--------
စာသမား သူငယ်ချင်း ၂ ယောက် မြို့ ထဲက စာအုပ်ဆိုင်တွေပတ် ဖရီးလျှောက်ဖတ်ပြီး အားရတော့ ဆိုင်ကနေပြန်ထွက်လာရောတဲ့ ၊ နွေဦးပေါက်ဆိုတော့ အအေးသောက်မယ်ပေါ့ လေ..အဲ့ ဒါနဲ့ လမ်းဘေးကကြံရည်ဆိုင်ဝင်ထိုင်ကြပြီး ကြံရည် ၂ ခွက်လို့ မှာလိုက်သတဲ့ ..
အဲ့ မှာ စာသမား တစ်ယောက်က ကြံကြိတ်စက်နားက ကြံချောင်းတွေကြည့် ပြီးသမိုင်းထဲက စာလေသံနဲ့ 
'' ကြံဆိုတာ အဖျားကစပြီးစုပ်ရတယ်ဗျ ဒါမှ တဖြည်းဖြည်း အရသာပိုပိုရှိလာတာ''..လို့  သူပဲဖတ်ဖူး သူများ မဖတ်ဖူးသလိုလို လေသံနဲ့ ဆရာကျလိုက်တော့ ...
နောက်သူငယ်ချင်းကလည်း သူလည်း စာပေမှာ ခေတ်သူမဟုတ်လေသံနဲ့  '''ဟာဗျာ၊ အရင်းပိုင်းမစုပ်ရခင် သေသွားရင် အကောင်းဆုံး အပိုင်းကို အရသာ မခံလိုက်ရဘဲနေဦးမယ် '' လို့  ပြန်ထုချေလိုက်သတဲ့ ...အဲ့ အချိန်မှာ ကြံကြိတ်စရာက ကြံ၂ ချောင်း အတူတူစက်ထဲထည့် ကြိတ် ကိုင်းဖန်ခွက် ၂ ခွက် ထဲ အတူတူထည့်  ပြီးတော့ မှ စာသမား ၂ယောက်ကို လှမ်းပေးလိုက်သတဲ့ ..
စာသမား ၂ ယောက်လည်း အချင်းချင်းအပြန်အလှန် ဆရာကျလက်စတွေကိုခဏထား ကြံရည်တွေကို တစ်ငုံစီငုံလိုက်တဲ့ အချိန်မှာ ကြံရည်သည် ဦးလေးကြီးက စာသမား၂ ယောက် တစ်ငုံစီသောက်လိုက်တာကို လှမ်းကြည့် ပြီး..''ဘယ်နှယ့်  ငါ့ လူတွေ စက်နဲ့ ကြိတ်လိုက်တော့  ဘယ်ဖန်ခွက်ဇောင်းကသောက်သောက် အချိုရေ အရသာက အတူတူပဲလေ..ဟုတ်စ..ငါ့ လူတို့ မယုံရင် ခွက်ချင်းလဲသောက်ကြည့် လေ.''..လို့  ပြုံးစိစိနဲ့ ဝင်ပြောလိုက်ပါရောတဲ့ ....ငိငိ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..