'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, March 20, 2015
မိန်းမပျင်းပန်း တဲ့ 
မိန်းမပျင်းပန်း တဲ့ 
------------
တစ်ခါတစ်လေ ဇော်စိမ်းကို ဇီးအစား အညွန့် ထိုးဖို့  ယတြာပေးရင် သွားလေသူ မအေကို သတိရတယ်ဗျ...မအေက ရှေးထုံးစကား တစ်ချို့ ကို ပြောတတ်တယ် .ယူတယ်ပေါ့ လေ ..အိမ်ဘုရား ပန်းအိုးမှာလှုတာ ပလတ်စတစ်ပန်းတွေ တစ်သက် မထိုးသွားဘူး အလွန်မအားရင်တောင် သပြေတော့  အိုးစေ့ ထိုးထားတတ်တယ် ပုံမှန်ကတော့ ရာသီပေါ်တွေ ပန်းထူးဆန်းလေးတွေ အာရုံ လာရာ ပန်းအစစ်တွေသာလှုထားလေ့ ရှိတယ် နောက်တစ်ချက်က ပန်းသစ်လှုဖို့  ပန်းအိုးကိုချပြီဆိုရင် ပန်းဟောင်းကို အလတ်ကြီးရှိသေးတာပဲဆိုပြီး ပြန်ထိုးလေ့ မရှိဘူး အသစ်ဆို အသစ် ချည်းလှုတာမျိုးပဲ..အဲ...ဇော်စိမ်းကိုတော ဘုရားပန်းအဖြစ် မလှုသွားဘူး.. .ရွက်လှလဲလည်း ပါတယ်...သူပြောပုံက အဲ့ တာတွေက မိန်းမပျင်းပန်း တွေတဲ့  ဟီးးး..
အကြောင်းက ဇော်စိမ်းတို့ ရွက်လှတို့ က ရင့် ရင် အကြာကြီးခံတယ် ရွက်လှဆို ရေမှန်မှန်လဲပေးနေရင် အမြစ်တောင်ထွက်လာတာမျိုးပဲ ဒီတော့  ဇော်စိမ်း တို့ ရွက်လှတို့  က တစ်ခါဝယ်ပြီး တော်တော်နဲ့  အသစ်လဲစရာမလိုတော့ ဘူးပေါ့ လေ...အိမ်သူလည်း ဘုရားပန်းအိုးဇော်စိမ်းတစ်စီးနဲ့ ပစ်ထားပြီး ဖရီးရိုက်နေလို့ ရတယ်ပေါ့ လေ.ပထမ စီးပွားဂမုန်းက အဲ့ ထဲမပါသေးဘူး ဘုရားပန်း အဖြစ်လှုတာတွေဘာတွေ တွေ့လိုက်ရသေးတယ်.နောက်တော့  ကြာကြာခံတဲ့ စီးပွားဂမုန်းတို့ မယ်တော်ကြီး ဂမုန်းတောင် ဘုရားပန်းအိုးမထိုးတော့ ဘူး..ဘာပြောရမှန်းမသိဘူး သူ့ အကြောင်းပြချက်နဲ့ သူပဲပေါ့ လေ.အဲ ဘိဇနက်သဘောကြောင့်  ပန်းသစ်ဝယ်ထိုး နိုင်လာတာလဲပါလေမလားလို့ တောင်တွေးမိသေး.ဒါပေသိ ပြောပါဘူး..သူ့ ဖီလင်နဲ့ သူ ဂွတ်နေရင်ပြီးတာပဲဆိုပြီး..အဲ အဲ့ အကျိုးဆက်က ခုထိ အိမ်က ညီအစ်မတွေ ဘုရားပန်းသက်သက်အဖြစ် ဇော်စိမ်းမထိုးကြဘူး.မအေ့ လမ်းပြမြေပုံအတိုင်းပဲ ..အင်း ဘုရားပန်း ခဏခဏ အသစ်လဲတော့  ပိုက်ပိုက်ခဏခဏကုန် အဲ ကုသိုလ်ခဏခဏရတာပေါ့ လေ.....ဟီးးး...
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..