'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, March 20, 2015
ပြိုင်ဆင်းလင်မယား...
ပြိုင်ဆင်းလင်မယား...
----------
အင်္ဂါသား လင် က အခုတော့ ဆေးရုံ အိုင်စီယူထဲမှာ အသက်လုနေရတယ်...
လာနေကျအမျိုးသမီးက ညီမ..သူကဖုန်းဆက်တယ် သူ့ အစ်ကိုဆေးရုံရောက်နေတယ် မလှုပ်နိုင်ဘူး ဘာညာနဲ့  ဖြစ်စဉ်လှမ်းပြောတော့  နားထောင်ပြီး ကြုံဖူးတဲ့ အတွေ့ အကြုံတစ်ခုပြန်သတိရတာနဲ့  ကျနော်က ဒါဆို ကြွက်သားသေတဲ့  ရောဂါဖြစ်နိုင်တယ်...ပိုက်ဆံတွေအများကြီးသုံးရလိမ့် မယ် ဒီဆေးက ဈေးအကြီးဆုံးတွေထဲမှာပါတယ်လို့ ပြန်ပြောလိုက်ပြီး ဘာနေ့ သားလဲ အသက် ဘယ်လောက်ထဲမှာလဲလို့ မေးလိုက်တော့ အင်္ဂါသား အသက် ၅၇ လောက်လို့ ပြောတယ် ( အင်္ဂါသက်ရောက်ပေါ့ )..ဒါဆို ယတြာကြီးကူရင်ကောင်းမယ် သေနိုင်တယ် လို့ ဒဲ့ ပြောလိုက်တယ်...အဲ ကြိုကန်ထားတဲ့ အနေနဲ့  လုပ်ကြည့် မှာနော် ရမယ်မရဘူး မပြောနိုင်ဘူး ၃၀ ၇၀လောက်ရယ်လို့ ပါ ပြောလိုက်သေးတယ်...အ၀တ်အစားဓာတ်ပုံယူခဲ့ ပါပေါ့ လေ ဒီရောက်မှ စစ်ကြည့် တာပေါ့  အဲ သူ့ မိန်းမ မွေးသက္ကရာဇ်ပါယူခဲ့ ပါပေါ့ ဗျာ..
လင်မယား ၂ ယောက် မွေးသက္ကရာဇ် ဘယ်ညာချ စစ်ကြည့် တော့  ဆေးရုံရောက်နေတဲ့  အင်္ဂါသားက ၄ကြွင်း အထွန်းဘွား အင်္ဂါ အသက် ၅၇ အင်္ဂါသက်ရောကကုန်ခါနီး ဗုဒ္ဓဟူးသက်ရောက်ကို ဓမ္မာ သောကရာဇာကိန်းနဲ့ သွားနေပြီ။ မိန်းမက ၁ကြွင်းသောကြာ ရာဇဘွား အသက် ၅၂ကနေ ၅၃ မရဏ ဗုဒ္ဓဟူးသက်ရောက်ကို အင်္ဂါသက်ရောက်ကနေ ဆက်ဆင်းလာနေတာဆိုတော့  ဒီလင်မယား ၂ ယောက်က တကယ့် အသက်ပိုင်းမှာ တကယ့် အဆိုးသဘောကို ၂ယောက်စလုံး ပြိုင်တူဆင်းနေတဲ့ သဘောပေါ့ ....အဲ့ ရောဂါက ကျနော်မှန်းပြောလိုက်သလို ကြွက်သာသေရောဂါပါတဲ့ ဗျာ...
ဒါနဲ့ ယတြာလုပ်ပေးရတယ်ပေါ့ ဗျာ...နောက်ဖုံးဆက်တော့  ပထမ စက်နဲ့ အသက်ရှုနေရရင်းက အခုတော့ စက် အကူမလိုတော့ ဘူးလို့ တော့ ဆိုတာပဲ သဘောကတိုးတက်လာတယ်ပေါ့ လေ ဒါပေမယ့် ကျနော်ကတော့  သိပ်စိတ်မချသေးပါဘူး ဂြိုလ်တွေက အတော်ကြမ်းနေလို့ ပါပဲ...
ကြွက်သာသေရောဂါက စစချင်း လေဖြန်းသလိုလိုနဲ့ တူလို့ လေထိတယ်ထင်တတ်ကြတယ် အောက်ပိုင်းက ညောင်းချိပြီးအားမရှိတော့ သလို မလှုပ်နိုင်ဘူး နောက်တော့ မှ လက်တွေ ပေါ်တက်လာတာ နောက်တော့ နှလုံးတို့ ဘာတို့ ပေါ်တက်လာပြီးအသက်ရှုမရတော့ တာမျိုး...ကြားဖူးတာက အစားအစားကနေ၀င်တာလို့ ဆိုပြီး အရင်က ဗမာပြည်မှာ မဖြစ်သလောက်မို့  ဆေးတောင်အဆင့် သင့် မရှိတဲ့  နောက်တော့ အဖြစ်များလာတာတွေ့ ရတယ်တဲ့ ဘာညာတွေမပါသေးပဲ ဆေးတစ်ပုလင်းချည်းသတ်သတ်ကို သုံးသိန်းလောက်ရှိတယ်လို့ ဆိုတယ်...အခု လူမမာက တစ်နေ့ ကို ၁၅ သိန်းဖိုးတဲ့  ..
(အသိထဲက ဖြစ်တာကြုံဖူးတာ ကံကောင်းလို့ မသေလား ငွေသုံးနိုင်လို့ မသေ သဘောလားမသိ သိန်း ရာချီသုံးလိုက်ရတယ် အသက် ၄၀ကျော်ပေါ့  ကျား ပေါ့ )ခက်တာက အစားအစာကနေ ၀င်တတ်တဲ့ ရောဂါမျိုးဆိုတော့  ဘယ်လိုလုပ်မလဲ...ကံပဲ ပုံချလိုက်ရတယ်..ငွေမရှိ သေယုံပေါ့ လေ..ငိငိ
ရေးပြတာက လင်မယား၂ ယောက် ကံပြိုင်တူကျလာရင် ဒီလိုပဲ မမျှော်လင်တာတွေ ၀င်ချလာတတ်တာ ရယ်...ဒီလို ပြိုင်ကျ လင်မယားတွေကို ယတြာကူုရတာ ပြောသလောက် မလွယ်ပါဘူးလို့ ဆိုတာပါပဲ...ပြီးတော့  ကိုယ်လုပ်မယ့် ယတြာ အကြောင်း နဲ့  ဘယ်လောက်အထိ ယတြာအားကို ထုတ်သုံးဖို့ လိုမလဲ တွက်ဆတဲ့အခါ တစ်ခါတစ်လေ လင်မယား ၂ယောက် ကံ ဘယ်ညာချိန်ကြည့် လိုက်ရင် ကွက်ကွက် ကွင်းကွင်းမြင်သာတယ်ပေါ့ လေ
နဲနဲတော့  ပြောလိုက်ရတယ် ဒါမျိုး ကံစုံကျသဘောက လင်မှာမဖြစ်ရင် မယားမှာဖြစ် မယားမှာမဖြစ်ရင် လင်မှာ ဖြစ်တာမျိုးဖြစ်ပြီး တစ်ယောက်ထဲ ကွက် ကံမကောင်းယုံနဲ့  အဲ့ လို ဟဲဗီးရောဂါကြီးတွေ ချက်ချင်းထဖြစ်လာတာမျိုးမဟုတ်ဘူးလို့  ပြီးတော့  ဒီလို ကြွက်သာသေရောဂါ အသည်းယောင်အသားဝါ ငှက်ဖျား စတဲ့ ကူးစက်ရောဂါ သဘာဝတွေက ဒီလို လင်မယား ကံအတူတူ ကျချိန်မှာ ရုတ်တရက်ဝင်ချလာတာမျိုးလို့  နှစ်ရှည်ကြီး တည်ဆောက်နေတဲ့  ကျောက်ကပ်ပျက်တာ ကင်ဆာရောဂါ အကြိတ်အဖုတွေရောဂါမျိုးနဲ့ မတူပါဘူးလို့ ....အဲ့ ဒါနဲ့  သောကြာသမီးပါ ယတြာပေးထားလိုက်ရတယ်...သူ့ ကံကြောင့် လည်း အင်္ဂါသားလင်မှာ ဟဲဗီးရောဂါဝင်ချလာတာမျိုးသဘောပါတယ်လေ...
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..