Powered By Blogger

Wednesday, June 29, 2016

ပြည်မှာဆောင်း



ပြည်မှာဆောင်း
-------
ယူကျူ့ ထဲ ပတ်နေရင်းက မြန်မာပြည် အကြောင်း ဒေါ်ကူမန်ထရီတွေထဲမှာ ဆေးလိပ်ခုံ အကြောင်းလေးတွေ့ လိုက်တော ငယ်ငယ်က နွေကျောင်းပိတ်ရက်တွေမှာ သွားပြီးနေခဲ့ ရတဲ့  အဖိုးတွေအဖွားတွေ ရှိတဲ့  ပြည် ကို လွမ်းသွားတယ် .

 ကျနော်ကလည်း ပြည်မှာ မွေးခဲ့ တာလေ.. အဖိုးအဖွားတွေအပါအ၀င် ဘကြီးဦးကြီး ကြီးဒေါ်တွေ ဦးလေးတွေ အစ်မတွေအများစုက ခေတ္တရာမြို့ သစ်မှာများပြီး တစ်ချို့ က ၀ါရုံ ထဲမှာ။
အဲ့ တုန်းက ခေတ္တရာမြို့ သစ်က အမျိုးသမီးငယ်အတော်များများက မူလတန်းလောက်နဲ့ ပြီးတာ များပြီး ကျားပျံမကောက် ဆေးလိပ်ခုံ မှာဆေးလိပ်သမတွေ ဖြစ်ကုန်တာများတယ် မြို့ သစ်ကနေ ရထားလမ်းကျော်ဖြတ်သွားရင် ဆေးလိပ်ခုံက နီးတယ်လေ အဲ့ အထဲ ဆေးလိပ်ခုံ အလုပ်သွားလုပ်တဲ့ အထဲ ကျနော်တို့ အမျိုးထဲက အစ်မ တစ်ယောက်လည်း ပါတယ် ဆေးလိပ်လိပ်ကြတာ အရမ်းမြန်တယ် တစ်နေ့ ကို ရာချီ ပြီးကြတယ် အစ်မက လုပ်သက်ရင့် လာတော့ တပည့် တွေ ဘာတွေ နဲ့ ဖြစ်လာပြီး ဆေးလိပ်ခုံက ဆေးစပ်တွေ သနပ်ဖက်ရွက်ကြီးတွေ ကို အိမ်မှာ ယူ ပြီး လိပ်တဲ့ အဆင့် ဖြစ်လာတယ် အဲ့ မှာ ဆေးလိပ်လိပ်ကြတဲ့  အလုပ်သဘောကို သိလာတော့ တာပေါ့ လေ...အခုတော့  အဲ့ အစ်မလဲ ဂိသွားပြီ. ကျနော်တို့ အဖွားက ခေတ္တရာမြို့ သစ်ဈေးထဲမှာ ဆိုင်ခုံနဲ့  မုန့် ဟင်းခါးရောင်းတယ်  ခေါက်ဆွဲဖတ်ကိုတော့ အိမ်မှာပဲ ကိုယ်တိုင်လုပ်တယ် မုန့် ကြိတ်ဆုံလည်းရှိတယ် ကိုယ်တိုင်ကြိတ်ပေါ့ လေ .တစ်ခါက ဖြတ်သန်းခဲ့ တဲ့  ငယ်ဘ၀တွေထဲက ဘ၀တစ်ကွေ့ အတွေ့ အကြုံလေးတွေပေါ့ လေ..ခုတော့  လွမ်းစရာ

ဘ၀တစ်ကွေ့ ကြုံခဲ့ ဘူးတဲ့ ကျောင်းချင်း ရန်ပွဲ

ဘ၀တစ်ကွေ့ ကြုံခဲ့ ဘူးတဲ့ ကျောင်းချင်း ရန်ပွဲ
------------------
စတိတ်ကျောင်းသားဘ၀မှာ ကျောင်းကျောင်းချင်း အကြီးအကျယ် ရန်ဖြစ်တာ ၃ ကြိမ်ကြုံခဲ့ ရတယ်  ပထမအကြိမ်က ကျနော်တို့ ၅ တန်းလောက်မှာ စိန်ဂျွန်နဲ့  ဖြစ်တာ အဲ့ ရန်ပွဲက ကျောင်းသားကြီးတွေ ဖြစ်ကြတာဆိုတော့  ဘယ်ကစဖြစ်တာလဲ မမှတ်မိတော့ ဘူး

ဒုတိယအကြိမ်မှာတော့ စိန်ပေါနဲ့ ဖြစ်တာ အဲ့ မှာတော့  ကျနော်တို့ က  ၈တန်း၉တန်းလောက်မှာ ၊ ပြဿနာက ကျောင်းပြေးအချင်းချင်း အပြင်မှာ ငြိကြတာ မပြီးပဲ စိန်ပေါက ကျောင်းသားတွေက ဘုရားလမ်းဘူတာရုံ ဖက်ကတက်လာပြီး ရထားလမ်းက ဂ၀ံကျောက်ခဲတွေ နဲ့  အပြင်ကားလမ်းမကနေ ကျောင်းဘော်လုံးကွင်းထဲကို လှမ်းပစ်ကြတာ

အဲ့ မှာဘော်လုံးကန်နေတဲ့ ကျနော်တို့ ကျောင်းကကျောင်းသားတွေက ကျောင်းထဲမှာ အဆောက်အဦးဆောက်ဖို့  ပုံထားတဲ့  အုပ်ခဲပုံထဲက အုပ်ခဲတွေ အဆင်သင့် ကောက်ခွဲပြီး ပြန်လိုက်ထုတော့  ရထားလမ်းဘူတာရုံထဲကနေ ဆင်းပြေးကြရော ။ မပြေးကြခင်
သူပစ်ကိုယ် နဲ့  ခဲစစ်ပွဲနွှဲနေကြတာ  မိန်းကလေးကျောင်း စိန်မေရီနဲ့  ကျားကျောင်း ကျနော်တို့ စန်ထရယ် ဆိုတဲ့  လသာ၁ ကြားက ဘုရားလမ်းပေါ်မှာ အုပ်ခဲကျိုးအပိုင်းအစတွေ ဖွေးလို့ ပေါ့  ကားအသွားအလာတွေပါရပါသွားရော အဲ့ ပွဲမှာနဲနဲ ၀င်နွှဲလိုက်သေး ကျောင်းထဲကနေ အပြင်ကိုဂဲနဲ့ လှမ်းထုရတာဆိုတော့  အန္တရာယ်ကင်းတယ်လေ..။

Monday, June 27, 2016

လေလွင့် အတွေး...


လေလွင့် အတွေး
------
ကျမ်းကိုးတွေသာ လိုက်ကိုးနေရလို့ ကတော့  ကိုယ့် ဘ၀ဆိုတဲ့ ဗွက်လေးက အဓိပ္ပါယ်ရှိလိုက် မရှိလိုက်နဲ့ ပေါ့ ဒီကြီးထဲ ဖရီးလန့် စ်စ်စ်ဆိုလား ဖယ်ရီစီးတဲ့ လန့် ဆိုလို့  လွတ်လပ် လှုအတွေးသမားတွေ ဆိုလား တွေ့ ရတတ်သေးတယ်  အာ့ ကြီးကလဲ သူများတွေ နဲ့  မတူအောင် နေတာလား ကိုယ်ထင်ရာကိုယ်လုပ်ခွင့် ရနေတဲ့ ဘ၀မျိုးကိုပဲ ဆိုလိုလေသလား  ...မနှင်းဆီရေ မင့် ကို ငါချစ်တယ်  ကောင်းကင်ကြီးတောင် အမှောင်ထု ဖုံးလာနေပြီပဲ သြော် မနက်ဖြန် ဘယ်သူ့ ဆီများ ပိုက်ဆံသွားချေးရပါ့  အင်း ၀က်အူချောင်းကြော်ကို သံပရာသီးလေး ညှစ်ဖြန်း စားရတာ အတော်ဂွတ်တာပဲ.ဆိုတဲ့ စတိုင်မျိုးလား..သိပါဘူး တစ်ခါတစ်လေ မသိတာတွေကို မသိသလိုနေတာပဲ ကောင်းပါတယ် အသိတွေ များလာရင် လှမ်း နှုတ်ဆက်တာ နဲ့ ဘုရားဖူးလိုက်ပို့ ရမှာလား ကေတီဗွီခေါ်သွားရမလား ငိုပြရမှာလား ဝေခွဲရခက်နေဦးမယ်  ဘာတွေ ဘယ်လိုဖြစ်ဖြစ် လောလောဆယ်  ကိုယ်ဟာ ကိုယ်တော့ ဖြစ်နေတာ သေခြာလောက်တယ်  မှန်း  စမ်းကြည့် စမ်းမယ်  ဖြန်း..အား..နာလိုက်တာ လက်ဖျံပေါ်လာနားနေတဲ့ ခြင် တော့ မမိလိုက်ဖူး အသားတော့ နာကျန်ခဲ့ တယ် အသားနုနုလေး ရဲသွားတာပဲ .အင်း နာတယ်ဆိုတော့  ကိုယ်ဟာ ကိုယ်ဖြစ်နေတာ အိပ်မက်တော့ မဟုတ်ဖူးပေါ့  

Friday, June 24, 2016

အသူရကာယ်ဘုံသား

အသူရကာယ်ဘုံသား
---
မနက်က နိုးလာတော့ နိုးလာစမှာ လောကကြီးရော ကျနော်ရော ပုံမှန်ပဲဗျ..အဲ့ မှ ချယ်နယ်တွေခဏပတ် အွန်လိုင်း ခဏ၀င်ကြည့်  ခေါက်ဆွဲပြုတ်လေးစား  လုပ်ပြီး ထုံးစံအတိုင်း ခဏပြန်အိပ်တာ...
အဲ့ မှာ ဗိုက်အောင့် လာလို့ ပြန်ထ  ကိစ္စပြန်ရှင်းပြီး ပြန်နှပ်မယ်ပေါ့ လေ...အဲ့ မှာ ဗိုက် မြွေဖမ်းတော့ တာပဲ  ကိစ္စသာ ပြီးလိုက်တာ အောင့် နေတာလေးကျန်နေသေး လေရွေ့ နေပုံလေးက မူမမှန်ဘူး
အာ့ နဲ့ ဆေးသောက် ဗိုက်ကို ရာပန်ဆီ ပွတ်ပြီး နေလိုက်ရင်းကကို ဗိုက်အောင့် ချက်က အနာတိုးတိုးလာလိုက် နဲနဲငြိမ်သွားလိုက် ဖြစ်လာရော..ထုံးစံအတိုင်း ထိပြီနဲ့ တူတယ်ပေါ့ လေ.. 

အဲ့ လို နာနေတဲ့  ကိုယ့် ဗိုက်လေးကို မွှေးပွရုပ်လေးနဲ့ ဖိပြီး တစ်ယောက်ထဲ ရွာပျက်နေတုန်း လူတွေ ရောက်လာချက်က ခါတိုင်းနေ့ တွေထက် စိတ်တယ်  အဲ့ မှာ အဲ့ လူတွေကို အကြောမြန်မြန်ဖြတ်ရပြန်တော့ တာပါပဲ..လူက ခွေချင်နေပြီ..ဒီနေ့ တစ်နေ့ တော့  ခံရတော့ မယ် ဆေးရှိန်ပြ ဆေးပတ်လည်ဖို့ က ညနေလောက်မှ သက်သာလောက်မှာ လို့ တွေးပြီး အလုပ်ပါ ဒီနေ့ ပိတ်သည်ပေါ့ လေ အိမ်သားတစ်ယောက်ကို လှမ်းပြောလိုက်တယ် ငါ ဒီနေ့ ဒေါင်းပြီ ပိတ်တယ်ဟေ့  လို့ လှမ်းပြောလိုက်တော့  အထာပေါက်တယ် နောက်လာသမျှ ဒီနေ့  ဒေါင်းနေလို့ နောက်နေ့ မှာလာပါ ပြောပေးဖို့  အိုကေပေါ့  .

ဒေါင်းပြီဆို တကယ် ဒေါင်းတော့ တာပါပဲ ဆေးသောက်တာ အချိန် နဲနဲနောက်ကျသွားတော့ ဗိုက်အောင့် နေတာ တစ်နေကုန် နီးပါးခံနေလိုက်ရတယ် ဗိုက်ပေါ်ကို ရာပန်ဆီလေးပွတ်  အ၀တ်ထူလေးနဲ့ ဖိလို့  ခွေခွေလေးဖြစ်သွားလိုက် ပက်လက်လေးဖြစ်နေလိုက် ဘယ်ခွေလိုက် ညာခွေလိုက်ပေါ့ လေ.ထိုင်နေလို့ ကိုမရတော့ ဘူး ငရံ့ ပြာလူးလေးပေါ့ လေ  ငိငိ... 😁 ..နဲနဲ အိပ်ပျော်သွားပြီးလို့  ပြန်နိုးလာရင် လူနေပြန်ကောင်းနေတတ်ပြီ အဲ့ ဒါကြောင့် အိပ်လိုက်မယ်ပေါ့ လေ နာနေတော့ တော်တော်နဲ့ အိပ်မရပါဘူး.. :

ဒါနဲ့ မနက်အိပ်ယာထတာအကောင်းကြီးပါ  အခုက ဘယ်လိုဖြစ်လို့ ဗြုံးစားကြီး ဗိုက်ပြဿနာ ထ တက်ရတာ လဲ ဘာအစားမှားသွားလို့ လဲ ၀မ်းကိုက်ချင်သလိုလို  ရစ်ရစ်နာလောက်စရာ မသန့် ရှင်းတာဘာများ စားမိပါလိမ့် နဲ့ ဗိုက်အောင့် အောင့် နဲ့ တွေးတာပေါ့  အဲ့ လို တွေးတော့ မှ လူက အိပ်ငိုက်လာတယ် ဟီးး..၊ အဲ့ မှာမနေ့ က စုံခဲ့ တဲ့ တွတ်တီးတွေထဲက ဘယ်တွတ်တီးကများ ပြဿနာတွတ်တီးဖြစ်နိုင်လည်း လို့ တရားခံရှာတွေးလိုက်တာ ဘယ်တွတ်တီးမှ ပြဿနာတွတ် တီးမပါဘူး...အဲ့ မှာ နောက်ဆုံးတွေးလို့  ရတဲ့ တရားခံက ဒီမနက် အစောကြီး မစားစဖူး ခေါက်ဆွဲပြုတ် စားမိတုန်း ငရုပ်ဆီ ၂မျိုးစပ်စားမိတဲ့ ပြဿနာပဲနေမှာလို့  ငရုပ်ဆီက ၂ ပုလင်းစလုံးက ဖင်ကပ်နားနီးနေပြီ စပ်ထည့် တုန်းက ငရုပ်ဆီက အရောက်ပျက်နေပုံရတာ သတိတော့ထားလိုက်မိသေးတယ်  သိုးစော်လိုလိုအနံ့ ရပေမယ့်  ခေါက်ဆွဲပြုတ်ပူပူနဲ့ ဆို အေးဆေးပါပေါ့  ဟီး ဟားးး..ငရုပ်ဆီရယ် ခရမ်းချဉ်သီး ငရုပ်ဆီရယ်နဲ့  .ငရုပ်ဆီ အသိုး နှစ်ခု နဲ့  တစ်နေကုန် ခံလိုက်ရတာဗျာ..တစ်နေ့ တာ အသူရကာယ်ဘုံသားဖြစ်သွားသလိုပဲ  ခိခိ  .ဒီညနေတော့  ♫ ♪♫ ချစ်သူညနေ တို့ ညနေ  တို့ နှစ်ယာက်ညနေ  ♫ ♪♫  မာလာဆောင်နဲ့  ပတ်သက်လို့  ♫ ♪♫ ပုံပြင်ထဲက ဇာတ်လိုက်ကြီး..♫ ♪♫ ...ငိငိ..


ပိုင်

ပိုင်
--
အခု အသက် ၅၀ကျော် ၄ကြွင်း အင်္ဂါ သမီး မွေးချိန် စန္ဒရောတိုင်သမား မဘောစိ တစ်ယောက်ပေါ့  ဗေဒင်ယတြာလိုင်းမှာ သူယုံပြီဆို သိပ်ယုံတဲ့  သဘောရှိတယ်(နတ်လိုင်းတော့ မပူးဘူး)  နာမည်ကြီးပေ့ ဆိုတဲ့  ဘုန်းကြီးတွေကိုလည်း အနီးကပ် ကိုးကွယ်တယ် အဲ့ သူ့ အယုံခံရတဲ့ ဗေဒင်ယတြာလိုင်းထဲမှာ ကျနော်လည်းပါနေတယ် အဲ့ တော့ တစ်ခုခုအကျပ်အတည်းဆိုတာနဲ့  န၀င်းလာလာထိုင်တတ်တယ် အိပ်မက် မကောင်းတာတောင် န၀င်းလာထိုင်တဲ့ အထိပဲ သူ့ အိပ်မက်ကလည်း မရိုးနိုင် မထပ်နိုင်လောက်အောင်  မျိုးစုံ ခဏခဏမက်တော့  ခဏခဏ ထိုင်ချက်က တစ်ခါတစ်လေ တစ်ပတ်ထဲ ၂ ရက်လောက်တွေ ဘာတွေ ဖြစ်ကုန်တယ် သူ့ တင် မကဘူး သူ့ အိမ်သား ရှိသမျှ ယောက်ျား သားသမီးတွေအတွက်ပါ အင်းကျီတို့ ဓါတ်ပုံတို့ နဲ့ လည်းယတြာလုပ်ပေးရတာ ခဏခဏ တစ်ခါတစ်လေ သမီးတွေရောသားပါခေါ်လာပြီ ထိုင်ခိုင်းတာကပါသေးတယ်..အဲ့ လောက် ယတြာအလုပ်စိတ်တဲ့ သူပေါ့  ..

ဟိုနေ့ ကလာတော့  သူ့ ယောက်ျားအတွက် ယတြာလုပ်ပေးဖို့  အ၀တ်အစားယူလာရင် သူပြောတာက ကျမတို့ မြေကွက်မှာ တိုက်ဆောက်ဖို့ ပါမစ်လျှောက်ထားတာ ကျလာပြီတဲ့   ..ဟုဟုပေါ့ ..အဲ့ ဒါ တိုက်ဆောက်ရင်  ပိုင်ရိုက်ရမှာဆိုတော့  ပိုင်ရိုက်တာ နှစ်နည်းရှိတယ်တဲ့  စက်နဲ့ ရိုက်သွင်းတာရယ် နောက် တစ်နည်းက တူးပြီ ပိုင်ရိုက်တာဆိုလား ( သေခြာတော့ ကျနော်လည်း မသိဘူး )  အဲ့ ဒါ ဘယ်နည်းကို ရွေးရမလဲတဲ့ ....အမငီး...ဗုဒ္ဓေါပဲ... ဗေဒင်ဆရာနဲ့  အင်ဂျင်နီယာ နဲ့ တော့  မှားကုန်ပြီ.. အရာရာ အကုန်သိ အကုန်တတ်ဆိုတဲ့  စတိုင်နဲ့  ဆရာဂုဏ်ခံပြီး မှင်သေသေနဲ့   ပေါက်ကရတွေ ရွေးပေးလိုက်ရင် ငါးပါးတော့ မှောက်တော့ မှာပဲပေါ့ လေလို့   တွေးလိုက်ပြီး ရယ်လည်းနဲနဲ ရယ်ချင်သွားတယ်....ဟီးး..ဒါနဲ့  ကျနော်က အင်းအဲ နိုးတွေ ဘာတွေ ဘာမှ မပြောသေးပဲ   နဲနဲ စပ်စုလိုက်သေးတယ်.. ဘယ်နှစ်ထပ်ဆောက်မှာမို့ လို့ လဲဆိုတော့  ၁၂ ထပ်တဲ့  ..ဟင်...မဟာရန်ကုန် ဧရိယာထဲ အဲ့ လောက် အထပ်မြင့် တွေ ချမပေးတော့ ဘူးလို့  သတင်းတွေထဲဖတ်ရသလားလို့ လေလို့  ဆိုလိုက်တော့ ...အခုချပေးလိုက်တာတဲ့  သြော် သြော်..လို့  လုပ်လိုက်ပြီးမှ...

အဲ့  ပိုင်ရိုက်တဲ့  နည်းတွေ ရွေးတာ ကျနော်တို့ နဲ့ မဆိုင်ဘူးဗျ  အဲ့ ကိစ္စက ဆောက်လုပ်ရေး အင်ဂျင်နီယာတွေ သူတို့ ပညာရှင်လိုင်း...ကျနော်တို့ က ဆောက်နေတုန်းတို့  ဘာတို့ မှာ အဖုအထစ်တွေ မဖြစ်ရအောင်ယတြာကူတာမျိုး လို့ .ရယ်ကျဲကျဲ လုပ်ပြောလိုက်တော့  အင်း ဟုတ်တော့ ဟုတ်ပါတယ် ဆရာကရော ဘယ်နည်းများ ရွေးပေးမလဲလို့ ပါ တဲ့ ..(ငင့် .)  အဲ့ တော့  ကျနော်က  အင်ဂျင်နီယာတွေက ပတ်ဝန်းကျင်အနေအထား မြေအနေအထား သူတို့ သူတို့  တွက်ချက်စမ်းသပ်ပြီး ရွေးတာ အမှန်ဆုံးပါဗျာ...ကျနော်တို့ ရွေးလို့မရဘူး အဲဒါက ကျနော်တို့ ပညာလိုင်းမဟုတ်ဖူး..ကျနော်တို့  ရွေးပေးနိုင်တာ ပထမ အဲ့ မြေကို မြေရှင်းယတြာလုပ်မယ် ပြီးရင်  လုပ်ငန်းခွင်စတင်တဲ့ နေ့ အခါကောင်းရွေးမယ် အဲ့ ဒါမျိုးပဲ ကျနော်တော့  ရွေးပေးနိုင်မှာလို့  ပြောလိုက်မှ  အဲ့ ဒါဆိုလည်း ရက်ရွေးပေးပါတဲ့  ..အဲ့ တော့ မှ ဟူးးးးးး....ပေါ့   ဟီးး....

အဲ့ မှာ စိတ်ထဲမှာတော့  ဖြစ်နေတဲ့  အတွေးက ပါမစ်က သူ့ ယောက်ကျား  ၂ ကြွင်း ကြာသာပတေး အမည်နဲ့ ကျတာ သူ့ ယောက်ျား အသက်က  အခုလမှာ ၅၄ နှစ်  အင်္ဂါ သက်ရောက်ထဲ စ၀င်တာ   ဒီ ၄ ကြွင်း အင်္ဂါသမီးက  အခု အသက် ၅၁ သက်ရောက် စနေနဲ့  မရဏစနေ ဆိုတဲ့  စနေ ၂ ထပ်ထဲမှာ..သူတို့  ဆောက်မယ်လို့  ဟန်ပြင်နေတာက ၁၂ ထပ် တဲ့   အမငီးးး...ပေါ့ လေ

ရယ်တတ်လာခဲ့ တယ်


တစ်ဖက်သတ် ရိုးသားပေးခဲ့ ခြင်းနဲ့ 
လိပ်ပြာအတွက် သိက္ခာတွေကို
ယုံတယ်လေ..ဆိုပြီး
သစ္စာတရားကို ကိုင်စွဲထားလိုက်တဲ့ အခါ
'' ဒဏ်ရာတွေနဲ့ 
ရယ်တတ်လာခဲ့ တယ်..''
အသက်တော့  သိပ်မပါဘူးပေါ့ ။

အိမ်အပြန်......

တို့ တတွေ
ချစ်ခြင်းတရားတွေနဲ့ 
ဖြစ်တည် လာခဲ့ ကြတယ်လို့ ဆိုရင်
တို့ တွေ ပြန်တဲ့ အခါ
ချစ်ခြင်းတရားတွေသာထားခဲ့ ကြသင့် တာပေါ့ ။

'' အရွတ်ထန ''

'' အရွတ်ထန ''
-------------
ကျနော်က ဘာကိုမှ အစွဲတလမ်း ဂရုတစိုက် သိပ်မရှိတတ်တဲ့  ပေါက်ကရသမား ဆန်ပါတယ် အဲ့ တော့ ကျနော် ပေါက်ကရ လုပ်တတ်တဲ့  တစ်ချို့  အပြုအမူမျိုးကို ကျနော့် အမေက ''' ဟဲ့  အရွတ်ထန '' လို့ ဆူတတ်ပါတယ် အဲ့  အမေ ဆူတဲ့  အရွတ်ထန ဆိုတာ ဘာကြီးနဲ့ နှိုင်း ဆူမှန်း ကျနော်တော့ ခုထိ မသိပါဘူး. ဒါပေမယ့်  အဲ့  အရွတ်ထန ဆိုတဲ့  အမေ့ စကားသံကိုတော့  မှတ်မှတ်ရရ ဖြစ် နေဆဲပေါ့ ဗျာ.. ပြီးတော့  ကျနော့်  အမေက ကျနော် ပေါက်ကရ လုပ်တာမျိုးတွေ သိပ်မကြိုက် တတ် ဘူးလေ..ဒါပေသိ ရေးကြီး ခွင်ကျယ်လုပ် အပြစ်မဖွဲ့ တတ်ပါဘူး မဖွဲ့ ဆို သူ့ သားတော်မောင်ကိုး ဟီးဟီး.. မိဘတွေ သဘောက သူ့ တို့  သားသမီးတွေ ကို လူဘုံ အလယ်မှာ အိနြေ္ဒရရ သူတကာက အထင်မသေးစေ့ ချင်တာ အမေတွေ အဖေတွေရဲ့  သားသမီးတွေအပေါ်မှာ ဖြစ်တည်နေတတ်တတ်တဲ့  မိဘမေတ္တာသဘော ဖီးလ်.မဟုတ်လား
------
ထွေလီကာလီ အကြံအစည်များလှတဲ့  ကျနော်ဟာ တစ်ညတော့  လဘက်သား နှပ်ပြီးသားတွေရော လဘက်အစိမ်း အစိုတွေပါ အိမ်မှာ ရုတ်တရက် ပြတ်နေတော့  သန်းခေါင်ကျော်မှ အာရုံ ထလာနေတဲ့  လဘက်သား နှပ်ပြီးသားလေး စားချင်နေတဲ့  ဖီးလ်က ငုတ်သွားရော...:'( သန်းခေါင်ကျော်ကြီး ဆိုတော့  သွားဝယ်ဖို့ က အခြေအနေ မပေး...စားကလည်း စားချင်နေ...
---------------
အဲ့ မှာ သတိရလိုက်မိတာက ရေနွေးကြမ်းအိုး ! ...အဲ့ ထဲမှာ လဘက်ခြောက်ဖတ်တွေ ရှိလိမ့် မယ် လို့ တွေးပြီး ..ရေနွေးကြမ်းအိုး အဖုံးဖွင့်  စမ်းလိုက်တော့  လက်တစ်ဆုပ်စာ လဘက်ခြောက်အကြမ်းဖတ်တွေ .....အိုကေ...တစ်ခါ စာတော့ ....ရှိနေတယ်..
---------------------------
တွဲဖက် အဖြစ် အရေးကြီးတဲ့  ပုစွန်ခြောက် ၊ သံပုရာသီး ၊ ငရုပ်သီးစိမ်း ၊ ကြက်သွန်ဖြူနွှာပြီးသား ၊ ဆီ ၊ ဆားစတိ ၊ ရှိနေလား မီးဖိုထဲ ချက်ကင်ဝင်လိုက်တော့ ......အိုကေ အာ့ တွေ ရှိနေတယ်.. ဒါဆို ချဉ်ငံစပ် လဘက်သား နှပ်လေး လုပ်လို့  ရပြီလေ....
----------------
ရေနွေးအိုးထဲက လဘက်ခြောက်အစိုဖတ်တွေ ရေညှစ်ပြီး ပန်းကန်လုံးထဲ ပြောင်းထည့် ၊ သံပုရာသီး ရွှဲရွှဲညှစ်၊ ပုစွန်ခြောက်ဖတ်လေး ဖြူးး ၊ ငရုပ်သီးစိမ်းလေး လှီး ထည့် လိုက် ၊ ကြက်သွန်ဖြူလေး ပါးပါးလှီးထည့် လိုက် ၊ ဆား ပါလေရာ စတိထည့်  လိုက်..ဆီစိမ်း ဆမ်းလိုက်...အိုကေ ...နယ်လိုက်ပြီ...မှန်း..( ပျပ် ပျပ် ပျပ်ပျပ် ..ဟား...ဖတ် သဖတ်ဖတ်နဲ့  .မဆိုးဘူးပဲ..စားလို့ ကောင်းသားဟ ဒီညတော့  လဘက်သားနှပ်လေး စားချင်နေတာ စတိ အာသာပြေ ရပြီ.....)....ခ်...

အဲ့  အာ့ မျိုးထွေလီကာလီတွေ လုပ်စားနေတတ်တာမျိုးကိုတော့  ကျနော့် အမေ မသိသွားဘူးလို့ ..

Wednesday, June 22, 2016

အသည်းကွဲဖေဖေါ်ဝါရီ.......

 အသည်းကွဲဖေဖေါ်ဝါရီ..
 ======================
၁၀တန်း ပထမနှစ်မှာ ဆုံခဲ့ တဲ့  ရီးစားက ကျနော်တို့ ကျားသီးသန့်  ကျောင်းနဲ့  လမ်းမကြီးခြားနေတဲ့  မိန်းကလေးကျောင်းကပေါ့   ..ကျောင်းသူတွေ အများကြီးထဲမှာမှ ကြွေသွားမိပုံက  သူက လျော့ တိလျော့ ရဲ့ 
နဲ့  ထမိန် ရှပ်တိုက် ခြေမူးဒိုး ၀တ်လျှောက်တဲ့ စတိုင် ပိန်ပိန်ပါးပါးလေးနဲ့  အရပ်က မဆိုးဘူး ပေမီ ဒေါက်မီထဲမှာပါတယ်ပေါ့  စိနနွယ် ကပြားမလေးဆိုတော့ အသားအရည်က  ပိုးဟတ်ဖြူလေးလိုပဲရယ်..မျက်နှာကျကလည်း ဟို တရုပ်သရဲကားတွေထဲ လေထဲလွင့် လာတတ်တဲ့  လှတပတ တရုပ်သရဲ မလေးလို မျက်နှာကျလေး...  

အစက ဒီလောက် မကြွေမိသေးဘူး....ကြွေမိသွားတဲ့  အချိန်က ဒီဇင်္ဘာ နံနက်ခင်း ဆောင်းဦးနှင်းတွေဝေနေတဲ့  အချိန်ပေါ့  အဲ့ အချိန်မှာ သူတို့ ကျောင်းရော ကျနော်တို့ ကျောင်းပါ  မနက်ပိုင်းတက်တဲ့ ကျောင်းတွေချည်းနဲ့  ကျနော်တို့ ကျောင်းက ၇နာရီ ၁၅မှ သူတို့ ကျောင်းက ၇နာရီ ကွက်တိဆိုတော့  သူတို့ ကျောင်းရှိရာ အရပ်ကို ကျနော်တို့ က သွားရှိုးနေလို့ လွယ်နေတဲ့ သဘောပေါ့ ...အဲ့ မှာ ဆောင်းမနက်ခင်းရဲ့ 
နှင်းထု အပြီး မကွဲသေးချိန် နေရောင်က နှင်းထုကို ဖေါက်ပြီး   မပွင့် တတ်ပွင့် တတ်သေးချိန်  ၀ိုးတ၀ါး မြူနှင်းတွေကြားမှာ ထမိန်ရှပ်တိုက်ပြီး လှုပ်စိ လှုပ်စိနဲ့  နွဲ့ နွဲ့ လေး လျှောက်လာပုံက ......လေထဲမှာ လွင့် လာနေသလိုလို မျိုးလေး..သိပ်ကို ကြည့် လို့ လှတာပဲဗျာ    .. အဲ့ မှာ....
============================================

Thursday, June 9, 2016

ရင်ထဲမှာ 'နေ' မျိုးအေး cover


ဒီည    ဖီးလ်လာလွန်းလို့ ပါဗျာ...

♫ ♪♫
-----------------
ရင်ထဲမှာ ''နေ '' မျိုးအေး... ( Cover)
----
နွေနေရီ ရောင်ဝါ သိမ်းလို့ တိမ်းထွက်ဖို့ ရည် ညှိုး လုလုပြီ အတွင်း သဘောရယ် မတည်
ရုန်းထွက် ဟန်ချီ ညအသက်က ဘယ့် အတွက်ကြောင့် မညီ...........
-------------------
( စွေနေပြီ အမှောင်မှာ ယိမ်းလို့  စွမ်းအားနဲ့ အညီ အရေးအကြောင်း အတွေးသီ ခန်းစက်ရာ အမှီ
နန်းပျက်သာတည် တစ်ဖက် လှည့် တော့  အခက် ခက်ခဲ့ ပြီ.......
---------------------
ကြည်ဖြူစရာ ဝေဒနာ နေခြည် အလာ တစ်လှည့် အပြန်တစ်လှည့်  အသွားတစ်လှည့် အတားခက်
ညှိုးနွဲ့ ဟန်ဆောင် ပြန်လည် အရုဏ်ကျင်း အလင်း ရောက်ရင် ပြန်ဆုံမလား ရင်ထဲမှာ.....) .
--------------------
ကြည်ဖြူစရာ ဝေဒနာ နေခြည် အလာတစ်လှည့် အပြန်တစ်လှည့်  အသွားတစ်လှည့် အတားခက်
လောက ရင်ခွင် ၀င်ကာ ခိုလှုံရင်း မှေးစက်ချင် ယုံမှာလား ရင်ထဲမှာ....
------------------------
နေရယ် မညိုပါဘူး နေရယ် မညိုပါဘူး ထွန်းလင်းခဲ့ နှလုံးသား ထာဝရ အလင်းရှင်မို့ ..
နေရယ် မညိုပါဘူး နေရယ် မညိုပါဘူး ထွန်းလင်းခဲ့ နှလုံးသား သဘာဝ အလင်းရှင်သို့ .....

Wednesday, June 8, 2016

အမည်ပေးပုံအကြောင်း (၃)(၄)


အမည်ပေးပုံအကြောင်း (၃)
------------
မူလမွေးမဟာဘုတ်က ပုတိ ဘင်္ဂ မရဏ အိမ်က နံသင့် တွေ နဲ့ စတာ ဆုံးတာကို ရှောင်တာ မွေးနံကို လည်းဖြောက် မမှည့် တာတွေ ပြီးသွားတော့ ကျန်နေသေးတဲ့ အချက်အလက်တွေပေါ့ ...

အဲ့ မှာ မွေးနံ ကို မဖြောက် ဆိုတာက ဒီမဟာဘုတ်ကို သုံးတော့ မှ မဖြောက် သဘောဖြစ်လာပြီး ဒီပညာ မသိခင်က မွေးနံ ဖြောက်ပြီး အညွန့် ချည်းပေးတဲ့ အမည်ရှင်တွေကိုလည်း အများကြီးတွေ့ ခဲ့ ဘူးတယ် ဥပမာ  ၁ ကြွင်း  ဗုဒ္ဓဟူးသားကို မောင်မောင်မြင့်  လို့  အလယ် အညွန့် နံတွေချည်း တန်းစီပေးထားတာမျိုးပေါ့ 

အဲ့ မှာ အညွန့် နံဟာ မူလမဟာဘုတ်မှာ အဓိပတိ အိမ်မှာ ရှိသွားလို့  ဘ၀စီးပွားရေးမှာ အဆင်ပြေနေချိန်များနေတာမျိုး အကျိုးရတယ်ပေါ့ လေ..ဒါပေမယ့်  ၁ ကြွင်းရဲ့ မရဏဥာဉ် သဘောကြတော့ အဲ့  မရဏဖွား  ဗုဒ္ဓဟူးသားဟာ သူများကရော သူ့ ကိုယ်သူပါ ကွန်ထရိုး မနိုင်ဘူး လွတ်ပြီဆို လွတ်ပြီပဲသဘော သက်ရောက်မှု့ရှိတယ်ပေါ့ လေ..ဒီတော့  သဘောက မူလ မွေးနံကို ဖြောက်ပြီး အညွန့် နံချည်းပဲ ပေးရင်လည်း ဖြစ်တာပါပဲပေါ့  အဲ့ အညွန့် နံဟာ မရဏ ဖြစ်မနေပြီးတာပါပဲပေါ့  ဥပမာ ၁ ကြွင်း အင်္ဂါသား သိုက်ဖွားကို ၀င်းလတ် လို့  အညွန့် နံချည်း ပေးလိုက်တာမျိုးတော့  မသင့် တော်ဘူးသဘောပေါ့ လေ.

အမည်ပေးပုံအကြောင်း (၁)(၂)



အမည်ပေးပုံအကြောင်း (၁)
--
ကျနော်တို့ မဟာဘုတ်လိုင်းရဲ့ အမည်ပေးနည်းတွေမှာ ကလေးတစ်ယောက်ကို အမည်ဘယ်လိုပေးလဲ ဆိုတာ စစဉ်းစားပုံလေးပေါ့ 

ပထမဆုံးအချက်က  မဟာဘုတ်တစ်ခုရဲ့  အောက် သုံးတန်း မရဏ ဘင်္ဂ ပုတိအိမ်က နံ သင့်  သုံးနံနဲ့  အမည်တစ်ခုကို စတင်ခြင်း အဆုံးသတ်ခြင်းကို အရင်ရှောင်စဉ်းစားပါတယ်

ဥပမာ ၅ ကြွင်း သောကြာသားသမီး ပုတိ ဖွား ဆို သိန်း တို့  သင်း တို့  နဲ့   အမည်စတာ ဆုံးတာမျိုး မပေးပါဘူး ၆ ကြွင်း နှစ် တနင်္လာ မရဏဖွား မျိုး ဆိုလည်း ကျော် တို့  ကြည်တို့ နဲ့  မစဘူး အဆုံးမသတ်ပါဘူး...

ဒိထက်ချဲ့ ရင် ဘယ်မဟာဘုတ်နဲ့ မွေးတဲ့  ဘာနေ့ သားရဲ့ အမည်မဆို မဟာဘုတ် အောက်သုံးတန်းနံတွေ ဖြစ်တဲ့  မရဏ ဘင်္ဂ ပုတိ အိမ်တွေကနံသင့် တွေနဲ့  စတာ အဆုံးသတ်တာမျိုးကိုရှောင်ပါတယ်...ဒါဆို မေးစရာ ရှိတာက မရှောင်ရင်ဘာဖြစ်မှာလည်း ဘ၀ပျက်မှာလားပေါ့ . အဲ့ လိုမေးလာရင် အဲ့ လောက်ကြီးတော့လည်း မဟုတ်တတ်ဘူး ဓနဆင်းရဲချမ်းသာနဲ့ လည်း မဆိုင်သလို ခေတ်ပညာတတ်မတတ်နဲ့ လည်းမဆိုင်ပါဘူး..

Friday, June 3, 2016

အခါတိုင်နဲ့ နမိတ်ဖမ်းခြင်းသဘော



အခါတိုင်နဲ့ နမိတ်ဖမ်းခြင်းသဘော
------------
အခါတိုင် သဘော အခြေခံရေးပြပြီးတော့  တကယ့် အဖြစ်အပျက် အခါတိုင် နဲ့ နမိတ်ကြောင်း ရိပ်မိသွားအောင် ရေးပြတာပါ ဟိုးအရင်ကတစ်ခါရေးပြဘူးပါတယ် အဖြစ်အပျက်က အောင်လံမှာ ဖြစ်ခဲ့ တာပါ အတိုချုပ်ပဲရေးပါမယ်

အောင်လံက အသက် ၈၀ မမာနေတဲ့ အဘ တစ်ယောက်အတွက် ယတြာပြုပေးဖို့ ဖုန်းဆက်လာလို့  ငြင်းရခက်တဲ့  မိဘတွေရဲ့  စီးပွားဘက် ဖြစ်နေတာ မိဘတွေကိုယ်တိုင်က သွားစေချင်တာနဲ့ (ယတြာထက် လူနာမေးသဘောက ပိုများပုံရပါတယ် ) အောင်လံက လူမမာဆီ ရောက်သွားပါတယ် ။...

ဟိုရောက်တော့  အခြေအနေ အရပ်ရပ်က ဘယ်ထောင့် က ကြည့် ကြည့်  အားရစရာမရှိပါဘူး...ဒါနဲ့ အိမ်ကိုလည်း မြန်မြန်ပြန်ချင်တာ နဲ့  န၀င်းပွဲတွေဘာတွေ ထွန်းလိုက်ပါသေးတယ် စိတ်ထဲမှာ အလိုလိုခံစားမှု့ ဖြစ်နေတာက ရက်ကြာကြာ မခံတော့ လောက်ဘူး ငါရှိနေတုန်း ဆုံးသွားရင် ရက်လည်တဲ့ အထိနေပေးရမယ့် ပုံလို့ တွေးပူနေတာပါ

ဒါနဲ့  အဘ အခြေအနေလေးဘယ်လို ရှိမှာပါလိမ့်  နမိတ်ထွက်ဖမ်းကြည့် ဦးမှ ဆိုပြီး အဲ့ အိမ်ကနေ အောင်လံဈေးကြီးဖက် တစ်ယောက်ထဲ လမ်းလျှောက်ထွက်ခဲ့ ပါတယ်...အညောင်းပြေလျှောက်မလို့ ပေါ့ လေ... အဲ့ နေ့ အဲ့ အချိန်က သောကြာနေ့  ညနေ ၅နာရီလောက်ပါ မမှောင်သေးပါဘူး..အခါတိုင်အလိုအရ သောကြာတိုင် ၂ ထပ်ပေါ့ လေ လူမမာဘကြီး အမည်က စနေနံချည်းပါ

အိမ်ကနေ ကတည်းက န၀င်းပွဲ အစောင့် အလျှောက်များကို စိတ်ထဲက တိုင်တည်လာတာက ဒီဘကြီးရဲ့  အခြေအနေလေး ထူးခြား နမိတ်တစ်ခုခု တွေ့ ပါရစေဆိုပြီး တိုင်တည်ထွက်ခဲ့ တာပါ...ဒီလိုနဲ့ လမ်းမှာ ဘာများထူးခြားတာတွေ့ မလဲ ဆိုပြီး ဟိုကြည့် ဒီကြည့် နဲ့ လျှောက်လာပေမယ့်  ထူးခြားလို့ ထင်လောက်စရာ ဘာမှမမြင်မိဘူးပေါ့ လေ

ဒါနဲ့  ညောင်းလာတာနဲ့  ဈေးမရောက်ခင် အုပ်ခုံလေးမှာ ထိုင်ပြီး ဈေးပြန်လူတွေကို ထိုင်ကြည့် နေတုန်း ခပ်လှမ်းလှမ်း လော်ရီကားတစ်စီးမောင်းချလာပါတော့ တယ်...

ပုံမှန်ကုန်တင်လာတာမဟုတ်ပဲ ပြင်ဆင်ထားပြီး လော်ရီကားပေါ်မှာ ဆိုင်းတွေဗုံတွေတီးလို့  ညပိုင်း အလှုတစ်ခုခုမှာ သွားတီးကြမယ့်  အဖွဲ့ တွေဖြစ်နေပြီး လမ်းတစ်လျှောက်ကို ကားပေါ်ကနေ ဆိုင်းတွေ ဗုံတွေတီးပျော်သွားကြတာပါ အဲ့ ကား ကျနော့်  ရှေ့ က ဖြတ်မောင်းသွားတာနဲ့  စိတ်က ဟာ...သွားပြီ ဆိုတဲ့  စိတ် ချက်ချင်းဖြစ်သွားပါတော့ တယ်..

ပြင်ပ နမိတ်ကို ကျနော်စောင့် ဖမ်းနေတဲ့ အခါတိုင်ဟာ သောကြာတိုင်ဖြစ်ပြီး သောကြာတိုင်အခြေခံက အရူး အပျော်တိုင်ပါ....ဒီတော့  သောကြာ အခါတိုင်ရဲ့  အင်္ဂါနံ စိတ်န၀င်း အောင်မြင်သဘော အပျော်ကို ကားပေါ်က အလှုတော်မင်္ဂလာဆိုင်းအဖွဲ့ က ဆိုင်းတွေ ဗုံတွေတီးပြီး ယူသွားတဲ့ သဘောမို့  သောကြာ အခါတိုင်ရဲ့  ခိုက်နံ ဖြစ်တဲ့  အရူးက ကျနော့် ဆီမှာကျန်ခဲ့ ပြီ သဘောပါ..ဒီသဘောကနေ ဘကြီး ဒီည တောင် ကျော်ပါ့ ဦးမလားဆိုတဲ့  အတွေးဖြစ်လာပါတယ် ဒါနဲ့  အိမ်ပြန်ချသွားတော့ ...အိမ်မှာ မိသားစုတွေ စုစု စုစုနဲ့  ဘကြီးနားမှာ ၀ိုင်းနေတာတွေ့ လိုက်ရပါတော့ တယ် ..ကြို့ ထိုးနေလို့ တဲ့ ....ဆရာဝန်ပြေးပင့် ကြပေါ့ 


ဆရာဝန်လည်းရောက်လာ တောင်လုပ်မြောက်လုပ်နဲ့  အဲ့ ညဦးပိုင်းတင် ဆုံးသွားပါလေရောဗျာ သောကြာတိုင်ရဲ့  မြန်အားပါ ပါတဲ့ သဘောပေါ့  အဲ့ မှာ ကျနော်လည်း ညစ်သွားချက်က ရက်လည်အထိပါ နေလိုက်ရပါရောဗျာ...


( အစတုံးကသာ စမ်းကြည့် တဲ့ သဘောနဲ့  နမိတ်တွေ တောင်ဖမ်းကြည့်  မြောက်ဖမ်းကြည့်  လုပ်ခဲ့ ပေမယ့် နောက်တော့  အဲ့ လိုတွေ တကူးတကတွေတော့ ခဏခဏ နမိတ် မဖမ်းတော့ ပါဘူး (ကောင်းတာတွေထက် မကောင်းတာတွေ တွေ့ နေရမှာစိုးလို့ ပါ)..ပြီးတော့  မကောင်းတဲ့  နမိတ်တွေ့ လာရင် ရှောင်ရ တိမ်းရ ဖြည်ရတာ အတော်ခက်တဲ့ သဘောရှိပါတယ်)

အခါတိုင်ပညာ အခြေခံသဘောပါ








အခါတိုင်ပညာ အခြေခံသဘောပါ
--------------------------------------
အခါတိုင်ပညာမှာ  ခိုက်ဆိုတဲ့  အမြစ်နံ နေရာက နံ ပရိယာယ်သဘောနဲ့  န၀င်းဆိုတဲ့  ပဉ္စပွတ် နေရာက နံသင့်  ၂ ခု ကို အခါတစ်ခု ရဲ့ မြင်သာတဲ့  အဓိက လက္ခဏာ အဖြစ် ဆွဲထုတ်ပြီး အခါတိုင်တစ်ခုရဲ့  အတိုချုပ် သီဝရီ အဖြစ် သတ်မှတ်ပြခဲ့ တယ်.. ဥပမာ တနင်္ဂနွေတိုင် မှာ ခိုက်ဟာ တနင်္ဂနွေ နံ ရဲ့ အမြစ်  စနေနံ ဖြစ်ပြီး န၀င်းဟာ တနင်္ဂနွေ နံ ရဲ့ ၅ ခု မြောက် နံ ပဉ္စပွတ် ကြာသာပတေးနံ ပေါ့ လေ...အဲ့ မှာ စနေနံ ခိုက် သဘောက အမှု့ အခင်းတွေ သဘော သိက္ခာတွေချိုးဖဲ့ ကြတာ မာနပြိုင်ကြတာသဘော
နဲ့  န၀င်းဆိုတဲ့  ကြာသာပတေးနံ သဘောကိုတော့  အသိမှန် ပညာမှန် တွေးဆချက်တွေအမှန်သဘော
 လို့ ဆိုနိုင်ပါတယ်

ဒီ န၀င်း နဲ့ ခိုက်ဟာ အခါတိုင်တစ်တိုင်အတွင်း တစ်ပြိုင်နက်ထဲ မလွှမ်းမိုးပါဘူး  မာနစိတ်တက်နေရင် အသိမှန်အတွေးမှန်ပညာမှန်စိတ် ဆုတ်သွားပြီး  အသိမှန် အတွေးမှန် ပညာမှန်စိတ်ဝင်နေချိန်မှာ မာနဆုတ်သွားပြီး ကိုယ့် ကိုယ်ကိုယ် ရိုးရိုးကုပ်ကုပ်သဘော နေတော့ တဲ့ စိတ်မျိုး ဖြစ်လာပါတယ် ( စနေနဲ့  ကြာသာပတေး ပရိယာယ်သဘောကို  အတိုချုပ်ရေးလိုက်တာပါ ပြီးတော့  စိတ်ပိုင်းဆိုင်ရာတွေသဘောကို ပြောနေတာ ပိုဆန်ပါတယ်)

Thursday, June 2, 2016

ဒီလိုနဲ့  ညတွေလည်း မပျိုမြစ်တော့  နေ့ အိုတွေလည်း များလာခဲ့ြ့ပီ....


ဒီလိုနဲ့  ညတွေလည်း မပျိုမြစ်တော့  နေ့ အိုတွေလည်း များလာခဲ့ြ့ပီ....

တစ်ခါတစ်ခါ တစ်ရေးနိုးလာတဲ့  ညညတွေဆိုတာ အထီးကျန်နိုင်လှသလိုပဲ ..အမှန်တော့ ညညတွေလို့ သာ ပြောတာပါ  နေ့ တွေလဲ တစ်ခါတစ်လေ အဲ့ ဒီလိုစိတ်တွေ တစ်ချက်တစ်ချက် ၀င်ဝင်သွားတာပါပဲ  ...

ဒီလို သင်းကွဲခံစားမှု့ စိတ်တွေ စဖြစ်လာတာ အချစ်ပျောက်ဆုံးသွားကတည်းကများလားလို့  ဆိုနိုင်လေမလား...အသေအခြာ ပြန်တွေးကြည့် ပြန် တော့ လဲ ဟင့် အင်း အဲဒီလိုလဲ မဟုတ်ခဲ့ ရပါဘူး လို့  စိတ်ကို စိတ်ကပြန်ငြင်းမိပြန်ရော.... ငြင်းပယ်၍ ၀န်ခံလိုခြင်းလေလား. တစ်ခါတစ်လေ ဒီလိုပါပဲလိုလို ဖြစ်တတ်ပါတယ်လေလိုလို ကိုယ်တိုင်ကိုယ်က သီးခြား ဆန်ချင်နေတဲ့ စိတ်က နဂိုအခြေခံစိတ်နဲ့ တူပါရဲ့ လိုလိုတွေ နဲ့  မရေမရာ အဖြေလွှာတွေ ထုတ်ရင်း ဒီလိုနဲ့ ဘ၀ဟာ ၀ိုးတ၀ါးညတွေကို ကျော်ဖြတ်ခဲ့ ပေါ့ လေ...

အများနဲ့ မဆိုင်သော စိတ်နဲ့  အများထဲ နေရင်း လွင့် လွင့် မျောမျော ဖြစ်နေတတ်တဲ့  ကိုယ့် ရဲ့ စိတ်ကူး အာရုံထည်လေးတွေက ကဗျာတွေ စာပေတွေနဲ့  သီချင်းတစ်ချို့ သာ စိတ်ရဲ့ ကွန်းခိုရာလိုဖြစ်လာခဲ့ တယ်.စာတော ကဗျာတော သံစဉ်တွေတောဟာ လေလွင့် ခြင်း ကောင်းကင်ထက်ကနေ ခေတ္တ နားခိုရာလေအလားပါပဲ....

ဒီလိုနဲ့  ညတွေလည်း မပျိုမြစ်တော့  နေ့ အိုတွေလည်းများလာခဲ့ြ့ပီ....

ကျမ္မာရေး ပင်မပုံစံ ၂မျိုး ၊ အက်စီးဒန့် ၊ ကံစိတ်ဥတုအာဟာရ ၊ရာသီနာ ၊ ယာယီနာ၊ ဟဲဗီးရောဂါ၊ မရဏရောဂါ



ကျမ္မာရေး ပင်မပုံစံ ၂မျိုး ၊ အက်စီးဒန့် ၊ ကံစိတ်ဥတုအာဟာရ ၊ရာသီနာ ၊ ယာယီနာ၊ ဟဲဗီးရောဂါ၊ မရဏရောဂါ
----------------
လက်တွေ့ ဘ၀ထဲက ကြုံတွေ့ မှတ်သားခဲ့ ရတဲ့ တကယ့် အဖြစ်အပျက်တွေ ရေးပြနေတဲ့ အခါတိုင်း ဒဲ့ ထက် သွယ်ဝိုက်ပြီး တစ်ခုခုပြောပြချင်တာမျိုးတွေပါပါတယ်..အထူးသဖြင့် တိုစိစာတွေထက် စာရှည်တွေမှာပေါ့ ဗျာ..တစ်ခါတစ်ခါတော့လည်း တည့် တည့် ချပြောရတာမျိုးတွေလည်း ရှိပါတယ်..။ နဲနေတဲ့ ကဏ္ဍက ပြန်ပြန်သုံးသပ်ပြတဲ့ ကဏ္ဍဆိုတာလည်း ကိုယ့် ဟာကိုယ်သတိထားမိပါတယ်။

အခု လူတွေမှာ အိုနာသေ သဘောက နာ သဘော အကြောင်း ဗေဒင် အတွေ့ အကြုံကရတဲ့ အသိနဲ့ ကျနော့် အမြင်ကို ချိတ်ဆက်ပြောပြချင်တာက..လူမှာ ကျမ္မာရေးကို ပင်မပုံစံ ၂ အုပ်စု ခွဲမြင်လို့ ရကောင်းပါတယ်

Wednesday, June 1, 2016

လူနဲ့  ကံကြမ္မာ

လူနဲ့  ကံကြမ္မာ
-------
အတွေ့ အကြုံတွေများလာတော့  လူ့ ကံသဘောတွေကို ဗေဒင်ကနေ ပိုသိလာရတယ် ဥပမာ ဟဲဗီးကျမ္မာရေးတို့  စီးပွားပျက်ခန်းတို့ သဘောတွေမှာပေါ့  ..
အဲ့ ဟဲဗီးကိစ္စတွေမှာ အများအားဖြင့်  ဗေးင်ဆရာဆီ  ကံ လာစစ်တဲ့  အခါ အများအားဖြင့်  ကျွံ နေကြပြီး ဖြစ်လက်စဖြစ်နေပြီ ဆိုတဲ့  လူတွေက ပိုများတယ်ဒီတော့  နောက်က လိုက်ဖြည်ရတာအင်မတန်မှ ခက်ခဲပြီး ဖြည် လို့ ရတာက ခပ်ရှားရှားပါးပါးပဲ...ကံထူးရှင်တွေတစ်ချို့ လောက်သာ ပြန်နလံထူလာနိုင်ကြတယ်ဒါလဲ သူ့ ကံကြောင့် က အဓိကပဲ..

တစ်ချို့ ကတော့  အဲ့ လိုဟဲဗီးကြီးတွေမလာခင် မျက်စိလည်လမ်းမှားလာသလိုပဲ ဗေဒင်ဆရာဆီ အဖေါ်ကောင်းလို့ ရောက်လာရင်းက လာနိုင်တော့ မယ့်  ဟဲဗီးတွေအကြောင်း ကြိုကြားနာခွင့် ရသွားလို့ ကြိုတင် သတိထားနေလိုက်ကြလို့ ဟဲဗီးတွေမဖြစ်တော့ ပဲ သာမန်လောကဓံဆိုးလောက်လေးတွေနဲ့ ကျော်ဖြတ်နိုင်သွားကြတာလဲ တွေ့ ရတယ်  အဲ့ လို လူတွေ က လည်း နဲတယ် ဒီလို ကြုံကြိုက်တာကလဲ သူတို့ ကို ကံ အကြောင်းတရားပဲ