-------------
''' စိတ်ထားထက်မြက်ပြီး တစ်ခါတစ်ရံတစ်ဇွတ်ထိုးနိုင်တတ်သည်၊ မှန်သည်ထင်လျင် အလွယ်နှင့် အလျှော့ မပေးတတ်၊ မာကျောပုံရသော်လည်း အမှန်တကယ်တွင် မရက်စက်တတ်ကြပေ၊ စိတ်ရင်း စေတနာကောင်းတတ်သော်လည်း လိမ်လည်လာလျင်မကြိုက်တတ်၊ အပေါင်း အသင်းများကို ကူညီတတ်သော်လည်း ကိုယ့် ကိုပြန်သိတတ်သူနည်းပါးတတ်သည်၊ မျှော်မှန်းချက်များကြီးသလောက် တိုးတက်မှု့ နှုံး နှေးကွေးနေခြင်း အပေါ်အားမလို အားမရဖြစ်တတ်ကြသည်။ အလုပ်တစ်ခုခုစတင်လျင် အလွန်တက်ကြွတတ်သော်လည်း ငြီးငွေ့ စိတ်ကရောက်ရောက် လာတတ်လေ့ ရှိသည်၊ လိုအပ်လျင် လူအပင်ပမ်း ခံနိုင်ပေးလိုက်တတ်ပေမယ့်  စိတ်ပင်ပမ်းမှု့ ဒဏ်ကိုတော့ မခံနိုင်ကြပေ။ မိမိ အမှန်တကယ်စိတ်အတွင်းမှ ဖြစ်လိုသောဆန္ဒများနှင့်  မိမိကျင်လည်နေရသော ပတ်ဝန်းကျင်မှာ သဟဇတမဖြစ်လှချေ မိမိအတွက် အဓိက ပြဿနာတစ်ရပ်မှာ ဖေါ်လံဖားရသော အလုပ်မျိုးကို မလုပ်တတ်ပဲ မိမိ တာဝန်ရှိသည့် အတိုင်းသာလုပ်ကိုင်လိုခြင်းဖြစ်သည်။အများအားဖြင့် ပတ်ဝန်းကျင်နှင့် မိမိ၏ အတွေးအမြင် ခံစားချက်များသည် သီးခြားစီကဲ့ သို့ ဖြစ်နေတတ်သည်ဟု ခံစားနေလေ့ ရှိသည်။ကူညီတတ်သော စိတ်အခံကြောင့်  သူများပြဿနာများတွင် ကြားညပ်သလိုလိုဖြစ်သွားတတ်လေ့ ရှိသည် ။ ထို့ ကြောင့်  စေတနာကောင်းများထားပေးသော်လည်း သူများ၏ အထင်မှားခံရမှု့ များကို ကြုံတွေ့ ရလေ့ ရှိသည်။ ငွေလက်ဖွာသူဟု မပြောနိုင်သော်လည်း အလွန် စည်ကမ်းကြီးကြီး သုံးစွဲသူဟုမဆိုနိုင်၊ စုဆောင်းမည်ကြံလိုက်တိုင်း အထွက်သန်စရာအကြောင်းများ ရောက်လာလေ့ ရှိ၏ ပုံမှန်အားဖြင့် ဥာဏ်ရည်ထက်မြက်သူများဖြစ်ကြသော်လည်း တစ်ခါတစ်ရံ အတွေးခေါင် နေတတ်သူများ လည်းဖြစ်ကြ၏။အလွယ်တကူ မိတ်မဖြစ်တတ်သော်လည်း မိတ်ဖြစ်ပြီးလျင် သံယောဇဉ်ကြီးတတ် သူများဖြစ်လေသည်.အချစ်ကြီးသူများဖြစ်ကြသကဲ့ သို့ စိတ်နာသွားပြီဆိုလျင် အလွယ်နှင့် မပြေပျောက်တတ်ကြတော့ ခြေ..။.ပုံမှန်အားဖြင့်  စိတ်နေ စိတ်ထား အဆင့် အတန်းရှိရှိ နေတတ်ကြသူများဟုလည်း ဆိုနိုင်သည်..မိမိ မိသားစုနှင့် ဆက်ဆံရေးမှာ ပုံမှန်ရှိတတ်သော်လည်း အတွင်းသဘောမှာ မိသားစုက မြင်လိုသောဆန္ဒနှင့် မိမိဖြစ်လိုသောဆန္ဒ မကြာခဏ ကွဲလွဲမှု့ များကြုံတတ်ပြန်သည်။...'''
-----------
ဒါ ကျနော့် ဝေါပေါ်မှာ ခပ်တည်တည်နဲ့ ဗေဒင်ဟောသလိုလိုနဲ့ နမူနာရေးပြလိုက်တဲ့ စာပါ...အဲ့ ဒါဖတ်မိလိုက်တဲ့ အတော်များများက ကိုယ့် ကိုများ ဟောနေသလားလို့  ထင်မိသွားတတ်ကြပါတယ် တော်တော်များများအချက်အလက်တွေက ကိုယ့် စိတ်နဲ့ နီးစပ်နေသလိုလို မို့ ပါ အရွယ်ရောက်သူတွေ ဘယ်မဟာဘုတ်နဲ့  မွေးမွေး ဘာနေ့သားဖြစ်ဖြစ် လိင်တူတူမတူတူပေါ့  အဲ့ ဒါဘာကြောင့် ပါလဲ...
အဲ့ စာထဲမှာ ပထမ အကောင်းသဘောနဲ့ မြှောက်ပင့် ပြီးရေးလိုက်ပြီးမှ ဒုတိယအချက်အဖြစ် လူအများစု ဖြစ်တတ်တဲ့ သဘာဝနဲ့  စိတ်ကစားတတ် စိတ်တိုတတ် လွတ်လပ်လိုတတ် တွေဝေတတ်တဲ့ သဘာဝစိတ်ကို ကပ်ထည့် ပေးလိုက်တာဖြစ်လို့ အားလုံးခြုံဖတ်လိုက်ရင် ကိုယ်နဲ့ နီးစပ်နေတာ ၄ပုံ၃ပုံလောက်ဖြစ်နေတာမျိုးထင်သွားကြလေ့ ရှိပါတယ်...တကယ်ကတော့  အဲ့ ဒါ ယေဘူယျ အများစုရဲ့ လူသား စိတ်ထားသဘာဝတွေချည်းလိုပါပဲ..
နောက်တစ်ချက်စဉ်းစားပုံက ကျနော်တို့ က ဒီလို ဟောစတမ်းတွေကို ဖတ်မယ် အချက် အလက် တော်တော် များများ တိုက်ဆိုင်မယ် အဲ့ တော့ မှန်လိုက်တာလို့ ဆိုပြီး သဘောကျမယ်...ပြီးရင် ဒီအဟောကို ဘာဆက်လုပ်ရမှာပါလဲ.ဘာအကျိုးရှိပါမလဲ ဘယ်လိုအသုံးကျပါမည်လဲ .ဒါ ကျနော်တို့ ဆက်တွေးခန်းပါ အများစုက ဟယ် မှန်လိုက်တာ နဲ့  ပြီးသွားတာများပါတယ်...
လူသား စိတ်ထားသဘာဝတွေ ကို အဟောပြလုပ်ရေးတဲ့ အခါမှာ အပေါ်က ကျနော်ရေးပြတဲ့ အချက်အလက်အချို့ ကို ယေဘူယျ အခြေခံထားလိုက်ပြီး ပြီးတော့ မှ မဟာဘုတ်ထဲက နဲနဲ ၇နေ့ သားတစ်ဦးစီက သိသိသာသာချွန်ထွက်နေတတ်တဲ့ ကာရိုက်တာလေး နဲနဲ ရောသမမွှေလိုက်ရင် စာအုပ်ထုတ်စားလို့ ရတဲ့ ဗေဒင်အဟောစတိုင်တစ်ခုဖြစ်လာပါလိမ့် မယ်..ဒါပေမယ့်  အများစုရဲ့ လက်ထဲမှာ မှန်တယ် ဖတ်လို့ ကောင်းတယ် နဲ့ ဖတ်ပြီးမေ့ သဘောတွေသာဖြစ်ကျန်ခဲ့ တာမျာပါတယ်..
နောက်တစ်ချက်က ဒီလိုစိတ်နေစိတ်ထား အဟောဗေဒင်တွေဖတ်တဲ့ အခါမှာ လူ့ အတ္တသဘာဝဟာ ကိုယ့် မွေးသက္ကရာဇ် နဲ့ ဟောစတမ်း ကိုယ့် မွေးနံနဲ့ ဟောစတမ်း ကိုယ့် သွေးအုပ်စုနဲ့ တူတဲ ဟောစတမ်းတွေ ကိုသာ အစအဆုံး တစ်ကြောင်းချင်းဖတ်လေ့ ရှိပြီး ကိုယ်နဲ့ မတူတဲ့ မွေးသက္ကရာဇ်တွေ တစ်ခြားနေ့ သားတွေ တစ်ခြားသွေးအုပ်စုတွေကိုတော့  ကိုယ့် ဟောစတမ်းဖတ်သလို အလေးအနက်ထားမဖတ်တတ် ဖတ်ဖို့ စိတ်မရှည်ပေးတတ် ဖြန်းဖတ်ယုံလေးသာ လုပ်လိုက်တတ်ကြပါတယ်...
အကယ်၍သာ တစ်ခြားမွေးနေ့ နံသားတွေ တစ်ခြားသွေးအုပ်စုတွေ ရဲ့ စိတ်ထားအဟောတွေထဲမှာလည်း လူ့ ယေဘူယျစိတ်ထားတွေ ညှပ်ညှပ်ပါနေတာချည်းလိုလို တွေ့ ရပါလိမ့် မယ်..ဥပမာ အကောင်းကြိုက်တာ မျှော်လင့် ချက်ကြီးတာ အိမ်မက်ကိုယ်စီရှိကြတာ ချမ်းသာလိုတာ မဆင်းရဲချင်တာ အချီးမွမ်းခံချင်တာ အလေးစား ခံချင်တာ ချစ်တတ်တာ စိတ်နာတတ်တာ အိမ်ကလူတွေတွေးတာနဲ ကိုယ်တွေး တာနဲ့ ကွဲလွဲတတ်တာ လွပ်လပ်လိုတာ အကျောမခံနိုင်တာ ကိုယ့် ကိုယ်ကို စိတ်ကြီးတယ်လို့ ထင်တာ တစ်ခါတစ်လေပေါက်ကွဲ တစ်ခါတစ်လေပျော်တတ် စသဖြင့်  စသဖြင့် တွေဟာ လူတွေအများစုကြီးရဲ့  လူ့ အခြေခံဗီဇသဘောတွေချည်းပါပဲဗျာ..
သဘောက စာဖတ်ပြီးရင် အကြောင်းအရာတွေကို ဆက်ဆက်တွေးတာ အကျင့် ရလာရင် စာတွေရဲ့ ယုတ္တိရှိ မရှိတွေ စာထဲက ဘာရမလဲဆိုတာတွေနဲ့  အဓိကနဲ့ သာမညသဘောတွေကို ကိုယ် ဟာ ကိုယ်မြင် လာနိုင် တယ်လို့ ပါ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..