Powered By Blogger

Saturday, March 21, 2015

မင်းခွေးချေးနဲ့ ဝက်သားဟင်းခွဲဝေမှု့ ပြဿနာ

မင်းခွေးချေးနဲ့ ဝက်သားဟင်းခွဲဝေမှု့ ပြဿနာ
----------
300 ဆိုတဲ့ လူစွမ်းကောင်းအင်္ဂလိပ်ကားကြီး ထွက်လာတော့  နရသီဟပတေ့ ဗျင်ကြီးရဲ့  ဟင်းခွက် ၃၀၀ကို သတိရလိုက်တာပေါ့  ၃၀၀ကို ကြားဖူးနေတာကိုး..အဲ့ ဗျင်ကြီး စစ်ပြေးရင်း ဟင်းခွက် ၁၅၀ပဲစားရတော့  ''ဆင်းရဲလိုက်ထှာ'' လို့ ငြီးတယ် ဆိုတာဖတ်ရတော့ လည်း အံ့ တွေကိုသြမိသေးတာ..မအေတို့  ဧရာဝတီစစ်ပြေးတုန်းက ကိုင်းဥကိုဟင်းလုပ်စားခဲ့ ရတယ်လို့ ပြောခဲ့ ဖူးတာသတိရသလို ကိုယ်တွေ ကိုရင်ဝတ်ရဟန်းဝတ်တုန်းက စားပွဲပေါ်က ဆွမ်းဟင်းခွက် ၃၀ကျော်လောက်မှာ ဘယ်ခွက်က ဟင်းကောင်းလဲလို့ ကျီးကန်းမျက်စိရဲ့ လျင်မြန်မှု့ မျိုးနဲ့ ရှာရင် နောက်ကျတဲ့ လက်သစ္စာဖေါက်ဆိုပြီး ...အဟိ...


အဲ့ ဟင်းခွက်၃၀၀ ဗျင်ကြီးကို သူ့ သားသီဟသူက ပြန်ကိရတဲ့ အညှိုးကလည်း အံ့ စရာပေါ့  ၀က်သားဟင်းခွဲဝေမှု့ ပြဿနာကစတာတဲ့  အဲ့ ဗျင်မှာ ဥဇနာ ကျော်စွာနဲ့ သီဟသူဆိုတဲ့ အနီးကပ် မအေကွဲ သားသုံးယောက်ရှိသတဲ့  ၀က်သားဟင်းနဲ့ ပွဲတော်တည်ရင် ဥဇနာနဲ့ ကျော်စွာကို ၀က်လက်ပေးပြီး သီဟသူကိုတော့ ဝက်ပေါင်ပေးတယ်တဲ့ အဲ့ ဒါကို သီဟသူ့ မအေက အစာမကြေဘူးတဲ့ အဲ့ မှာ စားဖိုမှုးကို လာဘ်ထိုးပြီး ဟို၂ယောက်ကို ၀က်ပေါင် သီဟသူကိုဝက်လက်ဆိုပြီး ချိန်းပေးလိုက်ရောတဲ့  အဲ့ ဒါကို ကျော်စွတို့ မအေက သိသွားပြီး ဗျင်ကို သွားချွန်တာ ဗျင်က သီဟသူ့ မအေကို ''၀က်လက်ခိုးမ ''သီဟသူကို '''၀က်လက်ခိုးမသား ''လို ခေါ်သတဲ့ ပေါ့ လေ..တစ်ခါခေါ် နှစ်ခါခေါ်မဟုတ်ပဲ အာရုံ မလာတိုင်း ခေါ်တော့  သားလုပ်တဲ့ သီဟသူက အစာမကြေတော့ ပဲ အညှိုးထားတော့ တာပဲတဲ့ 

အဲ့ မှာ စစ်ပြေးရင်း ပြည်ရောက်တော့ သီဟသူက ဗျင်ကြီးကို ပွဲတော်အုပ်သွားပေးရင် ရော့ ဒါစားပေါ့ လေ.ပြီးမှ ခပ်လှမ်းလှမ်းကနေ ရဲမက် ၃၀၀နဲ့ ဝိုင်းထားလိုက်တာတဲ့ ပွဲတော်ထဲမှာတော့  အဆိပ်ခပ်ထားတယ်ပေါ့  ဗျင့် ဖြစ်ပုံကလည်း အဆိပ်ပါမှန်းသိတော့ မစားရဲသေးဘူး ၀ိုင်းထားပုံကလည်း သတ်မှာ သေခြာနေတယ်တဲ့ အဲ့ မှာ ဘေးကမိဖျားကိုမေးတယ်တဲ့  ဘိုလုပ်ရမဲပေါ့ လေ..မိဖျားကလည်း ဥာဏ်ကောင်းပုံရပါ့  ဓားတွေလှံတွေနဲ့ တော့ အသေမခံနဲ့  တွတ်တီးပေးရင်းအသေခံလိုက်ပါတဲ့ ...အင်း...အငတ်ခံပြီး ဓားနဲ့ အကိ ခံရတာထက် စားရင်း အသေခံတာပိုဂွတ်သေးသဘောပေါ့ လေ...ဟီးး..မိုက်တယ်....

အဲ့ ရာဇ၀င်တွေကို ငယ်ငယ်ကဖတ်တဲ့ ခံစားမှု့ က တစ်မျိုးပေါ့  နောက်ပြန်ဖတ်တော့  ခေတ်ကာလသဘောတွေ လူတွေရဲ့ စိတ်တွေကို လိုက်ကြည့် တတ်လာတယ် အဲ့ ကာလက သူတို့ ကိုးကွယ်ဆည်းကပ်တဲ့ အယူဝါဒကို သတိထားမိလာတော့  အယူက ဘာတွေ သွန်သင်ပြီး ကောင်းအောင်လမ်းညွှန်ညွှန် လူရဲ့ စိတ်က ကိုယ်ကြိုက်တာကိုယ် အရင်လုပ်နေကြတာတွေ တွေ့ လာရတာပေါ့ ...လောဘ ရမက်တွေကြီးကြတာ မာန်မာန သိပ်ကြီးကြတာ အညှိုးအတေးတွေ သိပ်ကြီးကြတာ ချစ်တအား မုန်းအလွန်အကျွံစိတ်တွေ ကိုယ့် လူမှ မျက်နှာသာ ပိုပေးတာ ကလဲ့ စားချေတတ်တာတွေပါ မြင်လာရတာပေါ့  အဲ့ မှာ မနူဟာဘုရင်ကြီးက ပုဂံက ကျမ်းစာပင့် အဖွဲ့ ကို မပေးနိုင်ဘူးဆိုတာကို ရိုးရိုးမပြောပဲ ပထမဆုံး မချေမငံ ဆက်ဆံလွှတ်လိုက်တဲ့ စကားလုံး ပစန္တရာဇ်အရပ် ဆိုတဲ့ စကားလုံးကိုတောင် ဆက်စပ် သတိရမိသေးတယ်....

အဲ အဲ ရာဇ၀င်ထဲက စကားအရ အဲ့ နရသီဟပတေ့ ဗျင်ကြီးကို တရုပ်ပြေးမင်းလို့ ခေါ်ယုံမကဘူးဗျ...မင်းခွေးချေး တဲ့ ..ဟီးးး...အဲ ၀က်လက်နဲ့ ဝက်ပေါင်ကို ဒီဘက်ခေတ်လိုအမြင်အရဆို ၀က်လက်စွပ်ပြုတ်နဲ့ ဝက်ပေါင်ခြောက်သဘောနဲ့ ဝက်သားဟင်းခွဲဝေမှု့ ပြဿနာပေါ့ လေ... ...ဟဲဟဲ...။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..