Powered By Blogger
Sunday, March 29, 2015
သက်ရောက် ၈ ခွင် စတိ....
သက်ရောက် ၈ ခွင် စတိ
=================
တနင်္ဂနွေသက်ရောက်သော်
By Na Win Thi Ha on Wednesday, November 14, 2012 at 1:42pm
တနင်္ဂနွေသက်ရောက်လျင် ယေဘူယျ အားဖြင့် သာမန်ထက် နာမည် ကျော်ကြား လူထင်ရှား လာပါတယ်ပွဲတိုင်းကျော်ဖြစ်လာလို့ အလုပ်အကိုင် ကအစ အဆင်ပြေ လာကြပါတယ်. ၀ယ်နိင်ချမ်းနိင်လည်းဖြစ်လာပါတယ်ကုန်သည်တွေ စီးပွားဖြစ်သလိုဝန်ထမ်းဆိုလည်း ရာထူး လစာတိုးကြပါတယ် ခြုံကြည့် ၇င် ကိုယ်ရေးကိုယ်တာအရ ဂုဏ်တက်မဲ့ အဖြစ်တွေကြုံရမဲ့ နှစ်ကောင်း လို့ ယူနိင်ပါတယ်  အလုပ်လက်မဲ့ တွေဆို အလုပ်စပေါ်တဲ့ နှစ်ပါဗုဒ္ဓဟူးနံနဲ့ သောကြာနံ အထိုင်ကောင်းလို့ ရွေဝယ်ဖြစ်တာ(၀ါ) မင်္ဂလာပွဲဖြစ်တာလည်းကြုံပါတယ်၊ အိမ်ထောင်ပြုတာအိမ်ဝယ်တာ၊ကောင်းတဲ့ အပြောင်းအရွေ့ ကြုံတာ၊စသဖြင့် ပေါ့ ...မကောင်းတာက  ဘ၀င်မြင့် တဲ့ လူများကိုတော့   မျက်စိနောက်လို့ အမှု့ ပြဿနာများ အရှက်သိက္ခာ များကိုကြုံစေပြန်ပါတယ် နောက်ပြီး မဟာဘုတ်၅ကြွင်း နှစ်မွေး သူများကိုတော့  အိမ်ထောင်ရေးပျက်ပြားစေတာ၊အစာအိမ်နဲ့  သားအိမ်ရောဂါနှိပ် စက်တာအလုပ်ပြုတ်တာ၊ အလုပ်တွေရပ်ဆိုင်းသွားတာ၊မိဘရှိရင် ကျမ္မာရေးဆိုးစေတာ၊အိမ်မှာ မီး အပူသောက၀င်စေတာစသဖြင့် မရဏဂဏန်းဖြစ်သွားလို့ ဆိုးကျိုးအသွင်ဆောင်တဲ့  တနင်္ဂနွေ သက်ရောက်ဖြစ်သွားပါတယ်ဒီလို ဘဲ  ဗုဒ္ဓဟူးနဲ့  အင်္ဂါ  သားသမီးများကတော့   အတွင်းရန်နဲ့   အပြင်ရန် (အင်း ၀ ဓါတ် နဲ့  ဦးညို ဓါတ်အရ)အတိုက်ရန်များရောပေါ်ပါတယ် ကျမ္မာရေးလည်းငြိပါတယ်...၊သောကြာနဲ့  ကြာသာပတေးတို့ ကတော့  မိတ်ဓါတ်တွေဖြစ်လို့ လွတ်လပ်စွာအကျိုးပြုပါတယ်...တနင်္လာနဲ့  စနေကတော့  ပုံမှန် အကျိုး ပေးပါတယ်..။ချုပ်ကြည့် ရင်  ၅  ကြွင်းကလွဲလို့  ကျန်အခြေအနေများ ဟာ အကောင်းများပါတယ်လို့ ယူရမှာပါ..ထူးခြား ဖြစ်ါစဉ်အနေနဲ့ သက်ကြီး မိဘ ရှိတဲ့  သားဦး သမီးဦးတွေအတွက် မိဘ နေရာ ဆက်ခံရတဲ့  သဘောပါလို့  (အမကြီးအမိအရာ) မိဘ တွေကွယ်လွန်မှု့ နဲ့ ကြုံတတ်ပါတယ် (တိုက်ဆိုင်တတ်ခြင်းပါ) ဒီဂြိုလ်မှာ ရပ်ကွက် အဖွဲ့ အစည်းတစ်ခုခု မှာ  ဥက္ကဌ ရာထူး ယူပြီး မိမိစီးပွား တက်ရမဲ့ အစား ကျိမ်းကြေ သူတွေ...လောကီစီးပွား တက်မဲ့ တနင်္ဂနွေဂြိုလ် သက်ရောက်ဖြတ်မှ.. ရဟန်းခဏခံပြီး သူများကန်တော့ တာ ကိုဂုဏ်ခံပြီး ကျိမ်းကြေသူတွေလည်း အများကြီးပါဘဲခင်ဗျားး... .နောက်တစ်ခု  အကြံပေးချက်က တစ်ချို့ ဝန်ထမ်းများအတွက် ၀န်ထမ်းဘ၀ကနေ အပြင်စီးပွား ရေးများ
ကူးပြောင်းခြင်ရင် ဒီနှစ်ဟာ ကူးပြောင်းဘို့  အခွင့် သာတဲ့ နှစ်ပါဘဲ ဒီနှစ်မှာ မှ အပြင်စီးပွားရေး လောကကို
မပြောင်းဖြစ်ရင် မူလ ၀န်ထမ်းဘ၀မှာ နောက်ထပ် နှစ်ကြာပါအုံးမယ်လို့  မှတ်နိင်ပါတယ်
နဂို အပြင်စီးပွားရေးသမား ကတော့  အရင်အဟောင်းကို ထပ်ချဲ့ တာဘဲဖြစ်ဖြစ် စီးပွား အသစ် လုပ်တာဘဲဖြစ်ဖြစ် အတော်ကောင်းတဲ့ နှစ်ပါ...ကျမ္မာရေးမှာတော့  ခဏခဏ ဗိုက်အောင့် တတ်ပါတယ်ဗျာ....
Saturday, March 28, 2015
မဟာဘုတ် ၇ ကြွင်း ယေဘူယျသဘော ( မရဏဥာဉ်မှဖြစ်လာသောယေဘူယျလက္ခဏာ)
မဟာဘုတ်(၁)ကြွင်းဥာဉ်
By Na Win Thi Ha on Tuesday, November 13, 2012 at 10:25pm
‎...မိမိမြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့ စား အကြွင်းအရ ဖြစ်ပေါ်လာသော စရိုက်နှင့် ဘ၀ကိုဘယ်လိုဖြတ်သန်းမလဲအယူအဆများ........................... ၁..ကြွင်း....။ဒီအကြွင်းနှစ်မှာမွေးသူမျာဟာ.....ပါတ်ဝန်းကျင်ရဲ့  စရိုက်ပေါ်လိုက်ပြီး စိတ်အရောင်ဆိုးခံရသူများလို့  ဆိုနိင်ပါတယ် ဘုန်းကြီးနဲ့ နီးစပ်ရင်ကပ္ပိယ ဖြစ်သလို အရက်နားနီးရင်ဝင်မော့ ဖြစ်ပါတယ် ဆိုက်ကားဆရာနဲ့ အဖွဲ့ ကျရင် ကျားဝင် ထိုးနေပြီး ဈေးနားနီးရင် လူမိုက်ပုံစံဖြစ်သွားတတ်လို့  ငယ်စဉ်ကာလမှာ သူ့ အတွက် ပါတ်ဝန်းကျင်ကစကားပြောပါတယ်..၀ီရိယ ဟာသူ့ အနာဂတ်အတွက် တစ်နေရာက အား ထားမှ အလုပ်ဖြစ်မှာပါ..အတိတ်ကံကို ထိုင်စောင့် နေလို့ မရအမျိုးအစားထဲကပါ..ကိုယ့် အနာဂတ်ကို ရွေးရ တဲ့ အပြင်..လူအားစိုက်ပင်ပန်းတဲ့ အလုပ်မှန်သမျှ အကျိုးပေးသူလို့ တောင် တင်စားပါတယ်..ကိုယ့် ဒူးကိုယ်ချွန်ရမဲ့ လူဖြစ်လို့  ပင်ပန်းရကျိုးနပ်ချင်ရင် သူများဝန်ထမ်းဆိုတာယာယီအားဖြည့် တဲ့ သဘောသာလုပ်သင့် ပြီး..တစ်နေ့ မှာလွတ်လပ်တဲ့ ကိုယ့် စီးပွား ကိုယ်ရှာလမ်းကြောင်းကို အမြဲချောင်းနေရပါမယ်(၀န်ထမ်းဆိုခိုင်းဖတ်ဖြစ်တယ်လို့ တောင်နောက်ပြောလေ့ ရှိပါတယ်) တွေးခေါ်စဉ်းစားဥာဏ်လည်းအတော်တော်ကောင်းပေမဲ့ စိတ်မထင်ရင် အရွဲ့ တိုက်တတ်လေ့ ရှိပါတယ်၊ပင်ကိုယ်က သနားလွယ်သူ မတရားတာမကြိုက်သူ၊ဗိုလ်ကျတာ မကြိုက်သူဖြစ်ပေမဲ့  တခါတရံ သူကိုယ်တိုင်ပြန်ဗိုလ်ကျစိတ်ကပြန်ဝင်လာလို့  နားလည်ရခက်နိင်ပါတယ်..ဒါပေမဲ့ ယာယီ အဆိုးစိတ်ဝင်တတ်ပေမဲ့ နောက်ဆုံးသူကဘဲပြန်လျှောတတ်ပြန်ပါတယ် ၀ီရိယလူဖြစ်လို့ သူနဲ့ လောင်းကစားဟာ အဝေးကြီးပါကံမပါပါဘူးအချောင်ချမ်းသာမဲ့ လူမဟုတ်လို့ ပါ.. အသက်သတ်ဖြတ်လုပ်ငန်းတွေ၊ရေလုပ်ငန်း(သင်္ဘောသားမပါ).လူမပါဘဲသူများထဲရှယ်ယာထဲ့ တာတွေဟာအကိျုးမဖြစ်ပါဘူး ပညာနဲ့ အသက်မွေးခြင်း ၊ကုန်သည်၊စာပေ၊ဆရာ၊ ရဲ၊ စစ်တပ်၊ အစားအသောက်၊တွေဟာ အကျိုးပြုမြန်တယ် နံမည်ဂုဏ် သတင်းကောင်းကြောင့်  တိုးတက်လွယ်ပြီး၊စနေနံကတော့ အကျိုးအပေးဆုံးပါဗုဒ္ဓဟူးနံဟာမရဏမှာထိုင်ထားလို့  ကိုယ်ရှိရင် ကူညီ၇တဲ့ သူများပြီးကိုယ့် အလှည့် ကြရင်ကိုယ် ဘာသာကိုယ်သာ ရုန်းရမှာကိုမှတ်သာထားပါ၊ သာမန်အားဖြင့်  အအေးဓါတ်နဲ့  ခန္ဓာကိုယ်ကမတည့် လို့ ..ရင်ကျပ်လွယ်တာ၊ အဆုတ်အအေးပတ်တာ၊အဆုတ်ပွတာတွေဖြစ်လွယ်ပြီးဝမ်းချုပ်လွယ်လို့  ဆေးကူရပါတယ် အဲ့ ဝမ်းပျက်ရင်လည်းဆေးရုံစော်နံတတ်လို့ တစ်သက်စာဝမ်းသာဂရုစိုက်ပါ..အိမ်ထောင်ရေးက ဗုဒ္ဓဟူးသာ ရှောင်ပါတဲ့ တဲ့ တိုးရင် ၀ဋ်ကျွေးဆပ်ဖို့ သာပြင်ထားပါလို့ မှာချင်ပါတယ် ကျန်တာဘာနေ့ နဲ့ ကျကျပါ........ငွေစုရ အလွန်ခက်လို့  အဖတ်တင်ချင်ရင် ပစ္စည်း၊ရွှေစသဖြင့် ပြောင်းစုမှ ပင်ပန်းရကျိုးနပ်ပါမယ်..မိသားစုအပေါ်ငဲ့ လွန်းရင် အိမ်ထောင်ပြုအခက်ဆုံးထဲပါလို့ .အချိန်အတော်ယူပါတယ် အဲ တခါ ပါတ်ဝန်းကျင်ကိုလည်းသိပ်ဂရုမစိုက်တတ်လို့ တရူးထိုးနဲ လည့်းအိမ်ထောင်ကျတတ်ပါတယ်သတိအထူးထားရမှာက ဆင်းရဲလျင်  (၀ါ)ရုန်းကန်နေစဉ် မပျက်စီးတတ်ဘဲ ကျိုးစားသလောက် အခြေအနေကောင်းလာလျင် အပေါင်းသင်းအာရုံများပြီး အရက်တမြမြဖြစ်လာတတ် လို့ ဘ၀တက်လမ်းပိတ်သွားတတ်ကြောင်းပါခင်ဗျား........................... (ချုပ်ပြောရရင် ကိုယ့် ဝီရိယသာအနာဂတ်အတွက်အားကိုးရာဖြစ်ကြောင်းပါ)
Thursday, March 26, 2015
©Dennis မွန်းအောင် - အမှောင်လွှမ်းတဲ့ ကမ္ဘာကြီး®
©Dennis မွန်းအောင် - အမှောင်လွှမ်းတဲ့ ကမ္ဘာကြီး®
=====================
အမှောင်လွှမ်းတဲ့ကမ္ဘာကြီးမှာ ငြိမ်းချမ်းလေးရာ
((အမှောင်လွှမ်းတဲ့ကမ္ဘာကြီးမှာ ငြိမ်းချမ်းလေးရာ))
ကွယ်လုပြီ ကွယ်လုပြီ စိုးရွံ့ထိတ်မိတယ်
((ကွယ်လုပြီ ကွယ်လုပြီ စိုးရွံ့ထိတ်မိတယ်))
လူသားတွေဆူဝေလို့ရယ် လောဘမီးကြောင့်ကွယ်
((လူသားတွေဆူဝေလို့ရယ် လောဘမီးကြောင့်ကွယ်))
စစ်ခင်းကာ အောင်နိုင်မှုအတွက် သတ်ကြဖြတ်ကြတယ်
((စစ်ခင်းကာ အောင်နိုင်မှုအတွက် သတ်ကြဖြတ်ကြတယ်))
ဘဝဘုရားရယ် ဓမ္မတရားရယ် လောကကြီးထဲမှာ
((ဘဝဘုရားရယ် ဓမ္မတရားရယ် လောကကြီးထဲမှာ ))
လူသားတွေ ကိုယ်စီကျင့်ရင် လောကလှပမယ်
(( လူသားတွေ ကိုယ်စီကျင့်ရင် လောကလှပမယ်))
ဓမ္မတေးတွေ သီရင့်ကျူးရင် လောကငြိမ်းချမ်းမယ်
((ဓမ္မတေးတွေ သီရင့်ကျူးရင် လောကငြိမ်းချမ်းမယ်))
ကိုယ်ချင်းစာ ညှာတာတရားရယ် ထားရှိကြဖို့ကွယ်
((ကိုယ်ချင်းစာ ညှာတာတရားရယ် ထားရှိကြဖို့ကွယ်))
ငြိမ်းချမ်းရေးချိုးငှက်ငယ်ရယ်
အတောင်ဖြန့်လို့ ဝေဟင်မှာဝဲလို့ တေးသီရင်း
ငြိမ်းချမ်းရေးချိုးငှက်ငယ်ရယ်
အတောင်ဖြန့်လို့ ဝေဟင်မှာဝဲလို့ တေးသီရင်း
လောကကမ္ဘာထဲ ဝဲလို့ပျောက်ကွယ်
…♫ ♪…..♫. . ♪…♪♪…♪ ♫ ♪… ♪…
….♪…..♫ . . ♫ ♪ ♫ ♪…
အမှောင်လွှမ်းတဲ့ကမ္ဘာကြီးမှာ ငြိမ်းချမ်းလေးရာ
((အမှောင်လွှမ်းတဲ့ကမ္ဘာကြီးမှာ ငြိမ်းချမ်းလေးရာ))
ကွယ်လုပြီ ကွယ်လုပြီ စိုးရွံ့ထိတ်မိတယ်
((ကွယ်လုပြီ ကွယ်လုပြီ စိုးရွံ့ထိတ်မိတယ်))
လူသားတွေဆူဝေလို့ရယ် လောဘမီးကြောင့်ကွယ်
((လူသားတွေဆူဝေလို့ရယ် လောဘမီးကြောင့်ကွယ်))
စစ်ခင်းကာ အောင်နိုင်မှုအတွက် သတ်ကြဖြတ်ကြတယ်
((စစ်ခင်းကာ အောင်နိုင်မှုအတွက် သတ်ကြဖြတ်ကြတယ်))
ငြိမ်းချမ်းရေးချိုးငှက်ငယ်ရယ်
အတောင်ဖြန့်လို့ ဝေဟင်မှာဝဲလို့ တေးသီရင်း
ငြိမ်းချမ်းရေးချိုးငှက်ငယ်ရယ်
အတောင်ဖြန့်လို့ ဝေဟင်မှာဝဲလို့ တေးသီရင်း
ငြိမ်းချမ်းရေးချိုးငှက်ငယ်ရယ်
အတောင်ဖြန့်လို့ ဝေဟင်မှာဝဲလို့ တေးသီရင်း
ငြိမ်းချမ်းရေးချိုးငှက်ငယ်ရယ်
အတောင်ဖြန့်လို့ ဝေဟင်မှာဝဲလို့ တေးသီရင်း
ပြ န်လ ည် ခံ စား သူ
©2015David-Gyi®
2 6 – 0 3 – 2 0 1 5 —
(မူလ Upload လုပ်သူ Yadanar10 ကိုကျေးဇူးတင်ပါတယ်။
Show ရဲ့ Band Information အတွက် ကိုသားငယ် ကိုကျေးဇူးတင်ပါတယ်။
တေးဖွဲ့ Information အတွက် ကိုရဲနည် ကိုကျေးဇူးတင်ပါတယ်။
ကိုရဲနည် ဟာဒီသီချင်းရဲ့မူရင်းတေးစုဖြစ်တဲ့ ငြိမ်းချမ်းရေးတိုက်ပွဲတေးစု
တည်ဆောက်ခဲ့စဉ်က ပါဝင်ခဲ့သူတစ်ဦးပါ။
Yadanar10 ဆီခွင့်တောင်းပြီး ဒီ video clip လေးကို ပြန်လည် မျှဝေခံစားပါတယ်။
ရင်ခြင်းတူတဲ့မိတ်ဆွေများ အတွက် non –commercial video လေးပါ။
ပွဲစီစဉ်သူများရဲ့ အကျိုးစီးပွားထိခိုက်စေလိုတဲ့စိတ်လုံးဝမရှိပါ။)
တေးဖွဲ့ - နောင်နောင်
တေးဂီတ - THE RHYTHM MUSIC BAND
KEYBOARD - ကျော်စိုးနိုင်
DRUMS – တွတ်ကီ
BASS – မြတ်မိုး
GUITAR – စောရန်နိုင်
Dennis Mun Awng’s one man show
(၀ တ်မှု န်ကူး တဲ့ ည)
LIVE IN YANGON
အ မျိုး သား က ဇာ တ်ရုံ
1 0 – 0 3 – 2 0 1 5
Tuesday, March 24, 2015
ဗေဒင်နဲ့ လူ့ စိတ်
ဗေဒင်နဲ့ လူ့ စိတ်
-------------
''' စိတ်ထားထက်မြက်ပြီး တစ်ခါတစ်ရံတစ်ဇွတ်ထိုးနိုင်တတ်သည်၊ မှန်သည်ထင်လျင် အလွယ်နှင့် အလျှော့ မပေးတတ်၊ မာကျောပုံရသော်လည်း အမှန်တကယ်တွင် မရက်စက်တတ်ကြပေ၊ စိတ်ရင်း စေတနာကောင်းတတ်သော်လည်း လိမ်လည်လာလျင်မကြိုက်တတ်၊ အပေါင်း အသင်းများကို ကူညီတတ်သော်လည်း ကိုယ့် ကိုပြန်သိတတ်သူနည်းပါးတတ်သည်၊ မျှော်မှန်းချက်များကြီးသလောက် တိုးတက်မှု့ နှုံး နှေးကွေးနေခြင်း အပေါ်အားမလို အားမရဖြစ်တတ်ကြသည်။ အလုပ်တစ်ခုခုစတင်လျင် အလွန်တက်ကြွတတ်သော်လည်း ငြီးငွေ့ စိတ်ကရောက်ရောက် လာတတ်လေ့ ရှိသည်၊ လိုအပ်လျင် လူအပင်ပမ်း ခံနိုင်ပေးလိုက်တတ်ပေမယ့်  စိတ်ပင်ပမ်းမှု့ ဒဏ်ကိုတော့ မခံနိုင်ကြပေ။ မိမိ အမှန်တကယ်စိတ်အတွင်းမှ ဖြစ်လိုသောဆန္ဒများနှင့်  မိမိကျင်လည်နေရသော ပတ်ဝန်းကျင်မှာ သဟဇတမဖြစ်လှချေ မိမိအတွက်  အဓိက ပြဿနာတစ်ရပ်မှာ ဖေါ်လံဖားရသော အလုပ်မျိုးကို မလုပ်တတ်ပဲ မိမိ တာဝန်ရှိသည့် အတိုင်းသာလုပ်ကိုင်လိုခြင်းဖြစ်သည်။အများအားဖြင့် ပတ်ဝန်းကျင်နှင့် မိမိ၏ အတွေးအမြင် ခံစားချက်များသည် သီးခြားစီကဲ့ သို့ ဖြစ်နေတတ်သည်ဟု ခံစားနေလေ့ ရှိသည်။ကူညီတတ်သော စိတ်အခံကြောင့်  သူများပြဿနာများတွင် ကြားညပ်သလိုလိုဖြစ်သွားတတ်လေ့ ရှိသည် ။ ထို့ ကြောင့်  စေတနာကောင်းများထားပေးသော်လည်း သူများ၏ အထင်မှားခံရမှု့ များကို ကြုံတွေ့ ရလေ့ ရှိသည်။ ငွေလက်ဖွာသူဟု မပြောနိုင်သော်လည်း အလွန် စည်ကမ်းကြီးကြီး သုံးစွဲသူဟုမဆိုနိုင်၊ စုဆောင်းမည်ကြံလိုက်တိုင်း အထွက်သန်စရာအကြောင်းများ ရောက်လာလေ့ ရှိ၏ ပုံမှန်အားဖြင့် ဥာဏ်ရည်ထက်မြက်သူများဖြစ်ကြသော်လည်း တစ်ခါတစ်ရံ အတွေးခေါင် နေတတ်သူများ လည်းဖြစ်ကြ၏။အလွယ်တကူ မိတ်မဖြစ်တတ်သော်လည်း မိတ်ဖြစ်ပြီးလျင် သံယောဇဉ်ကြီးတတ် သူများဖြစ်လေသည်.အချစ်ကြီးသူများဖြစ်ကြသကဲ့ သို့ စိတ်နာသွားပြီဆိုလျင် အလွယ်နှင့် မပြေပျောက်တတ်ကြတော့ ခြေ..။.ပုံမှန်အားဖြင့်  စိတ်နေ စိတ်ထား အဆင့် အတန်းရှိရှိ နေတတ်ကြသူများဟုလည်း ဆိုနိုင်သည်..မိမိ မိသားစုနှင့် ဆက်ဆံရေးမှာ ပုံမှန်ရှိတတ်သော်လည်း အတွင်းသဘောမှာ မိသားစုက မြင်လိုသောဆန္ဒနှင့် မိမိဖြစ်လိုသောဆန္ဒ မကြာခဏ ကွဲလွဲမှု့ များကြုံတတ်ပြန်သည်။...'''
-----------
ဒါ ကျနော့် ဝေါပေါ်မှာ ခပ်တည်တည်နဲ့ ဗေဒင်ဟောသလိုလိုနဲ့ နမူနာရေးပြလိုက်တဲ့ စာပါ...အဲ့ ဒါဖတ်မိလိုက်တဲ့ အတော်များများက ကိုယ့် ကိုများ ဟောနေသလားလို့  ထင်မိသွားတတ်ကြပါတယ် တော်တော်များများအချက်အလက်တွေက ကိုယ့် စိတ်နဲ့ နီးစပ်နေသလိုလို မို့ ပါ အရွယ်ရောက်သူတွေ ဘယ်မဟာဘုတ်နဲ့  မွေးမွေး ဘာနေ့သားဖြစ်ဖြစ် လိင်တူတူမတူတူပေါ့  အဲ့ ဒါဘာကြောင့် ပါလဲ...
Saturday, March 21, 2015
မင်းခွေးချေးနဲ့ ဝက်သားဟင်းခွဲဝေမှု့ ပြဿနာ
မင်းခွေးချေးနဲ့ ဝက်သားဟင်းခွဲဝေမှု့ ပြဿနာ
----------
300 ဆိုတဲ့ လူစွမ်းကောင်းအင်္ဂလိပ်ကားကြီး ထွက်လာတော့  နရသီဟပတေ့ ဗျင်ကြီးရဲ့  ဟင်းခွက် ၃၀၀ကို သတိရလိုက်တာပေါ့  ၃၀၀ကို ကြားဖူးနေတာကိုး..အဲ့ ဗျင်ကြီး စစ်ပြေးရင်း ဟင်းခွက် ၁၅၀ပဲစားရတော့  ''ဆင်းရဲလိုက်ထှာ'' လို့ ငြီးတယ် ဆိုတာဖတ်ရတော့ လည်း အံ့ တွေကိုသြမိသေးတာ..မအေတို့  ဧရာဝတီစစ်ပြေးတုန်းက ကိုင်းဥကိုဟင်းလုပ်စားခဲ့ ရတယ်လို့ ပြောခဲ့ ဖူးတာသတိရသလို ကိုယ်တွေ ကိုရင်ဝတ်ရဟန်းဝတ်တုန်းက စားပွဲပေါ်က ဆွမ်းဟင်းခွက် ၃၀ကျော်လောက်မှာ ဘယ်ခွက်က ဟင်းကောင်းလဲလို့ ကျီးကန်းမျက်စိရဲ့ လျင်မြန်မှု့ မျိုးနဲ့ ရှာရင် နောက်ကျတဲ့ လက်သစ္စာဖေါက်ဆိုပြီး ...အဟိ...
စာသမားတို့ သည်...
စာသမားတို့ သည်...
--------
အဲ့ မှာ စာသမား တစ်ယောက်က ကြံကြိတ်စက်နားက ကြံချောင်းတွေကြည့် ပြီးသမိုင်းထဲက စာလေသံနဲ့ 
''  ကြံဆိုတာ အဖျားကစပြီးစုပ်ရတယ်ဗျ ဒါမှ တဖြည်းဖြည်း အရသာပိုပိုရှိလာတာ''..လို့  သူပဲဖတ်ဖူး သူများ မဖတ်ဖူးသလိုလို လေသံနဲ့ ဆရာကျလိုက်တော့ ...
နောက်သူငယ်ချင်းကလည်း သူလည်း စာပေမှာ ခေတ်သူမဟုတ်လေသံနဲ့   '''ဟာဗျာ၊ အရင်းပိုင်းမစုပ်ရခင် သေသွားရင် အကောင်းဆုံး အပိုင်းကို အရသာ မခံလိုက်ရဘဲနေဦးမယ် '' လို့  ပြန်ထုချေလိုက်သတဲ့ ...အဲ့ အချိန်မှာ ကြံကြိတ်စရာက ကြံ၂ ချောင်း အတူတူစက်ထဲထည့် ကြိတ် ကိုင်းဖန်ခွက် ၂ ခွက် ထဲ အတူတူထည့်  ပြီးတော့ မှ စာသမား ၂ယောက်ကို လှမ်းပေးလိုက်သတဲ့ ..
စာသမား ၂ ယောက်လည်း အချင်းချင်းအပြန်အလှန် ဆရာကျလက်စတွေကိုခဏထား ကြံရည်တွေကို တစ်ငုံစီငုံလိုက်တဲ့ အချိန်မှာ ကြံရည်သည် ဦးလေးကြီးက စာသမား၂ ယောက် တစ်ငုံစီသောက်လိုက်တာကို လှမ်းကြည့် ပြီး..''ဘယ်နှယ့်  ငါ့ လူတွေ စက်နဲ့ ကြိတ်လိုက်တော့  ဘယ်ဖန်ခွက်ဇောင်းကသောက်သောက် အချိုရေ အရသာက အတူတူပဲလေ..ဟုတ်စ..ငါ့ လူတို့ မယုံရင် ခွက်ချင်းလဲသောက်ကြည့် လေ.''..လို့  ပြုံးစိစိနဲ့ ဝင်ပြောလိုက်ပါရောတဲ့ ....ငိငိ
ခွက်မှောက်
တ၀က်ထဲလားတို့  တ၀က်ကြီးများတောင်တို့  ဘာညာနဲ့ လာငြင်းလို့ မရတော့ ဘူး ခွက်မှောက်ထားရင်.ဗလာပဲ 
ဒါတောင် လေတော့ ရှိလောက်ဦးမယ်ဘာညာက လာချင်လာဦးမှာ....ငိငိ..
Friday, March 20, 2015
ကာလာ..
ကာလာ..
-----------
ဗုဒ္ဓဟူးသမီးတစ်ယောက်ပေါ့ ဗျာ...ကြာသာပတေး သက်ရောက် ၀င်တယ်....ဒီတော့  ပြောစရာရှိတာပြောပြီး ထုံးစံအတိုင်း ကုသိုလ်လည်းဖြစ် ယတြာသဘောလည်း ၀င်ရအောင် အညွန့် လှုခိုင်းတယ်ပေါ့ ...သူက ၃ကြွင်း...ဒီတော့  အညွန့် က တနင်္ဂနွေ ကြာသာပတေး တနင်္လာ သုံးမျိုးစလုံး အညွန့် သက်သက် လှုလို့ ရတယ်ပေါ့ ....အမြစ်အညွန့် သစ်စိမ့် ပန်းယ အတွဲဘက်ကကြည့် ရင်တော့  တနင်္ဂနွေနံ အုံးညွန့် က အညွန့် အစစ်ပေါ့ ..
ဒီတော့  အုန်းညွန်တို့ ကံ့ ကော်ညွန့် တို့  ခဏခဏလှုပါလို့ ပြောတာပေါ့ ....အုန်းတို့ ကံ့ ကော်တို့ ကိုရွေးပြောတာက သုံးတန်ပေါ်နိစ္စပညာဘက်ကကြည့် ရင်
တန်းစီးတို့  ပြ တို့ ဆိုတဲ့  တိုင်ပေါ်သုံးလုံးထဲမှာပါနေလို့  အဓိက ကတော့  အုန်းညွန့် က တန်းစီးမှာ အကောင်းပေါ့ ...
မိန်းမပျင်းပန်း တဲ့ 
မိန်းမပျင်းပန်း တဲ့ 
------------
တစ်ခါတစ်လေ ဇော်စိမ်းကို ဇီးအစား အညွန့် ထိုးဖို့  ယတြာပေးရင် သွားလေသူ မအေကို သတိရတယ်ဗျ...မအေက ရှေးထုံးစကား တစ်ချို့ ကို ပြောတတ်တယ် .ယူတယ်ပေါ့ လေ ..အိမ်ဘုရား ပန်းအိုးမှာလှုတာ ပလတ်စတစ်ပန်းတွေ တစ်သက် မထိုးသွားဘူး အလွန်မအားရင်တောင် သပြေတော့  အိုးစေ့ ထိုးထားတတ်တယ် ပုံမှန်ကတော့ ရာသီပေါ်တွေ ပန်းထူးဆန်းလေးတွေ အာရုံ လာရာ ပန်းအစစ်တွေသာလှုထားလေ့ ရှိတယ် နောက်တစ်ချက်က ပန်းသစ်လှုဖို့  ပန်းအိုးကိုချပြီဆိုရင် ပန်းဟောင်းကို အလတ်ကြီးရှိသေးတာပဲဆိုပြီး ပြန်ထိုးလေ့ မရှိဘူး အသစ်ဆို အသစ် ချည်းလှုတာမျိုးပဲ..အဲ...ဇော်စိမ်းကိုတော ဘုရားပန်းအဖြစ် မလှုသွားဘူး.. .ရွက်လှလဲလည်း ပါတယ်...သူပြောပုံက အဲ့ တာတွေက မိန်းမပျင်းပန်း တွေတဲ့  ဟီးးး..
အကြောင်းက ဇော်စိမ်းတို့ ရွက်လှတို့ က ရင့် ရင် အကြာကြီးခံတယ် ရွက်လှဆို ရေမှန်မှန်လဲပေးနေရင် အမြစ်တောင်ထွက်လာတာမျိုးပဲ ဒီတော့  ဇော်စိမ်း တို့ ရွက်လှတို့  က တစ်ခါဝယ်ပြီး တော်တော်နဲ့  အသစ်လဲစရာမလိုတော့ ဘူးပေါ့ လေ...အိမ်သူလည်း ဘုရားပန်းအိုးဇော်စိမ်းတစ်စီးနဲ့ ပစ်ထားပြီး ဖရီးရိုက်နေလို့ ရတယ်ပေါ့ လေ.ပထမ စီးပွားဂမုန်းက အဲ့ ထဲမပါသေးဘူး ဘုရားပန်း အဖြစ်လှုတာတွေဘာတွေ တွေ့လိုက်ရသေးတယ်.နောက်တော့  ကြာကြာခံတဲ့ စီးပွားဂမုန်းတို့ မယ်တော်ကြီး ဂမုန်းတောင် ဘုရားပန်းအိုးမထိုးတော့ ဘူး..ဘာပြောရမှန်းမသိဘူး သူ့ အကြောင်းပြချက်နဲ့ သူပဲပေါ့ လေ.အဲ ဘိဇနက်သဘောကြောင့်  ပန်းသစ်ဝယ်ထိုး နိုင်လာတာလဲပါလေမလားလို့ တောင်တွေးမိသေး.ဒါပေသိ ပြောပါဘူး..သူ့ ဖီလင်နဲ့ သူ ဂွတ်နေရင်ပြီးတာပဲဆိုပြီး..အဲ အဲ့ အကျိုးဆက်က ခုထိ အိမ်က ညီအစ်မတွေ ဘုရားပန်းသက်သက်အဖြစ် ဇော်စိမ်းမထိုးကြဘူး.မအေ့ လမ်းပြမြေပုံအတိုင်းပဲ ..အင်း ဘုရားပန်း ခဏခဏ အသစ်လဲတော့  ပိုက်ပိုက်ခဏခဏကုန် အဲ ကုသိုလ်ခဏခဏရတာပေါ့ လေ.....ဟီးးး...
ပြိုင်ဆင်းလင်မယား...
ပြိုင်ဆင်းလင်မယား...
----------
အင်္ဂါသား လင် က အခုတော့ ဆေးရုံ အိုင်စီယူထဲမှာ အသက်လုနေရတယ်...
လာနေကျအမျိုးသမီးက ညီမ..သူကဖုန်းဆက်တယ် သူ့ အစ်ကိုဆေးရုံရောက်နေတယ် မလှုပ်နိုင်ဘူး ဘာညာနဲ့  ဖြစ်စဉ်လှမ်းပြောတော့  နားထောင်ပြီး ကြုံဖူးတဲ့ အတွေ့ အကြုံတစ်ခုပြန်သတိရတာနဲ့  ကျနော်က ဒါဆို ကြွက်သားသေတဲ့  ရောဂါဖြစ်နိုင်တယ်...ပိုက်ဆံတွေအများကြီးသုံးရလိမ့် မယ် ဒီဆေးက ဈေးအကြီးဆုံးတွေထဲမှာပါတယ်လို့ ပြန်ပြောလိုက်ပြီး ဘာနေ့ သားလဲ အသက် ဘယ်လောက်ထဲမှာလဲလို့ မေးလိုက်တော့ အင်္ဂါသား အသက် ၅၇ လောက်လို့ ပြောတယ် ( အင်္ဂါသက်ရောက်ပေါ့ )..ဒါဆို ယတြာကြီးကူရင်ကောင်းမယ် သေနိုင်တယ် လို့ ဒဲ့ ပြောလိုက်တယ်...အဲ ကြိုကန်ထားတဲ့ အနေနဲ့  လုပ်ကြည့် မှာနော် ရမယ်မရဘူး မပြောနိုင်ဘူး ၃၀ ၇၀လောက်ရယ်လို့ ပါ ပြောလိုက်သေးတယ်...အ၀တ်အစားဓာတ်ပုံယူခဲ့ ပါပေါ့ လေ ဒီရောက်မှ စစ်ကြည့် တာပေါ့  အဲ သူ့ မိန်းမ မွေးသက္ကရာဇ်ပါယူခဲ့ ပါပေါ့ ဗျာ..
စာမေးပွဲအတွက် ဗေဒင်အယူအဆ
စာမေးပွဲအတွက် ဗေဒင်အယူအဆ
----------
၁၀တန်းကစပြီး အထက်အဆင့် အထိမှာ ဖြေပြီးတော့ မှ အအောင် အကျ လာ အမေးခံရတာမျိုး တစ်ခါတစ်လေ ပါလာတတ်သေးတယ် အရင်ကလောက်တော့  မပါတော့ ပါဘူး...မဖတ်ဘဲနဲ့ မအောင်ဘူးလို့ အတော်များများက လက်ခံထားလာကြတယ်...ဖတ်ရဲ့ သားနဲ့ ကျတာမျိုးက မိသားစုအတွင်းမှာ မျှော်လင့် မထားတဲ့ ရှောင်တခင် တုန်လှုပ်စရာတွေကြုံလိုက်ရလို့  အာရုံစုစည်းမှု့ တွေပြိုကွဲသွားလို့  မှတ်ဥာဏ်စုမရတော့ တာမျိုးတွေ ကြောင့် ရယ် စာမေးပွဲနီးမှ အသည်းတွေ ဟက်တက်ကြီး ကပ်ကွဲခံစားနေတာမျိုးတွေ နဲ့ ရက်ပိုင်းအလိုမှ ရုတ်တရက် ကျမ္မာရေးတွေဖေါက်သွားရင် ကျတတ်တာမျိုးများတယ်...
ဖြေပြီးမှ အောင်မအောင် အမေးမျိုးကို ဒက်ထိဖြေနိုင်တာမျိုး ဗေဒင်မှာရှိတယ် ဖြေခဲ့ တာမဖြေခဲ့ တာတောင် သိနိုင်တဲ့ ဗေဒင်မျိုးတွေရှိတယ်...သဘာက စာမေးပွဲအောင်မအောင် မေးခွန်းမျိုးကို ဖြေပြီးမှဖြစ်စေ မဖြေခင်ဖြစ်စေ မေးလာရင် မှန်အောင်ဖြေနိုင်တဲ့ ဗေဒင်တွေရှိတယ်လို့ ဆိုလိုတာပါ...ဒါကို တွက်ပေးတာ မတွက်ပေးတာ တွက်နိုင်တာ မတွက်နိုင်တာတွေက ဗေဒင်ဆြာရဲ့ အပိုင်းပဲ  ဗေဒင်ပညာရဲ့ အပိုင်းမဟုတ်ဘူး ပညာရပ်ပိုင်းတွေနဲ့ လူကို ခွဲမြင်တာကိုဆိုလိုတာ...
''ချစ်ခြင်းမေတ္တာတို့ သည်.....''
''ချစ်ခြင်းမေတ္တာတို့ သည်.....''
------
မနက်ကပေါ့ ဗျာ  အပေါ်ထပ်ကဆင်းလာရင် အောက်ထပ်က မြင်သာတဲ့ တိုင်လေးမှာ တွဲလောင်းလေး ချိတ်ထားတဲ့  ပလာတာ လေးငါးချပ် ကျွတ်ကျွတ်အိပ်လေး လှမ်းမြင်လိုက်တာနဲ့  မေးမလို့ ရှိသေးတယ်......
.
'' ဒီနေ့ .ကြက်သားအာလူးဟင်းလေ.အဆင်သင့် ပဲ စားလို့ ရပြီး ကြက်သွန်နီငရုပ်သီးစိမ်းအချဉ်က ဟိုခွက်ထဲမှာ လုပ်ပြီးသား..''တဲ့ ...အဟဲ...အိုးသူကြီးအစ်မနဲ က အဲ့ လို အထာလေးတွေလေ..ကြက်သားဟင်းက ဆွမ်းလောင်းအိမ်ဟင်းစားတင်မကဘူး အိမ်လုပ်ကြက်သားပလာတာပါဖြစ်သွားတယ်..
ပျော်စရာကောင်းတဲ့  မိသားစုချစ်ခြင်းမေတ္တာအိမ်လေးဆိုတာဒါပါပဲ...
ရုပ်ကမ္ဘာကြီးရဲ့ ဇော်ကန့် လန့် 
ရုပ်ကမ္ဘာကြီးရဲ့ ဇော်ကန့် လန့် 
-------------
ရုပ်ကမ္ဘာရဲ့ ဆွဲဆောင်မှု့ က အကောင်းဆုံးတွေ မဟုတ်တောင် ကောင်းတာလေးတွေတော့  ရတတ်သလောက် ရနိုင်သလောက်တော့  အာရုံခံစားသွားချင်တယ်ဆိုတဲ့  လိုချင်မှု့ ကြောင့် ဆန္ဒဖြစ်လာတဲ့ အပေါ်  ငြင်းဆန်ရခက်တယ်ဆိုတာကစပြီး ရုပ်ကမ္ဘာကြီးကို အသိအမှတ်ပြုဖို့ လိုလိမ့် မယ်...
.စိတ်ပိုင်းဆိုင်ရာမှာ လိုချင်မှု့ အာရုံတွေကို ခုခံနိုင်တဲ့  သတ္တိ အားမပြည့် သေးပဲ ရုပ်ကမ္ဘာကို ဇွတ်ငြင်းဆန်နေရင် အားမပြည့် သေးပဲ ထ ခုန်တဲ့ ဇော်ဂျီလို အပေါ်လည်း တကယ်မရောက် ပြန်လဲဆင်းမရနဲ့  မြေပြင်က ၂ပေအကွာလောက် လေထဲမှာ ခြေကားရား လက်ကာယား မအီမလယ် မချိမချဉ်မျက်နှာနဲ့  ငိုရခက်ရီရခက် နဲ့  ဇော်ကန့် လန့် ကိန်းဆိုက်နေတတ်တယ်လို့ ဆိုပါတယ်..
.ဆင်ခြင်ဖို့ လိုတာလေးက ရုပ်ကမ္ဘာကို တကယ် ငြင်းပယ်နိုင်တဲ့  စိတ်သတ္တိအားမပြည် ခင် ကိုယ့် အားနဲ့ ချိန်ပြီး လိုချင်မှု့ ရဲ့ အရှိန်ကို ဆင်ခြင်တုံ ဘရိပ်နဲ့ ဥာဏ ၀ီရိယ လီဘာကို ကစားတတ်ဖို့ အရင်လိုလိမ့် မယ်လို့ ဆိုပါတယ်..
' စာဆင်ခြင်နဲ့ မလုံလောက်..''
' စာဆင်ခြင်နဲ့ မလုံလောက်..''
-----------
ကြုံဘူးတာတွေကို ပြန်ပြန်တွေးတောရင်းက ရှေ့ ခရီးအတွက် အကျိုးဖြစ်စ ရာတွေရရလာတတ်တယ်..ဓမ္မာစာပေ တောက်တိုမယ်ရတွေဖတ်ရတဲ့ အကျိုးက စိတ်ဖြေလျော့ လို့  ရလွယ်တယ်..
ကျမ္မာရေးမှာ ဟဲဗီးအဖြစ်အပျက် ၂ခါကြုံဖူးတယ်...ပထမတစ်ခါက အစားမှားလို့  ရုတ်တရက် မူးပြီး လုံးဝကို မှောင်အတိကျ မေ့လဲသွားတာကြုံလိုက်ရတယ်..
မူးနေချိန်ဟာ မီးနစ်ပိုင်းပဲ စာထဲက ကမ္ဘာမြေကြီးဟာအိုးထိမ်းစက်ကဲ့ သို့  လည်နေ..ဆိုတာ တကယ်မှတကယ်ပဲ ..ဘယ်လိုမှ ခေါင်းရောကိုယ်ပါတည်မရတော့ သလို မျက်လုံးကိုနဲနဲဖွင့် တာတောင်မရ မူးနေတယ် ဆိုတဲ့  အသိတစ်မျိုးထဲသာ ရှိပြီး ဘာဘုရားတွေမှ မတနိုင် တဖို့  သတိမရဘူး...မြေပေါ်မှာမတ်မတ် ရပ်တည်ခြင်းငှာ မစွမ်းသာတော့ ဆိုတာ မျိုးပဲ...အဲ့ မှ သွက်ချာလည်မူးနေရာက ဖြတ်ကနဲ မီးပိတ်ချ လိုက်သလို မှောင်အတိကျ မေ့သွားတော့ တယ်...(ဆေးရုံရောက်မှ သတိလည်...မလည်သာ မလည်ရင် အပြီးသေတယ်ပေါ့ ..)...
Tuesday, March 17, 2015
မှတ်ကရောပဲ..
မှတ်ကရောပဲ..
==========
ကရာတေးနဲ့ သိုင်းကားတွေ တန်ခိုးကြောင့်  ကရာတေးသင်တန်းတွေ အလျိုအလျို ပေါ်လာပါရောဗျ.. .ဘယ်အချိန်က ဘယ်နေရာမှာ သင်ပြီး အဆင့် လွန် ဆူပါ ပါဝါ ဒန် ၅၀လောက် တက် တတ်နေကြမှန်းတော့ မသိဘူး..လူက ပေါ်ရာနောက် လိုက်လိုက်သွားတတ်တော့  အဲ့ သင်တန်းတွေ နန့် ပြီး လျှောက်တက်တာပေါ တစ်ဆိတ်ရှိ ဖဲ့ ချင်နေတဲ့ ဘာသွေးကြွ ညာသွေးကြွတွေကိုး...ခိခိ
အဲ့ ကရာတေးသင်တန်းတွေမှာလည်း ၂ ချောင်းဆက် နံချတ်ကုပညာတွေပါတယ်.ဒါကြီးက ကွန်ဖူးမှာ ပါတာဘာညာတွေ ဆိုင်မဆိုင်တွေဘာတွေမသိပါဘူး .အဲ့ ဟာကြီးကလည်း မိဘဆီမုန့် ဖိုးလက်ဖြန်နေရတဲ့ ကျောင်းသားအတွက်ဈေးမသေးပေဘူး..ဒါပေသိ တစ်ခါမှသာ သူများသွား မရိုက်ဖူးတာ ကိုယ့် နံရိုးတွေဆိုတာများ မကျိုးတာ ကံကောင်းပဲ...နံချတ်ကုဆိုတဲ့ အတိုင်း နံရိုးတွေ အတော်နာပါလားပါ့ ပေါ့ လေ..ခိခိ..အဲ..ကိုယ့် ပစ္စည်းနဲ့ ကွကိုယ် ခံနေရတာ ချည်းဖြစ်နေလို့  အဲ့ ရောဂါသေလုလုမှာ သိုင်းသင်တန်းတွေဖွင့် လာပြန်ပြီး အဲ့ သင်တန်းမှာ သုံးချောင်းဆက် စံချပ်ကူ ဆိုပြီး ပေါ်လာပြန်ရောဗျာ့ .... 
အဲ့ ဒါတော့  မ၀ယ်နိုင်လို့  ကွကိုယ် လုပ်ရတယ် လူမိုက်အစ်ကို တစ်ယောက်အားကိုးပြီးပေါ့  ထွက်လာတော့  ၀ိတ်မညီ အရှည်မတူ ပုံမကျ ပန်းမကျနဲ့ ပေါ့  အဲ့ မှာ လည်း နဖူးဖု ချိုစောင်းထိ လက်ညပ် မြေကြီး တုတ်ထောက်မိ ချော်လဲ ဒူးပြဲ နှုတ်ခမ်းကွဲ နဲ့ ပေါ့ ...ကွကိုယ်ပြန်ထိတာ...ခိခိ..အာ့ နဲ့ ဖြစ်သေးပါဘူးဆိုပြီး ကမျင်းကြောဆွဲနေတဲ့ ကိုယ်ချည်းခံနေရတဲ့ ကိုယ်ခံပညာ သိုင်းပိုးနဲနဲသေသွားတုန်း ....
ကုလားတုတ်သိုင်းနဲ့  ကြိုးသိုင်းဆိုတာတွေပေါ်လာပြန်လို့  တုတ်ထက် ကြိုးကိုသဘောကျသွားလို့  လူရှင်းတဲ့  နောက်ဖေးလမ်းကြားထွက် ဂုံနီအိပ်ကြိုး သုံးပင်လိမ်ပြီး ကြိုးအဖျား စက်ဘီးမူလီကုံးတတ် လျှောက်ရမ်းတာ ဒီတစ်ခါတော့  နပ်သွားပြီး ကွကိုယ်ပြန်မထိအောင် ရမ်းတော့ တာ..
မြင်မြင်သမျှ ခွေးတွေ ကြောင်တွေဆိုတာ ဓားစာခံလေးတွေကို ဖြစ်ကရောပဲ...အဲ ကြိုင်းသိုင်းဆိုပြီး လျှောက်ရမ်းနေတာ ပြဿနာမရှိ ထင်ရပေမယ့်  .......
တစ်ရက်ကြတော့  အရမ်းကောင်းလိုက်တာ ကြိုးစကကိုင်ပြီး လျှောကနဲဆို လွှတ်လိုက်တာ ကြိုးကရှည်တော့  ပစ်မှတ်လွဲသွားလို့  သူများအခန်းက ပြူတင်းပေါက်မှန်သွားထိပြီး လျော်ပေးလိုက်ရတယ်..မှတ်ကရောပဲ....တော်တော်နဲ့  ထွက်မကဲရဲတော့ ဘူး...
Saturday, March 14, 2015
'''..ပြောရဦးမယ် ကိုယ်ချင်းကိုယ်ချင်းတွေမို့ '''
''''..ပြောရဦးမယ် ကိုယ်ချင်းကိုယ်ချင်းတွေမို့ '''
-------------------------
'''ပြောရဦးမယ် ကိုယ်ချင်းကိုယ်ချင်းတွေ.'' ..လို့  စောစောစီစီအိမ်ဝင်လာရင်း စကားစလာသူက တစ်ခန်းကျော်က အတင်း  အဲ့  သတင်းစုံ လှည့် ပြောရတာဝါသနာထုံတဲ့  အိမ်ရှင်မပေါ့ ဗျာ...သူ ငြီးတာ အတော်ရယ်စရာကောင်းတယ်ဗျ..အဲ ..ကလေးခြေထောက်ပိုးထိပြီး မျော သစ္စာဆို အဆိပ်ချ တဲ့ ရသေ့ နဲ့ ဒကာ ဒကာမ သစ္စာ ပုံပြင်ထဲက ၀န်ခံချက်မျိုး အပြင်မှာ တကယ်ရှိပါလားလို့ တွေးပြီးရီမိတာ...အရပ်စကားပြောရရင် '''အကျင့် သွားလုပ်တာကိုး'' လို့  တစ်ချို့ ခံခဲ့ ရဘူးသူတွေ ပြောသလိုမျိုးဖြစ်နေပြီ...ခိခိ
ဖြစ်ပုံအစက သတိထားမိနေတာတော့ ကြာပါပြီး အဲ့ အိမ်ရှင်မက လမ်းထဲလာတတ်တဲ့ အလှုခံတွေကို တစ်ခုခုထွက်ထွက်လှုတတ်တယ်..အထုသဖြင့်  အလှုရှင်အမည်ကို မိုက်နဲ့ အော်ပေးတဲ့ အဖွဲ့ တွေကို ပိုလှုတယ်...အလှုခံက မိုက်ကြီးနဲ့ ကျောင်းဒကာဘယ်သူနဲ့ ကျောင်ဒကာမကြီးဘယ်သူက ဘယ်လောက်လှုတော်မူသွားပါတယ် ဘာညာဖြစ်ကြပါစေကို အိမ်ထဲကနေ အရသာခံ နားထောင်နေတာမျိုးပေါ့ ..
စိတ်ဒဏ်ရာဆိုတာ
စိတ်ဒဏ်ရာဆိုတာ
----
အဲ့ တုန်းက ပြည်မှာ နွေကျောင်းပိတ်ရက်ဆို တစ်နွေလုံးသွားနေခဲ့ တာ.ဆော့ တာအသားကုန်ပေါ့ ..၊ တစ်နှစ်တော့  ဦးလေးတစ်ယောက်ကမင်္ဂလာဆောင်ရှိတယ်။ 
အမျိုတွေလာကြတယ်ပေါ့ ..အဲ့ ထဲမှာ ဘယ်လိုကဘယ်လို မေတ္တာပျက်မိနေမှန်းမသိတဲ့ အမျိုးထဲက နောက်ဦးလေးတစ်ယောက်ပါ ပါတယ်၊ သူကလည်း ဆော့ လွန်းလို့  မျက်စိနောက်နေပုံရပြီး အပြန်အလှန်မေတ္တာပျက်နေပုံရပါတယ်..
တောအလှုလိုပါပဲ ကလေးတွေလည်းအများကြီး ကိုယ်ကလည်းကလေးကြီးဆိုတော့ ရောဆော့ နေတာ..ဖုတ်ထဲသဲထဲပေါ့ ။ ညီမလေးကို လည်ဂုတ်ခွထမ်းပြီး တော့ ဆော့မိတယ်၊ ညီမလေး လုပ်သူကလည်း မျောက်မူးလဲမလေးဆိုတော့  ဂုတ်ပေါ်ကနေ လှန်ချတာ ကိုယ်တစ်ပတ်လှည့် ပြီး ပြန်ပွေ့ လိုက်တော့ မြေပေါ်မကျပါဘူး ပိုက်လျက်သားလေးပေါ့ ..ကိုယ့် ညီအစ်ကိုချင်းက ဟုတ်နေတာ ၀ါးကနဲပေါ့ ...ကိုယ်ချင်းသာအိုကေနေတာ ခပ်လှမ်းလှမ်းကာလသားဝိုင်းမှာထိုင်နေတဲ့  မတည့် တဲ့ 
ဦးလေးက လှမ်းမြင်သွားပြီး အပြေးလေးရောက်လာပြီး တင်ပါးကို သူ့ ခြေခုံနဲ့  တစ်ချက်လှမ်းခတ်လိုက်ပြီး ဆူဆဲတော့ တာပါပဲ...
အားကသိပ်မပြင်းလို့  သိပ်မနာပေမယ့်  အရမ်းနာသွားတာက ရင်ထဲမှာ...ကလေးကြီးဖြစ်နေတော့  ရှက်တတ်ခဲ့ ပြီ...လူပုံအလယ်မှာ ဒီလိုမျိုး သူ့ သားမဟုတ်ဘာမဟုတ်ကို လာလုပ်ရပါ့ မလားဆိုပြီးတော့  တွေးပြီး အဲ့ ညနေက စပြီး မင်္ဂလာဆောင်ဆိုတာလဲ ကိုယ့် မျက်စိထဲ အသုဘ အခန်း အနား လုပ်နေတယ်ထင်သွားတယ်..ပွဲပြီးတဲ့ အထိ အနားမကပ်တော့ သလို့  အဲ့ နွေဟာ ကိုယ့် အတွက် ကျက်သရေမရှိဆုံးနွေရာသီ တစ်ခုဖြစ်ခဲ့ တယ် ဘယ်သူနဲ့ မှ ဟက်ဟက်ပက်ပက် စကားမပြောမိတော့ သလို လုံးဝမဆော့ တော့ ဘူး အိမ်ပြန်ချိန်သာ လက်ချိုးနေတော့ တယ်...
အဲ့ လိုတွေးမိတိုင်းစိတ်နာချက်ဟာ အနှစ် ၂၀ကျော်မကဘူး..အဲ ခြေစွမ်းပြခဲ့ တဲ့ ဦးလေးကိုလည်း သူသေတဲ့ အထိ သွား စကားမပြောတော့ သလို အိမ်လာရင်တောင် ရှောင်နေမိတော့ တယ်..ဦးလေးလုပ်သူက နောက်ပိုင်းမှာ အထာပေါက်လို့  ပြန်ရောပြချင်သေးသလိုလို လက်ဆောင်ဝယ်ပေးသလိုလို လာလုပ်ပေးပေမယ့်  ရယ်ပြဖို့ နေနေသာသာ ပြုံးတောင်မပြခဲ့ တော့ ဘူး...တကယ့် ကို စိတ်ဒဏ်ရာရသွားပြီးဆိုရင် ရင်ထဲဖြစ်သွားတဲ့ အကြိတ်အခဲက အလွယ်နဲ့ စာပေတွေ ဖတ်လို့ နဲ့  တရားတွေ နာနေယုံလောက်နဲ့  ဖြည်ချလို့ မရလွယ်ဘူးဆိုတာမျိုးတော့ နားလည်သွားခဲ့ တယ်...နောက်သင်္ခန်းစာကတော့  ကိုယ်ချင်းစာတတ် သွားပြီး ဘယ်ကလေးကိုမှ စိတ်ဒဏ်ရာ ရသွားအောင်မလုပ်မိတော့ ဘူး
ပစန္တရာဇ် အရပ်
ပစန္တရာဇ် အရပ်
----------
ငယ်ငယ်ကဆို ပစန္တရာဇ် အရပ် ဆိုတာကို အတော် ပေါင်းဖတ်ခဲ့ ရတာ ဘာအနက်မှန်းလဲ ကောင်းကောင်းမသိပါဘူး..ယေဘူယျရ ဖြန်းသိခဲ့ တာက သာသနာမပွင့် တဲ့ အရပ်လိုလို လူ့ ယဉ်ကျေးမှု့ ကောင်းကောင်း မွန်မွန်တွေပဲ မရှိသလိုလို ဖုန်းဆိုးမြေလိုလို ပေါ့ ..နေချင်စရာမကောင်းတဲ့ အရပ်လိုလို မနေသင့် တဲ့ အရပ်လိုလို ဆိုတာမျိုးတွေလည်းပါသေးတယ်...
အိပ်ယာဝင်ပုံပြင်လိုလို နဲ့ အရပ်စကားမျိုးသာဖြစ်ပြီး အတည်ပြုရခက်တဲ့  အရပ်ဒဏ္ဍာရီ ပုံပြင်ထဲမှာ( ငြင်းရမှာစိုးလို့ ကြားဖူးတဲ့ ပုံပြင်လို့  ငိငိ)..အရိမန္ဒနပူရလို့ ဆိုတဲ ပေါက္ကံပြည်ကြီးလို့  လည်း ကြားဖူးတဲ့  ပုဂံပြည်ကြီးဟာတဲ့ အရင်က မိစ္ဆာအယူပေါင်းစုံနဲ့ ရှုတ်ရှက်ခတ်နေတဲ့  ပစန္တရာဇ် အရပ် သာသာရယ်လို့ ဆိုတယ်..နောက်တော့  အနော်ရထာက ရှင်အရဟံနဲ့ ဆုံစည်းမိရာက ထေရ၀ါဒသဘောကို ကြည်ညိုသွားရောတဲ့ ...အဲ..အဲ့ ထေရ၀ါဒရဲ့ ကျမ်းစာ အပြည် တွေ့က အောက်ပြည်က သထုံဘုရင် မနုဟာမင်းဆီမှာ ရှိသတဲ့  သဘောကသထုံနယ်မှာလည်း သူ့ မင်းသူ့ ချင်းနဲ့  ထေရ၀ါဒသာသနာ ထွန်းကားလို့ စည်ပင်နေပြီး လူယဉ်ကျေးတွေ ဖြစ်နေပြီပေါ့ လေ...
အဲ့ တော့  အနော်ရထာက အဲ့ ကျမ်းစာကို သွားပင့် စေတော့ ဟိုက မပေးဘူးဆိုတယ်. .အထက်အရပ်ပုဂံပြည်ဆိုတာ အရိုင်းအစိုင်းတွေ မယဉ်ကျေးသူတွေ ပစန္တရာဇ် အရပ်..ဒီလို ယဉ်ကျေးသိမ်မွေ့ တဲ့  သာသနာ နဲ့ မတန်ဆိုပြီး မပေးတာတဲ့ ..အဲ့ မှာ အနော်ရထာ ငါလို ဘုရင်ကိုများ ဘာညာနဲ့  ဒေါခွီးသွားပြီး ပုဂံလူစွမ်းကောင်းတွေ  လွှတ်ပြီး အဲ့ ကျမ်းတွေသွားသယ်ချလာတာ ကျမ်းတင်မကဘူး တစ်ခြားယဉ်ကျေးမှု့ တွေရောု အနုလက်ယာတွေရော နဲ့  နောက်ဆုံး သထုံဘုရင် မနူဟာမင်းကိုပါ ပုဂံကို ခေါ်ချလာရောလို့  ဆိုတယ်.လုပ်ပေါက် သဘောက ချိချိုသာသာ တောင်းလို့ မရရင် ဓားပြတိုက်သလို ကိုယ်လိုချင်တာ သွားယူချလာတဲ့ ပုံစံမျိုးနဲ့ တယ်တူပေါ့ လေပစန္တရာဇ် အရပ်သားတွေလို့  ထင်မယ်ဆိုလည်း ထင်လောက်စရာပေပဲပေါ့ ....
အဲ့ ပုံပြင်ကို ၈၀  ၀န်းကျင်လောက်က ပထမဆုံး ပုဂံဘုရားဖူးသွားတုန်းက ပုဂံဌာနေက ဘုရားစုံ လိုက်ပြီး ဘုရားသမိုင်းရှင်းပြတဲ့ ဘကြီးတွေပြောပြတာကြားခဲ့ ရတာ...ပါးစပ်ရာဇ၀င်တွေဖြစ်လို့  ဟုတ်တာ မဟုတ်တာထက် ပုံပြောတာတွေရော ဇာတ်နာအောင်ပြောပြတဲ့ နေရာမှာပါ ထိုင်နားထောင်ရတာ  သိပ်ကောင်းလို့  အဲ့ မှာ ပစန္တရာဇ် အရပ် ဆိုတဲ့  စကားလုံးနဲ့ စရင်းနှီးသွားရင်း သမိုင်းထဲက ဇာတ်လမ်းတွေကိုလျှောက်ဖတ်ကြည့် ဖို့ စိတ်ဝင်စားလာပါရောဗျာ့ ...အထူးသဖြင့်  စိတ်ဝင်စားတာက သမိုင်းထဲက ချစ်ခြင်း မုန်းခြင်း လောဘတွေ ဒေါသအမျက် မာန် အာဃာတ ကတိ သစ္စာတရား တွေ စတဲ့  ''စိတ်'' တွေကိုပေါ့ လေ....
'' ပုဂံမှာ သရပါ ''
'' ပုဂံမှာ သရပါ ''
----
''သရပါ ''ဆိုတဲ့ အမည်လေးကိုက သိပ်ကိုလှတာပါပဲဗျာ...၊ မနက်က ဂျာနယ်ထဲမှာ အဲ့ သရပါတံခါး ကြားကနေ စက်တပ်ယာဉ်မှန်သမျှကို ပေးမဖြတ်တော့ ဖို့ တစ်ဆင့် ပြီးတစ်ဆင့် လုပ်သွားမယ်လို့  ပါလာတယ်..အဲ့ တော့ မှ အရင်က စိတ်ကူးယဉ်ခဲ့ ဘူးတာလေး ပြန်သတိရ သွားရောဗျ. ပျူစောထီးပုံပြင်တွေ ရှူးပျံကြီး ငှက်ကြီးရဲ့ အကြောင်း ငှက်အတောင်တစ်တောင်ကိုက မိန်းကလေး၇ယောက်လောက်ရွက်ရတယ်ဘာညာဆိုတဲ့ အံ့ မခန်းပုံပြင်တွေ နဲ့ ကြီးလာရတော့  ပုဂံကို အိပ်မက်ရတာသိပ်အရသာရှိခဲ့ တာ..ဆူပါမင်းကို စိတ်ကူးယဉ်ခဲ့ ရသလို ပုဂံလူစွမ်းကောင်းတွေကလည်း ကိုယ့် ခလေးဘ၀ရဲ့ လူစွမ်းကောင်းတွေပေါ့ လေ
နောက်တော့ သမိုင်းနောက်ခံအရေးကောင်းတဲ့  ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူစာအုပ်ကနေ သမိုင်းသဘောတွေကို ပိုအာရုံလာခဲ့ ရာက  သုဝဏ္ဏဘုမ္မိငရဲ သုဝဏ္ဏဘုမ္မိနိဗ္ဗာန် ဆိုတဲ့ စာအုပ်မျိုးတွေပါ အာရုံခံဖတ်တော့ တာပါပဲ...အဲ့ မှာ ပိုစိတ်ဝင်စားသွားတာက သမိုင်းထဲက ဇာတ်ကောင်တွေရဲ့  ၀ိဥာဉ်သဘော စိတ်တွေသဘောဘက်ကို ပိုခံစားမိတော့ တာမျိုးပေါ့ ..
Monday, March 9, 2015
အနိဌာရုံသဘောတွေ...
အနိဌာရုံသဘောတွေ...           
-----
တိုက်ဆိုင်မှု့ ပါလို့ ဆိုမယ်ဆိုလည်း ဆိုပါတော့ လို့ ပဲဆိုကြပါစို့ ရဲ့ ...အဟီးးး....ဒီလိုပါ အယူဝါဒကို အခြေခံပြီး ထူးခြားမှု့ တွေ ဖြစ်တတ်တာကို ပညာတတ်ခြင်း မတတ်ခြင်း ဆင်ခြင်တုံတရားရှိခြင်း မရှိခြင်းဆိုတဲ့  မြင်ထောင့် တွေက ကျနော်က ကြည့် လေ့ မရှိဘူး...အကြောင်းက ယုံကြည့် မှု့ ဆိုတာဟာ ခေတ်ပညာတွေ စဉ်းစားတွေးခေါ်မှု့ တွေ ဆင်ခြင်သိတွေ နယ်ပယ်ကနေ ကျော်သွားတတ်လေ့ ရှိပြီး ယဇ်ပူဇော်မှု့ ပါတဲ့  အနိဌာရုံ ယုံကြည်မှု့ ကို ယုံကြည်တာ လွန်ကဲသွားရင် အစွန်းရောက်ဝါဒီတွေလို့ တောင် အမည်တပ်ခံရလေ့ ရှိလို့ ပါပဲဗျာ
ဒီတော့  ထူးခြားဖြစ်စဉ်တွေဟာ ကောလာဟလလို့ ပဲဆိုဆို မဖြစ်နိုင်ဘူး ဖြစ်နိုင်တယ် သဘာဝမကျဘူး ကျတယ်ပဲပြောပြော ကျနော်ကတော့  ထူးခြားဖြစ်စဉ်တွေ လူသိများလာရင် ဂျာနယ်ပေါ် အွန်လိုင်းပေါ် မှာ ပွစာတွေကျဲလာရင် သတိနဲနဲပြုလိုက်တယ်...ပြီးရင် အဲ့ ဒီ့ ထူးခြားဖြစ်စဉ်တွေ ဖြစ်ပြီးရင် မကြာခင် ဘာများဖြစ်လာမလဲကို စောင့် နားထောင်ကြည့် လေ့ ရှိတတ်ပါတယ်...
Friday, March 6, 2015
ဆေးပေါင်းခနေရင် ဘုရားကုတွဲ
ဆေးပေါင်းခနေရင် ဘုရားကုတွဲ
----------
ကြုံတတ်ပါတယ် ကြုံလည်းကြုံရပါတယ်..ကျမ္မာရေးတစ်ခုခုဟာ ဖြစ်ရိုးဖြစ်စဉ်အချိန်တွေထက် မပျောက်မပျောက်နဲ့ ကြာမြင့် လာပြီး ဆေးပညာအရရော လောကီတွက်ရိုးတွေအရရော သူ့ အနေအထိုင်အစားအသောက်တွေပုံစံအရရော ကိုယ့် ဥာဏ်မီသလောက်ရော မယ်မယ်ရရ အပြစ်ဆိုလောက်စရာရှာမတွေ့ တော့ တဲ့ အခါ ဘုရားကုနဲ့ တွဲလိုက်ရပါတော့ တယ် အဲ့ တော့ မှ ခပ်သုပ်သုပ်လေးပျောက်ကင်းသွားတာတွေရှိတာ တွေ့ ရလေ့ ရှိပါတယ်...
အဲ့ ဒီလိုကြုံခဲ့ ဖူးတဲ့ အဖြစ်များစွာထဲက တစ်ခုက အသက် ၅၀ကျော်ပြီဖြစ်တဲ့ သုညကြွင်း အင်္ဂါ မရဏဖွား အပျိုကြီးတစ်ယောက် ဟာ နှစ်နဲ့ ချီပြီး လည်ချောင်းနာနေတာ အနောက်တိုင်းရော အရှေ့ တိုင်းနည်းတွေရော ဆေးမြီးတိုတွေပါမကျန် ဆေးပေါင်းခနေပြီလို့ ဆိုပါတယ်...လည်ချောင်းနာတယ်
ဆိုတာ လည်ချောင်းကနာတာလား အာခေါင်က နာနေတာလားလို့  ကွဲအောင်မေးတော့  အာခေါင်ကမနာ ကြွက်သားတွေနာနေတာလို့ ဆိုပါတယ်
သူစိုးရိမ်တာက လည်ချောင်းကင်ဆာဖြစ်မှာကိုလို့ ဆိုပါတယ်..လည်ချောင်းကင်ဆာသာဆိုရင် ဒီလို နှစ်ပေါက်အထိနာနေမှာ မဟုတ်ပဲ လပိုင်းအတွင်းပြဿနာဖြစ်လာတတ်လို့  ဒီလိုနာနေပုံမျိုးနဲ့ ဆို ဒီကို ဗေဒင်လာမေးနိုင်ဖို့ နေနေသာသာ အခုဆို အရိုး ဆွေးနေလောက်ပြီပေါ့ လို့ ပြန်ပြောရင် သိုက်ရွိုက်တွေရောင်တာမျိုးရောစစ်ဆေးကြည့် သေးလားဆိုတော့  စစ်ပြီးကြာင်း မဟုတ်ပါကြောင်းပေါ့ ...
''ကံမကောင်းလွန်းတဲ့ အခါ...''
ကံမျက်နှာသာမပေးသေးချိန်မှာ ကွကိုယ် ဂိချင်တဲ့ နည်းနဲ့ ဂိ ပစ်ဖို့ စိတ်ကူးရတာတောင် အဆင်မပြေဘူး ဖြစ်နေတတ်တယ်...
ရင်းနှီးမှု့ ကို အလွဲသုံးစားအလုပ်ခံရတဲ့ အခါ....
ရင်းနှီးမှု့ ကို အလွဲသုံးစားအလုပ်ခံရတဲ့ အခါ....
----------
 ဖြစ်ရပ်မှန်ဆိုတဲ့  အမေရိကန်ရုပ်ရှင်ကားတစ်ကား ကြည့် ခဲ့ ရတယ်..ဇာတ်လမ်းအနှစ်ချုပ်က အမေရိကန်မလေးတစ်ယောက်ဟာ တိုးခရီးစဉ်လှည့် ပတ်သွားရင် ခပ်ဖြောင့် ဖြောင့် နဲ့ အပြောကောင်းတဲ့ ကိုလံဘီယာသားတစ်ယောက်နဲ့ တွေ့ ပြီး ကြွေသွားခဲ့ ရတယ်၊ စိတ်လွတ်သွားလို့ ကြွေသွားပေမယ့်  အမေရိကားမှာ သူ့ နဂိုအတူနေချစ်သူကရှိခဲ့ ပြီးသားပါ၊နောက်တော့ ကိုလံဘီယာကိုလိုက်လည်ဖို့ ခေါ်တာနဲ့ ပါသွားရင်းအတူပျော်ခဲ့ ကြတယ်၊ နောက်တော့  အလုပ်က ခွင့် ရက်စေ့ လို့ အမေရိကားကိုပြန်ချိန်မှာ သူ့ ရီစားသစ်ကိုလံဘီယာသားလည်း အတူလိုက်ခဲ့ မယ်ပေါ့ လေ။ လိုအပ်တဲ ဗီဇာတွေကို အမေရိကန်မလေး က လုပ်ပေးခဲ့ တယ်၊ တစ်နေရာစီ နေကြတာဖြစ်လို့ လေဆိပ်မှာချိန်းတယ်၊ လေဆိပ်မရောက်ခင်လမ်းက အိမ်တစ်အိမ်မှာ ခရီးဆောင်သေတ္တာလေး တစ်လုံးဝင်ယူလာခဲ့ ပါလို့  မှာတာနဲ့ ဝင်ယူလာပေးခဲ့ တယ်..အမေရိကန်မလေးက လေဆိပ်ကိုကြိုရောက်နေတာနဲ့  လေဆိပ်က စစ်ဆေးရေးမှာ အိပ်တွေတင်စစ်တဲ့ အခါ သူလမ်းက ၀င်ယူလာပေးခဲ့ တဲ့ သူ့ ရီးစားသစ်လေးရဲ့ သေတ္တာထဲမှာ ကုတ်ကင်းတွေကိုရှာတွေ့ သွားလို့ အဖမ်းခံလိုက်ရတော့ တယ်..။ သူ့ ရီးစားသစ်လေးက ဒါကိုအဝေးကချောင်းကြည့် နေတာမြင်သွားတာနဲ့ ဒိုးတော့ တာပါပဲ.နောက်တော့ အမှု့ ဖြစ်ရောဆိုပါတော့ အမေရိကန်သံရုံးလည်းပါလာ အမေရိကားကချစ်သူပါ သစ္စာရှိရှိနဲ့ လာလုပ်ပေးနဲ့ ကမ္ဘာကျော်အမှု့ ဖြစ်လာတယ်..ဥပဒေအရငြိနေလို့  အပြီးလွှတ်မရမေယ့်  အနဲဆုံး အပြစ်ဒဏ်နဲ့ ကိုလံဘီယာထောင်ထဲရောက်သွားတော့ တယ်၊ လျှော့ ရက်တွေနဲ့  ပြန်လွတ်တော့ တောင် ဆယ်စုနှစ်နီးပါးနေခဲ့ ရတယ်။
ဒီအဖြစ်အပျက်မှာ အဓိကခံလိုက်ရတာက ရီးစားဆိုတာနဲ့ အလွယ်တကူယုံမိလိုက်တဲ့ အမှားကနေ ကိုယ့် ကိုအသုံးချယုံသက်သက်သာလာဝိုက်တဲ့ သူနဲ့ တွေ့ လိုက်ရတဲ့ အခါ ဘ၀ပျက်သလိုတောင်ဖြစ်သွားရတဲ့ သဘောလို့ တွေးမိလိုက်သေးတယ်..တကယ့် ကို ဒီအဖြစ်အပျက်မျိုးဆန်ဆန် အပြင်မှာကြုံဖူးရလိမ့် မယ်လို့ မတွေးမိခဲ့ သေးဘူး...
မျက်နှာမြင်ယုံနဲ့ 
မျက်နှာမြင်ယုံနဲ့ 
-------
အမျိုးထဲမှာ ရှိခဲ့ တယ် အရက်စွဲသွားသူပါ ကျနော်နဲ့ ဆို အသက်လယ်ဘယ်တွေပါ ခုတော့ လမ်းဘေးမှာ စည်ပင်ပိုင်အလောင်းအဖြစ် ခွေခွေလေး အရက်နာကျ အဆုပ်အအေးပတ်ရင်း  သေသွားပါပြီ...သူ ဟာ အရွယ်နဲနဲရောက်လာကတည်းက အလုပ်ကိုလဲ လက်ကြော မတင်သလို အိမ်ကိုလည်း ကူဖေါ်မရပါဘူး အရက်သာပထမ အရက်သာဒုတိယအရက်သာတတိယ ဆိုသလိုပါပဲ အတော်အရွယ်ရတဲ့ အထိ မိဘလက်ဝေခံပါပဲ အိမ်ယာလည်းထူထောင်ဖို့ လည်း အာရုံမလာပါဘူး...နောက်တော့ မိဘတွေလည်းမရှိတော့ တဲ့ အခါ ကျန်တဲ့  မောင်နှစ်မတွေက ၀ိုင်းကြည့် ပေးပါသေးတယ် လုပ်စားကိုင်စားတွေ ဖြစ်လို့ အမွေပုံများများ မကျန်ခဲ့ ပဲ ကျောခင်းစရာနေရာတစ်ခုသာကျန်ခဲ့ ပါတယ်.
ကျန်ခဲ့ တာတွေအရက်ဖိုးအတွက်ရောင်းတုတ်ရင်း  နောက်တော့ ပုံမှန်ဝင်ငွေမရှိတော့ ပါဘူး....အဲ့ မှာနေရင်း ကျန်တဲ့ မောင်နှစ်မတွေကလည်း  လောကထုံးစံအရ အိမ်ထောင်သည်တွေဖြစ်သွားလို့  သူလာတိုင်း ရော့ အင့် အရက်ဖိုးလို့ မပေးနိုင်တော့ ပါဘူး ဒီတော့  အမျိုးတကာအိမ်လှည့် ပါတယ်...
ထူးခြားတစ်ချက်က အပြင်တစ်စိမ်းတွေဆီမှာ သေသွားတဲ့ အထိ လှည့် မ၀ိုက်တတ်တာလေး တစ်ခုကတော့ အမျိုးဂုဏ်ကို မထိခိုက်သေးဘူးလို့  ကောင်းကွက်လေး တစ်ခုရှာရင်ရနိုင်ပါသေးတယ်..
(ငါ့ )ချစ်စိတ်
(ငါ့ )ချစ်စိတ်
---------
တစ်ခြားကမ္ဘာတွေထက် ငါ့ ကမ္ဘာကြီးကို ပိုချစ်တယ်
တစ်ခြားတိုင်းပြည်တွေထက်ငါ့ တိုင်းပြည်ကိုပဲ ငါပိုချစ်တယ်.
တစ်ခြားတိုင်းတွေထက် ငါ ကြီးပြင်းခဲ့ တဲ့ ငါ့တိုင်းကို ပိုချစ်တယ်
တစ်ခြားမြို့ နယ်တွေထက် ငါနေသားကျနေတဲ့ မြို့ နယ်ကို ငါ ပိုချစ်တယ်
တစ်ခြားရပ်ကွက်တွေထက် ငါနေတာကြာပြီဖြစ်တဲ့ ငါ့ ရပ်ကွက်ကို ပိုချစ်တယ်
တစ်ခြားလမ်းသွယ်တွေထက် ငါနေတဲ့ လမ်းသွယ်ကို ပိုချစ်တယ်..
တစ်ခြားအိမ်တွေထက် ငါနေတဲ့ ငါ့ အိမ်ကိုပိုချစ်တယ်
တစ်ခြားစတိတ်ကျောင်းတွေထက် ငါတက်ခဲ့ တဲ့ စတိတ်ကျောင်းကိုပိုချစ်တယ်
တစ်ခြားတက္ကသိုလ်တွေထက် ငါတက်ခဲ့ တဲ့ တက္ကသိုလ်ကိုပိုချစ်တယ်
တစ်ခြားခေါင်းဆောင်တွေထက် ငါကြည်ညိုတဲ့ ခေါင်းဆောင်ကို ပိုချစ်တယ်
တစ်ခြားပါတီတွေထက် ငါသဘောကျတဲ့ ပါတီကို ပိုချစ်တယ်
တစ်ခြားအဖွဲ့ အစည်းတွေထက် ငါ့ ရဟန်းရှင်လူပြည်သူလူထုကျောင်းသူကျောင်းသားအရပ်သားတွေကိုပိုချစ်တယ်
တစ်ခြားဆရာတွေထက် ငါ့ ဆရာတွေကို ပိုချစ်တယ်
တစ်ခြားပညာတွေထက် ငါ့ ပညာကိုပိုချစ်တယ်
တစ်ခြာအယူဝါဒတွေထက် ငါ့ အယူဝါဒကို ပိုချစ်တယ်
တစ်ခြားအမျိုးတွေထက် ငါ့ အမျိုးတွေကို ပိုချစ်တယ်
ငါ့ အမျိုးတွေထက် ငါ့ မိသားစုကို ပိုချစ်တယ်..
ငါ့ မိသားစုထဲမှာ......
အဲ...တစ်ခြားမိန်းမတွေထက် ငါ့ ရီးစားဟောင်းလေးကို ပိုချစ်တယ်(ငိငိ) .။  ။
ဆင်းရဲဒဏ် ချမ်းသာဒဏ်..
--------------
ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ဘူးတဲ့  သဘောက အများသိသလိုပဲ ဆင်းရဲတုန်းက ဆင်းရဲတဲ့ ဒဏ်ကိုခံနိုင်ကောင်းခံနိုင်ပေးမယ့် ချမ်းသာသွားရင်လွတ်ကုန်တတ်လို့ ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ကြဘူးပေါ့ လေ....အဲ့ ဒါနဲ့  ဒီလိုပဲ သြော် ဟုတ်မှာပါပဲပေါ့  ကိုယ်တွေလည်း ဖုတ်တသောသောထဲနေခဲ့ ဆော့ ခဲ့ တာဆိုတော့ ...နောက်တော့  စဉ်းစားမိပါတယ်...ဒါ သက်သက် ချွန်တွန်းလုပ်တဲ့ စကားပဲလို့  ဘယ်သူက အလကားနေရင်း ဆင်းရဲနေတာ အမြဲဆင်းရဲနေချင်ပါ့ မလဲနော့်  ဒါပေမယ့် ချမ်းသာဖို့ အခြေအအနေ မပေးသေးတဲ့ အခါ ဆင်းရဲတဲ့ ဒဏ် မခံနိုင်လည်း ရွေးစရာလမ်း မရှိတော့  ကြိတ်မှိတ်သည်းခံပြီး နေနေရတဲ့ ဟာ...တစ်ချို့ ဆို မခံနိုင်လွန်းတော့ လို့  ဆေးဖိုးမတတ်နိုင်တော့ လို့ သတ်တောင်သေသွားကြတာ အခုနောက်ပိုင်း ဂျာနယ်တွေထဲတောင်ပါပါလာသေးပဲ..ဒီလိုအဖြစ်အပျက်တွေက 
.အရင် ကတည်းက ရှိနိုင်ပေမယ့်  သတင်းစားမျက်နှာပေါ်မရောက်လာသေးလိ့ သာလူမသိတာနေမှာ...အခတော့  ဆင်းရဲလွန်းလာတော့  လူသေတာထက်ဆိုး
သေးလို့ ဆိုနိင်မယ့် ဘ၀သေ အလုပ်တွေတောင် လုပ်မိလုပ်ရာလုပ်ကုန်လာတော့ တာ အရင် အင်္ဂလိပ်ခေတ်က မလုပ်ခဲ့ ကြတဲ့ အလုပ်အမျိုးအစားတွေတောင် လုပ်လာနေခဲ့ ကြတာ တွေ့ လာရပြီ....
ပူတင်း...
-------
ရယူထားတဲ့ အာဏာနေရာထိုင်ခုံ မဖယ်ရရေးအတွက်  လုပ်သမျှ ဘာမဆိုတရားတယ်ဆိုတဲ့ သဘောမျိုးကို ကွန်မြူနစ်နိုင်ငံတွေ အများစုနဲ့ အစွန်းရောက်စိတ်ရှိတဲ့ နိုင်ငံတွေမှာ အများဆုံးတွေ့ နိုင်တယ်။ မနေ့ တစ်နေ့ ကတင် ရုရှားမှာ နေရာအာဏာကို လုဖို့ အလားအလာအရှိဆုံး အတိုက်အခံခေါင်းဆောင်ကို ဂန်းရှော့ လုပ်ပစ်လိုက်တယ်...လက်ရှိအာဏာရှင် ပူတင်နဲ့  ပူတင့် အုပ်စုကလွဲရင် အားလုံးက ပူတင့် လက်ချက်လို့  ပြောကြတယ် ၊ ပြောကြဆို အစဉ်အလာကိုကရှိခဲ့ ပြီးသားမို့ ပါပဲ
ဒီလိုမျိုးကိုယ့် နေရာကိုလုမယ့် သူကို ကမ္ဘာမြေပေါ်က အပြီးပျောက်သွားအောင် သတ်ပစ်လိုက်ရင် (၀ါ) သေရင်ပြီးပြီ ဆိုတဲ့ သဘောကိုလဲ အဲ့ လို အာဏာရှင်တွေက တကယ့် ကို ကျင့် သုံးလေ့ ရှိတယ်..သူတို့ သဘောကတော့  လူတွေက မတရားပါဘူးလို့ ဝိုင်းအော်လဲ ခဏပေါ့  အာညောင်းရင်ရပ်သွားမှာလို့ ခံယူထားကြလို့ ပါပဲ...(အာညောင်းရင်ရပ်သွားတတ်တာတော့ သိပ်ငြင်းစရာမရှိပါဘူး ဒါပေမယ့်  မြုံသွားတဲ့ အနာလို အတွင်းဘက်လှိုက်လောင်စားသွားပြီး  တစ်နေ့တော့ ကုရခက်သလို ကြီးကျယ်တဲ့ အိုင်းအနာကြီးအဖြစ်ပြန်ပေါ်လာတာမျိုးတော့  နောက်တော့ တိုင်းပြည်ပါပျက်ကရောဆိုတာမျိုး ကဒါဖီတို ဆဒန်တို  ပါကစ္စတန်နိုင်ငံပျက်သလိုဖြစ်နေတာတို့ လိုမျိုး အဖြစ်တွေက ခေတ်သစ်အတွက် နမူနာပါပဲ)...
ကမ္ဘာ့ ပထမတွေ ၊ ရွက်ဖျင်တဲတွေနဲ့  ကျနော်တို့ ရဲ့ အစွဲတွေ...
ကမ္ဘာ့ ပထမတွေ ၊ ရွက်ဖျင်တဲတွေနဲ့  ကျနော်တို့ ရဲ့ အစွဲတွေ...
----
ကိုယ့် မျက်စိထဲ အထူးအဆန်းဖြစ်နေပုံက အရေးအခင်းဖြစ်နေပါတယ်ဆိုမှ ခေတ်ပေါ် ရွက်ဖျင်တဲကို လမ်းလယ် ယူလာပြီး ကျကျနနထိုင် ကွပ်ကဲရေး လုပ်နေပုံက ဆန်းသလိုဖြစ်နေပေမယ့် ..သမိုင်းအရဆိုရင် ကမ္ဘာမှာ ပထမညန်မာကိစ္စတွေက အတော်များများရှိခဲ့ ဖူးတယ်ဆိုတော့ လည်း ထူးပေသည့် မဆန်းပေါ့ လေ...အဲ ပထမမြန်မာတွေထဲမှာ ဆန္ဒပြသမားတွေက ကိုယ့် ကို နှိပ်ကွပ်ဖို့ အမိန့် စောင့် နေတဲ့ သူတွေကို အအေးတွေတိုက် မုန့် တွေကျွေး တော်ကီလေး ဘာလေးထု နှိပ်ကွပ်မဲ့ သူတွေကလည်း ပြုံးစေ့ စေ့ နဲ့ နားတွေ ဘာတွေယောင်တောင်ပေါင်တောင်ထောင် ကမ်းတဲ့ မုန့် တောင်လှမ်းယူစားမိလိုက်သေးပါလားလို့ ပေါ့ .. သမိုင်းဖတ်စာထဲက သူရဲကောင်းတွေလို တစ်နပ်စားဖူး သူ့ ကျေးဇူးကိုသာ အာရုံထားမိလို့ ကတော့  ယူနီဖေါင်းချွတ် အလုပ်ထွက်ယုံသာရှိတော့ မယ်..ဒါပေသိ..ဒါလည်း ထူးခြားမြင်ကွင်းမျိုးပဲ တစ်သက်နဲ့ တစ်ကိုယ် အရေးအခင်းတွေကြုံဖူးခဲ့ သမျှ ဒီလိုမျိုး တွေ မီဒီယာပေါ်ကနေမြင်ရတာ ဒါ ပထမပဲ ..ကြုံခဲ့ သမျှ အမြဲတန်းကတော့  ဖောက်ဖောက်ဖောက် ဖန်းဖန်းဖန်းတွေနဲ့ ချည်းတိုးခဲ့ တာ.
ကောလာဟလမှာ ယုတ္တိရှိစရာမလိုဘူး..လူသိများဖို့ ပဲလိုတယ်..
ကောလာဟလမှာ ယုတ္တိရှိစရာမလိုဘူး..လူသိများဖို့ ပဲလိုတယ်..
-----------------------------------
အမြင်မှာ ပကတိရုပ်ပစ္စည်း မျက်စိနဲ့  ဆင်ခြင်ယူရတဲ့ ဥာဏ်မျက်စိ သဘော ခွဲတယ်...ပကတိမျက်စိရဲ့ အမြင်စွမ်းအားက အကန့် အသတ်ရှိသလို အရာရာတိုင်းကို မမြင်နိုင်ဘူး ဥပမာ လေ ရှိတာကို မမြင်ရသလိုပေါ့ ၊ ဒါပေမယ့်  လေရှိကြောင်းကို ဆင်ခြင်နိုင်တဲ့ ဥာဏ်မျက်စိကနေ ကြားခံတစ်ခုခုကို ခံပြီး သိတယ်။ ဥပမာ သစ်ရွက်အငြိမ် အလှုပ် နဲ့ ကိုယ့် ရဲ့ အသက်ရှု့ မှု့ စနစ် ကို ခံပြီး လေရှိမရှိသိတာမျိုး...သဘောက ပကတိမျက်စိနဲ့  မမြင်ရတိုင်း မယုံဘူးလို့  ငြင်းရင် ရယ်စရာဖြစ်သွားနိုင်သလို ဆင်ခြင်သိရဲ့ အရေးပါမှု့ ကို ပယ်ရာကျလိမ့် မယ်ပေါ့ လေ...
ပုဂံခေတ်က မင်းတစ်ပါး ပျက်သုဉ်းခါနီး(၀ါ) မင်းသက်စံကံကုန်ခါနီး မှာ လူသိများတဲ့  ကောလာဟလ တစ်ခုဖြစ်ခဲ့ တယ်လို့ ဆိုတာ စာပေတွေထဲတွေ့ နိုင်တယ်၊ မုဆိုးမ တစ်ယောက်ဟာ သူ့ ရဲ့ ဆန်ပြာနေကျ ဆန်ကော လေပြင်းတစ်ချက်အဝှေ့ မှာ ကောင်းကင်အဝေးကို လွင့် ပါသွားတယ်လို့ ဆိုတယ် ဒီတော့  အဲ့ မုဆိုးမဟာ သူ့ ဆန်ကော လေထဲလွင့် ပါသွားလို့  '' ဟယ် ငါ့ ဆန်ကောလွင့် သွားပြီးတော့  ရှေ့ ကလူတွေ ကောက်ထားလိုက်စမ်းပါဟယ်.;;;;;..လို့ အပြေးလေးလိုက်တယ်၊လို့ ဆိုတယ်
အညာဒေသဟာ အပူပိုင်းဒေသဖြစ်တယ် ဒီတော့  လေပြင်းဝှေ့ တဲ့ အခါ အောက်ပြည်လို တစ်ချက် ဒဲ့  မြေပြင်ညီ ခပ်ပြင်းပြင်း တိုက်ခတ်တာမျိုးထက် လေဆင်နှာမောင်းလို လေပူတွေဟာ ပူရင် အခိုး အပေါ်တက်တဲ့  သဘာဝ နိယာမဖြစ်စဉ် အရ လေပူ ၀ဲကန်တော့ အဖြစ်နဲ့ သဲတွေ ဖုံမှုန့် တွေထရင် အထက်ကို ပင့် တင်သွားလေ့ ရှိတယ်
(သစ်ရွက်တွေအမှိုက်အပေါ့ စားတွေ ထဘီတွေပုဆိုးတွေ နောက်ဆုံး မီးလောင်ပြင်မှာ မီးကြီးရင် ဆန်ကောတစ်ချက်ထက်လေးတဲ့  သွပ်ခေါင်းမိုးပြားတွေ ကောင်းကင်အထိ လွင့် ဝဲ တက်လာတာမျိုး မကြာခဏမြင်ဘူးခဲ့ ပြီးပြီ)...ဒီတော့  ဆန်ကောတစ်ချပ်လည်း ကောင်းကင်ကို လေပူနဲ့ လွင့် တက် အိမ်ကနေ ခပ်ဝေးဝေးလွင့် ပါသွားနိုင်တာဟာ ယုတ္တိတန်တယ်...
သူရဲကောင်းရွေးပွဲ
သူရဲကောင်းရွေးပွဲ
----
အဲ့  လက်ထိပ်ဖျား အစူးတစ်ခုခုထောင်စိုက်ပြီး တူနဲ့ ထု မတွန့် ရင် သူရဲကောင်းအဖြစ်ရွေး တွန့် သွားရင် မရွေးလို့ လုပ်တဲ့ အခန်းကို ခဏထိုင်ကြည့် ဖြစ်ရောဗျ အဲ့ မှာတစ်ယောက်ကတွန့် သွားတော့ မရွေးဘူးပေါ့  ဒီတော့  ရဲမက်တွေက ဟာသလုပ်တော့ မခံချင်ဖြစ်လာပြီး ငါ့ မှာလည်း သတ္တိရှိပါတယ်ဆိုပြီး ကိုယ့် ဗိုက်ကိုယ် ဓားနဲ့ ဖွင့်  အူဆွဲထုတ်ပြရင်း သေရောဆိုပါတော့  အဲ့ တော့ မှ ဗျင်က ကရုဏာလည်း သက်ပြရင်း သတ္တိဆိုတာ ဒါမဟုတ်ဘူး ဟိုဒင်းဆိုပြီး လိုရာဆွဲပုံဖေါ်သွားရောပဲ... ဒီခေတ်ဝေါဟာရအမြင်အရဆိုရင် မသာတစ်ခု အရင်းပြုပြီး ဆရာကြီး လုပ်သွားသလို သေသွားတဲ့ သူလဲ သေပြရကျိုးမနပ်တဲ့အပြင် ငေါ့ တောင် အပမ်းခံလိုက်တဲ့ သဘောပေါ့ 
အဲ ကိစ္စကို မကြာသေးခင်က ဆရာဝန်တစ်ယောက်က သူ့ ဆရာဝန်မြင်ထောင့် ကနေ ဘယ်လိုမြင်လိုက်သလဲဆိုရင် ဒီလိုအပ်စိုက်ရွေးခြယ်ရင် အဲ့ လက်ဟာ အနာဖြစ်လို ရောင်ကိုင်းနေမှာနဲ့  ချက်ချင်း ဓားကိုင်နိုင်မှာ မဟုတ်ဖူး ကိုင်နိုင်သေးရင်တောင်မှ လက်အကောင်းပကတိလို စစ်မြေပြင်မှာ ခွန်အားရှိသလောက် စွမ်းဆောင်နိုင်မှာ မဟုတ်ဖူး..အဆင်မသင့် ရင် မေးခိုင်ပိုးဝင်ပြီး ဂန့် သွားနိုင်လို့ အသက်တစ်ချောင်း(၀ါ)သူရဲကောင်း တစ်ယောက် အသာလွတ်ဆုံးရှုံးနိုင်တယ်ပေါ့  (အမှန်တော့ အခုပဲ မခံချင်စိတ်ကြောင့်  အသက်တစ်ချောင်းကထွက်သွားပြီ)..ဒါက ဒီ၂၁ရာစု ဆေးဆရာရဲ့ အမြင်ထောင့် ပေါ့ ...