Powered By Blogger

Friday, March 20, 2015

' စာဆင်ခြင်နဲ့ မလုံလောက်..''

' စာဆင်ခြင်နဲ့ မလုံလောက်..''
-----------
ကြုံဘူးတာတွေကို ပြန်ပြန်တွေးတောရင်းက ရှေ့ ခရီးအတွက် အကျိုးဖြစ်စ ရာတွေရရလာတတ်တယ်..ဓမ္မာစာပေ တောက်တိုမယ်ရတွေဖတ်ရတဲ့ အကျိုးက စိတ်ဖြေလျော့ လို့  ရလွယ်တယ်..

ကျမ္မာရေးမှာ ဟဲဗီးအဖြစ်အပျက် ၂ခါကြုံဖူးတယ်...ပထမတစ်ခါက အစားမှားလို့  ရုတ်တရက် မူးပြီး လုံးဝကို မှောင်အတိကျ မေ့လဲသွားတာကြုံလိုက်ရတယ်..

မူးနေချိန်ဟာ မီးနစ်ပိုင်းပဲ စာထဲက ကမ္ဘာမြေကြီးဟာအိုးထိမ်းစက်ကဲ့ သို့  လည်နေ..ဆိုတာ တကယ်မှတကယ်ပဲ ..ဘယ်လိုမှ ခေါင်းရောကိုယ်ပါတည်မရတော့ သလို မျက်လုံးကိုနဲနဲဖွင့် တာတောင်မရ မူးနေတယ် ဆိုတဲ့  အသိတစ်မျိုးထဲသာ ရှိပြီး ဘာဘုရားတွေမှ မတနိုင် တဖို့  သတိမရဘူး...မြေပေါ်မှာမတ်မတ် ရပ်တည်ခြင်းငှာ မစွမ်းသာတော့ ဆိုတာ မျိုးပဲ...အဲ့ မှ သွက်ချာလည်မူးနေရာက ဖြတ်ကနဲ မီးပိတ်ချ လိုက်သလို မှောင်အတိကျ မေ့သွားတော့ တယ်...(ဆေးရုံရောက်မှ သတိလည်...မလည်သာ မလည်ရင် အပြီးသေတယ်ပေါ့ ..)...



နောက်ဟဲဗီးအဖြစ်အပျက်က ခွဲတာ.မေ့ ဆေးနဲ့ .. ကြာတယ်..၊ ပြီးစီးလို့ သတိရလာစ အိုကေနေပေမယ့်  မေ့ ဆေး တစ်စ တစ်စပြယ်လာချိန်မှာ ရုပ်သဘောက တစ်စတစ်စ နာကျင်လာတာက ...ဘာဘုရားစာမှ ရွတ်လို့ မရ အာရုံလွှဲလို့ မသွား ၀င်လေ ထွက်လေ ၂ခါ၃ခါနဲ့  စိတ်တွေတိုလာ ဆဲချင်သလိုလို ထပြေးချင်သလိုလို ဒေါပွ ထလို့လှုပ်လို့ ကမရ နာတာပဲသိတော့ တယ် နာကျင်လွန်းနေတာ အမြန်ပျောက်ချင် တာကလွဲရင် ဘာမှ မလိုချင်တော့ ဘူး...ကျန်တာဘာမှ လာမပြောနဲ့  လာမချော့ နဲ့ မကြားချင်ဘူးပဲ ယပ်လာခတ်ပေးတာတောင် အောထုတ်မိ..အာာား..လို့ ခဏခဏ အသံထွက်မိ..သက်သာအောင်လာထိုးပေးတဲ့ ဆေးကလည်း နာတာကို မဖျောက်နိုင် .( နောက်တော့  သတိဖြတ်ကနဲရတာနဲ့ ဂြိုလ်တုဆေးတောင့်  ဆရာဝန် မသိအောင် ကွကိုယ်ဝယ်ခိုင်းပြီးသုံးလိုက်ရတယ် )
ဒါကိုပြန်စဉ်းစားတော့  စာဆင်ခြင်သိဟာ တကယ့် ရုပ်ဝေဒနာကို ရှောင်မရတော့ ပဲ တည့် တည့် တိုးရင် တွေးတောဆင်ခြင်ဖို့ တွေဘာတွေ လုပ်ဖို့ မလွယ်ပါလားပေါ့ လေရုတ်တရက်မူးပြီး မှောင်အတိကျသွားခါနီးကလည်း ဒီလိုပဲ တွေးချိန် ဘုရားတချိန် တစ်ခုခုမှာချိန် အကူအညီတောင်းချိန် မျိုးတောင် မရလိုက်ဖူး တအားမြန်တယ်။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..