''ချစ်ခြင်းမေတ္တာတို့ သည်.....''
------
မနက်ကပေါ့ ဗျာ အပေါ်ထပ်ကဆင်းလာရင် အောက်ထပ်က မြင်သာတဲ့ တိုင်လေးမှာ တွဲလောင်းလေး ချိတ်ထားတဲ့  ပလာတာ လေးငါးချပ် ကျွတ်ကျွတ်အိပ်လေး လှမ်းမြင်လိုက်တာနဲ့  မေးမလို့ ရှိသေးတယ်......
.
'' ဒီနေ့ .ကြက်သားအာလူးဟင်းလေ.အဆင်သင့် ပဲ စားလို့ ရပြီး ကြက်သွန်နီငရုပ်သီးစိမ်းအချဉ်က ဟိုခွက်ထဲမှာ လုပ်ပြီးသား..''တဲ့ ...အဟဲ...အိုးသူကြီးအစ်မနဲ က အဲ့ လို အထာလေးတွေလေ..ကြက်သားဟင်းက ဆွမ်းလောင်းအိမ်ဟင်းစားတင်မကဘူး အိမ်လုပ်ကြက်သားပလာတာပါဖြစ်သွားတယ်..
ပျော်စရာကောင်းတဲ့  မိသားစုချစ်ခြင်းမေတ္တာအိမ်လေးဆိုတာဒါပါပဲ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..