''' တစ်ချက်တည်းကျင်းဝင် '''လာသူကို ဂုဏ်ပြုနေသလိုမျိုး ဂုဏ်ပြုနေပါလျင်  ရှက်စရာလည်း  ရှက်စရာမဟုတ်တော့  ကြောက်စရာလည်း ကြောက်စရာမဟုတ်တော့    ကမ္ဘာလောကသည်လည်း......''
(လရောင်ရွာတဲ့ ရွာ)
-------------------
''ရှု့ မျှော်ခင်းတစ်ခုကို အတူကြည့် မိခြင်းဖြစ်ပါလျက် မတူညီ ကွဲပြားသောအမြင် သို့ မဟုတ် မတူညီ ကွဲပြားသော ခံစားမှု့ တို့  ဖြစ်ထွန်းရသည်မှာ  တစ်စုံတစ်ရာသော ခြားနားချက် များ ရှိလို့ သာ ဖြစ်တန်ရာသည်။ ''
( လရောင်ရွာတဲ့ ရွာ..)
------------------------------------------
''ဥာဏ်ပညာရှိသူတို့ သည် သေခြင်းတရားကို ရှာ၏ ထို့ ကြောင့်  ၄င်းတို့ သည် သေခြင်းတရားကို ကြောက်ရွ့ံ ထိတ်လန့် ခြင်းမဖြစ်ကြကုန် 
( ဆော့ ခရတ္တိ)
ကျွန်တော်စဉ်းစားကြည့် မိသည် သေခြင်းတရားဆိုသည်မှာ ကြောက်ရွ့ံ ထိတ်လန့် စရာကောင်းတာလည်း အမှန်ပဲဖြစ်သည်။ မသေမီ၌ သေခြင်းတရားကို ရှာဖို့ ဆိုသည်ကလည်း  ပြောသလောက်မလွယ်လှ ၊ ကဗျာဆရာမ ကြည်အေးကတော့ ..
''မြိုက်လောင်ပူနွေး မီးငွေ့ ပေးမှ အသက်ရရှိ
 ကျွန်မချစ်မြဲ သံသာဝဲမှ 
ခွဲထွက်ချင်ဘူး တပ်မက်ဦးမည် ။''  ဟု ဆိုခဲ့ သည် ။
သေခြင်းကို သေအောင်သတ်နိုင်မည့်  သစ္စာတရားကို ရှာဖွေမတွေ့ မီအကြား  ဘ၀သေရည်ရစ်မူး၍ မူးတူးမင်တင် ပျော်ပိုက်နေဆဲ ဖြစ်သော ကျွန်တော်တို့ အား  သေခြင်းသည် ဘယ်နှစ်ကြိမ် ဘယ်နှခါ ကြောက်ရွံ့ ထိတ်လန့် အောင် ပြုနေဦးမည်မသိနိုင်ပြီ ။
( လရောင်ရွာတဲ့ ရွာ..)
မနက်ဖြန်စိတ်ကူး
မနက်ဖြန်စိတ်ကူး
--------------
လက်ဘက်အသားတွေချည်း တစ်ထုပ်ဝယ်လိုက်မယ်
ပြီးရင် ရေစိမ်ထားလိုက်မယ်
ခါးလွန်းတဲ့ ဓါတ်တွေ ကုန်သလောက်ရှိသွားရင်  အဲ့ လက်ဘက်သးတွေကို
ရေစစ်ပြီး လက်နဲ ဆုပ်ခါ ဆုပ်ခါနဲ့  ရေညှစ်လိုက်မယ်
ပြီးရင်  အဲ့ လဘက်သားတွေအပေါ်
ဆီစိမ်းဆန်းမယ်
ပြီးရင် ဆား ပါလေယုံ ထည့် လိုက်မယ်
ပြီးရင် သံပုရာသီးညှစ်ဖြန်းလိုက်မယ်
ပြီးရင် မိုးမျှော်ငရုပ်သီးစိမ်းတောင့် လေးတွေ ကပ်ကျေးနဲ့  ညှပ်ထည့် လိုက်မယ်
ပြီးရင် နွှာပြီးသား ကြက်သွန်ဖြူလေးတွေ ပါးပါးလေး လှီးစိတ်ပြီးထည့် လိုက်မယ်
ပြီးရင် အနှံ့  နယ်လိုက်မယ်
ပြီးရင်မြည်းကြည့် လိုက်မယ်
OK .....
အပြင်းပြေ အိပ်ချဉ်ပြေ အွန်လိုင်းပတ်တုန်း ပါးစပ်ထဲ မြုံ့ လို့ ရတဲ့ 
ချဉ်ငံစပ် လက်ဘက်သားလေး ဖြစ်သွားပြီ...
အို့ အို.....
ပုစွန်ခြောက်လေးတွေနဲ့ တွဲမြုံ့ မှ  ပို  ဂွတ်သလိုလို ....ငိငိ  
ဖိုက်တင်ပဲ.
ဖိုက်တင်ပဲ.
မွေးလာပြီးကိုယ်ဟာကိုယ်လို့ 
အသေအခြာသိသိလာကတည်းက
ဘ၀ဟာ ဖိုက်တင်ပဲ...
မူလတန်းကစပြီး ကျောင်းနေသက် တစ်လျှောက်လုံး
ကျောင်းပြီးအထိ စာမေးပွဲအတွက် ဖိုက်တင်..
ကျောင်းလူ အရေခွံကွာသွားလို့  အရပ်လူဖြစ်သွားတော့လည်း
အနဲဆုံး လူတန်းစေ့ ဖို့ က ဖိုက်တင်
အဲ့ ဖိုက်တင်ချက် မှ ဆိုးချက်က
အထက်တက်ဖို့  တည်မြဲနေဖို့  ပြုတ်မကျဖို့ တွေနဲ့ 
နားချိန်မဲ့ ဖိုက်တင်.....
ကြားထဲမှ ထုံ့ ပိုင်း ထုံ့ ပိုင်း ကြုံရသေတာက
ရောဂါဘယတွေနဲ့  ဖိုက်တင် ..
ရုတ်တရက်မှု့ သေလုလု အခြေအနေတွေနဲ့ ဖိုက်တင်..
သေခါနီးတောင်
သေခြင်းကောင်းဖို့ ကလဲ
ဖိုက်တင်ပဲတဲ့ ....
ဒါတောင်
ဟိုအရေးဒီအရေး
အချစ်ရေးစစ်ရေး  အစာအိမ်အရေး
ဘာအရေးညာအရေး ဖိုက်တင်တွေ အကြောင်း
ထည့် မတွက် ရသေးဘူး...။
ကြုံလေ ဘုံဗွေ.........
 ကြုံလေ ဘုံဗွေ
---------------
စတိတ်တုန်းက အတန်းပိုင်ဆရာမက ကျောင်းသားဟောင်းတွေကနေတစ်ဆင့်  ဖုံးကွန်တက်ရပြီး ချိတ်ဆက်မိသွားတာအတော်ကြာပြီ ဆရာမက အသက်၈၀တန်းတောင် ၀င်နေပြီ
ဖုံးလေးနဲ့ ဆက်ဆက်ပြီး ဗေဒင်ကြည့် တယ် ယတြာတောင်းတယ်..ဆရာမက အဲ့ လို့ ဆိုတော့  ကျနော့် မှာ ကိုယ်သိထားတဲ့ ပညာနဲ့  ပြန်ကျေးဇူးဆပ်ခွင့် ရနေသလိုဖြစ်နေလို့  ကုသိုလ်ကို တစ်ပုံကြီးရနေသလိုပါပဲဗျား...ဆရာမကနေ သူ့ စတိတ်က တပည့် ဟောင်း ကျောင်းပြေး ငပွေး ဆိုးပေလေး စုတ်ပြတ်မနေဘူးဆိုတာ သိရလို့ လဲ  ၀မ်းတွေသာ ဆုတွေပေးပေါ့ ..
ဆရာမက သူ့ တပည့် လေးဆိုကို နတ်လမ်းညွှန် ပေးလို့ ရောက်ရောက်လာတဲ့ ကိုယ့် ထက် သဘာပိုကျတဲ့ နောင်တော်ဟောင်း တပည့် ဟောင်းတွေလည်းမနဲဘူးဗျ ခိခိ..
အဲ ဒီနေ့ အဖြစ်ကတော့  အားလည်းနာတယ် ခင်လည်းခင်တယ်ပဲ. ဆရာမလုပ်ပုံက ကျနော့် အတွက်တဲ့  သူ့ တပည့် ဟောင်းတစ်ယောက်နဲ့  နှိုးစက်နာရီလေး တစ်လုံးလက်ဆောင် ပေးလိုက်သတဲ့  ဟီးးး.ဆရာမက တပည့် ကို လက်ဆောင်ပြန်ပေးတာ တွေးပြီး..ခ်ခ် ချင်မိရော..
အမေဟာ အမေပါပဲ အမေ.....
အမေဟာ အမေပါပဲ  အမေ...........
-------------
ကြောင်စာတွေ ခွက်လေးထဲချကျွေးတော့  ကြောင်မလေးက က အရင်လာစားတယ်
အရွယ်ရောက်လာတဲ့ ကြောင်ပေါက်လေးတွေက မအေ စားတာ လိုက်စားချင်တော့  ကြောင်စာခွက်လေးနား အကုန်ရောက်လာ ၀င်လုစားတော့ တယ်...
.မအေကြောင်မကြီးရယ်လေ..သူသိပ်ကြိုက်တဲ့  အစာကို သူ့ ရင်သွေး ကြောင်ပေါက်လေးတွေနဲ့ လုပြီး
ဆက်မစားတော့ ပဲ သူ့ ရင်သွေး ကြောင်ပေါက်လေးတွေ စားပါစေတော့ ရယ်လို့  သဘောနဲ့  ဘေးထွက်ပေးလိုက်ပြီး ရပ်ကြည့် ပေးနေတော့ တယ်  ''
ဆောင်းနှောင်းနွေရိပ်........
''ဆောင်းနှောင်းနွေရိပ်
တိတ်တဆိတ်ပွေ့ ဖက်
နှင်းခက်ဝေ့ ကျန်
တောင်သမန်ရေပြင် နွေခြည်ထွေးပိုက်
နမ်းရှိုက်လိုက်ပြီ
ဦးပိန်တံတား
နဂါးတစ်ကောင် မျက်တောင်လှုပ်ရွ
အိပ်ရာထပကော..။
=============
(၁၈ယူဇနာ...)(ဆရာနေ၀င်းမြင့် )
အရောင်းသမားတွေ
အရောင်းသမားတွေ
-----------
အစာအိမ်အတွက်
လိုရာဆန္ဒအတွက်...
ပညာတွေရောင်းတယ်
အတွေးအခေါ်တွေရောင်းတယ်
အတွေ့ အကြုံတွေရောင်းတယ်
ဗဟုသုတတွေရောင်းတယ်
အကြံဥာဏ်တွေရောင်းတယ်
ကာယလုပ်အားတွေ ရောင်းတယ်
ဥာဏလုပ်အားတွေ ရောင်းတယ်...
ကိုယ်ပိုင်အိုင်ဒီယာတွေ ရောင်းတယ်
ကော်ပီတွေ ရောင်းတယ်
စုတုပြုတွေရောင်းတယ်
ဝယ်ထားတာတွေ အမြတ်အစွန်းအတွက်ရောင်းနေကြတယ်
ထွင်ထားတာတွေ တစ်ခုခုအတွက် ရောင်းနေကြတယ်
သိက္ခာတွေပါချရောင်းတယ်
လူ့ လောကအတွက် ကောင်းမြတ်တဲ့ 
ကိုယ့် ကျင့် တွေကိုပါ ချရောင်းနေကြတယ်
အတိိတ်ကိုလည်း ရောင်းနေကြတယ်
ပစ္စုတ်ပန်ကိုလည်း ရောင်းနေကြတယ်
အနာဂတ်ကိုလည်း ရောင်းနေကြတယ်
တစ်ခုခုတော့  ရောင်းနေကြတယ်
ရောင်းနေကြတယ် ရောင်းနေကြတယ်.....
လို့ ဆိုပါတယ်.......။
ဗေဒင်တွက်ပုံစတိုင်
ဗေဒင်တွက်ပုံစတိုင်
------------
ဒီနေ့  တနင်္လာနေ့  မနက် ၁၁ နာရီလောက် ဘောမဆိုတဲ့ အင်္ဂါတိုင်မှာ အမျိုးသမီး ၁ ယောက် သူ့ ယောက်ျားအတွက်ဆိုပြီး ဗေဒင်ဝင်ကြည့် လာတယ် ၁၂ ၁၃လောက်ရှိမယ့်  ခလေးတစ်ယောက်နဲ့ ပါ ...
သူ့ အမျိုးသား မွေးသက္ကရာဇ်က ၁၁ လပိုင်း ၇၃ မွေး တနင်္လာပါ
( အဲ့ လို ပြောလိုက်တာနဲ့  ဘောမတိုင်မှာ တနင်္လာသားဟာ ခိုက် နေရာရောက်နေပြီ သက်ရောက်က အသက် ၄၃ မို့ အညံ့  လစိတ်က စနေလစိတ်မှာ ဒီတော့  အဲ့ တနင်္လာသား ပြာနှမ်းနေပြီဆိုတာ မှန်းလို့ ရနေပြီ အညံ့ တွေအကြောင်း နင်းပြောရင် မှန်လောက်ပြီ) သဘောက သက်ရောက်အညံ့ ဟာ ဘယ်လောက်တောင်ညံ့ နေပြီလဲ မညံ့ သေးဘူးလား ညံ့ တော့ မှာလား ဆိုတဲ့ သဘောကို ဗေဒင်လာတွက်တဲ့  အခါတိုင်က ပြနေတယ်သဘော)
ဂြိုလ်လေးသက်ရောက်လေးက ကောင်းနေသားပဲလို့ ဆိုပေမယ့် 
------------
ဒါကိုပြတာက လူတစ်ယောက်ဟာ ဘုမ္မိကြီးမှ ဘုမ္မိလေးမှ အသက်ဘယ်လောက်ရောက်မှ ဘယ်ကိန်းကျမှ အမှားပြုမိရင် ဘ၀ပျက်နိုင်တယ် ကိန်းတွေ ဘုမ္မိကြီးတွေ ဘာညာမတိုက်ဆိုင်သေးရင် ဂြိုလ်ကောင်းနေရင် သက်ရောက်ကောင်းနေရင် ဘ၀မပျက်နိုင်ဘူး လို့ ပုံသေမမှတတ်နဲ့  ဂြိုလ်ကောင်းလဲ လစိတ် မကောင်းချိန်မှာ ရမ်းကားရင် တစ်သက်စာ ကားသွားနိုင်တယ် ဆိုတာကို ချင်တာပါ
ဒီပုံက ၂ လပိုင်း မွေး တဲ့  ဘယ်မဟာဘုတ်နဲ့  မွေးတဲ့  ဘယ်အသက်ပိုင်းရောရောက် ကျားမ မရွေး ကမ္ဘာပေါ်က ရှိသမျှ သောကြာသားသမီး အကုန်အတွက် ပြတဲ့  တစ်နှစ်တာ ဂြိုလ်ပတ်လမ်းပါ..
လစိတ်တွက်နည်း....
လစိတ်တွက်နည်း
--------------
လပိုင်း ဗေဒင် နမူနာ..
----------
အခု ပုံဆွဲပြထားတာက မွေးစကနေ သေတဲ့ အထိ တနင်္ဂနွေသားသမီးတိုင်း အတွက် ဘယ်အသက်ရောက်ရောက် ကြုံနေတတ်တဲ့  တစ်နှစ်တာအတွင်း အကောင်း အညံ့ သဘော
လပိုင်း ယေဘူယျ လောကဓံ သဘောတွေပါ ...အညံ့ သဘော အပြင်းအထန်အရမ်း ကြုံမှာလား...စတိလောက်လား၊ အကောင်းအများကြီးကြုံမှာလား နဲနဲပဲလား ဆိုတာ..တစ်ခြား အချက်အလက်တွေ နဲ့  ဘယ်အသက်ပိုင်းမှာလည်း ဆိုတာ တွက်ချိန်ပါတယ်....
ဆိုပါတော့ ...တစ်နှစ်တာ ဖြတ်သန်းမှု့ ကို လပိုင်းတွေ ခွဲလိုက်ရင် ၁၂ လ ရပါမယ်...။
ဘယ်နေ့သားဖြစ်ဖြစ် ဂြိုလ်အရ လစိတ်တွေကို ပိုင်းရင် သူ့ မွေးလကနေသာ စပိုင်းလိုက်ပါတယ်....
Sunday, May 29, 2016
ပရိပ်သတ်
ပရိပ်သတ်
----------------
ဗေဒင်မေး ယတြာခြေ လာတဲ့  သူတွေမှာ စတိုင် ၂ မျိုးနဲ့  ပရိတ်သတ်ချိန်းသွားလေ့ ရှိတယ်.......တစ်မျိုးက ဟောသူကိုယ် ကိုယ်တိုင်ရဲ့  သက်ရောက် အကောင်းအညံ့  သဘောအလိုက် ပရိပ်သတ်ချိန်းသွားတာမျိုး ဟောသူ ကိုယ်တိုင် သက်ရောက်အကောင်းမှာ အလာစိတ်နေတဲ့  အမေးခံတွေဟာ ဟောသူ ကိုယ်တိုင် သက်ရောက်အညံ့  စဖြတ်ပြီဆို လာနေကျတွေဟာ တစ်ဖြည်းဖြည်းနဲ့  ပျောက်သွားလိုက်တာ သက်ရောက်အညံ့  ၃ နှစ် လုံးလုံးပျောက်သွားတတ်တယ် အဲ့ အချိန်မှာ အမေးခံ ပရိသတ် အသစ်တွေ ရောက်လာပြန်တယ်...အဲ့  မေးသူ ပရိပ်သတ် အသစ် တွေဟာ ဟောသူ ကိုယ့်  သက်ရောက်အညံ့ တွေမှာ တစ်ချိန်လုံး အဆုံ စိတ်နေပြီးမှ ဟောသူ ကိုယ့် သက်ရောက် အညံ့ ကုန်လို့  အကောင်းသက်ရောက်ဖက် ၀င်တဲ့ အချိန်မှာ အညံ့ တုန်းက ပရိပ်သတ်တွေဟာ တစ်စတစ်စ ပျောက်သွားကုန်ပြန်ရော..
.အဲ့ အကောင်းပြန်ဝင်ချိန်မှာ ပရိပ်သတ်သစ်တွေတင်မကဘူး အဟောင်းတွေပါပြန်ပေါ်လာတတ်လေ့ ရှိတယ်... နောက်တစ်မျိုးကတော့  ပရပ်သတ်ကိုယ်တိုင်ရဲ့  သက်ရောက် အကောင်း အညံ့  အတိုင်း ၀င်စို့  ထွက်စို့  တွေကြုံရတာမျိုး...သက်ရောက် အကောင်း လေးငါးနှစ် အလာစိတ် အဆုံစိတ်ခဲ့ တဲ့ ပရိပ်သတ်တွေဟာ သူတို့  သက်ရောက်အဆိုးဝင်ခါနီးရင် ပျောက်သွားလေ့ ရှိတာ သက်ရောက်ဆိုး သုံးလေးနှစ်လောက်ကြာတတ်လေ့ ရှိပြီး သက်ရောက်ဆိုး စ၀င်ခါနီး ပရိပ်သတ်သစ်တွေကလဲ သူတို့  သက်ရောက်ဆိုး သုံးလေးနှစ်လောက် ဟောသူ ကိုယ့် ဆီမှာ မြဲနေတတ်ပြန်တယ်...အဲ့ သက်ရောက်ဆိုးတွေ ကုန်လို့  သက်ရောက်ကောင်းတွေ ဘက် ကူးသွားတဲ့ အခါ အဲ့ ကစပြီး လေးငါျးနှစ်လောက် ကိုယ့် ဆီက ခွာသွားကြပြန်ရော
ဟောသက် (၀ါ) ယတြာလုပ်ပေးသက်ကြာလာလေလေ ဒီသဘာဝတွေကို သိလာလေလေ ဆိုတော့  ဟောသူဟာ ဘယ်သူ့ ကိုပေါ်မှာ သံယောဇဉ်တွေ နွယ်မိတာမျိုးတွေ သိပ်မဖြစ်တတ်တော့ ဘူး လာလိုလာ သွားလိုသွား သဘောပါ ဖြစ်လာတယ်
( ဘာကြောင့် လဲဆိုတော့  ဟောသူဟာ ဘယ်သက်ရောက်ရောက်ပစေ ဗေဒင်မေးသူ ပြတ်သွားတ်ဆိုတာ မရှိတော့  အမြဲတမ်း ထမင်းအိုးကိစ္စက စိုပြေနေတာကိုး... )
ဘ၀ ရေစက်ကြီးပုံရတဲ့  မေးသူ တစ်ချို့ ကတော့  သူတို့  သက်ရောက်တွေ ဟောသူရဲ့  သက်ရောက်တွေ ဘယ်လို ဖြစ်နေစေစေ ဆယ်စုနှစ်တွေနဲ့ ချီပြီး အ၀င်အထွက် ကစားကွက်ယတြာ တိုင်ပင်ဖေါ် တိုင်ပင်ဖက်တွေအဖြစ် လက်တွဲ မပြုတ်တတ်ကြဘူး ဒါမျိုးက ဗေဒင်ယတြာဟာ ဆုံဆည်းကြဖို့  ကြားခံ သဘော သာ ဖြစ်ပြီး ဗေဒင် ယတြာကိစ္စထက် လွန်တဲ့  လူမှု့  သဘောဆန်တဲ့  သံသရာက ကံ ရေစက်သဘော ဖက်ဆန်သွားပြီ.. အဲ့ လို ဆယ်စုနှစ်တွေနဲ့ ချီပြီး ဆုံတွေ့ မြဲခဲ့ သူဆိုတာ လက်ချိုးရေလို့ ရတယ်။
ချုပ်လိုက်တော့  သက်တမ်းရှည် ဗေဒင် ဟောသူမှာ ပရိသတ် ၂ မျိုး အခြေခံ ရှိလာတဲ့ သဘော ပေါ်လိုက် ပျောက်လိုက်နဲ့  သက်တမ်းတို ပရိပ်သတ်ပုံစံနဲ့  သက်တမ်းရှည် မေးသူပရိပ်သတ် ပုံစံ သဘော
Saturday, May 28, 2016
ငြိမ်းချမ်းလွင်ပြင်...
ငြိမ်းချမ်းလွင်ပြင်...
-----
ဘ၀ အချိန် ပိုက်ဆံ နဲ့  အရွယ် သဘောက ရှည်လျားပေများတဲ့  ၀တ္ထုရှည်ကြီးတွေကို ဖတ်ဖြစ်ဖို့ တဲ့  စိတ်အတက်အကျများစွာ အတွေးအမြင်များစွာ  ခံစားမှု့  အနုအကြမ်း စာနာတရား ကရုဏာတရားတွေများစွာ အကြောင်းတစ်ခုကနေ စိတ်ကိုဆန့် ထုတ် အတွေးနယ်ချဲ့ စရာတွေများစွာ ပါနေတတ်တဲ့  စာသိပ်မရှည်လှတဲ့  ရသစာပေအမျိုးအစားဝင် အက်ဆေးတွေ ရသ၀တ္ထုတွေလေးတွေဖက်အာရုံပိုလာသွားခဲ့ တာ လေးငါးနှစ်ရှိခဲ့ ပြီပေါ့ လေ...။
 တစ်ချို့  စာတွေဆို ကိုယ်တိုင် တကူးတက ထရှာစရာမလိုပဲ ဗဟုသုတရလိုက်တာ
ရှေးစာကောင်းတွေကို မိတ်ဆက်သဘောဖတ်ခွင့်  သိခွင့် ရလိုက်တာမျိုးတွေလည်းပါတတ်တယ်
.ကိုယ် မမီလိုက်တဲ့  အတိတ်ဟောင်း ကိုယ်ဖြတ်သန်းခဲ့ တဲ့  အတိတ်ဟောင်း ကိုယ်ဖြတ်သန်းနေဆဲ ခေတ်ပြိုင် လူမှု့ ဘ၀တွေကိုလည်း အဲ့  အက်ဆေးတွေ ၀တ္ထုတိုလေးတွေထဲမှာ ပါလာတဲ့ အခါ နာစရာ ကြုံခဲ့ တဲ့ အဖြစ်အပျက် တစ်ချို့  တောင် လွမ်းစရာအဖြစ်...။
''တောင်သမန်ည
ပြန်လွမ်းရအောင် အချစ်ရယ်
ဒီမှာ
ဒဂုန်တာရာ
ကဗျာထဲက လရိပ်စိမ်းမြ
လှပပွင့် ဖူး ၊ စိတ်ကူးပုံသစ်
မူးယစ်ဝေကြမယ်။
ကောင်းကင်ပြင်ထက်
တစ်ခဲနက်လေ
စံပယ်ပွင့် တွေ ပက်ကြမယ်။
ဦးပိန်တံတား
ရှည်လျားလှပ
လေရိုင်းတွေ ပွေ့ ကြမယ်.။.......ဒီလို မန်းဌာနေက လွမ်းစရာ့ တောင်သမန်ညတွေအကြောင်း ညွှန်းဖွဲသီသစ်တဲ့  သိပ်လှပတဲ့  ကဗျာမျိုးတွေကို အရေးကောင်းတဲ့ ပတ္ထုတိုဆရာတစ်ယောက်ရဲ့  ရသစာပေထဲက ကျနော်တို့ မျှဝေခံစားခွင့် ရခဲ့ တာမျိုးပေါ့  ။
''သေခြာတာက လူတိုင်းသူရဲကောင်း မဖြစ်နိုင်ကြခြင်းပဲဖြစ်ပါသည် ''
''ကျမ သိပ်ကြောက်တာကို မသိဘဲ၊ သတ္တိရှိပါတယ်လို့  ဦးက ယုံယုံကြည်ကြည်ပြောလိုက်တာကိုး ၊
 ခုတော့  သတ္တိရှိကြောင်း ဟန်ကိုယ့် ဖို့ လုပ်နေရပြီလေ .တဲ့  ''
''ငါဘာကြောက်ရမလဲ
ငါဘာကြောက်ရမလဲ
မကြောက်နဲ့ ၊ မကြောက်နဲ့ .တို့ 
အားတင်းရင်းက နားရင်း နားထင်မှာ
ဆံပင်တွေ ထောင်ထောင်လာတယ်..''....ဆိုတဲ့  ကဗျာမျိုး စာမျိုးတွေ ပါတတ်တဲ့  အက်ဆေးမျိုးတွေကို ဖတ်လိုက်ရတိုင်း ဘ၀အမောတွေနဲ့  ပြည့် နှက်နေတဲ့ သောကတောထဲကနေ စိတ်ကူးလေးတွေနဲ့  လွင့် မျောနေတဲ့  ကိုယ်ပိုင် အာရုံထည် ဘ၀လေးရဲ့  လွတ်မြောက်နယ်မြေ  ငြိမ်းချမ်းလွင်ပြင်ကြီးထဲ တဒင်္ဂ ရောက်သွားသလိုလိုပါပဲ။
ပန်းရိုင်းကပွဲ
ပန်းရိုင်းကပွဲ
--------
ဟိုအခန်း ဒီအခန်းက
သဲ့ သဲ့ လေး ကြားနေရတဲ့ စက်သံတစ်ချို့ ကလွဲရင်
နက်လှတဲ့  ညဟာ
လမ်းပျောက်နေတဲ့ တွေးခေါ်မှု့ တွေလိုပါပဲ
မှုံဝါးဝါးနိုင်လွန်းရဲ့ ..။
တစ်ခါတစ်ရံ
လမ်းမက ထသတ်ကြတဲ့ 
ကြောင်တိုက်ပွဲသံတွေကြားလိုက်တဲ့ အခါ
အလန့် တကြား သတိရလိုက်တာက
လွမ်းရစ်အောင်ထားခဲ့ ဖို့ 
လမ်းမခွဲခင် ..
မျှော်လင့် ခြင်းတွေ ပျိုးကျဲ
နှင်းသက်လေညှင်းစကားလေးတွေနဲ့ 
ချစ်ခြင်းတရားကို ထွေခင်းကစားပြခဲ့ တဲ့ 
မာယာချို ကဝေပျိုကိုပေါ့ ...။
ချစ်ခြင်းတရားဆိုတာ
စစ်ခင်းကစားရာ နယ်မြေတစ်ခုရယ်လေလား..
တွေးကြောက်နေဆဲ
ရက်စက်ခြင်းတရားမှာ
နင်နိုင်ပါတယ် မာယာနွယ်...။
ချစ်တတ်သူတွေဆိုတာ
ဝဋ်ဇာတ်က ကြီးကြတာရယ်များလား ..
အရိုင်းညတွေထဲ
လှိုင်းထသလို
ယိမ်းနွဲ့ အလွမ်းတွေက
ပန်းရိုင်းတို့ ကပွဲလို
ရင်ထဲမှာ ..။
ဘ၀က တိုလေ၏
ငိုခြင်းကား ရှည်လွန်းလှသည် လို့ 
ဆိုကြလေသည်.။
Tuesday, May 24, 2016
သေချိန်မရောက်သေးလို့ သာ..
သေချိန်မရောက်သေးလို့ သာ..
--
ဘ၀တစ်လျှောက် မတော်တဆမှု့ နဲ့ သေပေါက်တွေ ပုံမှန် ကြုံသင့် တာထက် အများကြီး ကြုံခဲ့ ဘူးတဲ့ အထဲ သူများ ဆူပါကပ် အနင်းကောင်းလို့  သေမလို ဖြစ်ခဲ့ ဖူးတာလဲ ပါတယ်..အဲ့ တုန်းက ဘဲခေါင်းစိမ်း ဆူပါကပ်တွေ ခေတ်စားစပေါ့ လေ..ကျနော်တို့ က မ၀ယ်နိုင်ပါဘူး.. အိမ်နားနေတဲ့  အမျိုး အစ်ကို က ဘောစိဖြစ်နေပြီ သူက ၀ယ်စီးတာ ကျနော်ကသူငယ်ချင်းတွေနဲ့  ၀မ်းတူးဖိုက် ဆိုင်ကယ်တွေ တရုပ်တန်း စဉ့် အိုးတန်းထိပ် ကားစတင်းကနေ ည ည နာရီနဲ့ ငှားပြီး အမောင်းသင် ကညော့ နေတာ အဲ့ တော့  အမျိုး ဆူပါကပ်ကို လွယ်ပါတယ်ဆိုပြီး တက်ခွဖို့  အာရုံကလာနေတာ....
ဒါနဲ့  မိုးတွင်းတစ်နေ့  ညနေပိုင်း အမျိုး ဆူပါကပ်ကို  စီးကြည့် ချင်လို့ ငှားပါ ကိုကြီးရယ် ဘာညာဆိုတော့  ရရော...အဲ့ မှာ ပျော်ပျော်ပါးပါးကြီး အုပ်မြစ်ချကြတာပေါ့  အဲ..မွှားလို့  ပျော်ပြီး မြို့ နယ်တွေပတ်တော့ တာပါပဲ..
စစီးနေတုန်းက မိုးမရွာဘူး နောက်တော့  မိုးဖွဲဖွဲတွေ ရွာလာရော ဒါနဲ့  အိမ်ပြန်မယ်ဆိုပြီး ကမ်းနားလမ်း အတိုင်း အလယ်မျဉ်းဖြူနား ကပ်နင်းလာရင်း မိုးက ပိုရွာလာရော အဲ့ တော့ 
လီဘာတင်ပြီး ဗျင်းတော့  ကိုယ့် လမ်းထိပ်မရောက်ခင်  ၀ါးတန်းလမ်းကျော်တော့  ရှေ့ မှာ ဗိုက်ပူဘတ်စ်ကားကြီးက လမ်းလယ်ကနေ ဖြည်းဖြည်းလေး ပိတ်မောင်းနေတာ ဘွားကနဲ
ကြုံလိုက်ရရော...ဆိုင်ကယ်စပိက မြန်နေတာကို လျှော ချ ဘရိပ်နင်းလိုက်ပေမယ့်  မိုးရေတွေနဲ့  လျှောကနဲ စလစ်ဖြစ်ပြီး  ဗိုက်ပူကား ရဲ့  နောက်ပိုင်းထဲ ၀င်လုလု ဖြစ်သွားရော
ထိတ်ကနဲပြာကနဲပဲ ငါတော့ သေပြီပဲ ထင်လိုက်သေးတယ်..ကံကောင်းချင်တော့  ဗိုက်ပူကားရဲ့ နောက် လူရပ်တဲ့ ခြေနင်းပြားနဲ့  လွတ်ပြီး ဗိုက်ပူကားဘေးနား ကပ်သွားတဲ့ အချိန်မှာ ဘရိပ်က အချိန်မီ အရှိန်ကျသွားလို့  ဗိုက်ပူရဲ့  ဖင် ၀င်မအောင်းတော့ ပဲ တော်သေးဖြစ်သွားတယ်....ကိုယ့် လမ်းထိပ်ရောက်တော့ လမ်းထဲချိုးကွေ့ ပြီး ဆိုင်ကယ်ကို ပြန်အပ် ကိုယ့် အိမ်ကိုယ်ပြန်ခဲ့ ရတယ်...
အိမ်ထဲသာ မှင်သေသေနဲ့ ဝင်လာတာ မျက်နှာက သွေးဆုတ်လို့ ဖြူဖတ်ဖြူရော်တောင် ဖြစ်နေပြီ  ရင်တွေ တုံနေချက်က တော်တော်နဲ့  မပျောက်ဘူး  အဲ့ ဆူပါကပ်လဲ လက်ဖျားနဲ့ 
တောင် မတို့ ရဲတော့ ဘူးဖြစ်သွားရော...ဘယ်သူ့ မှလဲ ဖွင့် မပြောရဲပဲ ကွကိုယ်လန့် နေတာ အတော်ကြာတယ် ဆိုင်ကယ်က တကယ့် ကို ဘေး နီး လွန်း တယ်ပေါ့ လေ...:P   😁
ထူးခြားမေးခွန်း
ထူးခြားမေးခွန်း
--
ဒီနေ့ လဲ ဟိုနေ့ ကတျောက်ပဲ မွေးသက္ကရာဇ်တွေ တစ်ပုံကြီးနဲ့  အတော် အမျိုးပေါ်ပုံရတယ်ဗျ..ဟီး..အဲ့  ဒီနေ့ ထူးခြားမေးခွန်းတစ်ခုပါလာတယ် ကောင်မလေးတစ်ယောက်ကို တွက်ပေးပြီးတော့  အဲ့ကောင်မလေးရဲ့  အဖေ  အိမ်ကထွက်သွားလို့ တဲ့ အသက်ရှင်ရက် ရှိသေးလားမရှိတော့ဘူးလားတဲ့ ....ဒါနဲ့ ထွက်သွားတာဘယ်လောက်ကြာပြီလဲလို့ မေးလိုက်တော့  ၁၅ နှစ်လောက်ရှိပြီတဲ့ .
.ဒါနဲ့  နေ့ တိုင် ဟူး တိုင်နဲ့  မေးနေတဲ့  အခါတိုင် တနင်္ဂနွေတိုင် ၂ ခု ကောက်ရေးလိုက်ပြီး ဘာနေ့ သားလဲ ဆိုတော့  တနင်္ဂနွေသားတဲ့  ဒီတော့  နေ့ တိုင် ဆိုတဲ့  အတိတ်တိုင် ဟူးတိုင်မှာ တနင်္ဂနွေဟာ န၀င်းတိုင်ထိပ် အခုမေးနေတဲ့ ပစ္စုတ်ပန်တိုင် တနင်္ဂနွေတိုင် မှာ မူလအလယ်အခြာမှာ
ဒီတော့ လောကထဲ ရှိသေးတယ်လို့ ဖြေလိုက်ရတယ်
ဒါက ဒီလိုရှိတယ်လေ..
ဒါက ဒီလိုရှိတယ်လေ..
---------
မုံရွာသားဘဲလေးတစ်ပွေ အိမ်ထောင်ရေးကိစ္စ အတော် တော်ကီထုလွှတ်လိုက်ရတယ်  ရန်ကုန်အထိုင်လာနေကျက ခေါ်လာတာ အမျိုးတွေသဘော မုံရွာက သားအမိတွေ
ဘဲလေးက မှန်ချောင်လေး အူတူတူပုံလေး  အူသာအူတာ မိန်းမခိုးပြေးတာ ၁၇နှစ်သားမှာတဲ့  ၁၀တန်းဖြေအပြီးတဲ့  အခုတော့  အဲ့ မိန်းမနဲ့ မပေါင်းချင်တော့ ဘူး ကွာချင်လို့ ဆိုပဲ..
အဲ့ မှာ မအေက စကားတွေ ပွင့် ထွက်လာပုံက အဲ့ ကောင်မလေးက ဆိုးတယ် ဇာတ်လမ်းအစက သို့ ဆိုင်မှာ အလုပ်အကူ ကောင်မလေးတွေ ၈ ယောက်လောက်ရှိတယ် အဲ့ ထဲက ကောင်မလေးနဲ့ ကြိုက်ပြီး ခိုးပြေးခံလိုက်ရတာ  ( သားရှင်မအေြေ့ပာပုံက  သူ့ သားက ခိုးပြေးခံလိုက်ရတာတဲ့ ဗျ.... ( ခွီခွိခွီ  ကျိတ်ရယ်မိတဲ့ အသံ..ငိငိ) ။ အခုကျမတို့ ပဲအိမ်ငှားပေးထား စားရိပ်ထောက်ပေးထား အစစပါ သူတို့ ကို ပစ်မထားပါဘူးဆြာ ကောင်မလေးက တော်ကြာဟိုဟာလိုချင် တော်ကြာဒီဟာလိုချင်  စီးပွားခွဲခိုင်း နဲ့ တပူပူသားကိုလုပ် သားက စိတ်ညစ်ပြီး ဟိုကပြောသမျှ ကျမတို့ ကို လာပြောနေတာ...ဘယ်လိုပြောရမလဲ အင်း...လိုချင်မျက်စိ ရှိလွန်းတယ်ဆြာ....ဘာညာ ဘာညာ..
--
လောလောဆယ်တော့  ကွဲကိန်းမရှိသေးဘူးဗျ ကွဲအောင်လဲ လုပ်မပေးတတ်ဘူး ကျနော်တို့ က ပေါင်းခန်းတွေသာ လုပ်လုပ်ကြည့် တာ.ဟီးဟီး...တစ်ခုတော့  ရှိတယ် ကြာသာပတေးဆိုတာ  အသက် ၂၂ ၂၃ ၂၄ တွေက သိပ်မချောင်လှဘူး  အဲ့ လိုနှစ်တွေမှာ သမီးရီးစားတွေဆို ခဏခဏ ကွဲလိုက် စိလိုက်ဖြစ်နေတတ်တယ် အိမ်ထောင်သည်တွေဆို ကွဲလွယ်တယ် တနင်္ဂနွေတွေဆို  အသက်၂၇ ၂၈တွေမှာ အိမ်ထောင်သည်တွေဆို ကွဲလွယ်ပျက်လွယ်တယ်....အဲ့ တော့  သူနဲ့ ကိုယ်နဲ့  အဲ့ လို နှစ်တွေမှာ သွားဆုံရင် ကိုယ်က မကွဲချင်တောင် သူ့ ဖက်က ကွဲချင်တာမျိုးဖြစ်လာနိုင်တဲ့  ဆိုလိုတာကဗျာ  ကွဲကိန်းဆုံဖို့ က နောက် တစ်နှစ်လောက်ကြာမှ ကွဲကိန်းရှိတာ..လို့  ပြောပြီးမှတစ်ခုတော့ ရှိတယ်ကိုယ် ကြာသာပတေးဇာတာက  ဘာလေးလုပ်ချင်ချင် ပိုက်ဆံ မကုန်လိုက်ရရင်မပြီးတတ်တော့  အဲ့ မိန်းမနဲ့  ကွဲချင်ရင် ငါဘယ်လောက် လျော်ကြေးပေးနိုင်လဲ ကြိုတွက်ထားပါလို့  ပြောလိုက်တယ် အဲ...ဥပဒေသစ်တွေ ပေါ်နေလို့  စမောတွေဘာတွေတော့  သွားမလုပ်နဲ့  ၇ နှစ်ဖြစ်သွားမယ်ပါ ထည့် ပြောရသေးတယ်
ပြီးခဲ့ တဲ့ ဖေဖေါ်ဝါရီလနဲ့ မတ်လကြားမှာ အင်ပရက်ရှင်ထိခဲ့ တာကို  အဲ့ ၆ ကြွင်းဘဲလေး ပြန်ရင်ဖွင့် ပုံတွေအများကြီးထဲမှာ စိတ်အနာဆုံး ဖြစ်ခဲ့ တာ က သူ့ မိန်းမက သူ့ ကို စောက်သုံးမကျတဲ့  နွား လို့ အခေါ်ခံရတာ စောက် နဲ့  အဆဲခံရတာ တွေကို စိတ်အနာဆုံးပဲလို့ ဆိုတယ်.. ( ဧ၀ံ မေသုတံ ဤသို့ ကြားနာရလေသည် ငိငိ) ...သူ့ မျက်နှာကို မကြည့် ချင်တော့ ဘူး အခု မအေအိမ်မှာ ကျနော် ပြန်အိပ်နေတယ်...ဘာဘာညာညာ
--------
'' စည်တော်ကြီး...'''
'' စည်တော်ကြီး...'''
--------------------
သိန်းပေါင်း များစွာသော ငွေစက္ကူ အတု အကြောင်းတွေ ဖတ်လိုက်ရချိန်မှာ ဖြတ်ကနဲ သတိရမိတာက လှိုင်သာယာ လို ရွှေပြည်သာလို  ပိုက်ဆံတွင်းနက်နေတဲ့   ဆင်ခြေဖုံး အရပ်နေတွေရဲ့  ဘ၀တွေအကြောင်း  ဂျာနယ်ထဲက သတင်းဆောင်ါးးကို သတိရလိုက်တယ်
 အဲ့ လူတွေ တစ်နေ့ လုပ်စာ တစ်နေ့ စား ကိုယ့်  ကိုယ်ပိုင်  ကာယအားကိုသာ ရိုးသားကြိုးစား  အရင်းလုပ်  ဘ၀ အသက်မွေးကြတာများပုံက ...  အသားဟင်းလျားဆိုတာ အလုပ်အဆင်ပြေတဲ့ နေ့ တွေသာ ရံဖန်ရံခါပါတဲ့ ....အများအားဖြင့်  စည်တော်ကြီး လို့  တံဆိပ်ပါတဲ့  လဘက်ထုပ် ၅၀ကျပ်တန် တျောက်စာတွေနဲ့  ညနေစာတွေ မိသားစုထမင်းဝိုင်းကို ပြီးကြသတဲ့ 
ဆိုင်ကရောင်းတဲ့  အဆာ လဘက်သုပ် တစ်ပွဲ သုံးလေးငါးရာ တန်တွေထက်တောင်  အဲ့  တျောက်စာ ထမင်းနဲ့ စားဖို့   ၅၀ကျပ်တန်  လဘက်ထုပ်လေးတွေက မိသားစု  ငါးယောက် ထမင်းဝိုင်းအတွက်  ပိုတွက်ခြေကိုက်သတဲ့ လေ... ရံဖန်ရံခါ  ဈေးပေါတဲ့  ၅၀တန်  ငါးခြောက်ထောင်းကြော်  ၅၀တန် အာဗြဲခြောက်ကြော်တွေနဲ့ လည်း ပြီးပါတယ်တဲ့   အရပ်လမ်းဘေး ထမင်းဆိုင်လေးတွေက ကျွတ်ကျွတ်အိပ်လေးတွေနဲ့   အရံသင့် ထည့်  ရောင်းပေးတဲ့   ၁၀၀တန်  ၂၀၀တန် ထမင်းဖြူထုပ်လေးတွေ နဲ့  တွဲပြီးတော့ ပေါ့ လေ  
ဗျူးထဲက  သူတို့  အဆိုအရ  ဗိုက်ဝပြီးတာပဲ လိုလို သဘောထားပြီး တျောက်စာ လဘက်ထုပ်  ၅၀တန် ကို ဟင်းလျာလုပ် လွှေးရတဲ့ ထမင်းတနပ်စာ ကို ရေးကြီးခွင်ကျယ်  လုပ်နေပုံတော့  မရပါဘူး..အသားဟင်းပါမှ ထမင်းစားဝင်တာ  မဟုတ်ဘူး  လဘက်သုတ်လေးနဲ့ လဲ ထမင်းစား  ၀င်တာပါပဲလို့  ပြောလာ
တာမျိုးတွေလဲ......။  
ဒီလို ပူပြင်းတဲ့ နွေတွေ မှာဆို တစ်ချို့ တွေ အလုပ် မကောင်းပုံက   မိသားစုငါးယောက်စာ ထမင်းတစ်အိုးသာ  တည်ထားလိုက်ရင်း      မနက်စာ ညစာပေါင်းပြီး   စည်တော်ကြီး ၅၀တန် တျောက်တစ်ထုပ်စီနဲ့  မိသားစ၀င်ုတွေ  တစ်လမှာ တစ်နပ်သာ စားရတဲ့  နေ ဆိုးတွေလည်း.....လေးငါးရက်လောက် ရှိလာတယ်လို့ ဆိုတဲ့ အခါ...။   ....
 ဘ၀အခြေအနေ ဂိတ်ဆုံး  မဆိုးသေးတဲ့   ... စာဖတ်သူ  ကျနော်တို့ ကတော့   ရိုးသားစီးပွားသဘောတွေ   မသမာစီးပွားသဘောတွေ  နဲ့  ဘ၀ကို ရိုးသားစီးပွား သဘောနဲ့ သာ  ရုန်းကန်နေရတဲ့  သူတို့ တွေရဲ့  ဘ၀တွေကို စာနာမိရင်း ...ရင်ထဲမှာ............။
ဒါ..ငါတို့  ဧရာဝတီ
ဒါ..ငါတို့  ဧရာဝတီ
-----------
MRTV က လာတဲ့ ဘိုကလေးကနေ ကဒုံကနိ သွား တောလား ဒေါ်ကူမန်ထရီလေး
ထိုင်ကြည့် နေလိုက်တာ ကိုယ်ပါ ခရီးစဉ်ထဲ မျောသွားသလိုဖြစ်သွား ပြီး အရင်က မြင်းကကုန်းဖက်သွား ပဲချိတ်လှေရှည်လေးတွေနဲ့  သွားခဲ့ တာကို သတိရသွားတယ်။
 ဒေါ်ကူမန်ထရီတွေကို သဘောကျတတ်ပုံက အဲ့ လိုလေးတွေကြည့် လိုက်ရရင်လူက အဲ့  ဒေါ်ကူ မပြီးမချင်း မထတော့ ဘူးဖြစ်သွားတတ်ရော..ရိုက်ချက်တွေနဲ့  တင်ဆက်သူကောင်းတော့  ခေတ်ပြိုင်ဘ၀တွေရဲ့ အကြောင်း ရသစာတန်းတစ်ခုကို အရသာရှိရှိဖတ်လိုက်ရသလိုမျိုးလဲ ခံစားလိုက်ရတယ်..၊
ဘိုကလေးနဲ့  ကဒုံကြားက ဘ၀ လူနေမှု့ တွေ အကြောင်း ၊ ရှပ်ပြေးယာဉ် ရှိလာလို့ အရင်ထက်တော့ သွားရလာရတာ မြန်လာတာ ၊ ရှပ်ပြေးယာဉ်ဟာ ဧရာသားတွေ ဒေသခံတွေအတွက် အရေးပါကြောင်းတွေ သဘောတွေ၊ မိန်းမလှကျွန်းကြီး အကြောင်း မိန်းမလှကျွန်းကြီးနဲ့ ဆက်စပ်နေတဲ့  နတ်ဖြစ်တဲ့  ရေငံငယ်တရိုး ပိုင်းစံငယ်စိုးပါတဲ့  ဆိုတဲ့  ဦးရှင်ကြီးနတ်အပေါ် ဒေသခံတွေရဲ့ ဘယ်လောက်တောင် ယုံကြည်မှု့ ရှိသလဲ ဆိုတဲ့ အကြောင်း တော်တော်ကြီးမားတဲ့ မိကျောင်းတွေ ဒီရေတောအကြောင်းတွေ နဲ့  အတော်စုံအောင် ပြောပြရိုက်ပြသွားသလို ခနော်နီခနော်နဲ့  ဆိပ်ခံတံတားတွေရဲ့ အန္တရယ် များလှပုံတွေကို တင်ဆက်သူ ဖီလင်လေးဝင်လာပုံက တိုင်းပြည်ကြီးကို ဒိထက် တိုးတက်စေချင်နေတဲ့ စိတ်တွေဖြစ်သွားပုံပါ ပါလာတယ်..
ဒါလဲ ဟုတ်တုတ်တုတ်ပဲ အမြန်ရှပ်ပြေးယာဉ်တွေ ရှိလာ တိုးလာတာပဲ ရှိတယ် ပတ်ဝန်းကျင် နဲ့ ဘ၀ လူနေမှု့  မြင်ကွင်းတွေကတော့  ၁၀နှစ် အနှစ် ၂၀ကြာမှ ပြန်ရောက်လာပြီး ထ သွားလဲ ဒါပဲ လိုလိုဖြစ်နေတာ..၊ ဒါပေမယ့်  အဲ့ အပေါ် ကြီးကြီးကျယ်ကျယ် အလိုမကျ ဖြစ်မနေမိပဲ.. ''' ဒါ ငါတို့ ရဲ့ မြန်မာပြည်ကြီး ဒါ ငါတို့  မြန်မာပြည်သားတွေ ဒါ ငါတို့ ဧရာသားတွေ '' ဆိုတဲ့  ဖီးလ်က ရင်ထဲ လာဖြစ် နေပြီး အဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်မြင်ကွင်းကျယ်ကြီး ကိုကြည့် နေရတာကို လွှတ်သဘောတွေကျ နေပုံက မြန်မာပြည်ထဲ ထိုင်ကြည့်် နေရင်းနဲ့ ကို...
.'' မြန်မာပြည်ကို လွမ်း.'''' .ဖြစ်နေပါရောဗျာ...။
ဒါမျိုး မြန်မာပြည် ဒေသတွေက ကိုယ့် မြန်မာပြည်သားတွေရဲ့  ဘ၀လူနေမှု့ စတိုင်တွေကို ရိုက်ပြီး ခရီးသွားဒေါ်ကူလုပ်ပြီး တင်ဆက်ပြတတ်တာ ဂျာမဏီက DWကလည်း လာတတ်တယ် ။ အဲ့ လိုဒေါ်ကူတွေမှာ ပေါ်တစ်ကိစ္စတွေ ပေါ်တင်မပါတတ်ပဲ ကိုယ့် ဟာကိုယ်သာ တွေးကြည့် ကြသဘောတွေက မြှုတ်ကွက်ကလေးတွေ ရေးတတ်တဲ့  အက်ဆေးကောင်းတစ်ပုဒ်ကို ဖတ်လိုက်ရသလိုမျိုးနဲ့ ခံစားလိုက်ရတာမျိုးနဲ့ လည်းဆင်တယ်.
.ခဏခဏကြည့် ရလဲ ရိုးမသွားဘူး ထပ်ထပ်ကြည့် ချင်မိနေတဲ့  ခရီးသွားတောလား ရိုက်ချက်မျိုးတွေပေါ့ ဗျာ... ဘိုကလေး မြင်းကကုန်းဖက် ကိုယ်သွားခဲ့ တဲ့ အတွေ့ အကြုံတွေ ခေတ်ပြိုင်လူနေမှု့ ဘ၀တွေ နာဂစ်အကြောင်းတွေနဲ့  ချဲ့ သာရေးလိုက်လို့ ကတော့ ..
ရွှေတော မိသားစုတစ်စုရဲ့ ဘ၀ အိပ်မက် ဒေါ်ကူမန်ထရီ
ရွှေတော မိသားစုတစ်စုရဲ့ ဘ၀ အိပ်မက် ဒေါ်ကူမန်ထရီ
----------
တီဗွီကလာတဲ့  သပိတ်ကျင်းမြို့ နယ်မှာ အိမ် လို့ မြည်ကာမတ္တ ပြောလို့ ရလောက်တဲ့  တဲလေး ထိုးနေတဲ့  လင်မယား ၂ ယောက် ဆိုးတူကောင်းဖက် ရွှေတူး ၀မ်းစာရှာရင် ကလေးတွေကို ပညာတတ်ကြီးတွေ ဖြစ်အောင် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေးကျောင်းမှာ လူစဉ်မှီအောင် ကျောင်းထားခဲ့ ပုံတွေ သူတို့ မိသားစုဟာ ၀မ်းစာကို ဘယ်လောက်တောင် ပင်ပင်ပမ်းပမ်းနဲ့  ရိုးရိုးသား ရှာဖွေရင်း ဘ၀ရပ်တည်ကြပုံတွေ မိသားစု အတွက် လင်မယား ၂ ယောက် တစ်နိုင်တစ်ပိုင် တက်ညီလက်ညီ တစ်နေ့ စာ ၀မ်းစာရေးအတွက် မျောတိုက် ရွှေတူးကြပုံတွေ စသဖြင့်  ကြည့် လိုက်ရတဲ့ အခါ...
.ပြန်ပြန်လာတိုင်းလဲ ပြန်ပြန် ကြည့် ဖြစ်ခဲ့ နေတယ်....ကရုဏာပေါင်းများစွာနဲ့ ရော လူ့ ရဲ့  ဘ၀လောကဓံကို ကြံ့ ကြံ့ ခံရင်း ရိုးသားစီးပွား ရှာင်္ပြီး ဘ၀ကိုရပ်တည်ကြပုံတွေ ကလေးတွေရဲ့  မွဲလှတဲ့  ဓနမိသားစုကြားထဲ မအေ ဖအေက တည်ရှိနေဆဲ ခေတ်က ပေးလာတဲ့ ပညာရေးကို မရှိတဲ့ ကြားက ကျောင်းထားပေးပြီး ဘ၀ကို ရုန်းကန် ရင်း အားသွန်ခွန်စိုက် ကြိုးစားနေကြပုံတွေကို အားရရင်း ပီတိဖြစ်ရင်းပေါ့ ..( ဘ၀တစ်ခုကို ရိုးသားကြိုးစား စီးပွားရှာနေတဲ့  မိသားစုတွေကို သိပ် သဘောကျတာပါပဲ)
ဇာတ်စ အဖွင့် မှာ မိုးလင်းလို့ နေရောင်ခြည် အလင်းအစမှာ မအေက ရေနွေးအိုးလေးတည် ထမင်းတစ်အိုးချက် ပဲကြီးဟင်းလေးတစ်ခွက် ပြင်ဆင်ပေးရင်း ဘုရား ၀တ်တက်လိုက်တယ် ( သူ့ စိတ်ထဲ ဒီနေ့  တပည့် တော်မတို့  မိသားစု ၀မ်းစာအတွက် ရွှေစလေးတွေ များများတွေ့ ပါစေရယ်လို့  ကိုယ်တော်ရှင်မြတ်ဆီမှာ ဆုတောင်းနေလေမလားလေ.လို မျှဝေ ခံစား မိလိုက်တယ်လေ)
.နောက်တော့  တစ်အိမ်သားလုံးကို လိုက်နှိုး သားသမီးတွေ ပုံချသွားတဲ့ စောင်တွေကို လိုက်သိမ်းပေးနေတဲ့  မအေ တစ်ယောက်ရဲ့  ရဲ့  မိသားစုအပေါ် အရာခပ်သိမ်းစောင့် လျှောက်တတ်မှု့ စိတ်အပေါ် အလေးအမြတ်ပြုလိုက်မိတယ်လေ)
အလင်းအစပျိုးချိန်မှာ အဆာပြေ ထမင်းနဲ့  ပဲကြီးဝါ၀ါကြော်လေးကို ဟင်းလုပ်စားကြရင်း သားသမီးတွေက ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးဆီသို့  လင်မယားနှစ်ယောက်ကတော့  ရွှေကျင်တိုက်ရာအရပ်ဆီသို့  အသီးသီး ကိုယ့့်တာဝန် ကိုယ်စီနဲ့ ပေါ့ ...
ဒီ ဒေါ်ကူမန်ထရီထဲမှာ ကလေးတွေက ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးမှာ စိတ်အားထက်သန်စွာ ပညာတွေသင်လို့  မုန့် စားဆင်းချိန်မှာ မအေထည့် ပေးလိုက်တဲ့  ထမင်းနဲ့  ဆီ မပါသလောက်ဖြစ်နေတဲ့  ပဲကြီးဝါ၀ါကြော် ကို ဘ၀ပေး အသိအရ ချေးများမနေပဲ လွေးနေကြပုံတွေ...ရွှေကျင်ရာ မြေတွင်းလေးမှာ လင်က ရွှေမြေတွေကို ပေါက်တူးလေးနဲ့ ဖဲ့ ကာ ဖဲ့ ကာကယူလို့  မယားက အဲ့ ရွှေမြေတွေကို မျောတိုက်လို ရေတွေ လောင်းချလိုက် ဇကာကျင်လိုက်နဲ့ တစ်နေ ကုန်အထိ လင်မယား ၂ ယောက် တက်ညီလက်လုပ်နေကြပုံတွေ ညနေစောင်းတော့  မြေညက်တွေကို မယားက ပြဒါးနဲနဲလေးနဲ့  ရွှေဖမ်းပုံတွေ. ရွှံ့ နစ်ရေတွေထဲမှာ ခြေတစ်ပိုင်းမြုတ်လို့  လက်ဖ၀ါးတွေဆိုတာ ကြမ်းတမ်းမှု့  တွေကြားထဲ ပဲကြီးရေခွံလေးများတောင်တွန့် လို့ ကလေးတွေ ပျော်ပျော်ပါးပါးကျောင်းဆင်းလို့  အမေ့ အိမ် အဖေ့ တဲကို ပြန်ရောက်ခဲ့ ကြပြီ ။
သမီးအကြီးက ရွှေတောကပြန်လာမယ့်  မိဘ ၂ပါးကို မျှော်ရင်း မီးမွှေး ရေနွေးအိုကြိုပေးနှင့် ခဲ့ ပြီ။ အဲ့ နေ့ က လင်မယား ၂ယောက် တစ်နေကုန် ကျင်ရသမျှ ပြဒါးနဲ့ ဖမ်းထားတဲ့  ရွှေမှုံလေးတွေကို ရွှေတောဈေးမှာ ၀င်ရောင်းတော့  ( ၇ထောင့်နဲ့ မှ ငါးရာ ရခဲ့ ကြတယ် ( ဒီလောက် လုပ်ခဲ့ ကြတာတောင် တစ်သောင်းတောင်မပြည့် ခဲ့ ပါလားလို့  စိတ်က မကောင်းမိလိုက်သေး )
အဲ့  ငွေလေးနဲ့  မိသားစု ညစာအတွက် ငါးလေး ခရမ်းချဉ်သီးလေး ဆီလေး ဆန်လေး ၀ယ်ပြန်လာ အိမ်ဝကနေစောင့် နေတဲ့ သမီးကြီးက ဆီးယူ မအေနဲ့ အတူတူချက်ပြုတ်လို့  ဖအေက သူ့ အိမ်လေးဘေးနားက စိုက်ထားတဲ့  ခရမ်းကျွတ်သီးလေးတွေ ဘူးသီးနုလေးတွေ တို့ စရာ အဖြစ် ခူးလို့  ...ဖယောင်းတိုင်မီးရဲ့  အောက်မှာ မိသားစုတေ လက်ဆုံစားကြပေါ့  ဓနမဲ့ သည်ဖြစ်စေ ဓနရှိသည်ဖြစ်စေ မိသားစုတွေ စုံစုံညီညီ ထမင်းဝိုင်းဖွဲ့ စားသောက်ကြတဲ့ မြင်ကွင်းဟာ ဖယောင်းတိုင်မီးလေး အောက်မှာကို မိသားစုရဲ့  ချစ်ခြင်းမေတ္တာ သင်္ကေတသဘော သိင်္ဂါရ ရသမြောက်လှသလို...ကိုယ့်  ငယ်စဉ်ဘ၀ကိုလဲ လွမ်းဆွတ်မိလိုက်တယ်လေ..
ညဦးပိုင်း မိသားစုတွေ နားနေခိုက်မှာတော့  ကလေးတွေက ကျောင်းကစာတွေကို ပြန်လေ့လာလို့ ( ကလေးတေရဲ့  စာတော်ချက်ကလဲ ပညာရည်ချွန် ဂုဏ်ပြုမှတ်တမ်းလွှာတွေက နှစ်စဉ်လိုလို ပါပဲ လောကဓံကို အရှုံးအမပေးနဲ့  ဆက်လက်ပြီး ပညာရည် ချွန်ကြပစေ ကလေးတွေရေလို့ သာ )
အဲ့  လို နဲ့  အဖေနဲ့  အမေက အဖန်ရည်လေး ဘ၀ အမောပြေ ထိုင်သောက်နေရင်း ဖအေက သူ့  အိမ်ကျူထရံ ကြားမှာ ညှပ် ထားတဲ့  ကြေးရတတ်တွေရဲ့  သားရှင်ပြု သမီးနားသ အလှုတော် မင်္ဂလာတစ်ခုက ကမ်းတဲ့  အလှုတော် မင်္ဂလာ ယပ်တောင်လေးကို လှမ်းယူလိုက်ရင်း..
. သြော်....ငါ့ သား ငါ့ သမီးတွေကိုလဲ ဒီလို သားရှင်ပြု သမီးနားသ အလှုတော်မင်္ဂလာလေး
ဘယ်တော့ များမှလို့ .. .........။.
ကိုယ်တွေ့ ..လျပ်စစ်သေတွင်း...
ကိုယ်တွေ့ ..လျပ်စစ်သေတွင်း...
----
ကလေး ၄ ယောက် အတွဲလိုက်ကြီး ဓါတ်လိုက်ခံရလို့ ကြေကွဲစရာတွေ ဖြစ်သွားရတဲ့  သတင်းဖတ်ပြီး ကျနော်ငယ်ငယ်တုန်းကလဲ အဲ့ ကလေးတွေလိုပဲ ဖြစ်တော့ မလို့  ဓါတ်လိုက်ခံခဲ့ ရတဲ့ ကိစ္စလေးပြန်ရေးပြလိုက်ပါတယ်...
တိုက်ဆိုင်ချက်က ကျနော် ဓါတ်လိုက်ခံရချိန်ကလဲ ၅တန်းဖြေပြီး ၁၁နှစ်နဲ့  ၁၃နှစ်ကြားလောက် အရွယ် ခုလိုနွေရာသီမှာပါပဲ ရှင်ပြုမဲ့ ဆဲဆဲပါ ၊ အဲ့ တုန်းက ကျနော်ဟာ အလွန်ကိုအဆော့ သန်သလို စပ်စုချက်ကလည်း အလွန် ဆရာလည်းအလွန်ကျချင်တတ်ပါတယ်၊ အဲ့ တုန်းက ကျနော်တို့  အိမ်မှာ အရင်ခေတ်က ဂျပန်က၀င်တဲ့ စားပွဲတင်ပန်ကာတစ်လုံးရှိပါတယ်..၊
အဲ့ ပန်ကာရဲ့ ဘော်ဒီအုံ တစ်ခုလုံးဟာ သံကိုယ်ထည်ပါ အဲ့ ပန်ကာကို ထားတာက ၅ပေ နီးပါးမြင့် တဲ့  အလှလျှိုးကေ့ စ်ဘီဒို ထိပ်ပေါ်မှာ တင်ထားတာပါ... ပြီးတော့  အဲ့ ဘီဒိုကို သစ်သားကြမ်းခင်းမရှိတဲ့  သံမံတလင်းပေါ်မှာ ထားတာပါ.
နေ့ လည်ကြီးဆော့ နေရင်း အိုက်လာလို့ ပန်ကန်လှမ်းဖွင့် တော့  ကျနော့် အရပ်နဲ့ မမှီမကန်းဖြစ်နေပုံက ဘီဒို ထိပ်က ပန်ကန်အုံခြေရင်းပေါ်က ခလုပ်ကို လက်ဖျားလေးနဲ့  အုပ်မိယုံလေးပါ..အဲ့ မှာ ပန်ကာခလုပ်ကို ခြေဖျားလေးနဲနဲ ထောက်ပြီး ညာလက်နဲ့  လှမ်းနှိပ်လိုက်ရင်ပဲ ဓါတ်စလိုက်တော့ တာပါပဲဗျာ...ဘယ်အချိန်က မီးကြိုးပေါက်ပြီး အဲ့ ပန်ကာသံအုံမှာ လျပ်စစ်ဓါတ်စီးနေလဲမသိပါဘူးဗျာ
ဓါတ်စလိုက်တာနဲ့  တစ်ကိုယ်လုံးကျင်ကနဲ ဖြစ်သွားပြီး '' ဟာ...ဓါတ်လိုက်တယ်ဟ'' ဆိုတဲ့  အသိက စိတ်ထဲက တန်းသိလိုက်လို့  လက်ကိုပြန်ဆွဲနှုတ်လိုက်ပေမယ့်  သိပ်မြဲတဲ့ ကော်နဲ့ ကပ်ခံထားရသလိုပါပဲ ကိုယ့် လက်ကိုယ်ဆွဲလို့ မရတော့ ပဲ လက်ကပန်ကာအုံပေါ်က ခလုပ်တွေပေါ်မှာ အုပ်မိ လျက် သားဖြစ်နေပါတော့ တယ်..
အဲ့ မှာ အရမ်းထိတ်လန့် ပြီး နောက်ဘယ်လက်နဲ့   ညာလက်ကို ဆွဲဖြုတ်မယ် ဆိုတဲ့  အသိနဲ့ နောက်လက်တစ်ဖက် ညာလက်ပေါ် လှမ်းကိုင်လိုက်တော့  အဲ့ မှာ လက်နှစ်ဖက်စလုံး ပန်ကာအုံပေါ်ကပ်သွားပြီး လက်နှစ်ဖက် တန်းလန်းကြီးဖြစ်နေပါတော့ တယ်
ဓါတ်လိုက်နေပုံက ပထမ လက်ကနေ အလိုက်ခံလိုက်ရပေမယ့်  နောက်တော့  ကျဉ်တက်လာပုံက သံမံတလင်းနဲ့  ထိနေတဲ့ ခြေထောက်ကနေ အပေါ်ဖက်ကို တစ်ဖြည်းဖြည်းပြန်တက်လာနေသလိုပါ အဲ့ မှာ ကျနော် အသားကုန် အော်ပါတော့ တယ် ခပ်လှမ်းလှမ်းမှာရှိနေတာ ဧည့် သည်နဲ့ ထိုင်စကားပြောနေတဲ့  အဖွားရှိနေပါတယ်
''အဖွားရေ..ကျနော် ဓါတ်လိုက်နေပြီ '' လို့ အားကုန်အော်နေတာကို ၁၀ပေလောက်သာ လှမ်းတဲ့ နေရာက အဖွားက ကြားပုံမရပါဘူး...အဲ့ ချိန်မှာ နောက်ဖေးမှာကစားနေတဲ့  ညီမက အိမ်ရှေ့ ရောက်လာပြီး ကျနော့် ကိုနောက်ကနေလာဖက်တော့  သူ့ ကို ဓါတ်ကဆက်လိုက်နေလို့  မောင်နှစ်မ နှစ်ယောက် တန်းလန်းကြီး ဖြစ်နေပါတော့ တယ်...
အဲ့ တော့ မှ မောင်နှစ်မ နှစ်ယောက် ဘီဒိုရှေ့ မှာ ရုန်းနေတာကို အဖွားက မြင်သွားပုံရပါတယ် ထိုင်နေရာက ရုပ်ကနဲထပြီး ကျနော့် ကို လာဆွဲတော့  အဖွားကိုပါ ဓါတ်ဆက်လိုက်နေလို့  အဲ့ ဘီဒိုရှေ့ မှာ သုံးယောက်ပူးကြီး ဓါတ်လိုက်ခံနေရပါရောဗျာ...
အဲ့ မှာ ထူးဆန်းတာက ကျနော့်  ခြေထောက်အောက်ကနေ ထုံကျဉ်တက်လာနေတဲ့  ခံစားမှု့ က အရှိန်နှေးသလို ဖြစ်သွားပြီး ရုန်းနေရင်းက အပေါ်ပိုင်းရောက်ရင် သေပြီ လို့ ကို '' ဓါတ်လိုက်နေတယ် '' လို့  အော်နေရင်း သိနေတာပါပဲဗျာ...
အဲ့ လိုဖြစ်နေတာကို အိမ်ခန်းထဲက အစ်မက မြင်သွားပြီး မီးခလုပ်ခုံနားကို ပြေးသွားပြီး ခလုပ်ကို ပိတ်ချလိုက်တဲ့ အခါ ..ကျနော်ရယ် ကျနော့် ညီမရယ် အဖွားပါ မြင်းအကန်ခံလိုက်ရသလိုပဲ ၀ုန်းကနဲဆိုနောက်ဖက်ကို ပြန်လွင့် ထွက် လဲကျကုန်ပါရောဗျား..
..တစ်ကိုယ်လုံး အသားတွေဟာ တဆပ်ဆပ် တုန်နေပြီး ညာလက် လက်ဖျားတွေက ညိုမဲသွားပါရောဗျာ.. အစ်မကသာ မီးခလုပ်ကို ပိတ်ရကောင်းမှန်းသာ မသိပဲ သူဝင်ဆွဲရင် ၄ ယောက်သား ဂန့် မယ့် သဘောရှိပါတယ်..အလယ်လူညီမလေးက နဲနဲပဲလန့် သွားပြီး အဖွားကတော့  ဇီးဖျော်ရေ ဖျော်သောက်လိုက်ရပါတယ်
ရေးပြတာသာ ရှည်ပေမယ့်  တကယ်တော့  ဒီအဖြစ်အပျက်ကြီးရဲ့  အစအဆုံးကြာချိန်ဟာ စက္ကန့် နဲနဲ ဒါမှမဟုတ် မီးနစ်ပိုင်းလောက်ပဲဖြစ်မှာပါ ဓါတ်လိုက်ခံနေရတုန်းက တစ်ကမ္ဘာလောက် ကြာတယ် ထင်နေမိပြီး ကျနော် အသားကုန်အော်နေတဲ့ အသံက ပြာနှမ်းနှမ်းအသံတိုးတိုးလေးပဲ ထွက်တယ်လို့  အစ်မက ပြောပါတယ်ဗျား.. အဲ့ ပန်ကာကို လက်ဖျားနဲ့ တောင်မတို့ ရဲတော့ သလို လျပ်စစ်ဆို အသေကျွတ်ဖြစ်သွားတော့ တာပါပဲဗျား...( မသေထိုက်သေးလို့ သာ လွတ် လွတ်လာတာ သေပေါက်တွေချည်းပဲ...ဟီးဟီး)
Sunday, May 15, 2016
"" အကြောက်တရားနဲ့  ၀ဋ်..'''
""   အကြောက်တရားနဲ့  ၀ဋ်..'''
-----------------
မွေးလတုန်းက ဒီလိုပါပဲ နောက်တော့  အသင်ခံရတဲ့ အသိတွေရော သူယူခဲ့ တဲ့ အသိတွေအရရော ကိုယ်တိုင်သိအရတွေရော ဆင်ခြင်သိတွေအရရော အသိတွေ မျိုးစုံ သိလာလေလေ  အကြောက်တရားတွေကလည်း အမျိုးအစားကိုစုံနေတာပဲ ဖြစ်လာတယ် ထမင်းငတ်မှာကြောက် အလုပ်ပြုတ်မှာ ကြောက်အလုပ်မကောင်းမှာကြောက် မွဲမှာကြောက် ဂျေးကြောက် ငရဲကြီးမှာကြောက် သေမှာကြောက် စသဖြင့်  စသဖြင့်  အကြောက်ပေါင်း သောင်းခြောက်ထောင်မကပေါ့ လေ...အဲ့ ထဲမှာ အယူကလာတဲ့  အကြောက်က ''၀ဋ်'' တဲ့  အဲ့ ဒါလဲ ကြောက်တဲ့ အထဲပါတာပဲ.. မကောင်းတာလုပ်ရင် ပြန်ခံရမယ့်  သဘောကိုကြောက်တာ ဘာဟုတ်သေးတုန်း သီလမြဲသူက သူ့ သီလကို
ချိုးဖေါက်ရမှာ သေမလောက် ကြောက်သတဲ့  အသေသာ ခံမယ် သီလတော့ မစွန့် တဲ့ .အသည်းကွဲသမားတွေကတော့  ချစ်ရမှာ ကြောက်သွားသလို သံယောဇဉ်တွေ များလွန်းသွားမှာကိုလည်း ကြောက်တတ်ပါသတဲ့   ....
ကြောင်တွေ ငါးလေးတွေသာ မွေးထားတာ ချစ်လှချည်လို့ လည်း ပြောမရ မချစ်ဘူးလို့ လည်း မဆိုနိုင်ပြန်ဘူး မွေးလက်စ နဲ့ မွေးပြီး ကျွေးလက်စနဲ့ ကျွေးထားတာမျိုး ပိုဆန်တယ်
အဲ့ မှာ ဟိုတစ်ခါ အတွေ့ အကြုံအရ စည်းပျက်လွန်းတယ်ဆိုပြီး ကြောင်ထီးတစ်ကောင် သွားစွန့် ပြီး  သူ့ ဟာသူ ပြန်ရောက်လာတာကြုံပြီးကတည်းက နောက်ဆို ကြောင်စွန့် တဲ့ ကိစ္စ မလုပ်ဖြစ်တော့ ဘူး သနားသွားတာရော  ''၀ဋ် '' ဆိုတာကြီးကို တွေးကြောက်သွားတာပါပါတယ်. ဘုရားရဲ့  ၀ဋ်ကြွေးတော် ၁၂ ပါးထဲက ခေါင်းကိုက်တဲ့ ဝေဒနာက အတိတ် ဘ၀တစ်ခုမှာ  သူများ ငါးသတ်တာကို ဘေးကနေ ၀င်ပီတိဖြစ်မိဆိုလား  မြန်မြန်သေမယ့် နည်းကို ၀င်ပြောပေးမိဆိုလား အဲ အဲ့  စိတ်စေတနာက ဘုရားဖြစ်လို့  နောက်ဆုံးဘ၀ ရောက်တာတောင် ၀ဋ် သဘောအဖြစ်  ခေါင်းခဏခဏ အကိုက်ခံရတာတဲ့ ...အဲ့ ကနေ အတွေးပွားလိုက်တာ  အကျိုးသက်ရောက်မှု့  ၀ါဒ အဓိကလား စေတနာ အဓိက ၀ါဒလားတွေ ဘာတွေဖြစ်ကုန်တယ်.....
ဓမ္မ စာတွေ ဖတ်လေလေ ''၀ဋ် '' ဆိုတာကြီးကို တွေးကြောက်လေလေ ဖြစ်လာတော့  ကြောင်တွေ အပေါက်များလို့  ငြီးမိတော့  တျောက်က တားဆေး သွားထိုးလိုက်ပါလားလို့ အကြံပေးတယ်  ဟင့် အင်း...နိုး  နောက်ဘ၀ တစ်ခုခုမှာ အမြုံကောင်ဖြစ်နေရင်  နန်းတော်ထဲက မစားရ အညှော်ခံ သင်းကွပ်ခံထားရတဲ့  မိန်းမစိုးကြီးတို့   ကုံးကုံးဘိုးဘိုးကြီးတို့ ဖြစ်နေရင် ဘယ်နှယ့် လုပ်မတုံးလို့ ကြံကြံဖန်ဖန်တွေ  တွေးပြီး ကြောက်တာနဲ့  အဲ့ အကြံကို ကွကိုယ် ပယ်ချလိုက်ရတယ် ကံစေရာပါလေ သဘာဝတ္တတရားက ဖြေရှင်းပေးလိမ့် မယ် ဆိုပြီး ဒီလိုပဲ အောင့် အီးသည်းခံပြီး နေလိုက်ရတော့ တယ် ချေးကျုံးတန်ကျုံးပေါ့ လေ..၀ဋ် ဆိုတာကြီးကိုကြောက်တာကိုး......