Powered By Blogger

Friday, March 20, 2015

ကာလာ..

ကာလာ..
-----------
ဗုဒ္ဓဟူးသမီးတစ်ယောက်ပေါ့ ဗျာ...ကြာသာပတေး သက်ရောက် ၀င်တယ်....ဒီတော့  ပြောစရာရှိတာပြောပြီး ထုံးစံအတိုင်း ကုသိုလ်လည်းဖြစ် ယတြာသဘောလည်း ၀င်ရအောင် အညွန့် လှုခိုင်းတယ်ပေါ့ ...သူက ၃ကြွင်း...ဒီတော့  အညွန့် က တနင်္ဂနွေ ကြာသာပတေး တနင်္လာ သုံးမျိုးစလုံး အညွန့် သက်သက် လှုလို့ ရတယ်ပေါ့ ....အမြစ်အညွန့် သစ်စိမ့် ပန်းယ အတွဲဘက်ကကြည့် ရင်တော့  တနင်္ဂနွေနံ အုံးညွန့် က အညွန့် အစစ်ပေါ့ ..
ဒီတော့  အုန်းညွန်တို့ ကံ့ ကော်ညွန့် တို့  ခဏခဏလှုပါလို့ ပြောတာပေါ့ ....အုန်းတို့ ကံ့ ကော်တို့ ကိုရွေးပြောတာက သုံးတန်ပေါ်နိစ္စပညာဘက်ကကြည့် ရင်
တန်းစီးတို့  ပြ တို့ ဆိုတဲ့  တိုင်ပေါ်သုံးလုံးထဲမှာပါနေလို့  အဓိက ကတော့  အုန်းညွန့် က တန်းစီးမှာ အကောင်းပေါ့ ...



ဒီတော့ မှ သူက ပြောတယ် အမေရိကားမှာ အုန်းညွန့် မလွယ်ဘူးတဲ့ ...အဲ့ တော့ မှ သူက အမေရိကားကနေ ခဏလာလည်တုန်း ဖြစ်နေတာသိတော့ တယ်..

ဒါပေမယ် ဗေဒင်သဘောမှာ အရွက်ရှိမှရယ်မဟုတ်ဘူး တစ်ခြား ရွေးခြယ်စရာတွေ ရှိနေတယ်လေ ပြီးတော့  သူ့ ကြာသာပတေးသက်ရောက်က ပေါ့ ပေါ့ ပါးပါးသက်ရောက်ပဲ ယတြာမကူတောင် သူ့ ဟာသူ အလုပ်စီးပွားတွေက ဂွတ်နေမှာ...ဒီတော့  ဒီလို သူ့ ဟာသူတောင် ဂွတ်နေနိုင်တဲ့ ခွင်မှာယတြာပေးတာက အညံ့ သဘောကြောင့် ပေးတာမျိုးမဟုတ်ပဲ ကောင်းနေမယ့် သဘောကို ပိုကောင်းအောင် ကံကောင်းမှု့ လေးတွေ ချာချင်သွက်သွားအောင် ခွေးသွားစိတ်ထဲ အမဲဆီလေး တို့ ပေးတဲ့ သဘောလေးပေါ့ ..
ဒီတော့  အရွက်မရှိရင် ကျနော်တို့ ပညာသဘောမှာ ကာလာကိုလည်း အားယူတယ်..ဒီတော့  အနီရောင်ပန်းတွေနဲ့ အဖြူရောင်ပန်းတွေ ခဏခဏ အိုးထိုးထားပါပေါ့  ဒီဗေဒင်လိုင်းမှာက အနီက တနင်္ဂနွေ အဖြူက တနင်္လာအရောင်သဘော ယူတယ်..နောက် တနင်္ဂနွေနံ အုန်းသီးအဓိက အစားအစာတွေ တနင်္လာနံ ကိတ်မုန့် တို့ ကော်ဖီတို့  စသဖြင့်  မကြာခဏဘုရားကပ်ပေါ့  လို့ မှာလိုက်ရတယ်..အဲ့ တော့  သူလည်း အိုကေ အဲ့ ဒါဆို လွယ်တယ်ရတယ်တဲ့ ..

သဘောက ကာလံဒေသသဘောကိုလည်းကြည့် တယ်ပေါ့ လေ ...တစ်ယောက်နဲ့ တစ်ယောက် ကြားက ယုံကြည်သမှု့ တွေ ရှိကြတာကလည်း အလုပ်ဖြစ်လွယ်ဖို့ အားတစ်ခုပဲ...ပြီးတော့  ဒါတွေစဉ်းစားရတာ ဖြစ်ညှစ်ပြီးအားသုံးနေရတာမျိုးမဟုတ်ဖူး သူ့ ကို ဘာလုပ်ပေးရမလဲလို့  တွေးပြီး အရိုးသားဆုံးစိတ် သဘောနဲ့ တွေးပေးလိုက်ရင် ခေါင်းထဲကနေ သင့် တော်ပြီး အလုပ်ဖြစ်နိုင်တဲ့ နည်းတွေ ထွက်ထွက်လာတာမျိုးပဲ

ဆရာ ၂ကြွင်းဖွားတွေကျတော့ ကြာသပတေးက ဘယ်လိုဖြစ်နိုင်မလဲဆရာ 

Na Win Thi Ha မွေးနံတိုင်းက မိန်းသဘောပဲ ဒီတော့ ဟူးရဲ့  အညွန့် က အညွန့် ပဲ မဟာဘုတ်နဲ့ ယှဉ်ရွေးတဲ့  အညွန့် သန့် မသန့် သဘောအရ အညွန့် အစစ်အုန်းညွန့် လို အားမပြည့် တာလေးပဲကွာတယ်..လိုအပ်ရင် ( အထက်ဆောင်ပန်းအညွန့် ) အဖြစ်သုံးခဲ့ တာပါပဲ...ကာလာရောပေါ့ 

ဆရာ colour တွေရဲ့ နံတွေ ပြောပြပါလားလိုစ်စ် 

ရေးပြဘူးတယ်လေ..၊ ၁=အနီ ပန်းနီ။ ၂=အဖြူစစ်စစ် ၃= အစိမ်း ၄= အ၀ါရွေရောင် ၅= မိုးပြာ အပြာနု အဖြူမှိုင်း ၆= ဟာဝေယံရှပ်ဝတ်သလို ကာလာစုံ ( သဘောက ဘယ်အရောင်မှ မိန်းမဟုတ်ဘူး ကာလာ သုံးမျိုးလေးမျိုးရောစွပ်တဲ့ တန်းကွင်းလက်စွပ် လို) ၀= အနက်အညိုရင့်  မဟူရာ..တွေသဘောပဲ ..နံအတိုင်း ဒဲ့ ကောက်ပစ်လိုက်တာတွေလည်းပါတယ် အများသဘောနဲ့ တူတာတွေလည်းပါတယ်...ဒဲ့ ကြီးက၃=အစိမ်းတို့  ၄= ရွှေ အ၀ါတို့ ပေါ့  အများနဲ့ တူတာက ၀= အနက်သဘောတွေ

screen shot လိုက်ပါပြီဆြာ. 

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..