စာမေးပွဲအတွက် ဗေဒင်အယူအဆ
----------
၁၀တန်းကစပြီး အထက်အဆင့် အထိမှာ ဖြေပြီးတော့ မှ အအောင် အကျ လာ အမေးခံရတာမျိုး တစ်ခါတစ်လေ ပါလာတတ်သေးတယ် အရင်ကလောက်တော့  မပါတော့ ပါဘူး...မဖတ်ဘဲနဲ့ မအောင်ဘူးလို့ အတော်များများက လက်ခံထားလာကြတယ်...ဖတ်ရဲ့ သားနဲ့ ကျတာမျိုးက မိသားစုအတွင်းမှာ မျှော်လင့် မထားတဲ့ ရှောင်တခင် တုန်လှုပ်စရာတွေကြုံလိုက်ရလို့  အာရုံစုစည်းမှု့ တွေပြိုကွဲသွားလို့  မှတ်ဥာဏ်စုမရတော့ တာမျိုးတွေ ကြောင့် ရယ် စာမေးပွဲနီးမှ အသည်းတွေ ဟက်တက်ကြီး ကပ်ကွဲခံစားနေတာမျိုးတွေ နဲ့ ရက်ပိုင်းအလိုမှ ရုတ်တရက် ကျမ္မာရေးတွေဖေါက်သွားရင် ကျတတ်တာမျိုးများတယ်...
ဖြေပြီးမှ အောင်မအောင် အမေးမျိုးကို ဒက်ထိဖြေနိုင်တာမျိုး ဗေဒင်မှာရှိတယ် ဖြေခဲ့ တာမဖြေခဲ့ တာတောင် သိနိုင်တဲ့ ဗေဒင်မျိုးတွေရှိတယ်...သဘာက စာမေးပွဲအောင်မအောင် မေးခွန်းမျိုးကို ဖြေပြီးမှဖြစ်စေ မဖြေခင်ဖြစ်စေ မေးလာရင် မှန်အောင်ဖြေနိုင်တဲ့ ဗေဒင်တွေရှိတယ်လို့ ဆိုလိုတာပါ...ဒါကို တွက်ပေးတာ မတွက်ပေးတာ တွက်နိုင်တာ မတွက်နိုင်တာတွေက ဗေဒင်ဆြာရဲ့ အပိုင်းပဲ ဗေဒင်ပညာရဲ့ အပိုင်းမဟုတ်ဘူး ပညာရပ်ပိုင်းတွေနဲ့ လူကို ခွဲမြင်တာကိုဆိုလိုတာ...
ဖြေပြီးရင် အောင်မအောင်ကိုတော့ ကျနော်ကတော့  တွက်မပေးတော့ ဘူး အချိန်ကုန်တယ် မေးစရာမလိုဘူးလို့ ဘ၀အတွက် ဒိထက်အရေးကြီးတဲ့ မေးခွန်းတွေရှိသေးတယ်လို့ ယူတယ် ကိုယ်ဖြေခဲ့ တာ ကိုယ်အသိဆုံးပဲလို့  ပြောလိုက်တတ်တယ်..အရင်ကတော့ တွက်ပေးခဲ့ ဘူးတယ် အခါတိုင်ပညာရပ်ပိုင်းတွေကို ကျွမ်းရင် ကျွမ်းသလို အများကြီး စကားပြောလို့ ရတယ်.မှန်လိုက်တာလို့ အချီးမွမ်းခံချင်ရင် မိုးလင်းကတည်းက အင်္ဂ၀ိဇ္ဇာအခါတိုင်တွေ နဲ့ အတူနေ အခါတိုင်နဲ့ အတူတွေး အခါတိုင်နဲ့ အတူစား အခါတိုင်နဲ့ အတူအိပ် အိပ်မက်ထဲပါ အခါတိုင်တွေထည့် မက်နေလို့  လေးငါးခြောက်လလောက်ကြာရင် အတော်များများ ခန့် မှန်းလို့ မှန်းနှုံး များလာတတ်တယ်..အခါတိုင် လမိုင်းကပ်လာနေတဲ့ သဘောပေါ့  လွယ်တော့ မလွယ်ဘူး ဘေးလူကကြည့် ရင် အရူးလိုဖြစ်နေတာမျိုးပဲ..ဒီလိုမျိုးဖြစ်အောင်ဆို အချိန်တွေတင်မက ဘ၀ကိုပါ ပေးထားရတဲ့ သဘောပေါ့  အာရုံတစ်ပါးစိတ်မသွားပဲ ဆိုတာမျိုး...
မဖြေခင်မှာ လာကြတဲ့ သူတွေကိုတော့ စာမေးပွဲနဲ့  သက်ရောက် ဆက်နွယ်ပုံကိုစိတ်ကောင်းဝင်နေချိန်မှာဆိုရင် နဲနဲပါးပါးရှင်းပြတတ်တယ်...သက်ရောက်ကောင်းနေရင် တပွဲတိုး နင်းကျက်ပြီး အောင်လွယ်သလို ကောင်းနေရင် လူကလည်း အစဉ်အလာကောင်းခဲ့ ရင် ၀ီရိယထုတ်မှု့ ပါ ပြောစရာမလိုရင် အမြင့် အနေအထားကတောင်အောင်မြင်လွယ်တယ်လို့ ...အဲ...သက်ရောက်ကောင်းတော့  ဘော်ဒါကဏ္ဍများလို့  ခေါ်သမျှလူနောက် လျှောက်လိုက်နေရင် ကလပ်တက် ညထွက်ကဲ လက်သည်းခြေသည်း ကာလာစုံဆိုး တို့ ပတ်ရိုက် လုပ်နေရင် စာဖတ်ချိန်ဖက် အချိန်မပေးနိုင်လို့  သက်ရောက်ကောင်းပေမယ့် ကျတတ်တယ်လို့ ပြောလိုက်တယ် ကံအကောင်းလွန်နေရင်လည်း ဖရီးရိုက်နေလို့ ကျတတ်တယ်ပေါ့ ..ဒါက ကိုယ့် ဟာနဲ့ ကိုယ်ဖြစ်တာ ဘာဂြိုလ်စီးဂြိုလ်နင်းတွေမှ တရားခံသွားမရှာနဲ့ သဘော
သက်ရောက်ညံ့ ရင်တော့  ကပ်မှ ကျမ္မာရေးညံ့ တာ ပြဿနာတွေရှုတ်လာတာ မိသားစုအတွင်း ပျော်စရာတွေမရတတ်မျိုးတွေ ကြုံတတ်လို့  အာရုံတွေ ပေါက်ကရဖြစ်ပြီး ကျတတ်တယ်...နောက် သက်ရောက်အညံ့ မှာ တပွဲတိုး ထ ကစ်လို့ အောင်ဖို့ သိပ်ခက်တယ် ရေရှည် ၀ီရိယတွေ ဇွဲတွေ နဲ့ ဖတ်ရတယ် ပြင်ပ အနှောက်အယှက်တွေ များတတ်လို့  သန်းခေါင်ကျော်မှ စထဖတ်ရတာမျိုးတွေရှိတယ်...သဘော သက်ရောက်ည့ံရင် လွယ်လွယ်နဲ့ မအောင်ဘူး ဥာဏ်တွေဝီရိယတွေ စိတ်ဇွဲတွေ စသဖြင့် ခွန်အားတွေ အများကြီးသုံးမှ အောင်တယ်ပေါ့ ..ကျကုတ်ကျခဲ ကြိုးစားရတယ်ဆိုတာ သက်ရောက်အည့ံရဲ့ စာမေးပွဲတွေပါ...သက်ရောက်အည့ံတောင်ပုံမှန်ဖတ် ပစ်မှတ်မပျောက်သူ အများစုကတော့ ပုံမှန်အဆင့် ကနေ အောင်တတ်ကြတယ်...သက်ရောက်ညံတော့ ပေါင်းနေကြ သူငယ်ချင်းတွေနဲ့ ခေါင်းစဉ်မျိုးစုံနဲ့  ဝေးသွားလို မတည့် တော့ လို့ အထီးကျန်ဖြစ်နေတာ အိမ်နဲ့ မတည့် လို့ ဘူနေတာနဲ့ အထီးကျန်ဖြစ်နေတာနဲ့  အရင်လို ပျော်စရာတွေသိပ်မရှိတော့ လို့  ဘူဘူနဲ့  စာတွေစွပ်ဖတ်ရင်းက အောင်သွားတာမျိုးတွေလည်းများတယ်
သဘောက သက်ရောက်ကောင်းနေလွန်းရင်လည်း အပျော်တွေဖွဲ့ ပြီး ဖရီးရိုက်နေလို့ စာဖတ်အားနဲ သွားရင် စာမေးပွဲကျတတ်တဲ့ အကြောင်းပါ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..