-------------
ရုပ်ကမ္ဘာရဲ့ ဆွဲဆောင်မှု့ က အကောင်းဆုံးတွေ မဟုတ်တောင် ကောင်းတာလေးတွေတော့  ရတတ်သလောက် ရနိုင်သလောက်တော့  အာရုံခံစားသွားချင်တယ်ဆိုတဲ့  လိုချင်မှု့ ကြောင့် ဆန္ဒဖြစ်လာတဲ့ အပေါ် ငြင်းဆန်ရခက်တယ်ဆိုတာကစပြီး ရုပ်ကမ္ဘာကြီးကို အသိအမှတ်ပြုဖို့ လိုလိမ့် မယ်...
.စိတ်ပိုင်းဆိုင်ရာမှာ လိုချင်မှု့ အာရုံတွေကို ခုခံနိုင်တဲ့  သတ္တိ အားမပြည့် သေးပဲ ရုပ်ကမ္ဘာကို ဇွတ်ငြင်းဆန်နေရင် အားမပြည့် သေးပဲ ထ ခုန်တဲ့ ဇော်ဂျီလို အပေါ်လည်း တကယ်မရောက် ပြန်လဲဆင်းမရနဲ့  မြေပြင်က ၂ပေအကွာလောက် လေထဲမှာ ခြေကားရား လက်ကာယား မအီမလယ် မချိမချဉ်မျက်နှာနဲ့  ငိုရခက်ရီရခက် နဲ့  ဇော်ကန့် လန့် ကိန်းဆိုက်နေတတ်တယ်လို့ ဆိုပါတယ်..
.ဆင်ခြင်ဖို့ လိုတာလေးက ရုပ်ကမ္ဘာကို တကယ် ငြင်းပယ်နိုင်တဲ့  စိတ်သတ္တိအားမပြည် ခင် ကိုယ့် အားနဲ့ ချိန်ပြီး လိုချင်မှု့ ရဲ့ အရှိန်ကို ဆင်ခြင်တုံ ဘရိပ်နဲ့ ဥာဏ ၀ီရိယ လီဘာကို ကစားတတ်ဖို့ အရင်လိုလိမ့် မယ်လို့ ဆိုပါတယ်..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..