Powered By Blogger

Saturday, March 28, 2015

မဟာဘုတ် ၇ ကြွင်း ယေဘူယျသဘော ( မရဏဥာဉ်မှဖြစ်လာသောယေဘူယျလက္ခဏာ)

မဟာဘုတ်(၁)ကြွင်းဥာဉ်
By Na Win Thi Ha on Tuesday, November 13, 2012 at 10:25pm
‎...မိမိမြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့ စား အကြွင်းအရ ဖြစ်ပေါ်လာသော စရိုက်နှင့် ဘ၀ကိုဘယ်လိုဖြတ်သန်းမလဲအယူအဆများ........................... ၁..ကြွင်း....။ဒီအကြွင်းနှစ်မှာမွေးသူမျာဟာ.....ပါတ်ဝန်းကျင်ရဲ့  စရိုက်ပေါ်လိုက်ပြီး စိတ်အရောင်ဆိုးခံရသူများလို့  ဆိုနိင်ပါတယ် ဘုန်းကြီးနဲ့ နီးစပ်ရင်ကပ္ပိယ ဖြစ်သလို အရက်နားနီးရင်ဝင်မော့ ဖြစ်ပါတယ် ဆိုက်ကားဆရာနဲ့ အဖွဲ့ ကျရင် ကျားဝင် ထိုးနေပြီး ဈေးနားနီးရင် လူမိုက်ပုံစံဖြစ်သွားတတ်လို့  ငယ်စဉ်ကာလမှာ သူ့ အတွက် ပါတ်ဝန်းကျင်ကစကားပြောပါတယ်..၀ီရိယ ဟာသူ့ အနာဂတ်အတွက် တစ်နေရာက အား ထားမှ အလုပ်ဖြစ်မှာပါ..အတိတ်ကံကို ထိုင်စောင့် နေလို့ မရအမျိုးအစားထဲကပါ..ကိုယ့် အနာဂတ်ကို ရွေးရ တဲ့ အပြင်..လူအားစိုက်ပင်ပန်းတဲ့ အလုပ်မှန်သမျှ အကျိုးပေးသူလို့ တောင် တင်စားပါတယ်..ကိုယ့် ဒူးကိုယ်ချွန်ရမဲ့ လူဖြစ်လို့  ပင်ပန်းရကျိုးနပ်ချင်ရင် သူများဝန်ထမ်းဆိုတာယာယီအားဖြည့် တဲ့ သဘောသာလုပ်သင့် ပြီး..တစ်နေ့ မှာလွတ်လပ်တဲ့ ကိုယ့် စီးပွား ကိုယ်ရှာလမ်းကြောင်းကို အမြဲချောင်းနေရပါမယ်(၀န်ထမ်းဆိုခိုင်းဖတ်ဖြစ်တယ်လို့ တောင်နောက်ပြောလေ့ ရှိပါတယ်) တွေးခေါ်စဉ်းစားဥာဏ်လည်းအတော်တော်ကောင်းပေမဲ့ စိတ်မထင်ရင် အရွဲ့ တိုက်တတ်လေ့ ရှိပါတယ်၊ပင်ကိုယ်က သနားလွယ်သူ မတရားတာမကြိုက်သူ၊ဗိုလ်ကျတာ မကြိုက်သူဖြစ်ပေမဲ့  တခါတရံ သူကိုယ်တိုင်ပြန်ဗိုလ်ကျစိတ်ကပြန်ဝင်လာလို့  နားလည်ရခက်နိင်ပါတယ်..ဒါပေမဲ့ ယာယီ အဆိုးစိတ်ဝင်တတ်ပေမဲ့ နောက်ဆုံးသူကဘဲပြန်လျှောတတ်ပြန်ပါတယ် ၀ီရိယလူဖြစ်လို့ သူနဲ့ လောင်းကစားဟာ အဝေးကြီးပါကံမပါပါဘူးအချောင်ချမ်းသာမဲ့ လူမဟုတ်လို့ ပါ.. အသက်သတ်ဖြတ်လုပ်ငန်းတွေ၊ရေလုပ်ငန်း(သင်္ဘောသားမပါ).လူမပါဘဲသူများထဲရှယ်ယာထဲ့ တာတွေဟာအကိျုးမဖြစ်ပါဘူး ပညာနဲ့ အသက်မွေးခြင်း ၊ကုန်သည်၊စာပေ၊ဆရာ၊ ရဲ၊ စစ်တပ်၊ အစားအသောက်၊တွေဟာ အကျိုးပြုမြန်တယ် နံမည်ဂုဏ် သတင်းကောင်းကြောင့်  တိုးတက်လွယ်ပြီး၊စနေနံကတော့ အကျိုးအပေးဆုံးပါဗုဒ္ဓဟူးနံဟာမရဏမှာထိုင်ထားလို့  ကိုယ်ရှိရင် ကူညီ၇တဲ့ သူများပြီးကိုယ့် အလှည့် ကြရင်ကိုယ် ဘာသာကိုယ်သာ ရုန်းရမှာကိုမှတ်သာထားပါ၊ သာမန်အားဖြင့်  အအေးဓါတ်နဲ့  ခန္ဓာကိုယ်ကမတည့် လို့ ..ရင်ကျပ်လွယ်တာ၊ အဆုတ်အအေးပတ်တာ၊အဆုတ်ပွတာတွေဖြစ်လွယ်ပြီးဝမ်းချုပ်လွယ်လို့  ဆေးကူရပါတယ် အဲ့ ဝမ်းပျက်ရင်လည်းဆေးရုံစော်နံတတ်လို့ တစ်သက်စာဝမ်းသာဂရုစိုက်ပါ..အိမ်ထောင်ရေးက ဗုဒ္ဓဟူးသာ ရှောင်ပါတဲ့ တဲ့ တိုးရင် ၀ဋ်ကျွေးဆပ်ဖို့ သာပြင်ထားပါလို့ မှာချင်ပါတယ် ကျန်တာဘာနေ့ နဲ့ ကျကျပါ........ငွေစုရ အလွန်ခက်လို့  အဖတ်တင်ချင်ရင် ပစ္စည်း၊ရွှေစသဖြင့် ပြောင်းစုမှ ပင်ပန်းရကျိုးနပ်ပါမယ်..မိသားစုအပေါ်ငဲ့ လွန်းရင် အိမ်ထောင်ပြုအခက်ဆုံးထဲပါလို့ .အချိန်အတော်ယူပါတယ် အဲ တခါ ပါတ်ဝန်းကျင်ကိုလည်းသိပ်ဂရုမစိုက်တတ်လို့ တရူးထိုးနဲ လည့်းအိမ်ထောင်ကျတတ်ပါတယ်သတိအထူးထားရမှာက ဆင်းရဲလျင်  (၀ါ)ရုန်းကန်နေစဉ် မပျက်စီးတတ်ဘဲ ကျိုးစားသလောက် အခြေအနေကောင်းလာလျင် အပေါင်းသင်းအာရုံများပြီး အရက်တမြမြဖြစ်လာတတ် လို့ ဘ၀တက်လမ်းပိတ်သွားတတ်ကြောင်းပါခင်ဗျား........................... (ချုပ်ပြောရရင် ကိုယ့် ဝီရိယသာအနာဂတ်အတွက်အားကိုးရာဖြစ်ကြောင်းပါ)





မဟာဘုတ်(၂)ကြွင်းဥာဉ်
By Na Win Thi Ha on Tuesday, November 13, 2012 at 10:37pm
၂ကြွင်းသမား..........................အတွေးတွေအစွန်းရောက်သူ၊အာဏာရှင်ဆန်သူ ၊အတန်းပညာမှာအလွန်တော်ခြင်းအတန်းပညာမှာအားနဲရင်တစ်ခြားပညာတခုခုမှာထူးချွန်နေခြင်း၊အတွေးအခေါ် အစွန်းရောက်သဖြင့် တော်စရာကောင်းစရာရှိလျင် ဘုရားလောင်း နီးနီးကောင်း ဆိုးစရာရှိလျင်မာဖီးယားနီးနီးဆိုး၊ အသက်ကွာလွန်းသူ၊ဘာသာကွဲသူ၊လူမျိုးကွဲသူတွေဟာသူတို့ ဖူးစာ၊တခါတရံဆွေမျိုးနဲ့ ပြန်ကျလွယ်၊အချစ်ရေးကံမလိုက်ပေမဲ့ အိမ်ထောင်ရေးကျဂွတ်ပြန်ရောပြည်ပနဲ့ အကျိုးပေးသန်လူမျိုးခြားနဲ့ အလုပ်တွဲလုပ်အလုပ်ဖြစ်၊ဘာသာရေးကောင်းလျင် စီးပွားဖြစ်လွယ်၊ စီးပွားဖြစ်နေတုန်းဘာသာရေးဝေးသွားရင်စီးပွားပြန်ကျတတ်၊သူတို့ ကိုယ်တိုင်အာဏာရှင်မို့ သူတို့ ကိုအာဏာပေးမဲ့ မိဘနဲ့ ခဏခဏငြိတယ်၊(ထိတ်တိုက်တွေ့ ရင်သူကိုယ်တိုင် ကံဆိုးပြီးရှောင်ပေးရတယ်).. အကြားအမြင်လိုလိုရတတ်တာသူတို့ ရဲ့ အတိတ်ကံကပါတဲ့ ထူးခြားစွမ်းရည်၊ကြာသာပတေးနံမကောင်းလို့ စီးပွားဖြစ် မြေ၊ပဲလောက ရှောင်ရမယ်..တနင်္ဂနွေနံထွန်းလို့  အဖွဲ့ အစည်းတွေမှာ၊စာပေလောက၊ရှေ့ နေလောက၊ဘာသာရေးလောက၊ကန်ထရိုက်လောကတွေမှာအလုပ်ဖြစ်တယ် သတိထားဖို့ က သူတို့ တွေဟာ လိင်တူ နေတာကိုသဘောကျတတ်တယ်..ကျားဟာအခြောက်ဖြစ်လွယ်ပြီးမဟာ ယောက်ကရှာဖြစ်လွယ်၊ အမှတ်ကြီးသူတွေဖြစ်လို့ မကျေနပ်ခဲ့ ရင် အချိန်တခုအထိစောင့် ပြီးမှ လက်တုန့် ပြန်တတ်တယ် လျို့ ဝှက်ချက်ထားတာဝါသနာပါတယ်၊အပြစ်ရှာတဲ့ နေရမှာ အမြင်စူးရှတယ်၊ ရဲလျင်အလွန်ရဲတင်း၍ တွေးကြောက်လျင်နေစရာ မရှိအောင်တွေးကြောက်တတ်တယ် ခေါင်းပိုင်းဆိုင်ရာရောဂါအသဲမကောင်းတာ၊ အစာအိမ်မကောင်းတာဟာသူတို့ မူပိုင်၊ သူတို့ ကိုဆရာကြီးတွေလို့ လည်းခေါ်လို့ ရတယ်ဒါပေမဲ့ သူတို့ စိတ်သူတို့ မနိင်လို့ သူတို့ အတွက်ဆရာကောင်းရှိရင်ဘ၀ပိုကောင်းတယ်၊၀န်ထမ်းဆိုရင် ဆရာမွေးရတယ် ၊အောက်လူမကြောက်ရဘဲ လယ်ဘယ်ချင်းကြောက်ရတယ်၊သူတိုအတွက်ဘ၀မှာမှီခိုရာဟာဘာသာရေးပါဘဲ၊အဲနောက်ဆုံးထူးခြားမှာခြင်တာကစိတ်ကျဉ်းကျပ်လွန်းလို့ ထွက်ပေါက်မရရင် ဆူစိုက်လုပ်ဖို့ ဝန်မလေးကြပါဘူးဆိုတာပါဘဲ....။


မဟာဘုတ်(၃)ကြွင်းဥာဉ်
By Na Win Thi Ha on Tuesday, November 13, 2012 at 10:38pm
၃ကြွင်း........................အကြွင်းတွေထဲမှာသောကြာနံမရဏထိုင်လို့  သူတို့ ရဲ့ အနာဂတ်ဟာသူတို့ ရဲ့ စကား ကောင်းခြင်းဆိုးခြင်းပေါ်မှာ မူတည်နေပါတယ်..အပြောချိုခြင်းကတိတည်ခြင်း၊ စိတ်အပြောင်အလဲများမမြန်ခြင်၊သစ္စာရှိခြင်း၊ အလုပ်ဖင်မြဲခြင်းနှင့် ပြည့် စုံရင် ဘ၀ကံကောင်းတတ်ပြီး ကြွယ်ဝချမ်းသာလွယ်ပါတယ်..။

ပြောင်းပြန်အရ စကားဘုဘောက်ပြောလွယ်ခြင်း၊ ကတိပေးလွယ်ပျက်လွယ်ခြင်းဂဏာမငြိမ် အလုပ်ပြောင်းလွယ်ခြင်း၊ခရီးကိုအကြောင်းပြပြီးမကြာခဏ ထွက်ခြင်းပုံစံထဲဝင်ရင်ဘ၀ကံက ရွှေလင်ပန်းနဲ့ အချင်းဆေးခဲ့ ရလည်း တဖြည်း၂ကျဆင်းပါလိမ့် မယ်၊သူတို့ ရဲ့ စိတ်ဟာ ပေါ့ ပေါ့ ပါးပါး ဆန်လွန်းလှလို့  နောက်ရောက်တဲ့ ကွေ့ တွေ့ တဲ့ တက်နဲ့ လှော်တတ်လို့ အိမ်ထောင်ဆက်များတတ်ပါတယ်(ခုခေတ်အရ အိမ်ထောင်ဆက်ထက် အချစ်ရေးများသူလို့ ပြောင်းဆိုပါတယ်) ပြစ်မှားပြောဆိုဖို့ ဝန်မလေးတဲ့ ပါးစပ်ကြောင့်  ဥပစ္စေဒကကံအနီးစပ်ဆုံးထဲမှာထည့် ထားပါတယ်သောကြာနံကံမကောင်းလို့  သွေးနီဥနဲ့ တဲ့ ရောဂါ သွားဝေဒနာများ ခြေထောက်ကို ခဏခဏ ထိတတ်ခြင်းဟာသူတို့ မူပိုင်ပါဘဲ အဲ့ ....သူတို့ မှာ ချစ်စရာအကောင်း ဆုံးက တနင်္လာ နံ အထွန်းထိုင်ထားလို့ ..ငွေရှာလွယ်ငွေရအလွယ်ဆုံးထဲမှာပါပါတယ်..။အလုပ်မျိုးစုံအောင်လုပ်ဘူးတာ အစပိုင်းတက်ကြွ ပြီး ကြာလာရင် ငြီးငွေ့ လွယ်တဲ့ စိတ်ဟာပြင်ရခက်ပါတယ်....စိတ်ကြမ်းကိုယ်ကြမ်းတတ်လို့  အားကစားဆိုင်ရာမှာတော့  ထိပ်တန်းရောက်ပါတယ်ခြုံပြောရရင် သူတို့ မှာစီးပွား လွယ်တဲ့ ကံပါတာကလွဲလို့  ကိုယ်နှုတ်စိတ်သုံးပါး ဂနာသိပ်မငြိမ်လှပါဗျာ.......

မဟာဘုတ်(၄)ကြွင်းဥာဉ်
By Na Win Thi Ha on Tuesday, November 13, 2012 at 10:39pm
ဒီအုပ်စုထဲမှာ အလွန်လည်သူနဲ့  အလွန် ရိုးသူ ဆိုပြီးသိသာတဲ့ စရိုက်၂ခုမြင်သာအောင်ကွဲထွက်လာပါတယ်.....လည်တဲ့ အုပ်စုက စီးပွားရေး သူရဲစီးသလို ငွေသာရရင် သိက္ခာကိုခဏခေါက်ထားပြီး စွန့် စားရဲကြတယ်..ဒါပေမဲ့ ဘ၀နိ၈ုံးက သိပ်မလှပါဘူးရိုးတဲ့ အထဲက လူတွေက သာမန်ထက်အရှက်ကြီးတတ်လို့  ရှက်တတ်တာနဲ့ ဘဲ ရိုးရိုးမှန်မှန်ဘဲ အသက်မွေးဝမ်းကျောင်း လုပ်ကြပါတယ် ဒါကြောင့် ဆရာဆရာမတွေများတဲ့ အုပ်စုဖြစ်နေတာပါသာမန်ထက်လည်း ၄ကြွင်းအများစုဟာ မာနကြီးကြပါတယ် သူများကို ဦးညွတ်ဖို့  ၀န်လေးကြပါတယ်.အရှက်ကွဲမှာကို လည်း အမြဲပူပင်နေတတ်ပါတယ်..ကျမ္မာရေးကတော့ အထူးထင်ရှားတာက အလာ့ ဂျစ်ပါဘဲ သွေးမသန့် ဝေဒနာဖြစ်လွယ်လို့ တောမှာဆိုပြုစားခံရတယ်ဆိုပြီး တောင် အထင်မှားခံရပါတယ် အသက်အငယ်ဆုံးသွေးတိုးဝင်တဲ့ အုပ်စုပါ သူတို့ ဟာ တကယ်တော့  လူရည်လည် သလိုလိုနဲ့ ခံလိုက်ရတာများလို့  လူလိမ်အခံရဆုံးအုပ်စုလည်းဖြစ်သလို အတိုက်အခံ လည်းအပြုခံရတာများတဲ့ အုပ်စုပါ အပြောကောင်းရင်အယုံလွယ်လို့  လူတွေကို သတိထားပေါင်းရပါတယ်...ဘ၀အသက်မွေးမှု့ မှာ ဖြတ်လမ်းစီးပွားနဲ့  အကျိုးမပေးလှဘဲ ဖြည်းဖြည်းမှန်မှန်ဘဲ စီးပွားဖြစ်တတ်ပါတယ်သက္ခာရှိရှိနဲ့ ပေါ့  အဲ ဒီ၎ကြွင်းတွေ သာမန်ထက် အချိန်တိုအတွင်း စီးပွား အရမ်းဖြစ်လာရင်တော့ သေခြာပေါက် သူ့ သိက္ခာနဲ့ လဲ ခဲ့ ပြီလို့ မှတ်နိင်ပါတယ်...အင်္ဂါနံ ထွန်းလို့ အများစုဟာ စိတ်ကောင်းရှိပြီးစနေနံမရဏထိုင်လို့  သမျှောတတ်ခြင်း၊ ဇီဇာကြောင်တတ်ခြင်း၊ အသန့် အရှင်းအလှအပကြိုက်ခြင်းဟာမြင်သာတဲ့ အကြွင်းရှင်ပါရုပ်ချောချောလေးတွေအမြင်ရဆုံးအကြွင်းပါဘဲဗျာ...။




မဟာဘုတ်(၅)ကြွင်းဥာဉ်
By Na Win Thi Ha on Tuesday, November 13, 2012 at 10:40pm
.....ဒီနှစ်မွေးသူတွေဟာ မရဏ အိမ်မှာ တနင်္ဂနွေနံထိုင်ထားလို့ ...မိသားစု အမျိုးတွေနဲ့ ပါတ်သက်ရင် အနိင်ခံရသူနဲ့ ...အနိင်ယူသူ ၂မျိုး တွေ့ ရပါ့ မယ်..အနိင်ခံရသူမှာ...ကျားဆို မိန်းမ သြဇာ ခံရပြီး မဆို ကျားရဲ့ သြဇာအောက်ရောက်နေတတ်ပါတယ်.အနိင်ယူသူကြတော့  မဆို ကျားကို လွှမ်းတဲ့ သဘော၊ကျားဆို မ ကို ဗိုလ်ကျတဲ့ သဘောပါဘဲ.သူတို့ ဘ၀ တစ်လျောက် အိမ်ထောင်ရေးကတော့  သူတို့ ငယ်စဉ် ဘ၀မှာ မိဘ မိသားစုကိုဘယ်လောက် အနွံအတာခံလဲက ဆုံးဖြတ်ပါတယ်..ငယ်၂က မိသားစုဒုက္ခခံရင်သူတို့ အိမ်ထောင်ရေးဟာယေဘူယျကောင်းတယ် မိသားစုကို ဗိုလ်ကျခဲ့ ရင် သူတို့ ကို ဗိုလ်ကျမဲ့ လူနဲ့ ပြန်ရသပေါသပေါ့ ဗျာသူတို့ ဟာ တနင်္ဂနွေ နံ မကောင်းတဲ့ အတွက် မိသားစုနဲ့ ခွဲခွာပြီး အလုပ်လုပ်နေရရင်ပိုအဆင်ပြေပါတယ်သင်္ဘောသားပြည်ပရပ်ခြားအလုပ်တွေမှာ၊ခရီးခဏခဏ ထွက်တဲ့ အလုပ်တွေမှာ အကျိုးဖြစ်ပါတယ်ရောဂါအနေနဲ့ ..ယောက်ကျားအစာအိမ် မိန်းမ သားအိပ်လို့ ယေဘူယျယူထားပါတယ် ခရီးခဏခဏ ထွက်တတ်ရင်သက်ရှည်ကျမ္မာပိုဖြစ်ပါတယ်..သူတို့ ဘ၀မှာ အိမ်ပိုင်ရဘို့ ခက်သလို အမွေမကင်းအိမ်၊ စပ်တူအိမ်၊စသဖြင့် အိမ်ယာနဲ့ ပါတ်သက်ပြီးမလွတ်မလပ် အမြဲဖြစ်ပါတယ်..သားသမီးတွေနဲ့ လည်းကြီးလာရင် အတူမနေရတတ်ပါဘူးအဲ ..မိသားစု ထမင်းစုံစားခွင့်  မလွယ်ပေမဲ့ ..အပြင်လူမှု့ ရေးမှာတော့ အကောင်းဆုံးထဲပါပါတယ်..ငွေကံအရ သိပ်ပြီး စုတ်ပြတ်ထဲအထဲမပါပါဘူး....သူတို့ ရဲ့ ဒုက္ခအများစုဟာဆွေမျိုးမောင်နှစ်မသားချင်းကြောင့်  ၊သားသမီးကြောင့် ၊ အိမ်ထောင်ဘက်ကြောင့် အများဆုံး ဒုက္ခများတတ်ပြီးအပြင်လူ သူငယ်ချင်းတွေကြောင့် ကောင်းကျိုးအများကြီးရတတ်ပါတယ်...ယေဘူယျပြောရရင် သူတို့ ရဲ့ ဘ၀ဟာ အိမ်တွင်းထက် အပြင်မှာ သာယာစရာတွေများပါကြောင်း...။


မဟာဘုတ်(၆)ကြွင်းဥာဉ်
By Na Win Thi Ha on Tuesday, November 13, 2012 at 10:41pm
၆ကြွင်းသမားများ...............ကမ္ဘာမှာ မှင်မောင်းအကောင်းဆုံးတွေထဲမှာပါပါတယ်...တနင်္လာနံဟာ မရဏအိမ်မှာထိုင်ထား လို့  ပိုက်ဆံဘယ်လောက်ရှိရှိ ငွေသောကမအေးပါဘူး ငွေကို စစ်စီလွန်းလို့ လဲ ကပ်စီးနဲတယ်လို့ အထင်ခံရတတ်ပါတယ်..သူတို့ ဟာ ဂုဏ်ခံပြီး ပဲများတတ်လို့  လူ့ ရှေ့ မှာ ဟန်ဆောင်ပန်းဆောင်နေရင်းက မနိင်ဝန် ထမ်းမိတဲ့ ဘ၀ရောက်ရောက်သွားပါတယ် သူတို့ စီးပွားပျက်ရင် မနိင်ထမ်းမိတာကများတယ်လို့  သိနိင်ပါတယ်..ဒါပေမဲ့ အတွေးအခေါ်အကြံအဥာဏ်ပေးတဲ့ နေရာ စဉ်းစားတဲ့ နေရာမှတော့ ဆရာကြီးမှ ဆရာကြီးတွေပါ အနုအလှကြိုက်တတ်သလိုအကြွင်းတွေထဲမှ အရသာကောင်းမှခံတတ်လို့  အစားအသောက်ချံပီယန်လို့ လဲပြောနိင်ပါတယ်၊ကျမ္မာရေးကတော့ ဆီးချို နဲ့ ကျောက်ကပ်ဟာ သူတို့ အတွက်မူပိုင်ပါဘဲ ခန္တာကိုယ်လှုပ်ရှားရတဲ့  ခေါင်းလေးဘဲသုံးရတဲ့ အလုပ်မျိုးတွေနဲ့ ဟန်အကျဆုံးဖြစ်လို့  ဆရာဂိုဏ်းဝင်တွေ၊ ပွဲစားကောင်းတွေ ပညာရှင်တွေအများဆုံးထွက်တဲ့ အကြွင်းပါတနင်္လာနံနဲ့ ပါတ်သက်သမျှ စီးပွားဖြစ်လုပ်မရပါဘူး မွဲပါတယ်...အသက်ရှည်တတ်တဲ့ အုပ်စုလည်းဖြစ်ကြောင်းပါ..အထူးခြားဆုံးက ငွေ ရွင်ရင် ကျမ္မာရေးကောင်းနေတတ်ပြီး ငွေဝင်နဲ တာနဲ့  အိပ်မပျော်စားမ၀င်လောက်အောင်ငွေပေါ်မှာသံယောဇဉ်ကြီးလှတာက သူတို ့ရဲ့ စတိုင်ပါဘဲ..။ဒါကြောင့် ပိုက်ဆံအရှာကောင်းရင်သူတို့ နဲ့ တွဲလို့ ကောင်းပြီးသူတို့ ဆီကများပိုက်ဆံချီးမိရင် အစာမကြေတတ်တဲ့ အထိ စိတ်ဆိုးပါလေရောပါဘဲ..ဒါကြောင့်  ကံများညံ့ လာရင်သူတို့ ကို အရင်ဆုံး ပိုက်ဆန်ကုန်မဲ့ ကံဆိုးမှု့ တွေဘဲ တိုက်ရိုက်အရင်လာတတ်ပါကြောင်း.........။



မဟာဘုတ်(၀)ကြွင်းဥာဉ်
By Na Win Thi Ha on Tuesday, November 13, 2012 at 10:45pm
သုည ကြွင်းရဲ့  စတိုင်....
.ကျနော်တို့ ကတော့  လေ သမားများတဲ့ အုပ်စုလို့ တင်စားပါတယ်.အလုပ်ကနဲနဲ အပြောကများလို့ ကားပွဲစားဇာတာလို့ လည်း အမည်ပေးပါတယ်.အင်္ဂါ နံက မရဏထိုင်လို့ ..စိတ်တို လွယ်သူ၊ စိတ်အတက်အကျမြန်သူ၊ သံယောဇဉ်ကြီးရင် တစ်အားကြီးတတ်ပြီး မုန်းရင်လည်းကမ္ဘာကုန်ကျယ်သ၍ စိတ်နာတတ်သူ၊တွေလို့ ခေါ်ပါတယ်..စိတ်ခံစားမှု့ ကိုရှေ့ တန်းထားလွန်းလို့  အနုပညာရှင်တွေလည်း အများဆုံးထွက်တဲ့ အကြွင်းပါ...စိုးရမ်ကြောင့် ကြမှု့ လည်းများတတ်လို့ နှစ်လုံး ဝေဒနာရှင်တွေလည်းများသလိုစိတ်တိုလွယ်လို့ သွေးတိုးသမားလည်း များပါတယ်...အမြဲလိုလိုခလေးဆန်တတ်လို့ သူတို့ ကိုချော့ မော့ ပေါင်းတတ်ရင် အရမ်းကောင်းတဲ့ လူတွေဖြစ်ပါတယ် သောကြာနံ အထွန်းထိုင်လို့ ခရီးနဲ့ ပါသက်ပြီးပျော်မွေ့ တတ်သလို့ အိမ်မကပ် စီးပွားရေးတွေမှာအောင်မြင်ကြောင်းပါ ကျားရော မရော ဆီးရောဂါကို သတိထားရပါ့ မယ်သူတို့ ဟာ စိတ်ပါလို့ ကတော့ အသေခံ အလုပ်လုပ်စိတ်မျိုးရှိပြီး စိတ်မပါရင် လှည့် ကိုမကြည့် တတ်ပါဘူးဗျာ..
သူတို့ နဲ့ ပါတ်သက်ပြီး စာနဲရတာက သူတိုဟာလေရူးသဘောဆန်တဲ့ စိတ်သဘောကြောင့် ဘ၀ဟာ
ခုမြင်ရင်တစ်မျိုး တော်ကြာတော့ တစ်မျိုးနဲ့ အပြောင်းအလဲမြန်လို့  သူတို့ ရဲ့ စိတ်ဟာအစိုးမရဖြစ်ခြင်သလို
ဖြစ်နေတတ်လို့ ပါဘဲဗျာ..........

ဒါတွေဟာ ယေဘူယျအခြေခံသဘောသာဖြစ်ပါတယ်  မွေးချိန်တွေ မျိုးနွယ်တွေ အယူယုံကြည်မှု့ တွေ နေ့ နံသားတွေ ကျားမတွေ အမည်တွေ ခေတ်ပညာအရည်အချင်းတွေ စသဖြင့်  အချက်အလက်တွေအပေါ်မူတည်ပြီး အသေးစိတ်တွေမှာ ကွဲပြားသွားကြတာရှိပါလိမ့် မယ်..


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..